Monday, November 24, 2014

ဝဲလ်ဘတ်အား ရောင်းလိုက်ခြင်းသည် မန်ယူ အသင်း၏ မှားယွင်းသော လုပ်ဆောင်ချက်ဟု ပေါလ်အင့်စ် ပြောကြား


အင်္ဂလန် တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်ကို ရောင်းလိုက်ခြင်းသည် မန်ယူအသင်း၏ မှားယွင်းသော လုပ်ဆောင်မှု တစ်ရပ်ဖြစ်သည်။  အသင်းခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ပေါလ်အင့်စ်က ပြောကြား လိုက်သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ဝဲလ်ဘတ်သည် မန်ယူအသင်းသို့  အသက် ၈ နှစ်အရွယ်တွင် စတင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်း အသင်းအတွက် ပွဲပေါင်း ၁၄၂ ပွဲတွင် ကစားခဲ့ရာ၌ ၂၉ ဂိုး သွင်းယူ ပေးထားခဲ့သည်။

ဝဲလ်ဘတ်သည် အသင်းအတွက် ဂိုးအနည်းငယ်သာ သွင်းယူ ပေးခဲ့သော်လည်း ခြေစွမ်းထက်သည့် ကစားသမားတစ်ဦး ဖြစ်သောကြောင့် ၎င်း ကစားသမားအား အာဆင်နယ် အသင်းသို့ ရောင်းချ လိုက်ခြင်းသည် မှားယွင်းမှုတစ်ရပ် ဖြစ်ကြောင်း အင့်စ်က ပြောကြားထားသည်။ မန်ယူအသင်းသည် အဆိုပါ တိုက်စစ်မှူးကို အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၆ သန်းဖြင့် စက်တင်ဘာလ အတွင်းက ရောင်းလိုက်ခြင်းဖြစ်သည်။ ဝဲလ်ဘတ်သည် အာဆင်နယ် အသင်းသို့ ရောက်ရှိပြီး နောက် ယင်း အသင်းအတွက် ပွဲ ၁၂ ပွဲတွင် ပါဝင် ကစားထားရာ၌ ငါးဂိုး သွင်းယူထားပေးပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top