Wednesday, November 26, 2014

အီတလီ နိုင်ငံ၏ ပထမဆုံးအမျိုးသမီး အာကာသယာဉ်မှူး ISS စခန်းသို့ ရောက်ရှိ

အီတလီနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး  အာကာသယာဉ်မှူး လိုက်ပါသွားသည့် Soyuz TMA-15M  အာကာသယာဉ်သည် ယခုအခါ နိုင်ငံ တကာ အာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ အာကာသယာဉ်ကို ကာဇက်စတန်နိုင်ငံအတွင်းရှိ ဆိုင်ကိုနော့ ကော့ခ်မိုဒရုန်း ဂြိုဟ်တု လွှတ်တင် ရေးစခန်းမှ  ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုဝင်ဘာ၂၃ ရက်တွင် ဘေးကင်းစွာဖြင့် လွှတ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှားအာကသ အေဂျင်စီမှ ထုတ်ဖော်ပြောကြားသည်။
အဆိုပါ အာကာသယာဉ် အတွင်း အီတလီ အမျိုးသမီး အာကာသယာဉ်မှူး ဆမန်သာခရစ္စတိုဖော်ရက်တီ၊ ရုရှား အာကာသယာဉ်မှူး အန်တန်ရှကပ် လာရော့ဗ်နှင့် အမေရိကန်အာကာသယာဉ်မှူး တယ်ရီးဗားသ်စ် တို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။
အသက် ၃၇ နှစ်အရွယ်ရှိ ခရစ္စတိုဖော်ရက်တီသည် အီတလီ လေတပ်မှ ဗိုလ်ကြီး တစ်ဦးဖြစ်ပြီး အာကာသအတွင်းသို့ ပထမဆုံး သွားရောက် သည့် အီတလီနိုင်ငံ၏ အမျိုးသမီး အာကာသယာဉ်မှူး ဖြစ်လာခဲ့သည်။
Soyuz TMA-15M အာကာသယာဉ်နှင့် လိုက်ပါသွားသည့် အာကာသယာဉ်မှူး သုံးဦးသည် နိုင်ငံတကာ အာကာသစခန်း ISS ၌ ရှိနေသည့် အခြားအာကာသယာဉ်မှူး သုံးဦးနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး ISS စခန်းဌာနတွင် ၂ဝ၁၅ ခုနှစ် မေလအထိ ခြောက်လကြာ တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း သိရ သည်။

No comments:

Post a Comment

back to top