Wednesday, November 26, 2014

အာဖဂန်တွင် အမေရိကန် တပ်ဖွဲ့ဝင်များ တပ်ဖြန့် ချထားမှု ထပ်မံ သက်တမ်းတိုးမြှင့်မည်ဟု အိုဘားမား ပြောကြား



အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အာဖဂန်နစ္စတန် နိုင်ငံတွင် ၎င်းတို့၏တပ်ဖွဲ့ဝင်များအား နောက်ထပ် တစ်နှစ်တပ်ဖြန့်ချထားရန် ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ကြောင်း အမေရိကန် သတင်းစာကြီး တစ်စောင်က ဖော်ပြခဲ့ကြောင်း သိရသည်။
အမေရိကန် ဦးဆောင်သော နေတိုးတပ်ဖွဲ့ဝင်များကို ယခုနှစ်အကုန်တွင် အာဖဂန်မှ ရုပ်သိမ်းတော့မည်ဟု ယင်းနိုင်ငံ အစိုးရက ကနဦး ပြောကြား ထားသော်လည်း မကြာသေးမီ ရက်သတ္တပတ်များ အတွင်းက အိုဘားမားသည် တပ်ဖွဲ့ဝင်များ ထပ်မံတပ်ဖြန့်ချထားမှုနှင့် စပ်လျဉ်းသည့် အမိန့်ကြေညာချက် တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့ကြောင်းသိရသည်။ နေတိုးတပ်ဖွဲ့၏ ထပ်မံတပ်ဖြန့်ချထားမှု အစီအစဉ်တွင် အမေရိကန် တပ်ဖွဲ့ဝင် ၉၈ဝဝ ခန့်နှင့် ဂျာမနီ၊ အီတလီနှင့် အခြား အဖွဲ့ဝင် နိုင်ငံများမှ တပ်ဖွဲ့ဝင် ၃ဝဝဝ ခန့်ကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် လွှဲပြောင်းတာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ၎င်းတပ်ဖွဲ့ဝင်များသည် အာဖဂန်တပ်ဖွဲ့ဝင်များကို အကူအညီများ ပေးအပ် သွားမည်ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။ သမ္မတအိုဘားမား လက်မှတ်ရေးထိုးခဲ့သော အမိန့်ကြေညာ ချက်တွင် အာဖဂန် အစိုးရကို ခြိမ်းခြောက်လျက်ရှိသော စစ်သွေးကြွအုပ်စုများ အပေါ်ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ၂ဝ၁၅ ခုနှစ် တစ်နှစ်လုံး လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top