Thursday, November 27, 2014

ရန်ကုန်မြို့နှင့် မန္တလေး မြို့ကြီးများတွင် ကျန်းမာရေး အာမခံ စတင်ရောင်းချမည်

မြန်မာ့အာမခံ လုပ်ငန်းမှ ဆောင်ရွက် နေသည့် မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် ပေးသွားမည့် ကျန်းမာရေးအာမခံကိုလာမည့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ စတင် ရောင်းချပေးရန် စီစဉ် ဆောင်ရွက်နေသည်ဟု ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
ကျန်းမာရေး အာမခံကို ယခင်က ၂ဝ၁၅ဧပြီလတွင် စတင် ရောင်းချရန် စီစဉ်ခဲ့ရာမှ အများပြည်သူ ပိုမိုအဆင်ပြေရန်အတွက် လာမည့် ဇန်နဝါရီလအတွင်း စောစီးစွာ ရောင်းချနိုင်ရန် စီစဉ် လိုက်ခြင်း ဖြစ်သည်။
''ကျန်းမာရေး အာမခံကို မြန်မာ့အာမခံ လုပ်ငန်းနဲ့ ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ အားလုံးပူးပေါင်း ဝန်ဆောင်မှု ပေးသွားမယ်။ လောလောဆယ်မှာ အာမခံဖော် ဆောင်ရေး ဆပ်ကော်မတီကို ဖွဲ့စည်းထားပြီး အာမခံ ပရီမီယံကြေး ပေးသွင်း ရမယ့် နှုန်ထားနဲ့ ပြန်လည်ပေးအပ်မယ့် နှုန်းထားတွေကို အသေး စိတ်ညှိနှိုင်း ဆွေးနွေး နေပါတယ်'' ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။
အဆိုပါ ကျန်းမာရေး အာမခံတွင် အာမခံ ထားရှိသူများအတွက် ဆေးရုံတက် စရိတ်၊ ခွဲစိတ်ကုသမှု စရိတ်၊ ဆေးဝါး ကုန်ကျစရိတ်များကို ပေးအပ်သွားမည်ဖြစ်ပြီး အာမခံကြေး ပေးသွင်းရမည့် နှုန်းထားကိုလည်း နိုင်ငံ တကာ နည်းတူ အသက်သာဆုံး နှုန်းထား ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
ကျန်းမာရေး အာမခံကို တစ်နှစ်အစမ်း သတ်ကာလ သတ်မှတ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top