Thursday, November 27, 2014

မက်နပ်ကာလ်ဆန်ကို စစ်တုရင် ကမ္ဘာ့ချန်ပီယံဆု ချီးမြှင့်

နော်ဝေနိုင်ငံသား မက်နပ်ကာလ်ဆန်ကို ရုရှားနိုင်ငံ ဆိုချီမြို့မှာ အင်္ဂါနေ့က စစ်တုရင် ကမ္ဘာ့ချန်ပီယံဆု ပေးအပ်လိုက်သည်။ ကာလ်ဆန်နဲ့ အိန္ဒိယ ဂရင်းမာစတာ ဗစ်ဝါနာသန်အာနန်တို့ ယှဉ်ပြိုင်တဲ့ ကမ္ဘာ့စစ်တုရင် ချန်ပီယံလုပွဲဟာ တနင်္ဂနွေနေ့ကပဲ ပြီးစီးသွားသည်။
(၁၂)ပွဲကစားရမှာ ဖြစ်ပေမယ့် ပွဲစဉ်(၁၁)အပြီးမှာပဲ ကာလ်ဆန်က (၆)မှတ်ခွဲ၊ အာနန်က(၄)မှတ်ခွဲနဲ့ အနိုင်အရှုံး အဖြေပေါ်သွားတာ ဖြစ်သည်။ ဆုပေးပွဲ အခမ်းအနားကိုတော့ အင်္ဂါနေ့ကမှ ကျင်းပတာဖြစ်ပြီး ရုရှားသမ္မတ ပူတင်လည်း တက်ရောက်သည်။ "ကျွန်တော်တို့ရဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော် ကျင်းပရာ ဆိုချီမြို့က ကမ္ဘာ့စစ်တုရင် ချန်ပီယံလုပွဲကို ကျင်းပခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်"လို့ သမ္မတပူတင်က ပြောကြားသည်။ နောက်တစ်ပတ် မပြည့်ခင်မှာ (၂၄)နှစ်ပြည့်တော့မယ့် နော်ဝေလူငယ်လေး ကာလ်ဆန်ဟာ (၁၃)နှစ်သားကတည်းက ဂရင်းမာစတာ ဖြစ်ခဲ့တာပါ။ ကမ္ဘာ့ချန်ပီယံဆုကိုတော့ မနှစ်ကမှ ရခဲ့တာ ဖြစ်သည်။ အဲဒီတုန်းက လက်ရှိကမ္ဘာ့ချန်ပီယံက အာနန်ဖြစ်ပြီး သူ့ကိုပဲ အနိုင်ရခဲ့တာ ဖြစ်သည်။ ဒီနှစ်တော့ ကာလ်ဆန်က လက်ရှိချန်ပီယံအနေနဲ့ အာနန်ကိုပဲ အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံဆု ဆက်လက် ထိန်းသိမ်းသွားသည်။

No comments:

Post a Comment

back to top