Thursday, November 27, 2014

တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
*****************************************


၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်၊ ၁၃၀၀ နာရီ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းတွင် တိုင်း/ခရိုင်/မြို့နယ် ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ရာ အစည်းအဝေးသို့ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေတ္တအတွင်းရေးမှူး ဥိးမင်းသိမ်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင် လေးခုနှင့် မြို့နယ်များမှ ပါတီအတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။
ယင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးပါတီ ခေတ္တအတွင်းရေးမှူး ဦးမင်းသိမ်းမှ အဖွင့် အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်များက ရေးရာ အလိုက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးသည်။
တက်ရောက်လာသည့် မြို့နယ်များနှင့် ခရိုင်ပါတီများက ဆောင်ရွက်မည့်/ဆောင်ရွက်ပြီး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးပါတီ ခေတ္တအတွင်းရေးမှူးမှ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရပ်နားခဲ့သည်။ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးပါတီမှ ဦးဆောင်ကျင်းပမည့် ကာရာအိုကေ အဆိုပြိုင်ပွဲအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top