Monday, November 24, 2014

သရဖူကာကွယ်ပွဲတွင် အယ်ဂျီရီကို ပါကွီအို ခြောက်ကြိမ်တိုင် အလဲထိုး၍ အနိုင်ရ

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပါကွီအိုသည် တနင်္ဂနွေနေ့က မကာအိုတွင် ပြုလုပ်ခဲ့သည့် WBOဝေါ်လ်တာ ဝိတ်သရဖူကာကွယ်ပွဲတွင် အမေရိကန်မှ စိန်ခေါ်သူ ခရစ်အယ်လ်ဂျီရီကို ၁၂ ချီတွင် ခြောက်ကြိမ် အလဲထိုးနိုင်ခဲ့ကာ အသာစီးဖြင့် အနိုင်ရရှိသွားသည်။

ပါကွီအိုသည်ပွဲတွင် ပထမအချီမှစ၍ စိုးမိုးနိုင်ခဲ့ပြီး ဒုတိယအချီတွင် တစ်ကြိမ်စတင်အလဲ ထိုးနိုင်ခဲ့သည်။ထိုနောက်ပိုင်း အချီများတွင်လည်း အကြိမ်ကြိမ် အလဲထိုးခံရကာပွဲအပြီးတွင် ဒိုင်သုံးဦးစလုံးက အမှတ် အသာဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။ပါကွီအိုကို ဒိုင်တစ်ဦးက ၁၂၀-၁၀၂ မှတ်ဖြင့် အနိုင်ပေးခဲ့ပြီး ကျန်ဒိုင်နှစ်ဦးကမူ ၁၁၉-၁၀၃ မှတ်ဖြင့် အနိုင်ပေးခဲ့သည်။
‘‘သူဆက်ပြီးတောင့်ခံ ကစားနိုင်ခဲ့တာကို ကျွန်တော်မအံ့ဩပါဘူး။ ဒါမျိုးကို ရုရှားလက်ဝှေ့သမား ရူဆလန် ပရိုဘော့ဒနီ ကော့ဗ့်ပွဲ တုန်း ကလည်း သူလုပ်ခဲ့တာပါ’’ ဟု ပွဲတွင် ကြံ့ကြံ့ခံကစားခဲ့သော အယ်ဂျီရီကို ပါကွီအိုက ချီးကျူးသည်။ယခုပွဲအနိုင်ကြောင့် ပါကွီအိုသည် ၄၆ ပွဲထိုးသတ်ရာတွင် ၅၇ ပွဲအနိုင်ရရှိသည့် စံချိန်ရရှိသွားသည်

No comments:

Post a Comment

back to top