Thursday, November 27, 2014

ဒူးယား အထက နှစ်ထပ်ကျောင်းဆောင်သစ် ပန္နက်တင် အခမ်းအနားပြုလုပ်

**********************************************

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဒူးယားရွာအခြေခံ ပညာအထက်တန်းကျောင်း၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပေ(၁၄၀×၃၀) လေးခန်းတွဲ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်တော်တင် အခမ်းအနားကို ဒူးယားအထကကျောင်းဝင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာဦးသိမ်းစိုး၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း၊ ခရိုင်ပညာရေးမှူး ဒေါ်ကျင်ဌေး၊ ခရိုင်နှင့် မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးညွန့်ဦးနှင့် ကော်မတီဝင်များ၊ ကေတုမတီ TOP LINE ဆောက်လုပ်ရေး ကုမ္ပဏီ၏ တာဝန်ခံများဖြစ်သော ဦးသန်းထိုက်နှင့် ဇနီးဒေါ်စန္ဒာဝင်း၊ ဒူးယားတိုက်နယ်အတွင်းရှိကျေးရွာ အသီးသီး မှ အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများတက်ရောက်ကြသည်။
အခမ်းအနားကို မွန်းလွဲ ၁၂ နာရီခွဲတွင် ဖွင့်လှစ်ပြီး ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဒေါက်တာ ဦးသိမ်းစိုး၊ ခရိုင်းဖွံ့/ထောက်ဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် ပြည်ခိုင်ဖြိုးမြို့နယ်အတွင်းရေးမှူး၊ ခရိုင်ပညာရေးမှူးနှင့် ဒူးယား ကျောင်းအုပ်ဆရာကြီး ဒေါ်ခင်နှင်းဦးတို့ကလည်းကောင်း၊ မြို့နယ်ဖွံ့/ထောက် ဦးအေးကို၊ ဦးလှမြင့်နှင့် ဦးရန်နိုင်ဇော် ဒူးယားကျောင်းအကျိုးတော်ဆောင်များအဖွဲ့က သတ်မှတ်နေရာများတွင် ပန္နက်တော်များ ရိုက်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top