Friday, November 21, 2014

ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ ခရစ်ဟမ်းစ်ဝပ်

ဟောလိဝုဒ်မင်းသား ခရစ်ဟမ်းစ်ဝပ်ကို ဆွဲဆောင်မှုအရှိဆုံး သက်ရှိထင်ရှား အမျိုးသားအဖြစ် People Magazineက ရွေးချယ်လိုက်သည်။
သြစတြေးလျမင်းသား ခရစ်ဟမ်းစ်ဝပ် (၃၁) နှစ်သည် ၂၀၁၃ ခုနှစ်အတွင်း People Magazineက ဆွဲဆောင်မှုအရှိဆုံး အမျိုးသား အဖြစ် ရွေးချယ်ခဲ့သည့် ရော့ခ်အဆိုတော် အဒမ်လက်ဗင်း၏ နေရာကို ယူလိုက်ခြင်းဖြစ်သည်။
Thor ရုပ်ရှင်ဇာတ်ကား၏ အနုပညာကြယ်ပွင့် ခရစ်မှာ ကလေးသုံးယောက်ဖခင်ဖြစ်ပြီး ကလေးထိန်းရခြင်းမှ သီတင်းနှစ်ပတ်မျှ လွတ်ကင်းစေရန် ယင်းဂုဏ်ပြုခံရခြင်းကို အသုံးချမည်ဟု နောက် ပြောင်ခဲ့သည်။
ခရစ်နှင့် ဇနီး အယ်လ်ဆာပါတာကီတို့တွင် အိန္ဒိယဟုခေါ်သော ၂ နှစ်အရွယ် သမီးတစ်ဦးနှင့် ရှစ်လသားအမြွှာညီအစ်ကို ဆာရှာနှင့် ထရစ်တန်တို့ရှိပြီး မကြာသေးမီက သြစတြေးလျနိုင်ငံ ဘိုင်ရွန် ဘေးတွင် ၀ယ်ယူထားသော နေအိမ်၌ နေထိုင်လျက်ရှိသည်။

No comments:

Post a Comment

back to top