Wednesday, November 26, 2014

ကမ္ဘာ့အံ့ဖွယ် တစ်ခုဖြစ်သည့် ရောမခေတ်လက်ရာ ကိုလိုစီယမ် အဆောက်အဦကို အစိုးရက ပြန်ဖွင့်ရန် စီစဉ်နေ


ပဒေသရာဇ် ခေတ်၏ ထင်ရှားသည့် အမှတ်အသား တစ်ရပ် ဖြစ်ခဲ့သည့် ကိုလိုစီယမ် အားကစား ရုံကြီးတွင် ရောမမင်းများ တန်ခိုး ထွားစဉ် အခါက လူလူချင်း တိုက်ခိုက်သည့် ပွဲများကို စည်ကားစွာ ကျင်းပခဲ့ဖူးသည်။
တိုက်ပွဲများအတွင်း ဖမ်းဆီး ရမိလာသည့် သုံ့ပန်းများနှင့် ကျွန်များကို လက်နက်များ တပ်ဆင်ပေးကာ တစ်ဦးနှင့် တစ်ဦး အသေသတ် စေသည့်ပွဲ များကိုကျင်း ပခြင်း ဖြစ်သည်။
ထိုခေတ် ထိုအခါက ဂလက်တီ ယေတာဟု ခေါ်သော အဆိုပါ တိုက်ခိုက်ရေး သမားများကို ကျောင်းများ ဖွင့်က သင်ကြားပြီး တိုက်ခိုက် စေသည် အထိ ခေတ်စားခဲ့သည်။ ယင်းတိုက် ပွဲများတွင် လူအချင်းချင်း အသေ တိုက်ခိုက် ရသည့် ပွဲများအပြင်၊ ကျားကဲ့သို့ သားရဲများနှင့် သူနိုင်ကိုယ်နိုင် တိုက်ခိုက်ရသည့်ပွဲများလည်း ပါဝင်သည်။
ကိုလိုစီယမ် အဆောက်အဦ ကြီးကို ရောမ အင်ပါယာ၏ တန်ခိုး အထက်ဆုံး အချိန်ဖြစ်သည့် အေဒီ ၇၀-၈၀ ခုနှစ်အတွင်း တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့အံ့ဖွယ် ၇ ခုအတွင်း ပါဝင်လျှက် ရှိသည့် အဆိုပါ အဆောက်အဦ ကြီးကို ပြန်လည် ပြင်ဆင် မွမ်းမံကာ ဂန္တဝင် တေးဂီတ ဖျော်ဖြေပွဲ များ၊ ပြဇာတ်များ ကို လက်ခံ ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။ ယင်းသို့ လုပ်ဆောင် မှုကြောင့် ရှေးဟောင်း အဆောက် အဦကြီးပျက်စီသွားနိုင်သည်ဟုဝေဖန်မှုများလည်းထွက်ပေါ်လျက်ရှိသည်။
လူမဆန်သည့် လူသတ်ပွဲများကို ကြည့်ရှု ပျော်ရွှင်မှုရယူခဲ့သည့် ရှေးယဉ်ကျေးမှုအရ သတ်ဖြတ်ပွဲများ ကျင်းပခဲ့သည့် ယင်းနေရာသည် နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိပြီ ဖြစ်သည်။ ယင်းအဆောက်အဦ ကြီးအား ဂီတသံများဖြင့် ပြန်လည်နိုးထစေမည်ဟု ယဉ်ကျေးမှုဝန်ကြီး ဒါရီယိုဖရန့် ဆက်ချီနီက ပြောသည်။
"ဒါကို ပြန်လည် တည်ဆောက်ခြင်းက ပိုမိုဆွဲဆောင်မှု ရှိလာစေမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကိုလိုစီယမ်က ကျွန်တော်တို့ နိုင်ငံရဲ့ ပုံရိပ် ပါပဲ"ဟုဖရန်ဆက် ချီနီက ပြောသည်။
ကိုလိုစီယမ် တွင် ရှေးဟောင်းဂီတများ ဖျော်ဖြေခြင်း မဟုတ်ဘဲရော့ခ်ရှိုးပွဲ ကဲ့သို့ ပရိသတ်များ၏ သောင်းကျန်းမှုများ ရှိလာနိုင်သည့် ဂီတ ဖျော်ဖြေပွဲ များပါ ပြုလုပ်လာမည်ကို ဝေဖန်သူများက စိုးရိမ်လျက်ရှိသည်။

No comments:

Post a Comment

back to top