Friday, November 21, 2014

ဂျပန်ဈေးကွက်အတွက် အထူးမီနီအယ်လ်ဘမ် ဖြန့်ချိလိုက်တဲ့ Crayon Pop အဖွဲ့

တောင်ကိုရီးယား မိန်းက လေးအဆိုရှင်များအဖွဲ့ Crayon Pop က ဂျပန်နိုင်ငံတွင် ၎င်းတို့၏ တရားဝင်ခွေ မဖြန့်ချိမီ အထူးမီနီ အယ်လ်ဘမ်တစ်ခု ဖြန့်ချိလိုက် သည်။ ဂျပန်ပရိသတ်အား Crayon Pop အဖွဲ့၏ ထူးခြားသော မြူး ဇစ်ပုံစံနှင့် စတိုင်ကို မိတ်ဆက် ပေးရန် အထူးအယ်လ်ဘမ်ကို ထုတ်လုပ်ခြင်းဖြစ်သည်ဟု၎င်းတို့ ၏ အေဂျင်စီက ပြောသည်။
အဆိုပါ အထူးသီချင်းခွေ တွင် တောင်ကိုရီးယားနိုင်ငံ၌ Crayon Pop အဖွဲ့ သီဆိုပြီးသား သီချင်းအားလုံးပါဝင်သည်။ ဂျပန်ဈေးကွက်အတွက် တ ရားဝင်အခွေ ဖြန့်ချိရန် ဂျပန်အေဂျင်စီတစ်ခုနှင့် ကန်ထရိုက်လက် မှတ်ရေးထိုးလိုက်သည်ဟု ယင်း အဖွဲ့က    ထုတ်ဖော်ပြောကြား သည်။ ဂျပန်နိုင်ငံတွင် ဖြန့်ချိမည့် အထူးအယ်လ်ဘမ်အား POP! POP! POP ဟု အမည်ပေး ထားပြီး ၎င်းတို့၏ နာမည်ကျော် Saturday Night ၊ Bing Bing ၊ Uh-Ee ၊ Bar Bar Bar သီချင်း များ ပါဝင်သည်။    

No comments:

Post a Comment

back to top