Wednesday, December 31, 2014

အမျိုးသား အားကစား ပွဲတော်ကို ဇန်နဝါရီလ အစား ဖေဖော်ဝါရီလမှသာ ကျင်းပမည်

ဆယ်စုနှစ် နှစ်စုနီးပါး အကြာတွင် ပြန်လည်ကျင်းပနိုင်သည့် စတုတ္ထ အကြိမ်မြောက် အမျိုးသား အားကစား ပွဲတော်ကို မူလစီစဉ်ထားသည့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလအစား ဖေဖော်ဝါရီလတွင်သာ  ကျင်းပမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်လွင်က ပြောသည်။

ဆွာရက်ဇ် မရှိတဲ့ နောက်ပိုင်း ပထမဆုံးအကြိမ် (၄)ဂိုးသွင်းပြီး လီဗာပူးအသင်း အနိုင်ရ

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်(၁၉)ရဲ့ နောက်ဆုံးပွဲအဖြစ် တနင်္လာညမှာ ကစာဲး့တဲ့ လီဗာပူးနဲ့ ဆွမ်ဆီးတို့ပွဲမှာတော့ အိမ်ရှင် လီဗာပူးက (၄)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ၂၀၁၄ ခုနှစ်ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲလို့ ဆိုရမယ့် ဒီပွဲမှာ လီဗာပူးအတွက် ခြေစွမ်း ပြသွားသူကတော့ ကွင်းလယ်လူ လယ်လာနာပဲ ဖြစ်ပါတယ်။

အန်ဆယ်လော့တီနှင့် ရော်နယ်ဒို အကောင်းဆုံးဆုများ ရရှိ

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပသော Globe Soccer Awards ဆုပေးပွဲ၌ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက ယခုနှစ် အတွက် အကောင်းဆုံး နည်းပြဆု ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် အကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲလ် တိုက်စစ်မှူး ရော်နယ်ဒိုက ရရှိခဲ့သည်။

Tuesday, December 30, 2014

ဆစ်ဒနီ-ဟာဘတ် ရွှက်လွှင့်ပြိုင်ပွဲမှာ ၀ိုင်းအုတ်အသင်း အနိုင်ရ ဗိုလ်စွဲ

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကနေ ဟာဘတ်မြို့အထိ ရွက်လွှင့်ရတဲ့ ပြိုင်ပွဲမှာ ၀ိုင်းအုတ်အီလဲဗင်းအသင်းက အနိုင်ရ ဗိုလ်စွဲ သွားပါတယ်။ ဒီပြိုင်ပွဲက နှစ်စဉ် ကျင်းပတာ ဖြစ်ပြီး ဒီနှစ်က အကြိမ်(၇၀)မြောက် ဖြစ်ပါတယ်။

အာဆင်နယ် ထိပ်ဆုံး (၅)နေရာ တက်လာ

ပရီမီယာလိဂ်ပွဲစဉ် ၁၉ အဖြစ် ဒီဇင်ဘာ၂၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ နာမည်ကြီး ချယ်လ်ဆီး၊ မန်စီးတီးနှင့် မန်ယူတို့သည် တစ်မှတ်ရအောင် မနည်းကြိုးစား ကစားခဲ့ရသည်။ ချယ်လ်ဆီးအသင်းသည် ဆောက်သမ်တန်ကွင်း၌ အကောင်းဆုံး အခွင့်အလမ်းများ လွဲချော်ခဲ့မှုကြောင့် နိုင်ပွဲနှင့် လွဲချော်ခဲ့ရသည်။

Monday, December 29, 2014

နေရှင်နယ် ဟော်ကီလိဂ်ပွဲမှာ ၀ါရှင်တန်ကက်ပီတယ် အသင်းက (၃)ဂိုးပြတ် အနိုင်ရ

အမေရိကန်နေရှင်နယ် ဟော်ကီလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် ကစားတဲ့ ၀ါရှင်တန်ကက်ပီတယ်နဲ့ ပစ်တ်ဘက်ရှ် ပင်ဂွင်းတို့ပွဲမှာ ၀ါရှင်တန်ကက်ပီတယ်က (၃)ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

တောရက်စ်အား အေစီမီလန် ခေါ်ယူ

ချယ်လ်ဆီးနှင့် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အား စီးရီးအေကလပ် အေစီမီလန်က အမြဲတမ်း စာချုပ်ဖြင့် ခေါ်ယူ လိုက်ပြီ ဖြစ်သည်။ ဇန်နဝါရီ ၅ ရက်က စပြီး တောရက်စ်သည် အေစီမီလန်အသင်း၏ အမြဲတမ်းကစားသမားဖြစ်သွားပြီ ဖြစ်သည်။ အသက် ၃ဝ အရွယ် တောရက်စ်သည် ချယ်လ်ဆီးမှ အေစီမီလန်သို့ သြဂုတ်လမှ စတင်ကာ နှစ်နှစ်အငှားစာချုပ်ဖြင့် သွားရောက် ကစားနေခဲ့သူဖြစ်သည်။
နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ တူးတူး(မြန်မာ)အလဲထိုးဖြင့် အနိုင်ရရှိ
နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၂၈ ရက် ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်းတွင် ကျင်းပခဲ့ပြီး အဓိက တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် တူးတူးနှင့် အက်ဒ်ဝဒ်တို့ပွဲစဉ်တွင် တူးတူးမှာ အသာစီး ရယူ နိုင်ခဲ့ပြီး အလဲထိုးဖြင့် အနိုင်ရရှိခဲ့ သည်။

ရီးရဲမက်ဒရစ်နှင့် အေစီမီလန်တို့ရဲ့ ဒူးဘိုင်းဖလားပွဲ

ရီးရဲမက်ဒရစ်နဲ့ အေစီမီလန်တို့ရဲ့ ဒူဘိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၃ဝ ရက်မှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာရှိတဲ့ The Seven အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ စပိန်လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်နဲ့  စီးရီးအေမှာ အရှိန်အဝါကြီးမားတဲ့ ကလပ်အသင်း ဖြစ်တဲ့ အေစီမီလန်တို့ရဲ့ပွဲကတော့ ပရိသတ်တွေ စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲလည်း ဖြစ်နေပါတယ်။ ဒူဘိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲကို အမ်းမရိတ်စ် လေကြောင်းလိုင်းက စီစဉ်ကျင်းပတာဖြစ်ပြီး အဲဒီ ဘောလုံး နှစ်သင်းစလုံးကို အမ်းမရိတ်စ်လေကြောင်းလိုင်းက စပွန်ဆာပေးထားတာမို့ အခုလို ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲစေခြင်း ဖြစ်ပါတယ်။

Friday, December 26, 2014

မွေးရပ်မြေက ကလေးငယ်တွေအတွက် ဖွံ့ဖြိုးရေး စင်တာတစ်ခုကို နေမာ ဖွင့်လှစ် တည်ထောင်

ဘရာဇီးတိုက်စစ်မှူး နေမာဟာ သူ့ရဲ့ ဇာတိမွေးရပ်မြေက ကလေးငယ်တွေရဲ့ အားကစားစွမ်းရည် ဖွံ့ဖြိုးဖို့အတွက် နေမာဂျူနီယာ အင်စတီကျူ့ဆိုတဲ့ စင်တာတစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်သို့ ပြန်ရန် တောရက်စ် ညှိနှိုင်း

အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်သည် အသင်းဟောင်းသို့ ပြန်လာရန် နီးစပ်နေပြီး  ချယ်လ်ဆီးနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း စပိန်မာကာသတင်းက ဖော်ပြသည်။

အသက်(၈၁)နှစ်အရွယ် ဘွားဘွားက လေထီး အလွတ်ခုန်

လေယာဉ်ပေါ်ကနေ အလွတ်ခုန်ချပြီး သင့်တင့်တဲ့ အမြင့်ပေရောက်မှ လေထီးဖွင့်ရတဲ့ Skydiving အားကစားနည်းကို အသက်(၈၁)နှစ် အရွယ်ရှိပြီဖြစ်တဲ့ တရုတ်အဘွားအိုတစ်ဦးက လုပ်ပြခဲ့တဲ့အတွက် အများအံ့သြစရာ ဖြစ်ခဲ့ပါတယ်။

အာဖရိကအကောင်းဆုံး ဆန်ခါတင်သုံးဦးတွင် ယာယာတိုရေး ပါဝင်

ဇန်န၀ါရီ ၈ ရက် တွင် ပေးအပ်မည့် အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု နောက်ဆုံး ဆန်ခါတင် သုံးဦး စာရင်းတွင် မန်စီးတီး အသင်းမှ ယာယာတိုရေး၊ ဒေါ့မွန်မှ အော်ဘာမီယန်းနှင့်  ပြင်သစ်နိုင်ငံ လိုင်လီအသင်းတွင် ကစားနေသော အင်ယေးမာတို့ ရွေးချယ် ခံရသည်။

Wednesday, December 24, 2014

ဂျူဗင်တပ်စ်ကိုနိုင်ပြီး နာပိုလီ စူပါဖလားဆွတ်ခူး

ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်တွင် ကျင်းပသော အီတလီ စူပါဖလားလုပွဲ၌ ကိုပါအီတလီယာဖလားပိုင်ရှင် နာပိုလီက လိဂ်ချန်ပီယံ ဂျူဗင်တပ်ကို ၆-၅ ဂိုး ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့သည်။

မန်ယူတို့ အမှတ်ပြည့်ယူမယ့် ပရီမီယာလိပ်ပွဲစဉ် (၁၈)

ဥရောပရဲ့လိဂ်ပွဲစဉ်တွေ ဆောင်းခိုသွားကြပေမယ့် အင်္ဂလန်ပရီမီယာလိဂ်ကတော့ ယှဉ်ပြိုင်မှု အရှိန်အဟုန် ကောင်းကောင်းနဲ့ ဖြတ်သန်း နေဆဲပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်ပရီမီယာလိဂ်ပွဲစဉ်(၁၈)ကို ဒီဇင်ဘာ ၂၆ ရက်မှာ ဆင်နွှဲမှာမို့ အသင်းကြီးတွေအပြိုင်အဆိုင် အမှတ် စုဆောင်းကြဦးမှာ ဖြစ်ပါတယ်။

အကောင်းဆုံး အင်္ဂလိပ်ဘောလုံးသမားဟာ မိုက်ကယ်ကားရစ်ပါလို့ နည်းပြဟောင်း ဖာဂူဆန် ပြောကြား

မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်ဖာဂူဆန်က မိုက်ကယ်ကားရစ်ဟာ အကောင်းဆုံး အင်္ဂလိပ် ဘောလုံးသမားပါလို့ တနင်္လာနေ့က ပြောပါတယ်။

ဖာရာရီကားနဲ့ လေ့ကျင့်ရတာ အလွန်ကောင်းပါတယ်လို့ ဒရိုင်ဗာသစ် ဗက်တယ်ပြော

ဖာရာရီအသင်းရဲ့ ဖော်မြူလာဝမ်း ဒရိုင်ဗာသစ် ဆီဗက်တီယနှ်ဗက်တယ်က ဖာရာရီပြိုင်ကားနဲ့ လေ့ကျင့်ရတာ အလွန်ကောင်း ပါတယ်လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

Tuesday, December 23, 2014

၂ဝ၁၅ ခုနှစ်တွင် ဆောင်ရွက်မည့် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်) အတွက် မြို့နယ် ခြောက်ခု ရွေးချယ်မည်

လာမည့်နှစ် အတွင်း ဆောင်ရွက်မည့် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်)ကို အကောင်အထည် ဖော်ရန် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး အစရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခု၌ စီမံကိန်း မြို့နယ် တစ်မြို့နယ်စီ ရွေးချယ်ကာ လိုအပ်သော ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၅ မာရာဟာလင်ဖလား ပြိုင်ပွဲကို မြန်မာအပါအဝင် လေးသင်းဖြင့် ကျင်းပမည်

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ပြန်လည်ကျင်းပမည့် ၂ဝ၁၅ ခုနှစ် မာရာဟာလင်ဖလားဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ ထွက်ပေါ် လာပြီ ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက် မှ ၁၃ ရက် အထိ ကျင်းပသွားမည် ဖြစ်ပြီး အသင်းလေးသင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ရော်နယ်ဒို၏ ရုပ်တု မွေးရပ်မြေတွင် ဖွင့်လှစ်

ရော်နယ်ဒိုအား ဂုဏ်ပြုသောအားဖြင့် ထုလုပ်ထားသည့် ရုပ်တုဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ခရစ်တီယာနို ရော်နယ်ဒိုသည် ပေါ်တူဂီနိုင်ငံ မာဒီအီရာဒေသရှိ မွေးရပ်မြို့ ဖန်ချယ်သို့ ပြန်သွားခဲ့သည်။

တစ်ဦးချင်း အေရီယယ် ပြိုင်ပွဲတွေမှာလည်း တရုတ်အားကစား မောင်မယ်တွေ ဗိုလ်စွဲ

ဖရီးစတိုင်စကီ ကမ္ဘာ့ဖလား အေရီယယ်တစ်ဦးချင်းပြိုင်ပွဲမှာ အမျိုးသား၊ အမျိုးသမီး ချန်ပီယံဆုတွေကို တရုတ် အားကစား မောင်မယ်တွေ ရသွားပါတယ်။

အာရှဖလားပွဲအတွက် တောင်ကိုရီးယား လက်ရွေးစင် (၂၃)ဦး ရွေးချယ်

သြစတြေးလျမှာ နောက်လမှာ ကျင်းပမယ့် အာရှဖလား ဘောလုံးပြိုင်ပွဲအတွက် တောင်ကိုရီးယား လက်ရွေးစင်(၂၃)ဦးကို တနင်္လာနေ့က အပြီးသတ် ရွေးချယ်လိုက်ပါတယ်။ ဂျာမနီလူမျိုး တောင်ကိုရီးယားအသင်းနည်းပြ ယူလီစတီလိုက် ရွေးချယ်လိုက်တဲ့ အပြီးသတ် လူစာရင်းမှာ (၁၇)ဦးဟာ ပြည်ပကလပ်တွေမှာ ကစားနေတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီမှာ(၆)ဦးက ဥရောပမှာ ကစားနေသူတွေ ဖြစ်ပါတယ်။

Monday, December 22, 2014

ရီးရဲလ်မက်ဒရစ် ကလပ်ကမ္ဘာ့ဖလားဆွတ်ခူး

မာရာကတ်ခ်ျ − မောရိုကိုနိုင်ငံတွင် ယှဉ်ပြိုင်ခဲ့သော ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ၌ ရီးရဲလ်က အာဂျင်တီးနားနိုင်ငံမှ တောင်အမေရိက ချန်ပီယံ ဆန်လော်ရန်ဇိုအသင်းကို နှစ်ဂိုး ဂိုးမရှိ ဖြင့် အနိုင်ယူပြီး စတုတ္ထမြောက် ဆုဖလား သိမ်းပိုက် နိုင်ခဲ့သည်။

အာဆီယံဆူဇူကီးဖလားတွင် ထိုင်းအသင်း လေးကြိမ်မြောက် ဗိုလ်စွဲ

၂၀၁၄ အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ဒုတိယအကျော့တွင် ထိုင်းအသင်းက မလေးရှားအသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်။

 ၂၀၁၄ ဆူဇူကီးဖလားချန်ပီယံ ထိုင်းလက်ရွေးစင်အသင်း

ပြင်သစ် နောက်ခံလူဟောင်း အဘီဒယ်လ် ကစားသမားဘ၀ အနားယူ

၂၀၁၂ခုနှစ်က အသည်းအစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ ပြင်သစ် နောက်ခံလူဟောင်း အီရစ်အဘီဒယ်လ်ဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ကစားသမားဘ၀ကနေ အနားယူတော့မယ်လို့ သောကြာနေ့က တရားဝင် ပြောကြားလိုက်ပါတယ်။

ဆန်းဒါးလန်း တန်းဆင်းဇုန်မှလွတ်၊ မာဆေး ရာသီဝက်ချန်ပီယံဖြစ်လာ

ပရီးမီးယားလိဂ်ပွဲ နယူးကာဆယ်နှင့် ဆန်းဒါးလန်းပွဲမှာ ၀-၁ ဂိုးဖြင့် အိမ်ရှင်နယူးကာဆယ်တို့ ရှုံးသွားခဲ့ပြီး ပြင်သစ်လီဂူးဝမ်းတွင် ပီအက်စ်ဂျီ သရေကျခဲ့ခြင်းကို အခွင့်ကောင်းယူနိုင်ခဲ့သည့် မာဆေးမှာ လီလီကို ၂-၁ ဂိုးဖြင့် အနိုင်ကစားပြီး ရာသီဝက် ချန်ပီယံဖြစ် သွားခဲ့သည်။

Friday, December 19, 2014

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး လစာနှစ်သိန်းအထိ တိုးမြှင့် ပေးရန် သူရဦးရွှေမန်း တိုက်တွန်း

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ်သိန်းနှစ်သောင်းမှ နှစ်သိန်းအထိ တိုးမြှင့်ပေးစေလိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အစိုးရ၀န်ကြီးဌာန များသို့တိုက်တွန်း လိုက်ကြောင်း သတင်းရရှိသည်။
လက်ရှိရနေသည့် အနိမ့်ဆုံးလစာ ကျပ်ခြောက်သောင်းခန့်မှ နှစ်ဆကျော် တိုးမြှင့်ပေးရန် ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရအဖွဲ့ဝန်ကြီး ဌာနများအား ပြောကြားခဲ့ခြင်းဖြစ် သည်။

အာဂျင်တီးနား အကောင်းဆုံးဆု ဒီမာရီယာရရှိ

အာဂျင်တီးနားလက်ရွးစင် မန်ယူတောင်ပံကစားသမား  ဒီမာရီယာသည် မက်ဆီနှင့် အဂူရိုကဲ့သို့ ထိပ်တန်းတိုက်စစ် မှူးများကို ဖြတ်ကျော်ကာ အာဂျင်တီးနား၏ ပြည်ပရောက် အကာင်းဆုံး ဘောလုံးသမားဆုကို အားကစား ဂျာနယ်လစ်များ မဲပေး ရွေးချယ်မှုဖြင့် ဆွတ်ခူးခဲ့ကြောင်း သိရသည်။


လိဂ်ဖလားအကြိုဗိုလ်လုပွဲ ချယ်လ်ဆီးနှင့်လီဗာပူး ထိပ်တိုက်တွေ့ဆုံ

အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်ဖလား အကြိုဗိုလ်လုပွဲတွင် ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းဖစ်သော ချယ်လ်ဆီးနှင့် လီဗာပူးတို့ ထိပ်တိုက် တွေ့ဆုံမည် ဖြစ်ကာ ကျန်အကြိုဗိုလ်လု ပွဲကို စပါး နှင့် ရှက်ဖီးလ်ယူနိုက်တက် ယှဉ်ပြိုင် မည် ဖြစ်သည်။


အိန္ဒိယ လက်ဝှေ့မယ် ဆာရီတာဒေ၀ီကို တစ်နှစ် ပိတ်ပင်

AIBA ခေါ် နိုင်ငံတကာ အပျော်တမ်း လက်ဝှေ့အဖွဲ့ချုပ်က အိန္ဒိယလက်ဝှေ့မယ် ဆာရီတာဒေ၀ီကို ပြိုင်ပွဲတွေကနေ တစ်နှစ် ထုတ်ပယ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

Friend အခွေအတွက် Facebook ရှိ ပရိသတ်တွေက အကြံဥာဏ်တွေ ပေးခဲ့တယ်ဆိုတဲ့ နန်းသူဇာ



မော်ဒယ်လ် လောကမှာသရုပ်ဆောင်အဖြစ် ပြောင်းလဲလာခဲ့ပြီး ယခုအချိန်အဆိုတော် တစ်ယောက်အဖြစ်မြင်တွေ့နေရသော နန်းသူဇာက လတ်တလောအနုပညာ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ယခုကဲ့သို့ပြောပြခဲ့သည်။
''လတ်တလောမှာတော့ နန်းသူဇာ ကြော်ငြာအတွက် ဓာတ်ပုံရိုက် ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှားမှုကတော့ လတ်တလောမှာ ထွက်ရှိထားတဲ့ Friend ဆိုတဲ့ အခွေအတွက် MTV ရိုက်ကူးရေး လုပ်နေပါတယ်။ အခွေက ပြီးသလောက်တော့ ရှိနေပြီလို့ ပြောလို့ရတယ်။ မကြာမီ ပရိသတ် လက်ထဲကို အရောက်ချပြ သွားမှာပါ။ Friend အခွေ ထွက်တုန်းကတော့ ပရိသတ်တွေဆီက ဘယ်လိုပုံစံမျိုးတွေ ကြိုက်တတ်လဲ ဆိုတာကို သိရတယ်။ နောက်ပြီးတော့ ပရိသတ်တွေက နန်းသူဇာတို့ ဆိုခဲ့တဲ့ သီချင်းတွေမှာ ဘယ်လိုပုံစံတွေ ကြိုက်လဲဆိုတာ သိခဲ့ရတယ်။

Organization နှင့် စာချုပ်သက်တမ်း ကုန်ဆုံးပါက အနုပညာ လှုပ်ရှား မှုများ တောက်လျှောက် လုပ်ဖြစ်တော့မှာ မဟုတ်ဘူး ပြောတဲ့ မိုးစက်ဝိုင်

မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်သည့် Miss Uni-verse 2013 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သည့် မိုးစက်ဝိုင်က သူ့အနေဖြင့် Miss Universe Organization နှင့် စာချုပ်သက်တမ်း ကုန်ဆုံးပါက အနုပညာ လှုပ်ရှားမှုကို တောက်လျှောက် လုပ်ဖြစ်တော့မည် မဟုတ်ကြောင်း သိရသည်။ မိုးစက်ဝိုင် အနေဖြင့် Miss Universe Myanmar Organization နှင့် အနုပညာ အလုပ်များ ဆောင်ရွက်ရန် နှစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

Thursday, December 18, 2014

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့နယ် ဖွံ့ဖြိုးရေးဆောင်ရွက်
*********************************************************


ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်လှိုင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့်သတ္ထုဝန်ကြီး ဦးစိုးမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းစိုး၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ထွန်းဝင်းနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဟင်္သာတမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်နိုင်လင်း၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖုန်းလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီစန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးညွှန့်ဦး တို့နှင့်အတူ ဟင်္သာတမြို့ တာကလေးမြို့သစ် ပြည်လုံးချမ်းသာတန်ဆောင်းတွင် ဒီဇင်ဘာ (၁၆) ရက် နံနက် ၉ နာရီခွဲက ဟင်္သာတ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ပြည်သူ့လွှတ်တော် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီဥက္ကဋ္ဌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက် အားပေး
***********************************************************


ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးမှု စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းသည် ယခုလ ၁၄ ရက် နံနက် ၁၁ နာရီခွဲက တောင်ဥက္ကလာပမြို့နယ် (၁ဝ) ရပ်ကွက် ဓမ္မရာဇာ (၁) လမ်း လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးအရာရှိ ဦးခင်မောင်ဌေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ လမ်းသာယာရေး ကော်မတီနာယက ဦးကြင်မောင်၊ လမ်းသာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးတင့်ဆွေ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ပည်း ကျောက်စာတိုင် ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးကြသည်။

ရန်ပုံငွေကို မြို့နယ်အတွက် အကျိုးရှိစွာ အသုံးချရန် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသိန်းဆွေ မှာကြား
********************************************************************************

အမ်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယခုလ ၁၃ ရက် မွန်းလွဲပိုင်းတွင် အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနား သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းကျော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကုမ္မဏီအဖွဲ့အစည်းများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော် မတီ၊ မြို့နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မြို့နယ်သန့်ရှင်းသာယာလှပရေး၊ လျှပ်စစ်မီးပြည့်ဝစွာရရှိရေး၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေးနှင့် မြို့ရေပေးဝေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ရေး၊ မြို့နယ်အတွက် မီးသဂြိုဟ်စက် ဆောက်လုပ်ရေး၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြသည်။
ပါတီကလက်ခံပြီး လူထုထောက်ခံမည့် ကိုယ်စားလှယ်များဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် မိုးညှင်းပြည်ခိုင်ဖြိုး ပါတီ ဆွေးနွေး
**********************************************************************


ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂၀၁၅ ခုနှစ် ပါတီ အောင်နိုင်ရေး စည်းရုံးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းပွဲကို ယခုလ ၁၅ ရက် မွန်းလွဲ ၁ နာရီက ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ပြုလုပ်ရာ ခရိုင်/မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး ပါတီဗဟိုကော်မတီဝင် (မိုးညှင်းခရိုင် တာဝန်ခံ) ဦးကျော်စိုးလေးက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီကလက်ခံပြီး လူထုအားကိုး ယုံကြည် ထောက်ခံနိုင်မည့် ကိုယ်စားလှယ်များဖြင့် ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြရန် လိုအပ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။

အင်းတော်မြို့နယ် စီမံခန့်ခွဲရေးဥက္ကဋ္ဌ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အဖွဲ့ ခရိုင်နှင့် ကျေးရွာ ချင်းဆက်လမ်းများ စစ်ဆေး မူးယစ်ဆေးဝါး ကင်းစင် ရေးဟောပြော

***********************************************************
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့် နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးချစ်ဆွေ (မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်) တို့သည် မြို့နယ်စီမံခန့်ခွဲ မှုကော်မတီဝင်များဖြစ်သော မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမင်းအောင်၊ ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ပြည်သူ့ ဆောက် လုပ်ရေးလုပ်ငန်း လက်ထောက် အင်ဂျင်နီယာ ဦးဆန်းလင်း တို့လိုက်ပါလျက် ယခုလ ၄ ရက် မွန်းတည့် ၁၂ နာရီက ခရိုင်ချင်း ဆက်လမ်း၊ ဝန်းသို-အင်းတော် နယ်စပ်တွင် ဘက်ဟိုးဖြင့် မြေသားတင်ခြင်းလုပ်ငန်းများ၊ မဲဇာ၊ အလည်ဆိပ်၊ ပင်သချေ၊ နောင်မိုးကျေးရွာ ချင်းဆက်လမ်းများ ကျောက်ချောလမ်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ် ဆေးကြပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင် ရွက်ပေးကြသည်။
ထို့နောက် အလည်ဆိပ်ကျေးရွာ အမကကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများကို ပရိုဂျက်တာအသုံးပြု၍ မူးယစ်ဆေးဝါးကင်းစင်ရေး၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများ၊ မူးယစ်ဆေးဝါးကို လုံးဝလက်တည့်မစမ်းရေးတို့ကို ဟောပြောပြသ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဖြိုးစေတနာ အခမဲ့ နယ်လှည့်ဆေးကုအဖွဲ့ ကမာရွတ်တွင် ကျန်းမာရေး စောင့်ရှောက်ပေး
***********************************************************
ရန်ကုန်အနောက်ပိုင်း ခရိုင် ဖြိုးစေတနာ အခမဲ့ နယ်လှည့်စောင့်ရှောက်မှုအဖွဲ့က ကမာရွတ်မြို့နယ် အမှတ် (၄) ရပ်ကွက် သုခိတာ ဆွမ်းလောင်းအသင်း (၁)လမ်း ဓမ္မာရုံတွင် ပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းကို နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ အဖွဲ့ခေါင်းဆောင် ဒေါ်စန်းစန်းဝင်း(၁)၊ ဒေါ်စန်းစန်းဝင်း (၂) ဦးဆောင်သောအဖွဲ့နှင့် ကမာရွတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အမှတ် (၄) ရပ်ကွက် ခေါင်းဆောင် ဦးခင်မောင်သန်းနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ၊ ကမာရွတ်မြို့နယ် ရပ်ကွက် ၁ဝ ရပ်ကွက်ရှိ ပါတီ ခေါင်းဆောင်များ ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ရုရှားအား ပိတ်ဆို့အရေးယူရေး ဥပဒေကြမ်းကို အိုဘားမား လက်မှတ်ရေးထိုးမည်ဟု အိမ်ဖြူတော် ထုတ်ပြန်



ယူကရိန်းအကျပ်အတည်းနှင့် ပတ်သတ်၍ ရုရှား၏ လုပ်ရပ်များအပေါ် ဆန့်ကျင်တုံ့ပြန်သည့် အနေဖြင့် ရုရှား အပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမို တင်းကျပ်ရေး အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် အတည်ပြုခဲ့သော ဥပဒေကြမ်း တစ်ရပ်အား ဥပဒေအဖြစ် အတည်ပြုပြဌာန်းနိုင်ရန် အမေရိကန် သမ္မတအိုဘားမားက လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်ပြောကြားခဲ့သည်။ ရုရှား ရူဘယ်ငွေ တန်ဖိုးထိုးကျနေစဉ်တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။
“သမ္မတဟာ ဥပဒေကြမ်းကို လက်မှတ်ထိုးဖို့ တကယ်ကို ရည်ရွယ်ထားပါတယ်” ဟု အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဂျော့ရှ်အန်းနက်စ်က သတင်း ထောက်များအား ပြောကြားခဲ့သည်။ ယူကရိန်းလွတ်လပ်ခွင့် အထောက်အကူပေးရေး အက်ဥပဒေကို စနေနေ့က အမေရိကန် လွှတ်တော်နှစ်ရပ်လုံးတွင် အားလုံးက တညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ကြခြင်းဖြစ်ပြီး ထိုဥပဒေကြမ်းထဲတွင် ရုရှားအား ပိတ်ဆို့ အရေးယူမှု အသစ်များ ချမှတ်ထားကာ ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားလိုလားသူ သူပုန်များအား ရုရှားက အားပေး ကူညီနေ သည့်အတွက် အရေးယူဒဏ်ခတ်ခြင်း ဖြစ်သည်။

ဗီယက်နမ် ရေအားလျှပ်စစ်စက်ရုံတစ်ခုတွင်ဥမင်ပြိုကျပြီး လူ(၁၂)ဦး ပိတ်မိနေ



ဗီယက်နမ် နိုင်ငံတွင်ဥမင်တစ်ခု ပြိုကျခဲ့ရာ အတွင်း၌ ပိတ်မိနေသူ (၁၂)ဦးကို ကယ်တင်ရန် အပြင်းအထန် ကြိုးစားနေကြကြောင်း သတင်းရရှိသည်။ ဗီယက်နမ် အလယ်ပိုင်းရှိ လမ်ဒေါင်းဒေသတွင် ဒါဒန်ဒါချိုမို ရေအားလျှပ်စစ် စက်ရုံနေရာ၌ အလုပ်လုပ် နေသူများသည် မိုးသည်းထန်စွာ ရွာသွန်းပြီး ဥမင်ပြိုကျရာ၌ ပိတ်မိနေခြင်း ဖြစ်သည်။
လတ်တလောတွင် ကယ်ဆယ်ရေးများက ပိတ်ဆို့နေသည့် ဥမင်နေရာကို လွန်ဖြင့်ဖောက်ကာ အတွင်းထဲသို့ အောက်စီဂျင်ဓာတ် ဖြည့်သွင်း ပေးနေကြောင်း သိရသည်။ ထိုအတောအတွင်း အပျက်အစီးများကို ဖယ်ရှား ရှင်းလင်းကာ အတွင်းမှ လူများကို ကယ်ထုတ်နိုင်ရန် ကြိုးစားနေသည်။
ဗီယက်နမ်သည် နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းတွင် ဓာတ်အားပေး စက်ရုံများ တိုးမြှင့် တည်ဆောက်လျက် ရှိသည်။

ဒေသတွင်းရှိ ပုဂ္ဂလိက ဆေးခန်းများမှ မသန့်ရှင်းသော ဆေးထိုးအပ်များမှတစ်ဆင့် ကမ္ဘောဒီးယား နိုင်ငံတွင် ဒေသခံ ၈၂ ဦး HIV ပိုး ကူးစက်ခံရ


ကမ္ဘောဒီးယားနိုင်ငံ ဘတ်တမ်ဘမ်းပြည်နယ်ရှိ ဝေးလံခေါင်းပါးသော ရွာတစ်ရွာတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အို များအပါအဝင် ဒေသခံ ၈၂ ဦးသည်HIVပို ကူးစက်ခံခဲ့ရကြောင်း  ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ ၎င်းကျေးရွာမှ ဒေသခံရာ ပေါင်းများစွာကို လွန်ခဲ့သော ရက်သတ္တပတ်အတွင်းကကျန်းမာရေးဌာနများ၌ စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ အဆိုပါဒေသခံ ၈၂ဦးတွင် HIV ပိုး ကူးစက် လျက်ရှိသည် ကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၆ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

အင်ဒိုနီးရှား မြေပြိုမှု သေဆုံးသူ ၇၉ ဦးထိရှိလာ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗား၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှု၌ သေဆုံးသူ ၇၉ ဦးအထိ ရှိလာပြီဖြစ်ပြီး ပျောက်ဆုံး နေသူ ၂၉ ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် အရာရှိများက ပြောကြားသည်။ငါးဦးမှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း အခြားကိုးဦးမှာ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် တားဆီးရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသို့ ဖုန်းဖြင့် ပြောခဲ့သည်။

မြန်မာ ရွှေ့ပြောင်း လုပ်သားများ အတွက် ဗန်ကောက် မြို့၌ ဆက်သွယ်ရေး စင်တာ ဖွင့်လှစ်

ထိုင်းနိုင်ငံ၌  အလုပ်သွားရောက် လုပ်ကိုင်ကြသော   မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများသည်  လုပ်ငန်းခွင်များ၌ အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်လာသောအခါတွင် ဖြစ်စေ၊ ထိုင်းနိုင်ငံသို့ ယခုမှစတင်၍ အလုပ်သွားရောက် လုပ်ကိုင်လိုသူ များသည် အလုပ်သမား အခွင့်အရေးပိုင်း ဆိုင်ရာများနှင့်  အခြားသော ဗဟုသုတများ သိရှိလို၍ဖြစ်စေ   အကြံပေး လမ်းညွှန်နိုင်စေရန်နှင့် ကူညီဖြေရှင်းပေးနိုင်စေရန် ဆက်သွယ် ရေး စင်တာ တစ်ခု ကို  ထိုင်းနိုင်ငံ  ဗန်ကောက်မြို့ရှိ   မြန်မာ သံရုံးအနီး၌  ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် သံတမန် (၆၅)နှစ်ပြည့် (၂၀၁၅)ခုနှစ်တွင် ကျင်းပမည်

မြန်မာ-တရုတ်သံတမန် (၆၅)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို (၂၀၁၅)ခုနှစ်မှာ ကျင်းပမည်ဖြစ်ကြောင်း ဒီဇင်ဘာ(၁၆)ရက်က နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ မြန်မာ-တရုတ်နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။

မြန်မာနိုင်ငံမှ သဘာဝ အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက် ရေးအတွက် နိုင်ငံ တကာမှ အကူအညီ ပေးမည်

မြန်မာနိုင်ငံတွင်  စိတ်ဝင်စားဖွယ် ကောင်းသော အဖိုးတန်ရေမြေ တောတောင် သဘာဝ အမွေအနှစ် ပတ်ဝန်းကျင်နေရာများစွာ ပေါကြွယ်ဝပြီး ၎င်းတို့အား ထိန်းသိမ်း စောင့်ရှောက်ရာတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (UNESCO)နှင့် နိုင်ငံတကာ အဖွဲ့ အစည်း များမှ နေ၍ လိုအပ်သော နည်းပညာနှင့် အထောက် အပံ့များ အကူအညီ ပေးသွားမည်ဟု သိရသည်။

၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် ကမ္ဘာလှည့် ခရီးသွားသင်္ဘော ၁၅စင်း လာရောက်မည်


မြန်မာနိုင်ငံသို့ ယခုနှစ်ကုန်ပိုင်း ပွင့်လင်း ရာသီမှ စတင်ကာ ကမ္ဘာလှည့် ခရီးသွား သင်္ဘောများ ဝင်ရောက်လျက်ရှိပြီး ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် ကမ္ဘာလှည့် ခရီးသွား သင်္ဘော ၁၅ စင်း လာရောက်မည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ တာဝန်ရှိသူများက ပြောသည်။

လာမည့် နှစ်ဆန်းပိုင်း ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ကမ္ဘာလှည့် အပျော်စီး သင်္ဘောများ ဆက်တိုက် ဝင်ရောက် လာမည်ဖြစ်ပြီး ဇန်နဝါရီလတွင် အမေ ရိကန်နိုင်ငံ အခြေစိုက် The World ၊ MV. Azamara Quest ၊ Silver Wind အမည်ရှိ ကမ္ဘာလှည့်ခ ရီးသွား သင်္ဘောသုံးစင်း လာရောက်မည်ဖြစ်ပြီး နိုင်ငံခြား ခရီးသွား ၁ဝဝဝ ဝန်းကျင်ခန့် ပါလာမည်ဖြစ် ကြောင်း သိရသည်။

မြန်မာ-ဂျပန် ပူးပေါင်း၍ SME ချေးငွေပေးမည်

မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ Sumitomo Mitui Bank တို့ ပူးပေါင်းကာ အသေးစား၊ အလတ်စား လုပ်ငန်း (SME) များအတွက် အပေါင် ပစ္စည်းမလိုသော ချေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချေးငွေ အာမခံစနစ်ကို ရန်ကုန်မြို့တွင် စမ်းသပ်ကျင့်သုံးလျက်ရှိပြီး ယင်းအာမခံရရှိထားသော SME လုပ်ငန်းများမှာ အပေါင်ပစ္စည်း တစ်စုံ တစ်ရာ မလိုအပ်ဘဲ လုပ်ငန်းတိုးချဲ့ရန် ချေးငွေများရရှိမည်ဖြစ်ကာ မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် ဂျပန်ဆူမာတို့ ဘဏ်တို့မှ ချေးငွေများ ထောက်ပံ့သွားမည်ဖြစ်သည်။
ချေးငွေရရှိရန် လိုအပ်သော SME များအနေဖြင့် မိမိလုပ်ငန်း အခြေအနေမှန်ကို အာမခံလျှောက်ထားစဉ် ကတည်းက ဖော်ပြဿ ချေးငွေ ရယူနိုင်မည်ဖြစ်သည်။
ယခုချေးငွေ အစီအစဉ်ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် စတင်မည်ဖြစ်ပြီး ချေးငွေတစ်ခု၏ သက်တမ်းမှာ တစ်နှစ် ဖြစ်ကြောင်း သိရသည်။

ဒီဂျေသီချင်းခွေအခမဲ့ထုတ်မယ့် မိုးအောင်ရင်

ကိုယ်တိုင်တီးခတ်ထား သည့် ဒီဂျေအရောတေးသီချင်း များပါဝင်မည့်     သီချင်းခွေကို ပရိသတ်အတွက် အခမဲ့ပေးရန် စီစဉ်နေသည်ဟု သရုပ်ဆောင် မိုးအောင်ရင်ကဆိုသည်။

ဗန်ဂါးလ်၊ ဗန်ပါစီနှင့် ရော်ဘင်တို့ နယ်သာလန် တစ်နှစ်တာ အကောင်းဆုံး အားကစား ဆုများ အသီးသီး ရရှိ

မန်ယူနည်းပြ ဗန်ဂါးလ်သည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားတွင် နယ်သာလန်အသင်းကို  ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့မှုကြောင့် နယ်သာလန် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုရခဲ့သလို မန်ယူမှ နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီမှာလည်း စပိန်နှင့်ပွဲ ခေါင်းတိုက်ဂိုးကြောင့် တစ်နှစ်တာ အကောင်းဆုံး အားကစားပွဲ အခိုက်အတန့်ဆုနှင့် ဘိုင်ယန်မှ တောင်ပံတိုက်စစ်မှူး ရော်ဘင်မှာ တစ်နှစ်တာ အကောင်းဆုံး အားကစား သမားဆုများကို အသီးသီးရရှိခဲ့သည်။

အက်ဖ်အေဖလားပြိုင်ပွဲများ ယှဉ်ပြိုင်


အက်ဖ်အေဖလားပြိုင်ပွဲအဖြစ် ယီအိုဗီးလ်တောင်းနှင့် အက်ခရမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ယီအိုဗီးလ်တောင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရလိုက်၍ နောက်တစ်ဆင့်တွင် မန်ယူနှင့် ဆုံတွေ့မည်ဖြစ်သည်။



ခရုဇ်အက်ဇူလ်ကို အနိုင်ရပြီး ရီးရဲလ် ၂၁ ပွဲဆက်တိုက်နိုင်သည့် စံချိန်ဖြင့် ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက်

မော်ရိုကိုနိုင်ငံ မာရာကတ်မြို့တွင် ကစားခဲ့သော ဖီဖာကလပ် ကမ္ဘာ့ဖလားပွဲတွင် ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်မှာ မြောက်အမေရိကန် ချန်ပီယံ မက္ကဆီကို ကလပ်ခရုဇ် အက်ဇူလ်ကို ၄-၀ ဂိုးပြတ်ဖြင့် အနိုင်ရကာဗိုလ်လုပွဲတက်ခဲ့ပြီး ပြိုင်ပွဲ အားလုံးတွင် ၂၁ ပွဲဆက်တိုက်နိုင်သည့် စံချိန်သစ်ကို  ထပ်မံရရှိခဲ့သည်။

Wednesday, December 17, 2014

INTEL ၏ နည်းပညာသစ် ထည့်သွင်း ထားသည့် TABLET များဖြန့်ချိမည်

နည်းပညာကဏ္ဍ၏ အရေးပါမှုကို လက်တွေ့ မြင်တွေ့နေရသော ယနေ့ခေတ်ကြီးတွင် IT ပစ္စည်းများ ဆန်းသစ်တီထွင် လာကြပြီး Intel နည်းပညာ ကုမ္ပဏီကြီး မှလည်း ယင်းတို့၏ IntelAtomTMProcessor ပါဝင်သည့် Tablet သန်း ၄ဝ ကို နိုင်ငံတကာသို့ တင်ပို့သွားနိုင်ရန် ရည်မှန်းထားကြောင်း Intel ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၁ ရက်မှစတင်ကာ ဆိပ်ကမ်းရောက် မော်တော်ယာဉ်များ အား သွင်းကုန်ပါမစ် လျှောက်ထားခြင်း ခွင့်ပြု ပေးမည် မဟုတ်

ပြည်ပမှမော်တော်ယာဉ်များတင်သွင်းရာတွင် လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ဆိပ်ကမ်းရောက်မော်တော်ယာဉ်များကို သွင်းကုန် ပါမစ် လျှောက်ထားခြင်း ခွင့်ပြုပေးမည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင် ထုတ်ပြန်ချက် အရ သိရသည်။
လာမည့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းရာ၌ သွင်းကုန်ပါမစ်အား သုံးလအထိသာ ခွင့်ပြုသွား မည်ဖြစ်ပြီး သက်တမ်းတိုးခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

MNA လေကြောင်းလိုင်း ၂ဝ၁၅ မတ်လတွင် ဟောင်ကောင်၊  ထိုင်ဝမ်၊ ရှန်ဟိုင်း နှင့် ကူမင်းသို့ တိုက်ရိုက် ပျံသန်း ရန် စီစဉ်

Myanmar National Airlines မှ ပြည်ပခရီးစဉ် တိုးချဲ့ ပျံသန်းရာတွင် တရုတ်နိုင်ငံရှိ ဟောင်ကောင်၊ ထိုင်ဝမ်၊ ရှန်ဟိုင်းနှင့် ကူမင်းမြို့များသို့ လေကြောင်း ခရီးစဉ်များ စတင်ပျံသန်းရန် စီစဉ်လျက် ရှိကြောင်း Myanmar National Airlines မှ သိရသည်။
Myanmar National Airlines မှပြည်ပလေကြောင်းခရီးစဉ် များကို ၂ဝ၁၅ခုနှစ်မတ်လတွင်ပျံသန်း ရန် စီစဉ်လျက်ရှိရာဟောင်ကောင်၊ ထိုင်ဝမ်၊ ရှန်ဟိုင်းနှင့် ကူမင်းမြို့များ သို့ စတင်ပျံသန်းရန်လျာထားကြောင်း Myanmar National Airlines မှ သိရသည်။
Myanmar National Airlines မှ လက်ထောက်အထွေထွေ မန်နေဂျာဦးထင်လင်းက''အခုကအဲဒီ မြို့တွေကို ပျံသန်းဖို့လျာထားတာပါ။ အစပျံသန်း ရင်တော့ E190 နဲ့ မိတ် ဆက်ပျံသန်းမယ်။တစ်ပတ်ကို သုံးရက် လောက်ပေါ့။ နောက်မှဇူလိုင်မှာ Boeing လေယာဉ်တစ်စီး ရောက် လာရင် Boeing နဲ့ ပျံသန်းသွားမယ်'' ဟု ပြောသည်။

ပထမဆုံးအကြိမ် နိုဘယ်မြန်မာစာပေပွဲတော်ကိုဇန်နဝါရီလတွင် နိုင်ငံတော် ပွဲလမ်းအသွင်ဖြင့် ကျင်းပမည်

မြန်မာစာပေလောကသားများ ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပ မည့် နိုဘယ်မြန်မာစာပေပွဲတော်ကို လာမည့် ဇန်နဝါရီ ၁၇ ရက်မှ ၁၉ ရက်ထိ ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံတွင် သုံးရက်တိုင်တိုင် ကျင်းပမည် ဖြစ်ကြောင်း ပွဲတော် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ စာရေးဆရာဖေမြင့်ထံမှ သိရသည်

''နိုဘယ်မြန်မာစာပေပွဲတော်ဟု ခေါင်းစဉ်တပ်ပြီး ပွဲတော်ပြုလုပ်တယ် ဆိုတာက စာပေနဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီးပြုလုပ်တာပါ။ နိုင်ငံ တကာ စာပေတွေထဲမှာ ကောင်းတယ် လို့ လက်ခံထားပြီး ထင်ရှားတဲ့ နိုဘယ် ဆုရ စာရေးဆရာတွေရဲ့ စာပေတွေနဲ့ အဓိကအားဖြည့်မယ်။မြန်မာစာပေ တိုးတက်မြင့်မားရေး အတွက် မြှင့်တင် ဖို့ ရည်ရွယ်ထားပြီး နိုင်ငံတော် ပွဲလမ်းကြီးတစ်ခု အသွင်ဖြစ်အောင် လုပ်ဆောင်မှာပါ''ဟု စာရေးဆရာ ဖေမြင့်က ပြောကြားသည်။

2014 Miss World ရွေးပွဲတွင် တောင်အာဖရိက အလှမယ် သရဖူ ဆွတ်ခူး



ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်က ကျင်းပခဲ့သည့် (၆၄)ကြိမ်မြောက် Miss World အလှမယ် ရွေးချယ်ပွဲ၌ တောင်အာဖရိက အလှမယ် ရိုလင်း စထရပ်စ်က အလှမယ် သရဖူဆုကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။
အလှမယ် ရိုလင်း စထရပ်စ်သည် စတုတ္ထနှစ် ဆေးကျောင်းသူ တစ်ဦးဖြစ်ပြီး သူမအား ဆေးပညာရပ်အပေါ် စိတ်ဝင်စား စေခဲ့သော ဖခင်ဖြစ်သူ၏  သွန်သင် ဆုံးမမှုကို အဆိုပါ အလှမယ်ပြိုင်ပွဲတွင်   ချီးကျူး ပြောကြားခဲ့သည်။ ထို့ပြင် သူမ၏ မိခင်ဖြစ်သူက သူမအား စိတ်ထားမှန်ကန်အောင် သင်ကြားပေးလေ့ ရှိကြောင်း၊ အစ်ကိုဖြစ်သူကလည်း သူတစ်ပါးအပေါ် စာနာရိုင်းပင်းတတ်သည့် စိတ်ဓာတ်နှင့် စိတ်ရှည်သည်းခံ နိုင်သည့် စိတ်ထားတို့ကို မွေးမြူရန် သင်ကြားပေးခဲ့ကြောင်း   သူမက ပြန်လည် ပြောပြခဲ့သည်။

ပေါ့ပ်ဘုရင်မ မက်ဒေါနား ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဖျော်ဖြေပွဲပေါင်း ၈၈ ပွဲ ကျင်းပသွားမည်


ကမ္ဘာကျော် ပေါ့ပ်ဘုရင်မ မက်ဒေါနားသည် ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာလှည့် ဖျော်ဖြေပွဲများ ကျင်းပသွားမည် ဖြစ် ကြောင်း   သိရသည်။ မက်ဒေါနားသည် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ၁၉၈၅ ခုနှစ်က ကျင်းပခဲ့သော Like a Virgin ဖျော်ဖြေပွဲကို ပြန်လည်ဆန်းသစ်ထားသော ပုံစံဖြင့် ကျင်းပရန် စီစဉ်ထားကြောင်း အတွင်း သိ တစ်ဦးက ထုတ်ဖော်ပြောကြား ခဲ့သည်။
back to top