Wednesday, November 26, 2014

လီဗာပူးတိုက်စစ်မှူး စတာရစ်  ဒဏ်ရာမှ သက်သာလာပြီဖြစ်၍ မကြာမီ ပြန်ကစားနိုင်တော့မည်




လီဗာပူးတိုက်စစ်မှူး စတာရစ်က ၄င်းအနေဖြင့် ဒဏ်ရာမှ သက်သာလာပြီဖြစ်၍ မကြာမီ ပြန်ကစားနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အသက် ၂၅ နှစ်ရှိ တိုက်စစ်မှူးစတာရစ်သည် စက်တင်ဘာလကတည်းက ပေါင်နှင့် ခြေသလုံးဒဏ်ရာရထား၍ မကစား နိုင်ခဲ့ပေ။ သို့သော်လည်း မကြာမီ ပြန်ကစားနိုင်တော့မည်ဟု ၄င်းက ဆိုသည်။ စတာရစ်သည် ပြီးခဲ့သောရာသီက ၂၅ ဂိုး သွင်းယူပေးထားခဲ့သည်။ သို့သော်လည်း ဒဏ်ရာကြောင့် ယခုနှစ် ရာသီတွင် သုံးပွဲသာ ကစားခဲ့ရသေးသည်။ လီဗာပူးအသင်းသည် စတာရစ် ကစားခဲ့သော သုံးပွဲတွင် နှစ်ပွဲနိုင်ခဲ့သည်။ လီဗာပူးတို့အနေဖြင့် ၁၂ ပွဲကစား ခဲ့ရာ ၁၄ မှတ်သာ ရရှိထားသည်။

No comments:

Post a Comment

back to top