Wednesday, November 26, 2014

ကယားပြည်နယ်ပါတီဥက္ကဌ ပါတီလုပ်ငန်းလမ်းညွှန်မှာကြား
*********************************************
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး သည် နိုဝင် ဘာလ (၂၅)ရက် နံနက် (၉း၄၀) အချိန် က ပြည်နယ်ပါတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းလမ်းညွှန် အစည်းအဝေး တက်ရောက်ပြီး ပါတီရေးရာ လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားသည်။
ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်မှ လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားစဉ်
ပါတီဥက္ကဋ္ဌက “ဗဟိုပါတီဌာနချုပ်မှ လမ်းညွှန်ထားသော တောင်သူလယ်သမား လူထုတွေ့ဆုံပွဲ အခမ်းအနားကို ရည်ရွယ်ချက် (၅)ချက်ဖြင့် အနှစ်သာရရှိရှိ၊ စနစ်တကျ ကျင်းပနိုင်ရေးကို ပါတီမှ တာဝန်ရှိသူအဆင့်ဆင့်က စိတ်အား ထက်သန်စွာ ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီပုံရိပ် ကောင်းမွန် အောင်မြင်ရေး သည်လည်း ပါတီဝင်တိုင်း၊ ဂရုပြုအားစိုက်ရမည့် အရေးကြီးဆုံးအချက်ဟု ပြောလိုကြောင်းဖြင့် ပါတီ၏စည်းရုံးရေး လုပ်ငန်းစဉ်များကို အကျယ်တ၀င့် ရှင်းလင်း မှာကြားခဲ့သည်။
ယင်းနောက် ဗဟိုကော်မတီဝင်၊ ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးမှ ဆွေးနွေးတင်ပြသည်။ ထို့နောက် ပြည်နယ်ကော်မတီဝင် ဦးမော်ရယ်က ယခုလ (၂၂၊ ၂၃) ရက်က ပါတီဌာနချုပ်တွင် ကျင်းပပြီးစီးခဲ့သော ဗဟိုအလုပ်အမှုဆောင်များနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အတွင်းရေးမှူး ညှိနှိုင်းအစည်းအဝေးမှ အတွေ့ အကြုံများ၊ ဗဟိုပါတီဥက္ကဌ သူရဦးရွှေမန်း၏ မိန့်မှာခဲ့သော ပါတီဆိုင်ရာ လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်းတင်ပြပါသည်။
ယင်းနောက် ပါတီဥက္ကဌမှ အစိုးရအဖွဲ့က ပြည်နယ်တ၀ှမ်း ဆောင်ရွက်ပေးနေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို ပြောကြားပြီး အစည်းအဝေးကို (၁၂း၃၀)တွင် ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးကျော်ဆွေ၊ ဦးလူရယ်ဘိုးလူ၊ ဦးချစ်လှ၊ မြို့နယ်ပါတီနာယက ပြည်နယ် ၀န်ကြီးများ၊ ပြည်နယ် ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်/ မြို့နယ် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top