Wednesday, November 26, 2014

ပါတီဝင်အဆိုပြုလွှာပေးအပ်
***********************
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမြင့်ခိုင်နှင့် ကော်မတီဝင်များသည် နိုဝင်ဘာ (၂၄) ရက် နေ့လည် (၁) နာရီအချိန်တွင် ဓုချောင်း တိုက်နယ်၊ ငြိမ်းအေးသီတာ ကျေးရွာသို့ ရောက်ရှိ၍ ငြိမ်းအေးသီတာ ဘုန်းတော်ကြီးကျောင်းတွင် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ပါတီဝင်အဆိုပြုလွှာအခမ်းအနားတွင် မြို့နယ်ပါတီအတွင်းရေးမှူးမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါတီဝင် ရရှိရေး ဆွေးနွေးပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှ ပါတီဝင် အဆိုပြုလွှာပေးအပ်ခဲ့သည်။ အခမ်းအနားသို့ ရပ်/ကျေးအဖွဲ့ ခေါင်းဆောင်များ၊ ရပ်မိ/ရပ်ဖများနှင့် ပါတီဝင် (၂ဝဝ)ကျော် တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top