Thursday, November 27, 2014

မက်နပ်ကာလ်ဆန်ကို စစ်တုရင် ကမ္ဘာ့ချန်ပီယံဆု ချီးမြှင့်

နော်ဝေနိုင်ငံသား မက်နပ်ကာလ်ဆန်ကို ရုရှားနိုင်ငံ ဆိုချီမြို့မှာ အင်္ဂါနေ့က စစ်တုရင် ကမ္ဘာ့ချန်ပီယံဆု ပေးအပ်လိုက်သည်။ ကာလ်ဆန်နဲ့ အိန္ဒိယ ဂရင်းမာစတာ ဗစ်ဝါနာသန်အာနန်တို့ ယှဉ်ပြိုင်တဲ့ ကမ္ဘာ့စစ်တုရင် ချန်ပီယံလုပွဲဟာ တနင်္ဂနွေနေ့ကပဲ ပြီးစီးသွားသည်။

ချန်ပီယံလိဂ်သမိုင်းရဲ့ ဂိုးအများဆုံးသွင်းသူ ဖြစ်လာတဲ့ မက်ဆီ


ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် အေပိုးလ်နစ်ကိုးရှားအသင်းနှင့် ကစားသည့်ပွဲတွင် ဟက်ထရစ်ဂိုး သွင်းယူခဲ့ရာ ချန်ပီယံလိဂ်သမိုင်းတွင် ဂိုးအများဆုံးသွင်းသူ ဖြစ်လာသည်။
မက်ဆီသည် ဆိုက်ပရပ်စ်၌ နိုဝင်ဘာ ၂၆ ရက် နံနက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စု(F) ပြိုင်ပွဲတွင် အဆိုပါ ဟက်ထရစ်ဂိုး သွင်းယူခဲ့ရာ ရီးရဲမက်ဒရစ်တိုက်စစ်မှူးဟောင်း ရာအူးလ် တင်ထားသည့် ၇၁ ဂိုးစံချိန်ကို ကျော်ဖြတ်ကာ ၇၄ ဂိုးအထိ သွင်းယူနိုင်သူ ဖြစ်လာသည်။ 

DNAစမ်းသပ်မှုကို စွန့်ဦးတီထွင်သူ ဂျိမ်းဝက်ဆန် ၎င်းရရှိခဲ့သည့် နိုဘယ်လ်ဆု ပြန်ရောင်းမည်


သတ္တ၀ါနှင့်အပင်တို့၏ ကလာပ်စည်းများထဲတွင်ရှိသော မတူညီသည့် ဗီဇလဏ္ခဏာများကို ခွဲခားနိုင်သည့် DNA စမ်းသပ်မှုကို စွန့်ဦး တီထွင်ခဲ့သူ ဂျိမ်းဝက်ဆန်သည် ၎င်းရရှိခဲ့သည့် နိုဘယ်လ်ဆုကို လေလံတင် ရောင်းချမည်ဟု ကြေညာလိုက်ကြောင်း CNN သတင်းဌာနက ဖော်ပြ ထားသည်။

ဥရောပတွင် စီးပွားရေး ကျဆင်းမှုနှင့် စပ်လျဉ်း၍ ဂျာမနီ ဝန်ကြီးချုပ် မာကယ်သတိပေး ပြောကြား


ဥရောပနိုင်ငံများ အတွင်း၌ စီးပွားရေး အခြေအနေမှာ  ပြန်လည် ကျဆင်းလာနိုင်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်က သတိပေး ပြောကြားခဲ့သည်။ ဥရောပနိုင်ငံများ အနေဖြင့် တိုးတက် ဖွံ့ဖြိုးနေသော ကမ္ဘာ့ဈေးကွက်များ၏ နောက်တွင် ကျန်ရစ်ခဲ့ခြင်း မရှိစေရန်အတွက် စီးပွားရေးဆိုင်ရာ မူဝါဒများ ပြန်လည် သုံးသပ်ခြင်းကို အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဥရောပ စီးပွားရေး လုပ်ငန်းရှင်များ၏ ဆွေးနွေးပွဲ တစ်ခု တွင်ပြောကြား ခဲ့ခြင်းဖြစ်သည်။

Monterey ပင်လယ်တွင်အလွတ်ကြောက်စရာကောင်းသော Elusive ‘Black Seadevil’ ဟုခေါ်သည့် ငါးပုံအား သုတေသီများ ဗီဒီယိုရိုက်ကူးနိုင်ခဲ့


Monterey ပင်လယ်တွင်နက်နဲလှသည့် ပင်လယ်သမုဒ္ဒရာများတွင်ရှိသည် ကြောက်စရာကောင်းပြီး တွေ့ခဲ လှသည့် သတ္တ၀ါတစ်ကောင်အား  Monterey Bay Aquarium Research Institute မှသူတေသီများ က ဗီဒီယို ရိုက်ကူးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

အီရန်အပေါ် ဥရောပသမဂ္ဂ၏ အရေးယူ ပိတ်ဆို့ မှုများ ရပ်ဆိုင်း ထားခြင်းကို ထပ်မံ သက်တမ်း တိုးမြှင့်

P5+1 အဖွဲ့နှင့် အီရန်နိုင်ငံတို့ကြား ပြီးခဲ့သည့်နှစ်က သဘောတူညီခဲ့သော ပူးတွဲလုပ်ဆောင်မှု အစီအစဉ်တွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှု ရပ်ဆိုင်းခြင်းကို ၂ဝ၁၅ ခုနှစ် ဇွန် ၃ဝ ရက်ထိတိုင် ထပ်မံသက်တမ်း တိုးမြှင့်ခဲ့ကြောင်း ဥရောပကောင်စီက နိုဝင်ဘာ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ယာဉ်တင်သွင်းမှု မှတ်ပုံတင်ေ လျှာ့ချပေးမည်

ယာဉ်တင်သွင်းမှုအား ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်ထိ ပြည်ပ တင်သွင်းယာဉ် မှတ်ပုံတင်ခ လျှော့ပေါ့မှုဖြင့် ကနဦး မှတ်ပုံတင် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၄) ရက်မြောက်နေ့တွင် ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးချန်မောင်က ပြောသည်။
မော်လမြိုင် မဲဆန္ဒနယ်မှ ဒေါ်ခင်ဌေးကြွယ်က “စက်မှုဇုန်ထုတ်ကားများ၊ သုံးဘီးကားများနှင့် နှစ် ၂၀ ကျော် ကားများကို ဖျက်သိမ်း ပေးရန် အတွက် ၃၁-၁၂-၂၀၁၄ ရက်တွင် နောက်ဆုံးထားအပ်နှံရန် သတ်မှတ်ချက်ကို ၃၁-၁၂-၂၀၁၅ ရက်သို့ တိုးမြှင့်ပေးနိုင်ခြင်း ရှိ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ၀န်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန် နိုင်ငံ ပါဝင် လာမည်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်လာမည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်း စတင်နိုင်ရန် ယင်းစီမံ ကိန်းကို စတင်လုပ်ကိုင် ခဲ့သည့် အီတာလျံ- ထိုင်းကုမ္ပဏီနှင့်   စုပေါင်းကုမ္ပဏီ အဖွဲ့တို့မှ အသေးစားစီမံကိန်း လုပ်ငန်းများ   စတင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့နှင့် မန္တလေး မြို့ကြီးများတွင် ကျန်းမာရေး အာမခံ စတင်ရောင်းချမည်

မြန်မာ့အာမခံ လုပ်ငန်းမှ ဆောင်ရွက် နေသည့် မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် ပေးသွားမည့် ကျန်းမာရေးအာမခံကိုလာမည့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ စတင် ရောင်းချပေးရန် စီစဉ် ဆောင်ရွက်နေသည်ဟု ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

FMI လေကြောင်းလိုင်းမှ လေကြောင်းလိုင်း လုပ်ကိုင်ခွင့် လက်မှတ်ရပြီ ဖြစ်၍ လေယာဉ် ခရီးစဉ်များ စတင် ပြေးဆွဲ တော့မည်

နေပြည်တော် အခြေစိုက် FMI လေကြောင်းလိုင်းသည် ယခုအချိန်တွင် လေကြောင်းလိုင်း လုပ်ငန်း လုပ်ကိုင်ခွင့် လက်မှတ် (AOC) ရရှိသွားပြီ ဖြစ်သည့်အတွက်ပုံမှန် လေယာဉ်ခရီးစဉ်များကို စတင် ပြေးဆွဲတော့မည် ဖြစ်ကြောင်း FMI လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ကိုယ်လိုချင်တဲ့ အတိုင်းအတာ တစ်ခုအထိ ရောက်မလာ သေးဘူးလို့ ဆိုတဲ့ မြင့်မြတ်



အက်ရှင်၊ ဒရမ်မာ၊ ဟာသစသည့် ဇာတ်ကားမျိုးစုံတွင် ဇာတ်ကောင်စရိုက် မျိုးစုံကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူ တစ် ယောက် ဖြစ်ရုံသာမကပရိသတ်  အခိုင်အမာ ရရှိထားသူ မြင့်မြတ်သည်  လျှောက်လှမ်းနေသည့် အနုပညာလမ်းကြောင်း တွင် လိုချင်သော အတိုင်းအတာ တစ်ခုအထိ မရောက် သေးကြောင်း ယခုလို ပြောပြခဲ့သည်။''ကျွန်တော်တို့ အနုပညာ သမားတွေက  အမြဲတမ်း ကြိုးစားနေရတာပါ။ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် ကိုယ့်ရဲ့အနုပညာ အလုပ်တွေကို လုပ်နေကြတယ်။ အခုနောက်ပိုင်းမှာလည်း ကျွန်တော့်ကို ပရိသတ်တွေက ဟာသကားတွေပဲ ရိုက်နေတာ လားလို့ မေးကြ တယ်။ ကျွန်တော်ကတော့  ကာရိုက်တာစုံအောင် ရိုက်တယ်။ ဒါပေမဲ့ ထွက်တဲ့ကားတွေက ဟာသကားတွေ များနေတာပါ။ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာထက် ပရိသတ်ပေးတဲ့ နေရာတစ်နေရာပဲ ရသေးတာပါ။ အဲဒီ အတွက်လည်း  ဆက်ပြီးတော့ ကြိုးစားသွားမှာပါ'' ဟု ၎င်းက ပြောသည်။

အောင်မြေသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီစုပေါင်းမဟာဘုံကထိန်ကျင်းပ




မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့၏ပူးပေါင်းမဟာဘုံကထိန်ပွဲကို ယခုလ ၂၄ ရက်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပါတီရုံးရှေ့မှ ကထိန်တော်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းမည့် ညောင်ကွဲရပ် သီရီရတနာ ကျောင်းနန္ဒာရမတိုက်သို့ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို အများပြည်သူနှင့် အလှူရှင်များ ကြည်ညိုနိုင်ရန် မော်တော်ယာဉ်များဖြင့် လှည့်လည်အကြည်ညိုခံပြီး ကျောင်းတိုက်သို့ ပို့ဆောင်ကြသည်။

တိုင်းဒေသကြီးတီဘီတိုက်ဖျက်ရေး ရန်ကင်းတွင် ကွင်းဆင်း ဆောင်ရွက်

ဒေါက်တာကျော်နိုင်ဦး ဦးဆောင်သော ကျန်းမာရေားဝန်ထမ်းများ ၂၅ ဦးပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး တီဘီတိုက်ဖျက်ရေးအဖွဲ့သည် တီဘီ တိုက်ဖျက်ရေးစီမံချက်များရေးဆွဲပြီး မြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် ဓမ္မသုခဓမ္မရုံကြီးတွင် ယခုလ ၂၄ ရက် နံနက် ၉ နာရီ၌ ပြည်သူများကို ရောဂါရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်သည်။

အောင်မြေသာစံရပ်ကွက်ပြည်ခိုင်ဖြိုးပါတီရွှေဒါးကျောင်းတိုက်ရှေ့၌ စတုဒိသာ အာဟာရ ထမင်းနှင့်ဟင်းလှူဒါန်း

**********************************************
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အောင်မြေသာစံရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စတုဒီသာ အာဟာရ ထမင်းနှင့်ဟင်းကျွေးမွေးခြင်းကို ယခုလ ရွှေဒါး ကျောင်းတိုက်ရှေ့၌ ပြုလုပ်ခဲ့သည်။

ဒူးယား အထက နှစ်ထပ်ကျောင်းဆောင်သစ် ပန္နက်တင် အခမ်းအနားပြုလုပ်

**********************************************

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဒူးယားရွာအခြေခံ ပညာအထက်တန်းကျောင်း၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပေ(၁၄၀×၃၀) လေးခန်းတွဲ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်တော်တင် အခမ်းအနားကို ဒူးယားအထကကျောင်းဝင်း၌ ပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီများ ပူးပေါင်း၊ လူမှုအကူအညီပေးအပ်

**********************************************


ပျော်ဘွယ်မြို့နယ် ရှမ်းစုကုန်းအုပ်စု ရှမ်းစုကုန်းကျေးရွာသို့ မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာနေ ဇော်ဇော်တိုး ဆိုသူသည် ယခုလ ၁၆ ရက်တွင် ရောက်ရှိလာပြီး ကျေးရွာပြည်သူများအား တောင်ကြီးမြို့နှင့် ဟိုပုံးမြို့ကြားတွင် လမ်းလုပ်ငန်း လုပ်ကိုင်ရန်ရှိကြောင်း တစ်နေ့လျှင် ယေက်ျားလေးငွေကျပ် ၄၅၀၀ နှင့် မိန်းကလေး ငွေကျပ် ၄၀၀၀ စရိတ်ငြိမ်းရမည်ဖြစ်ကြောင်း၊ ကားပေေါ်ရောက်လျှင်ကြိုတင်ငွေကျပ် ၁၀၀၀၀ စီပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်းသိရသည်။
တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
*****************************************


၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်၊ ၁၃၀၀ နာရီ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းတွင် တိုင်း/ခရိုင်/မြို့နယ် ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ရာ အစည်းအဝေးသို့ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေတ္တအတွင်းရေးမှူး ဥိးမင်းသိမ်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင် လေးခုနှင့် မြို့နယ်များမှ ပါတီအတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။
ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းကြည့်ရှုဆောင်ရွက်
************************************
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/စီးပွားဝန်ကြီး ဦးကျော်မြင့်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေး၊ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီတို့သည် နိုဝင်ဘာ (၂၆) ရက် နံနက် (၈) နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် လဲကျေးရွာအုပ်စု လဲကျေးရွာတွင် လွှတ်တော်ကိုယ်စားလှယ်ဘက်ဂျက်နှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောက်လုပ်ပြီးစီးနေသော မူလတန်းကျောင်းဆောင်အား သွားရောက်ကြည့်ရှု့ကာ ဒေသခံပြည်သူ များနှင့် တွေ့ဆုံ၍ ဒေသတွင်း လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မေတ္တာရှင် နာရေးကူညီမှု အသင်း၏ ဆောင်ရွက် ထားမှုများကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

သဘောကျတဲ့ အနုပညာရှင်တွေနဲ့ ‘ချစ်နေဖို့’ သီချင်းပုံဖော်ထားတဲ့ အားတီ

ချိုချဉ်တေးစီးရီးထဲတွင် ပါဝင်သော ‘‘ချစ်နေဖို့’’ သီချင်း ကို ငယ်စဉ်ကတည်းက နှစ်သက် သော အနုပညာရှင်များနှင့် သရုပ် ဆောင်ခွင့်ရရှိသဖြင့် အမှတ်တရ ဖြစ်ခဲ့ကြောင်း အားတီက ပြော သည်။ ‘‘ငယ်ငယ်ကတည်းက မအူ ၀ဲနှင့် ကိုနိုင်းနိုင်းကားတွေပဲ ကြည့် တယ်။ သူတို့နှစ်ယောက်ကိုကြည့် ပြီး တော်တော်လည်း ပျော်တယ်။ သူတို့နှစ်ယောက်လုံး     ပါတဲ့ သီချင်းမှာ ကိုယ်တိုင်လည်း အဆို ပိုင်း သရုပ်ဆောင်ထားတော့ အမှတ်တရလည်း ဖြစ်ပါတယ်’’ ဟု အားတီက ပြောသည်။

တိုင်ပေမှာ ထိပ်တန်းစာရင်းဝင်လာတဲ့ ဂျပန်မှာထိပ်ဆုံးရောက် ကေပေါ့ပ်အဖွဲ့သစ်

မကြာသေးမီက ဂျပန်နိုင်ငံ Tower Records ထိပ်တန်းသီချင်းများစာရင်းတွင် ထိပ်ဆုံးရောက်ခဲ့သော ကိုရီးယားမိန်းကလေး ဂီတအဖွဲ့သစ် Lovelyz' မှာ တရုတ်တိုင်ပေ၏ ထိပ်တန်းသီချင်း စာရင်းတွင်လည်း နံပါတ် (၁၀)အတွင်း ၀င်ရောက်လာခဲ့သည်။ တရုတ်တိုင်ပေ၏ Five Music ကိုရီးယား-ဂျပန်ထိပ်တန်းစာရင်းတွင် Girls' Invasium ဟု အမည်ပေးထားသော Lovelyz' အဖွဲ့၏ ပထမဆုံးအယ်လ်ဘမ် နံပါတ် (၉) နေရာရောက်ရှိလာသည်ဟု ၀ူးလင်းအင်တာတိန်းမန့် ကုမ္ပဏီကပြောသည်။

Wednesday, November 26, 2014

အိုးထရက်ဖို့ဒ်မှာ မန်ယူတို့နိုင်ပွဲဆက်ပါ့မလား

ပရီမီယာလိဂ်ပွဲစဉ်(၁၃)ကို ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ တန်းစီဇယား ထိပ်ဆုံးက ပြေးနေတဲ့ ချယ်လ်ဆီးဟာ ပြိုင်ဘက်ကောင်း ဆန်းဒါးလန်းနဲ့ တွေ့ရမှာမို့ စိုးရိမ်ပူပန်စရာ ကောင်းတဲ့ပွဲပါပဲ။ မော်ရင်ဟို အတွက် ခါးသီးတဲ့ပွဲစဉ် ဟုတ် မဟုတ် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
မန်ယူနှင့် ဟားလ်စီးတီး
ာဆင်နယ်ကို အဝေးကွင်းမှာ နိုင်ပွဲ ဈေးဦးပေါက်ထားတဲ့ မန်ယူဟာ အဝေးကွင်းမှာ သရေပွဲ ဖြစ်အောင် ကစားတတ်တဲ့ ဟားလ်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပေါ့ဆလို့တော့ မရပါဘူး။ တိုက်စစ်မှူး ဖယ်ကာအို ပြန်လည်ပါဝင်နိုင်တဲ့ ဒီပွဲစဉ်ကို နည်းပြဗန်ဟားလ် အကောင်းဆုံး အခင်းအကျင်းနဲ့ ပွဲထွက်ပါလိမ့်မယ်။ ခံစစ်ကြောင်းသိပ်သည်းတဲ့ ဟားလ်စီးတီးကို မန်ယူတို့ အလေးထားကစားမှ ရပါလိမ့်မယ်။

ရေခဲပြင် ဟော်ကီနည်းပြ ဗစ်တာတစ်ဟိုနော့ဗ် ကွယ်လွန်


ဆိုဗီယက် ယူနီယံအသင်းနဲ့ ပေါင်းစည်း ရုရှားအသင်းကို အိုလံပစ် (၃)ကြိမ်ဆက် ရွှေဆုရအောင် စွမ်းဆောင် ပေးခဲ့တဲ့ နည်းပြကြီး ဗစ်တာတစ် ဟိုနော့ဗ် ဟာ အသက်(၈၄)နှစ်အရွယ်မှာ ကွယ်လွန် သွားတယ်လို့ ရုရှားရေခဲပြင် ဟော်ကီ အဖွဲ့ချုပ်က တနင်္လာနေ့က မော်စကိုမြို့မှာ ကြေညာပါတယ်။
တစ်ဟိုနော့ဗ် လက်ထက်မှာ (၁၉၈၄၊၁၉၈၈နဲ့ ၁၉၉၂) အိုလံပစ် (၃)ကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့အပြင် ကမ္ဘာ့ချန်ပီယံဆု ကိုလည်း (၈)ကြိမ် ရခဲ့ပါတယ်။ (၁၉၈၀)အိုလံပစ်မှာလည်း သူကနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး သူ့ရဲ့ဆိုဗီယက် အသင်းဟာ ဆီမီးဖိုင်နယ်မှာ အမေရိကန်အသင်းကို ရှုံးခဲ့ပါတယ်။

နိုင်ငံတကာ တင်းနစ် အကယ်ဒမီကို နာဒယ် အုတ်မြစ်ချပေး


ကမ္ဘာ့အဆင့်(၃) တင်းနစ်သမား ရာဖေးနာဒယ်ဟာ စပိန်နိုင်ငံက သူ့ဇာတိမြို့ မာနာကာမှာ ဖွင့်လှစ်မယ့် နိုင်ငံတကာ တင်းနစ်အကယ်ဒမီကို တနင်္လာနေ့က အုတ်မြစ်ချပေးလိုက်ကြောင်း သိရှိရပါသည်။

လီဗာပူးတိုက်စစ်မှူး စတာရစ်  ဒဏ်ရာမှ သက်သာလာပြီဖြစ်၍ မကြာမီ ပြန်ကစားနိုင်တော့မည်




လီဗာပူးတိုက်စစ်မှူး စတာရစ်က ၄င်းအနေဖြင့် ဒဏ်ရာမှ သက်သာလာပြီဖြစ်၍ မကြာမီ ပြန်ကစားနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ကမ္ဘာ့အံ့ဖွယ် တစ်ခုဖြစ်သည့် ရောမခေတ်လက်ရာ ကိုလိုစီယမ် အဆောက်အဦကို အစိုးရက ပြန်ဖွင့်ရန် စီစဉ်နေ


ပဒေသရာဇ် ခေတ်၏ ထင်ရှားသည့် အမှတ်အသား တစ်ရပ် ဖြစ်ခဲ့သည့် ကိုလိုစီယမ် အားကစား ရုံကြီးတွင် ရောမမင်းများ တန်ခိုး ထွားစဉ် အခါက လူလူချင်း တိုက်ခိုက်သည့် ပွဲများကို စည်ကားစွာ ကျင်းပခဲ့ဖူးသည်။
တိုက်ပွဲများအတွင်း ဖမ်းဆီး ရမိလာသည့် သုံ့ပန်းများနှင့် ကျွန်များကို လက်နက်များ တပ်ဆင်ပေးကာ တစ်ဦးနှင့် တစ်ဦး အသေသတ် စေသည့်ပွဲ များကိုကျင်း ပခြင်း ဖြစ်သည်။
ထိုခေတ် ထိုအခါက ဂလက်တီ ယေတာဟု ခေါ်သော အဆိုပါ တိုက်ခိုက်ရေး သမားများကို ကျောင်းများ ဖွင့်က သင်ကြားပြီး တိုက်ခိုက် စေသည် အထိ ခေတ်စားခဲ့သည်။ ယင်းတိုက် ပွဲများတွင် လူအချင်းချင်း အသေ တိုက်ခိုက် ရသည့် ပွဲများအပြင်၊ ကျားကဲ့သို့ သားရဲများနှင့် သူနိုင်ကိုယ်နိုင် တိုက်ခိုက်ရသည့်ပွဲများလည်း ပါဝင်သည်။

အီရန် နျူကလီးယား ဆွေးနွေးပွဲကို နောက်နှစ်ဇွန်လ (၃၀)ထိ ရက်တိုး သတ်မှတ်



အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ပြည့်စုံတဲ့ သဘောတူညီချက်တစ်ခု ရရှိတဲ့အထိ ဆွေးနွေး သွားမှာဖြစ်လို့ အီရန်နဲ့ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေက ဆွေးနွေးပွဲကို နောက်နှစ်ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံး သတ်မှတ်လိုက်ကြောင်း သိရှိရပါသည်။

အာဖဂန်တွင် အမေရိကန် တပ်ဖွဲ့ဝင်များ တပ်ဖြန့် ချထားမှု ထပ်မံ သက်တမ်းတိုးမြှင့်မည်ဟု အိုဘားမား ပြောကြား



အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အာဖဂန်နစ္စတန် နိုင်ငံတွင် ၎င်းတို့၏တပ်ဖွဲ့ဝင်များအား နောက်ထပ် တစ်နှစ်တပ်ဖြန့်ချထားရန် ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ကြောင်း အမေရိကန် သတင်းစာကြီး တစ်စောင်က ဖော်ပြခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသား (၁၉)ဦး Presidential Medal of Freedom ဆုများ ရရှိ

သမ္မတက အရပ်သားများသို့ ပေးအပ်သည့်အမြင့်ဆုံး ဂုဏ်ပြုဆု the Presidential Medal of Freedom (ပရက်စီဒန်ရှယ်လ် မက်ဒယ်လ်အော့ဖ် ဖရီးဒန်း) ကို ရရှိခဲ့ကြသည့် အမေရိကန်နိုင်ငံသား (၁၉) ဦးကို သမ္မတအိုဘားမားက ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ နိုဝင်ဘာလ (၂၄) ရက်နေ့က အဲ့ဒီဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အီတလီ နိုင်ငံ၏ ပထမဆုံးအမျိုးသမီး အာကာသယာဉ်မှူး ISS စခန်းသို့ ရောက်ရှိ

အီတလီနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး  အာကာသယာဉ်မှူး လိုက်ပါသွားသည့် Soyuz TMA-15M  အာကာသယာဉ်သည် ယခုအခါ နိုင်ငံ တကာ အာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ အာကာသယာဉ်ကို ကာဇက်စတန်နိုင်ငံအတွင်းရှိ ဆိုင်ကိုနော့ ကော့ခ်မိုဒရုန်း ဂြိုဟ်တု လွှတ်တင် ရေးစခန်းမှ  ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုဝင်ဘာ၂၃ ရက်တွင် ဘေးကင်းစွာဖြင့် လွှတ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှားအာကသ အေဂျင်စီမှ ထုတ်ဖော်ပြောကြားသည်။

အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေနိုင်မည့် Website လွှင့်တင်မည်

အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေနိုင်မည့် www.myanmar job.gov.mm website ကိုလွှင့်တင်မည်ဖြစ်ကြောင်း ယခုလ ၂၃ ရက် မွ န်းလွဲ ၂ နာရီက UMFCCI ၌ပြုလုပ်သော အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက်လွှင့်တင်ခြင်း အခမ်းအနားမှ သိရသည်။ အဆိုပါ werbsite ကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနနှင့် Trastlink Co. Ltd တို့ပူးပေါင်း၍ လွှင့်တင်မည်ဖြစ်ပြီးယင်း werbsite ကို ယခုလ၂၃ရက် မှ စ၍ လွှင့်တင်မည်ဖြစ်ကြောင်းသိရသည်။

ကျန်းမာရေးအာမခံ အမြန်ဝန်ဆောင်မှုပေးရန် သမ္မတတိုက်တွန်း၍ ၂၀၁၅ စတင်မည်

အများပြည်သူအတွက် လိုအပ်နေသော ကျန်းမာရေး အာမခံကို နိုင်ငံတော်သမ္မတက အမြန်ဆုံး အကောင် အထည်ဖော်ရန် တိုက်တွန်းသဖြင့် ၂၀၁၅ နှစ်ဆန်းတွင် စတင်ရောင်းချနိုင်ရန် စီစဉ်နေကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။
‘‘ဒီအာမခံကရှုပ်ထွေးတယ်။ နိုင်ငံတကာမှာလည်း မအောင်မြင်မှုတွေလည်းရှိတယ်’’ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။လက်ရှိ ကျန်းမာရေး အာမခံကို ပြည်တွင်းမှ အာမခံကုမ္ပဏီ များနှင့်သာ စတင်မည်ဖြစ်ပြီး ရန်ကုန်နှင့်မန္တလေးမြို့နှစ်မြို့တွင် စမ်းသပ်လုပ်ကိုင်ပြီးမှ တစ်နိုင်ငံလုံးသို့ ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း ဒေါက်တာမောင် မောင်သိမ်းကပြောကြားသည်။

ရထားပြေးဆွဲခြင်းတွင် ပုဂ္ဂလိက စတင်လုပ်ကိုင်ခွင့်ပြု

ရထားပို့ဆောင်ရေး ခရီးစဉ်နှစ်ခုတွင် ပုဂ္ဂလိကကုမ္ပဏီနှစ်ခု  ပထမဆုံးအကြိမ် ဝင်ရောက်ပြေးဆွဲခွင့် ရတော့မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။ မန္တလေး-မြစ်ကြီးနားရထား ပြေးဆွဲမှု နှင့်ပုဂံ-ကျောက်ပန်းတောင်း ရေနွေးငွေ့စက်ခေါင်း အထူးရထား ပြေးဆွဲမှုကို ပုဂ္ဂလိက၀င်ရောက်လုပ်ကိုင်ရန် မြန်မာ့မီးရထားက ယခုနှစ်လယ်၌ ဖိတ်ခေါ်ခဲ့ပြီး ယခုအခါ အကျိုးတူလုပ်ကိုင်မည့် ကုမ္ပဏီနှစ်ခု ရွေးချယ် ခဲ့ခြင်းဖြစ် သည်။
‘လမ်းပိုင်း နှစ်ခုစလုံးအ တွက်လုပ်မယ့် ကုမ္ပဏီတွေကို ရွေးထားပြီးပြီ။ ပုဂံခရီးစဉ်လမ်းပိုင်းအတွက်က ကုမ္ပဏီနဲ့ နောက်ဆုံးအဆင့် စာချုပ်ချုပ် လက်မှတ်ထိုးပြီးသွားပြီ။ မြစ်ကြီးနားရထား အတွက်ကတော့ စာချုပ်မကြာခင်ချုပ်သွားဖို့ စီစဉ်နေတယ်’’ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ သွားလာရေးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
ဘိုကလေးပြည်ခိုင်ဖြိုးပါတီဝင်များ ကျေးရွာချင်းဆက်လမ်းဘေး၌ အရိပ်ရပင်များ စိုက်ပျိုးပေး
*******************************************************************
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ ပူးပေါင်း၍ ယခုလ ၂၁ ရက် နံနက် ၉ နာရီက ပေ ၅၂၀၀ ရှိ မြင်းကကုန်းမြောက်ကွင်းကျေးရွာနှင့် ကျုံချင်ကျေးရွာ ဆက်သွယ်ရေးလမ်းတွင် အရိပ်ရသစ်ပင်များကို လမ်းဘေးဝဲယာတွင် စိုက်ပျိုးပေးခဲ့ကြသည်။
ဘိုကလေးပြည်ခိုင်ဖြိုးပါတီဝင်များ ကျေးရွာချင်းဆက်လမ်းဘေး၌ အရိပ်ရပင်များစိုက်ပျိုးပေးစဉ်

ရွေးကောက်ပွဲအောင်နိုင်ရေး မိုးညှင်းမြို့နယ်တွင် ကွင်းဆင်း ဆောင်ရွက်

****************************************************
၂၀၁၅ ခုနှစ် ရွေးချယ်တင်မြှောက်ပွဲ အောင်နိုင်ရေးအတွက် မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဒေသကြီးငါးနေရာခွဲထားပြီး မိုးညှင်းတောင်ခြမ်းဒေသကို ဦးလမိုင် ခေါင်းဆောင်သော အဖွဲ့ဝင်ငါးဦးဖြင့် လည်းကောင်း၊ မိုးညှင်းမြောက်ခြမ်း ၁၁ အုပ်စုကို ဦးကြည်စိုး ဦးဆောင်သော အဖွဲ့ဖြင့်လည်းကောင်း သုံးရက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရွေးကောက်ပွဲအောင်နိုင်ရေး မိုးညှင်းမြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်စဉ်
ကယားပြည်နယ်ပါတီဥက္ကဌ ပါတီလုပ်ငန်းလမ်းညွှန်မှာကြား
*********************************************
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး သည် နိုဝင် ဘာလ (၂၅)ရက် နံနက် (၉း၄၀) အချိန် က ပြည်နယ်ပါတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းလမ်းညွှန် အစည်းအဝေး တက်ရောက်ပြီး ပါတီရေးရာ လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားသည်။
ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်မှ လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားစဉ်
ယက္ကန်းလုပ်ငန်းများအတွက် အသေးစားချေးငွေ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
***********************************************************
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စု၊ သပိတ်တန်းရွာ၊ ရွှေမြင်မိဓမ္မာရုံ ပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးအောင်ဇံမှ ယက္ကန်းလုပ်ငန်းများ အတွက် အသေးစားချေးငွေ ထုတ်ချေးပေးနိုင်ရေးနှင့်ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၄) ရက် နေ့လည် (၁) နာရီအချိန်က ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ကုန်သွယ်မှု ဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးသူ၊ မြို့နယ်အထောက်အကူပြု ကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေတ္တအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ တပ်ကြီး၊ ဘုန်းတော်၊ ဘနော၊ ပန်းချီ ဟင်္သာအုပ်စုများမှ အုပ်ချုပ်ရေး မှူးနှင့် အထောက်အကူပြုအဖွဲ့ဝင်များ၊ ရာအိမ်မှူးများ၊ စုစုပေါင်း အင်အား (၅ဝ)ဦးခန့် တက်ရောက် ခဲ့ကြသည်။
ပါတီဝင်အဆိုပြုလွှာပေးအပ်
***********************
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမြင့်ခိုင်နှင့် ကော်မတီဝင်များသည် နိုဝင်ဘာ (၂၄) ရက် နေ့လည် (၁) နာရီအချိန်တွင် ဓုချောင်း တိုက်နယ်၊ ငြိမ်းအေးသီတာ ကျေးရွာသို့ ရောက်ရှိ၍ ငြိမ်းအေးသီတာ ဘုန်းတော်ကြီးကျောင်းတွင် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။
ရပ်စောက်ပြည်ခိုင်ဖြိုး ပါတီရှေ့လုပ်ငန်းစဉ်များဆွေးနွေး
********************************************
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီရုံးရှိ ရတနာသီရိခန်းမတွင် မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ စည်းရုံးရေး ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၏ လစဉ်ပုံမှန် အစည်း အဝေးအား နိုဝင်ဘာ (၁၇) ရက် နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အကယ်ဒမီ ဖွေးဖွေးရိုက်ကူးတော့မည် မဟုတ်သည့် ဇတ်လမ်း အမျိုးအစား


ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ “သက်တံသစ်” ရုပ်ရှင် ဇာတ်ကားကြီးမှာအကယ်ဒမီ ဖွေးဖွေးက အောင်ရဲလင်း နဲ့အတူ အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။ “သက်တံသစ်” ရုပ်ရှင်ဇာတ်ကားကြီး ထဲမှာ ဖွေးဖွေး က လွန်ခဲ့သော နှစ်ငါးဆယ်ကျော် က ကမ္ဘာမြေကြီးရဲ့ ဖောက်ပြန်မှု များကို ကြိုတင်ဟော ပြောနိုင်စွမ်း ရှိတဲ့ “စီကို” ဆိုတဲ့ ဂျပန် ကလေးရဲ့ ဝိညာဉ် ပူးကပ်ခံ နေရတဲ့ ကျောင်းသူလေး “သဲဆုနွေး” အဖြစ်နဲ့ သရုပ်ဆောင် ထားပါတယ်။

ပန်းကြာဝတ်မှုန်ကို လော့စ်အန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ နယူးယောက်တွင်ပြသမည်


မကြာမီလပိုင်းက ရုပ်ရှင်ပွဲတော်များတွင် ပြသခဲ့သော ပန်းကြာဝတ်မှုန်ရုပ်ရှင်ကို အမေရိကန်နိုင်ငံရှိ မြို့ကြီးသုံးမြို့၌ ပြသရန် အစီအစဉ်ရှိကြောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောသည်။

Tuesday, November 25, 2014

ဆွစ်ဇာလန်အသင်း ဒေးဗစ်ဖလားတင်းနစ် ချန်ပီယံဆု ပထမအကြိမ်ဆွတ်ခူး

ဒေးဗစ်ဖလားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဦးဆောင်ခဲ့သော ဆွစ်ဇာလန်အသင်းမှ ရော်ဂျာဖက်ဒဲရားက ပြင်သစ်အသင်းမှ ရစ်ချတ်ဂတ်စကွက်ကို အနိုင်ရ ခဲ့ပြီးနောက် ဆွစ်ဇာလန်အသင်းသည် တင်းနစ်ကမ္ဘာ့ ဖလားဟု ခေါ်ဆိုသည့် ဒေးဗစ်ဖလားချန်ပီယံဘွဲ့ကို သမိုင်းဝင် ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သည်။ ဖက်ဒဲရားမှာယခုပွဲတွင် ဂတ်စကွက်ကို ၆-၄၊ ၆-၂၊ ၆-၂ ဖြင့်သုံးပွဲပြတ် အနိုင်ရခဲ့ပြီး အသင်းကို ချန်ပီယံဖြစ်စေခဲ့ခြင်းဖြစ်သည်။

RUHR OPEN စနူကာ ချန်ပီယံ ဆုဖလား ဗြိတိန် စနူကာ အကျော်အမော် ရှောင်မာဖီဆွတ်ခူး



ကမ္ဘာ့အဆင့်  ခုနစ်ရှိ ဗြိတိန်နိုင်ငံမှ စနူကာ အကျော်အမော် ရှောင်မာဖီသည် ဂျာမနီ နိုင်ငံ၌ နိုဝင်ဘာ ၂၃ ရက်က ကျင်းပသော Ruhr Open စနူကာပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်တွင် စနူကာကစားသမား ရော့ဘတ် မီလ်ကင်စ်ကိုအနိုင်ကစားပြီးနောက် ချန်ပီယံ ဆုဖလားကို ဆွတ်ခူးရရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မာဖီသည် မီလ်ကင်စ်ကို (၄-ဝ)ဖြင့် အနိုင်ရရှိခြင်း ဖြစ်ပြီး အမြင့်ဆုံးရမှတ် ၁၄၇မှတ်အထိ ကစားနိုင်ခဲ့သည်။

မလေးရှား အသင်းနှင့် သရေကျ ခဲ့ပေမယ့်လည်း အုပ်စုတက်ရန် အခြေအနေ ကောင်းဆဲဟု မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် ပြော


မန်မာ့ လက်ရွေးစင် ဘောလုံးအသင်းသည် ယမန်နေ့က ကစားခဲ့သည့် မလေးရှား လက်ရွေးစင် ဘောလုံး အသင်းနှင့် ပွဲစဉ်တွင် ဂိုးမရှိ သရေရလဒ် ထွက်ပေါ် ခဲ့သော်လည်း အုပ်စု တက်ရန် အခြေအနေ ကောင်းနေ ဆဲ ဖြစ်နေကြောင်း မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်း၏  နည်းပြချုပ် ရာဒီ အေဘရာ မိုဗစ်ခ်ျက မလေးရှား အသင်းနှင့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သည်းထိပ်ရင်ဖိုဇတ်ကာ ရိုက်ကူးမဲ့ ဝတ်မှုံရွှေရည်



တစ်နှစ်တာ အတွင်း ရေပန်းစားဆုံး မင်းသမီး တစ်လက် ဖြစ်လာသည့် ၀တ်မှုန်ရွှေရည်က သည်းထိတ်ရင်ဖို ဖြစ်စေမည့် ဇာတ်ကား တစ်ကား ရိုက်ကူးရန် ရှိကြောင်း ပြောသည်။ကစ်အနေနဲ့ ပြောရရင် ဆန်းတယ်ပေါ့နော်၊  ကစ်လည်း မလုပ်ဖူးသေးတဲ့ ကာရိုက်တာလေး တစ်ခုပေါ့ နော်။ စိတ် လှုပ်ရှားမယ့် ပုံစံလေးပါပဲ။ ကစ်က ကလေးအမေ နေရာက သရုပ်ဆောင် ရမယ်။ ကလေးက သေသွားတော့ အမေဖြစ်သူက စွဲလန်းပြီး ကလေးက သူ့ အနားမှာ ရှိနေ တယ်လို့ ထင်နေ တာမျိုး ပေါ့နော်၊ အဲလိုလေးပါ။

ဟစ်တလာ၏ ရေဆေးပန်းချီကားကို စတာလင် ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချမည်




နှစ်ပေါင်း ၁ဝဝ သက်တမ်းရှိ နာဇီခေါင်းဆောင် ဟစ်တလာ၏ ရေဆေးပန်းချီကား တစ်ချပ်ကိုယခု ရက်သတ္တပတ် အကုန်တွင် ပြုလုပ်မည့် လေလံပွဲ၌ စတာလင်ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင်ရောင်းချရန် စီစဉ်ထားကြောင်း Nuremberg's Weidler လေလံကုမ္ပဏီက ပြောကြား ခဲ့သည်။

ပြင်သစ် တိုက်လေယာဉ် ခြောက်စင်း ဂျော်ဒန်နိုင်ငံသို့ စေလွှတ်မည်


အီရတ်နိုင်ငံအတွင်းရှိ IS စစ်သွေးကြွအုပ်စုအား တိုက်ခိုက်နိုင်ရန်အတွက် ပြင်သစ်နိုင်ငံက Mirage တိုက်လေယာဉ် ခြောက်စင်းကို ဂျော်ဒန် နိုင်ငံသို့ စေလွှတ်သွားမည် ဖြစ်ကြောင်းနိုဝင်ဘာ ၁၉ ရက်တွင် ပြင်သစ် ကာကွယ်ရေး ဝန်ကြီး   ဂျင်းယက်ဗ်စ်လီဒရီယန်က ပြောကြားသည်။ လက်ရှိအချိန်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု အတွင်း၌  Rafale  ဂျက်လေယာဉ် ကိုးစင်းရှိနေပြီဖြစ်ပြီး အင်အားဖြည့် သည့် အနေဖြင့် Mirage တိုက်လေယာဉ် များကို ပြင်သစ်နိုင်ငံ အနေ ဖြင့် ထပ်မံ ပေးပို့သွားမည် ဖြစ်ကြောင်း လီဒရီယန်က ပြောကြားသည်။

တူနီးရှားနိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပ

တူနီးရှားနိုင်ငံသားတွေဟာ (၂၀၁၁) တော်လှန်ရေးပြီးတဲ့နောက် ပထမဆုံး ပြည်သူကတိုက်ရိုက် ရွေးချယ်သည့် သမ္မတရွေးကောက်ပွဲအတွက် နိုဝင်ဘာလ (၂၃) ရက်နေ့ကစတင်၍ မဲပေးခဲ့ကြပါသည်။ (၂၀၁၁)တော်လှန်ရေးဟာ ဇိုင်းအယ်လ်အဘိုင်ဒိုင်းဘန်အယ်လီ Zine el-Abidine Ben Ali အစိုးရကို အဆုံးသတ်စေခဲ့ကြောင်း၊ ဒီရွေး ကောက်ပွဲမှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် (၃၀) နီးပါး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ အာဏာရှင်ဟောင်း ဘန်အယ်လ်လီရဲ့ ၀ါရင့်အရာရှိတစ်ဦးနဲ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးတို့ကြား ယှဉ်ပြိုင်မှုက သိသာ ထင်ရှား လာသည်။

မြန်မာ-ဂျပန် သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ် ငွေဒင်္ဂါး ထုတ်ဝေမည်

မန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံကြားတွင် သံတမန် ဆက်ဆံရေး တည်ဆောက်ခဲ့မှု နှစ် (၆၀) ပြည့် မြောက်ခြင်း အထိမ်းအမှတ် ငွေဒင်္ဂါး ထုတ်ဝေသွား မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

3G ဆက်သွယ်ရေးကွန်ရက် ၂ဝ၁၅ တွင် သုံးဆ ပိုမိုကောင်း မည်ဟု MPT ဆို

ရန်ကုန်မြို့၌လက်ရှိ အသုံးပြုနေသော ဆက်သွယ်ရေးကွန်ရက်အား ၂ဝ၁၅ မတ်လကုန်တွင် သုံးဆပိုမို ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန် ထားသော သတင်း အချက်လက်များ အရ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်တွင်းရှိ တခြားအော်ပရေတာ နှစ်ခုအားယှဉ်ပြိုင်ရန်အတွက် ၄င်း၏ဆက် သွယ်ရေး ကွန်ရက် ချဲ့ထွင်ခြင်း လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက် လျက်ရှိပြီး ၄င်းတို့၏ကွန်ရက်ချဲ့ထွင် ခြင်းလုပ်ငန်း ပထမ အဆင့်အဖြစ် ၂ဝ၁၅ မတ်လကုန်တွင် တစ်နိုင်ငံလုံးရှိ စခန်းအရေအတွက်အား နှစ်ဆမြှင့်တင် မည်ဖြစ်သည်။

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်စ် ဒတ်မောက်သ် တက္ကသိုလ်မှ မြန်မာ ကျောင်းသားများအား ပညာသင်ဆု ချီးမြှင့်မည်

မြန်မာနိုင်ငံမှ အရည်ချင်းပြည့်မီသော ကျောင်းသား၊ ကျောင်းသူများအား အမေရိကန်နိုင်ငံရှိ မက်ဆာချူးဆက်စ် ဒတ်မောက်သ် တက္ကသိုလ်မှ ပညာသင်ဆုများ ပေးအပ် ချီးမြှင့်မည်ဖြစ်ပြီး အဆိုပါ ပညာသင်ဆု များကို ၂ဝ၁၅ ခုနှစ်မှ စတင်၍  လေးနှစ်ဆက်တိုက် ပေးအပ်ချီးမြှင့်ရန် စီစဉ်ထားပြီး အင်ဂျင်နီယာဘာ သာရပ်၊ တေးဂီတ ဘာသာရပ်၊ အနုပညာ ဘာသာရပ်၊ စီမံခန့်ခွဲမှု ပညာရပ်၊ ဆေးပညာရပ်၊ ရူပဗေဒပညာရပ်၊ စွန့်ဦးတီထွင် ပညာရပ်၊ နိုင်ငံရေးသိပ္ပံ၊ ကွန်ပျူတာသိပ္ပံနှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များ အတွက် ပညာသင်ဆုများ ချီးမြှင့်သွားမည်ဖြစ်သည်။

(၄၂) ကြိမ်မြောက် အမေရိကန် တေးဂီတဆုပေးပွဲမှာ ဆုအများဆုံးဆွတ်ခူးခဲ့တဲ့ One Direction နဲ့ ကေတီပယ်ရီ

(၄၂) ကြိမ်  မြောက် အမေရိကန် တေးဂီတ ဆုပေးပွဲ၌ ဗြိတိန်ယောက်ျားလေး အဆိုရှင်များအဖွဲ့ One Direction နှင့် အမေရိကန်အဆိုတော် ကေ တီပယ်ရီတို့က ဆုအများဆုံး ဆွတ်ခူးခဲ့ကြသည်။ One Direction အဖွဲ့က တစ်နှစ်တာ အကောင်းဆုံးအနု ပညာဆု အပါအ၀င် တေးဂီတထူး ချွန်ဆု သုံးဆုရရှိခဲ့သည်။ ‘‘တကယ့်ကို ပြီးပြည့်စုံတဲ့ နေ့တစ်နေ့ပါ။ အမေရိကန်ဟာ ကျွန်တော်တို့အတွက် ဒုတိယအိမ် လို့ ခံစားရတယ်’’ ဟု One Direction အဖွဲ့ဝင်တစ်ဦးဖြစ် သော လီယမ်ပိန်းက ပြောကြားခဲ့ သည်။ ကေတီပယ်ရီသည် Dark Horse သီချင်းဖြင့် တစ်နှစ်တာ အကောင်းဆုံးတေးသီချင်းဆု အ ပါအ၀င် တေးဂီတထူးချွန်ဆု သုံး ဆု ရရှိခဲ့သည်။

Miss Intercontinental ပြိုင်ပွဲဝင်မည့် ကချင်အလှမယ် ဂျာမနီသို့ ထွက်ခွာ

မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်သွားရောက်ယှဉ်ပြိုင်ခွင့်ရ သည့် Miss Intercontinental 2014ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ကချင်တိုင်းရင်းသူ Angel Lamungသည် နိုဝင်ဘာ ၂၄ရက် နံနက် ၆နာရီက  ပြိုင်ပွဲ ကျင်းပမည့် ဂျာမနီနိုင်ငံဘာလင် မြို့သို့ ထွက်ခွာသွားကြောင်းသ တင်းရရှိသည်။

Monday, November 24, 2014

အကောက်ခွန် လုပ်ငန်းများ နိုင်ငံတကာ အဆင့်မီ ဖွံ့ဖြိုးတိုးတက်လာစေရေး WCO နှင့် ADB တို့မှ ကူညီ ထောက်ပံ့မည်


မြန်မာနိုင်ငံ၌ ကျင့်သုံးနေသော အကောက်ခွန် လုပ်ငန်းပိုင်းဆိုင်ရာ နည်းစနစ်များ နိုင်ငံတကာ အဆင့်မီ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် လုပ်ငန်းစဉ်များ ပိုမို လျင်မြန်စွာ ဆောင်ရွက်လာနိုင်စေရန်ကမ္ဘာ့ အကောက် ခွန်အဖွဲ့ (World Customs Organization- WCO) နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (Asian Development Bank - ADB)တို့မှ နည်းပညာနှင့် ငွေကြေး အထောက်အပံ့များ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် ဂီတ ဆုပေးပွဲ၌ တေးလာဆွစ်ဖ် အထူးဆု ချီးမြှင့် ခံရမည်



ပေါ့ပ်အဆိုတော် တေးလာဆွစ်သည် နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပမည့် အမေရိကန် ဂီတဆုပေးပွဲ၌ အထူးဆု ချီးမြှင့်ခံရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆုပေးပွဲ၌ တေးလာအား Dick Clark အထူးဆုကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း Dick Clark ထုတ်လုပ်ရေးက ကြေညာခဲ့သည်။

အာကာသအတွင်း၌ သီးနှံပင်များ စိုက်ပျိုးနိုင်ရန် သိပ္ပံပညာရှင်များ ကြိုးပမ်း



သိပ္ပံပညာရှင်များသည် အနာဂတ်ကာလတွင် အင်္ဂါဂြိုဟ်နှင့် လကမ္ဘာပေါ်၌ကောက်ပဲသီးနှံများ ထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်သည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် အာကာသအတွင်း၌ သီးနှံပင်များ စိုက်ပျိုးနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။

တယ်လီနော မိုဘိုင်းလ် ဆင်းကတ် သုံးစွဲသူများ သုံးစွဲမှု ပမာဏ အလိုက် နိုင်ငံတော်သို့ အခွန် ဖြတ် တောက် ပေးသွင်းသွားမည်

တယ်လီနော မိုဘိုင်းလ်ဆင်းကတ် သုံးစွဲသူများ အနေဖြင့် သုံးစွဲမှုပမာဏ အလိုက် နိုင်ငံတော်သို့ အခွန် ဖြတ်တောက် ပေးသွင်းသွားမည် ဖြစ်ကြောင်း တယ်လီနော မြန်မာမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ကမ်းလှမ်းတာနည်းလို့ ကားရိုက်ကျဲနေတယ်ဆိုတဲ့ အေးမြတ်သူ

လတ်တလောတွင် သရုပ်ဆောင်အသစ်များနှင့် အတူ တွဲကာ ဇာတ်ကားရိုက်ကူးနေရသည့် သရုပ်ဆောင်အေးမြတ်သူက ဇာတ်ကားရိုက်ကူးမှု နည်းနေခြင်းမှာ လာရောက်ကမ်းလှမ်းမှု နည်းခြင်းကြောင့်ဟုဆိုသည်။

လားရှိုးမှာ ပထမဆုံးရုံတင်မယ့် ‘ရည်းစားဦး’

မဟော်ဂနီ ထုတ်လုပ် ရေးအတွက် ရိုက်ကူးထားသော ‘ရည်းစားဦး’ ရုပ်ရှင်ဇာတ်ကားကို လာမည့်နှစ်မှသာ ရုံတင်ပြသနိုင် မည်ဖြစ်သော်လည်း လားရှိုးမြို့၌ နိုဝင်ဘာ နောက်ဆုံးပတ်တွင် ပြသသွားရန် အစီအစဉ်ရှိကြောင်း ဒါရိုက်တာဝင်းလွင်ထက်က ပြော သည်။
‘‘ဒီကားက ကျွန်တော့်ရဲ့ ပထမဆုံးရုပ်ရှင်ကားဆိုတော့ စိတ်တော့ လှုပ်ရှားပါတယ်။ ကြည့်တဲ့ ပရိသတ်တွေအတွက် အစွမ်း ကုန်ကြိုးစားပြီး လုပ်ထားတယ်။ ပရိသတ်တွေအတွက်လည်း ထူး ခြားမှု ရှိမယ်လို့ ထင်ပါတယ်’’ ဟု ၎င်းကပြောသည်။

ဝဲလ်ဘတ်အား ရောင်းလိုက်ခြင်းသည် မန်ယူ အသင်း၏ မှားယွင်းသော လုပ်ဆောင်ချက်ဟု ပေါလ်အင့်စ် ပြောကြား


အင်္ဂလန် တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်ကို ရောင်းလိုက်ခြင်းသည် မန်ယူအသင်း၏ မှားယွင်းသော လုပ်ဆောင်မှု တစ်ရပ်ဖြစ်သည်။  အသင်းခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ပေါလ်အင့်စ်က ပြောကြား လိုက်သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ဝဲလ်ဘတ်သည် မန်ယူအသင်းသို့  အသက် ၈ နှစ်အရွယ်တွင် စတင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်း အသင်းအတွက် ပွဲပေါင်း ၁၄၂ ပွဲတွင် ကစားခဲ့ရာ၌ ၂၉ ဂိုး သွင်းယူ ပေးထားခဲ့သည်။

သရဖူကာကွယ်ပွဲတွင် အယ်ဂျီရီကို ပါကွီအို ခြောက်ကြိမ်တိုင် အလဲထိုး၍ အနိုင်ရ

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပါကွီအိုသည် တနင်္ဂနွေနေ့က မကာအိုတွင် ပြုလုပ်ခဲ့သည့် WBOဝေါ်လ်တာ ဝိတ်သရဖူကာကွယ်ပွဲတွင် အမေရိကန်မှ စိန်ခေါ်သူ ခရစ်အယ်လ်ဂျီရီကို ၁၂ ချီတွင် ခြောက်ကြိမ် အလဲထိုးနိုင်ခဲ့ကာ အသာစီးဖြင့် အနိုင်ရရှိသွားသည်။

အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ သမိုင်း တစ်လျှောက် ဂိုးအများဆုံး သွင်းယူ နိုင်ခဲ့တဲ့ ရွန်းနီ


မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး ရွန်းနီဟာ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံတိုင်း ဂိုးသွင်းယူနိုင်လေ့ရှိပြီး၊ ယခုပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ တယ်လို့ သိရပါတယ်။
အသက် (၂၈) နှစ်အရွယ် တိုက်စစ်မှူး ရွန်းနီဟာ ယခုပွဲစဉ်ရဲ့ ပွဲချိန် (၈၅) မိနစ်မှာ အသင်းရဲ့ တောင်ပံကစားသမား ဒီမာရီယာရဲ့ ပေးပို့မှု ကနေ တစ်ဆင့် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ယခုလို ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းကို သွင်းဂိုး (၉) ဂိုး သွင်းယူနိုင်ခဲ့ပြီး၊ သမိုင်းတစ်လျှောက် အာဆင်နယ်အသင်းကို ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီသည်ဇန်န၀ါရီလမှာ ကျရောက် မည့် အိန်္ဒိယနိုင်ငံ၏ ပြည်ထောင်စုနေ့ အခမ်း အနားသို့ အမေရိကန် သမ္မတအား ဖိတ်ကြား



အိန်္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီဟာ ဇန်န၀ါရီလမှာ ကျရောက်မည့် အိန်္ဒိယနိုင်င၏ ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် အမေရိကန် သမ္မတဘားရတ်အိုးဘားမားကို ဖိတ်ခေါ်ထားသည်ဟု သိရှိရပါသည်။

(၂၀၁၅)ခုနှစ်တွင် အီဘိုလာကူးစက်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဟု ဘန်ကီမွန်း ပြောကြား

အနောက်အာဖရိကတွင် ပျံ့နှံ့ကူးစက်နေပြီး တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် အီဘိုလာ ရောဂါကို (၂၀၁၅)ခုနှစ်တွင် ထိန်းချုပ် ဟန့်တား နိုင်မည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ပြောကြားလိုက်သည်။
တောင်ကိုရီးယား နိုင်ငံသား ဘန်က ယခုနှစ်အတွင်း လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့ခဲ့သည့် အီဘိုလာ၏ အရှိန်အဟုန်သည် တဖြည်းဖြည်း ကျဆင်းလာ နေကြောင်း ဆိုသည်။ သို့သော်လည်း မာလီနိုင်ငံတွင် ရောဂါ ထိန်းချုပ်ရေး ကဏ္ဍ၌ တိုးတက်မှု နှေးကွေးနေသည့်အပေါ် စိုးရိမ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ဂီနီရာ၊ ဆီရီယာလီယွန်နှင့် လိုက်ဘေးရီးယားတို့သည် အီဘိုလာရောဂါ အဆိုးရွားဆုံး ကူးစက်ခံရသည့် နေရာများဖြစ်ပြီး နိုက်ဂျီးရီးယား၊ စပိန်၊ မာလီနှင့် အမေရိကန် ပြည်ထောင်စုတို့သို့လည်း ရောဂါပိုးရောက်ရှိခဲ့သည်။ ယခုအခါအီဘိုလာကြောင့် သေဆုံးသူအရေအတွက်သည် (၅၅၀၀)နီးပါးထိ ရှိလာပြီဖြစ် သည်။

စစ်တပ်က ပါတီထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ရန်မရှိဟု ထိုင်းဝန်ကြီးချုပ် ပြောကြား


ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မိမိ၏အစိုးရအဖွဲ့သည် ရာနှုန်းပြည့် ဒီမိုကရေစီအစိုးရ မဟုတ်သော်လည်း အာဏာရှင် အစိုးရ မဟုတ် ကြောင်းနှင့် မိမိတို့အနေဖြင့် စစ်တပ်လိုလားသည့် နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ရန် အစီအစဉ်မရှိကြောင်း နိုဝင်ဘာ ၂၂ ရက်က ပြောကြား လိုက်သည်။
“ကျွန်တော် အမှားအယွင်း တစ်စုံတစ်ရာလုပ်ခဲ့သလား။ထိခိုက်နစ်နာအောင် ကျွန်တော်လုပ်မိသလား။ ကျွန်တော်တို့ အာဏာသိမ်းတဲ့ အချိန်တုန်းက အခြေအနေကရော ဆိုးမနေခဲ့ဘူးလား" ဟု ပရာယွတ်က ပြောကြားခဲ့သည်။

သဘောတူညီချက် အပြည့်အ၀ရရှိဖို့ အီရန်နိုင်ငံကို တောင်းဆို လိုက်တဲ့ IAEA

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ဘုတ်အဖွဲ့ဝင်ခေါင်းဆောင်တွေဟာ ဗီယင်နာမြို့ရှိ IAEA ရုံးချုပ်မှာ အီရန် နျူကလီးယား အရေးနဲ့ပတ်သက်ပြီးတွေ့ဆုံခဲ့ကြပြီး အင်အားကြီး (၆) နိုင်ငံနဲ့ နောက်ဆုံး သဘောတူ ညီချက်ရရှိအောင် ကြိုးပမ်းနိုင်ရန် အီရန်နိုင်ငံကို တိုက်တွန်းလိုပ်သည်။ အေဂျင်စီဟာ တဟီရန် နျူကလီယား အရေးနဲ့ပတ်သက်ပြီး အီရန်နိုင်ငံဟာ IAEA နဲ့ သဘောတူညီမှုတွေကို သြဂုတ်လမှာ အပြီးလုပ်ဆောင်ဖို့ သဘောတူညီထားခဲ့ပေမယ့် အပြီးသတ်လုပ်ဆောင်ရမည့် အချက်များလည်း ရှိနေပါသေးသည်။

သမ္မတ၏ ပညာတော်သင်ဆု ထူးချွန်ကျောင်းသားဦးရေ တိုးမည်

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု အရည်အချင်းစစ် စာမေးပွဲဖြေဆိုမည့်သူများ၏ အရည်အချင်း ကိုက်ညီကာ ဖြေဆိုအောင်မြင်သူ များပါက ရွေးချယ်ခံမည့် ကျောင်းသားဦးရေ တိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူက ပြောသည်။

Sunday, November 23, 2014

တယ်လီနော မိုဘိုင်းလ် ဆင်းကတ် သုံးစွဲသူများ သုံးစွဲမှု ပမာဏ အလိုက် နိုင်ငံတော်သို့ အခွန် ဖြတ် တောက် ပေးသွင်းသွားမည်

တယ်လီနော မိုဘိုင်းလ်ဆင်းကတ် သုံးစွဲသူများ အနေဖြင့် သုံးစွဲမှုပမာဏ အလိုက် နိုင်ငံတော်သို့ အခွန် ဖြတ်တောက် ပေးသွင်းသွားမည် ဖြစ်ကြောင်း တယ်လီနော မြန်မာမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

Friday, November 21, 2014

မူလတန်းနှင့် အလယ် တန်း အ ဆင့် ကျောင်း သား၊ ကျောင်း သူ များ အကြို စာမေးပွဲ ဖြေဆို ရမည်


၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် ဖြေဆိုကြမည့်  ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာ မူလတန်းနှင့် အလယ်တန်း အဆင့် အကြို စာမေးပွဲ များကို ဒီဇင်ဘာလ အတွင်း ကျင်းပနိုင်ရန် အတွက် မေးခွန်း များ ပြုစုရန် စတင် လုပ်ဆောင်နေကြောင်း သင်ရိုးညွှန်းတမ်း အကြံပေး ပညာရှင် ဒေါက်တာ မြင့်သိန်း၏ ပြောကြား ချက် အရ သိရသည်။

အမျိုးသား စာပေဆုနှင်းသဘင် ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပမည်

၂ဝ၁၃ ခုနှစ်အတွက် အမျိုးသား စာပေဆုနှင်း သဘင်အား ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ယနေ့သတင်း ထုတ်ပြန် သည်။

ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ ခရစ်ဟမ်းစ်ဝပ်

ဟောလိဝုဒ်မင်းသား ခရစ်ဟမ်းစ်ဝပ်ကို ဆွဲဆောင်မှုအရှိဆုံး သက်ရှိထင်ရှား အမျိုးသားအဖြစ် People Magazineက ရွေးချယ်လိုက်သည်။
သြစတြေးလျမင်းသား ခရစ်ဟမ်းစ်ဝပ် (၃၁) နှစ်သည် ၂၀၁၃ ခုနှစ်အတွင်း People Magazineက ဆွဲဆောင်မှုအရှိဆုံး အမျိုးသား အဖြစ် ရွေးချယ်ခဲ့သည့် ရော့ခ်အဆိုတော် အဒမ်လက်ဗင်း၏ နေရာကို ယူလိုက်ခြင်းဖြစ်သည်။

ဂျပန်ဈေးကွက်အတွက် အထူးမီနီအယ်လ်ဘမ် ဖြန့်ချိလိုက်တဲ့ Crayon Pop အဖွဲ့

တောင်ကိုရီးယား မိန်းက လေးအဆိုရှင်များအဖွဲ့ Crayon Pop က ဂျပန်နိုင်ငံတွင် ၎င်းတို့၏ တရားဝင်ခွေ မဖြန့်ချိမီ အထူးမီနီ အယ်လ်ဘမ်တစ်ခု ဖြန့်ချိလိုက် သည်။ ဂျပန်ပရိသတ်အား Crayon Pop အဖွဲ့၏ ထူးခြားသော မြူး ဇစ်ပုံစံနှင့် စတိုင်ကို မိတ်ဆက် ပေးရန် အထူးအယ်လ်ဘမ်ကို ထုတ်လုပ်ခြင်းဖြစ်သည်ဟု၎င်းတို့ ၏ အေဂျင်စီက ပြောသည်။

ကလေး အလုပ်သမား ဥပဒေများကို ပိုမိုတင်းကြပ်ရန် အိန္ဒိယ အစိုးရစီစဉ်

ကမ္ဘာပေါ်တွင် ခန့်မှန်းခြေအားဖြင့် ကလေးလုပ်သား ၁၆၈ သန်း ရှိကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့က ပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံတွင် အသက်ငါးနှစ်နှင့် ဆယ့်လေးနှစ် အကြားရှိ ကလေးလုပ်သား ငါးသန်းကျော်ရှိကြောင်း တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
အသက်မပြည့် သေးသော ကလေးလုပ်သား ကိစ္စရပ်သည် အတိတ်က ကိစ္စရပ်တစ်ခု သာဖြစ်ကြောင်းနှင့် ဗဟိုအစိုးရအဖွဲ့သည် ကလေးလုပ်သားများကို ကာကွယ်တားဆီး ပေးနိုင်မည့် ဥပဒေကို ပြဌာန်းရန် စဉ်းစားသုံးသပ်လျက် ရှိသည်။ ထို့ပြင် ဥပဒေများကို တင်းကြပ်ရာ တွင်လည်း အသက် ၁၄ နှစ် အထက် ကလေးများ ပညာသင်ကြားခွင့် အတွက် ပြဌာန်း ထားသော လက်ရှိ ကျင့်သုံးနေသည့် ပညာသင်ကြားခွင့် အက်ဥပဒေနှင့်အညီ လုပ်ဆောင် သွားမည် ဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက်ထိ အပ်နှံ ယာဉ်များသာ ပြည်ပ တင်သွင်း ယာဉ်မှတ်ပုံတင်ခ ရာခိုင်နှုန်း လျှော့ပေါ့ ပေးမည်


ပြည်သူများ ယာဉ်ဝယ်ယူရာတွင် အဆင်ပြေစေရန် ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စ၍ ယာဉ်အို ယာဉ်ဟောင်း အပ်နှံလျှင် အစားထိုး ယာဉ် တင်သွင်း ဝယ်ယူခွင့်အား ထောက်ခံ၍ ယာဉ် တင်သွင်းခွင့်များ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

Thursday, November 20, 2014

နိုင်ငံ တစ်ဝန်းလုံး၌ e-Village စင်တာ ၆ဝဝဝ နီးပါး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်

မြန်မာနိုင်ငံ တစ်ဝန်းရှိ ကျေးလက်ဒေသများတွင် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ ICT နည်းပညာများ ဖွံ့ဖြိုး တိုးတက် လာစေရန် e-Village ICT စင်တာများ ပေါ်ထွန်းလာစေရေး အတွက် ဂျပန် နိုင်ငံမှ Japan Telecommunication Engineering and Consulting (JTEC) အဖွဲ့နှင့် ပြည်တွင်းရှိ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF) တို့ ပူးပေါင်းကာ ၂ဝ၁၃ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ၂ဝ၁၄ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်ရှိ ဘုရားငုတ်တို ကျေးရွာ(တောင်)၌ ပထမဆုံးသော e-Village စင်တာကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Wednesday, November 19, 2014

ပါကွီအိုနှင့် မေဝဲသာပွဲ ဒေါ်လာတစ်ဘီလီယံ တန်ကြေးရှိ သမိုင်းဝင်ပွဲ ဖြစ်လာနိုင်

လာမည့်စနေနေ့တွင် မကာအို၌ ဖိလစ်ပိုင်လက်ဝှေ့ သမား ပါကွီအိုက အမေရိကန် လက်ဝှေ့သမား ခရစ် အယ်လ်ဂျီရီ ကို အနိုင်ရခဲ့ပါက တရုတ်နိုင်ငံ (သို့မဟုတ်) အမေရိကန်မှ လာ့စ်ဗေးဂတ်စ်တွင် ကျင်းပမည့် ပါကွီအို-မေဝဲသာပွဲမှာ ဝင်ငွေဒ်ါလာ တစ်ဘီလီယံခန့် တန်ကြေး ရှိသည့် သမိုင်းတွင် ဆုကြေး အများဆုံး လက်ဝှေ့ပွဲ ဖြစ်လာဖွယ် ရှိသည်။




အင်္ဂလန်အသင်းအောင်မြင်မှု နည်းပြ ကျေနပ်

အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားတွင် အောင်မြင်မှု မရခဲ့သော်လည်း တိုးတက်မှုရှိသည့်အတွက် ကျေနပ် မိကြောင်း အင်္ဂလန်နည်း ပြရွိုင်းဟော့ဆင်က ပြောကြားသည်။ အင်္ဂလန်အသင်းသည် ဘရာဇီး၌ ကျင်းပသော ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
အမေရိကန် အားကစားသမိုင်းမှာ တန်ဖိုးအကြီးဆုံး စာချုပ်ချုပ်ဖို့ စတင်တန် သဘောတူ
အမေရိကန် ပရော်ဖက်ရှင်နယ် အားကစားလောကမှာ အကျိုးအမြတ်အများဆုံး ကန်ထရိုက် စာချုပ်ဖြစ်မယ့် သက်တမ်းတိုး စာချုပ် တစ်ရပ်ကို ဘေ့စ်ဘော အကျော်အမော် ဂီယန်ကာလိုစတင်တန်က တနင်္လာနေ့က သဘောတူလိုက်သည်။



၂၀၁၅ ခုနှစ်တွင် အမေရိကန်သို့ အလည်အပတ် သွားရောက်မည့် ပုပ်ရဟန်းမင်းကြီး Francis

ပုပ်ရဟန်းမင်းကြီးFrancis သည် ၂၀၁၅ ခုနှစ်တွင် Philadelphia သို့အလည်အပတ်သွားရောရန် စီစဉ်ထား ကြောင်း နိုဝင်ဘာ (၁၇) ရက်နေ့က ကြေညာခဲ့သည်။ ၄င်းမှာ အမေရိကန်နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီးအဖြစ် သွား ရောက်သော ပထမဦးဆုံးခရီးစဉ်တစ်ခုဖြစ်လာမည်ဖြစ်သည်။


ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဆက်လက် လုပ်ဆောင် သွားမည်ဟု ဂျာမန်ဝန်ကြီးချုပ် ပြောကြား

ဥရောပအနေနဲ့ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူတာတွေကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဂျာမန် ၀န်ကြီးချုပ် အိန်ဂျယ်လာမာကယ်က ပြောကြားလိုက်ပါသည်။ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပြောကြား ခဲ့သည့် မိန့်ခွန်းအတွင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။


back to top