Thursday, November 27, 2014

ယာဉ်တင်သွင်းမှု မှတ်ပုံတင်ေ လျှာ့ချပေးမည်

ယာဉ်တင်သွင်းမှုအား ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်ထိ ပြည်ပ တင်သွင်းယာဉ် မှတ်ပုံတင်ခ လျှော့ပေါ့မှုဖြင့် ကနဦး မှတ်ပုံတင် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၃၄) ရက်မြောက်နေ့တွင် ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးချန်မောင်က ပြောသည်။
မော်လမြိုင် မဲဆန္ဒနယ်မှ ဒေါ်ခင်ဌေးကြွယ်က “စက်မှုဇုန်ထုတ်ကားများ၊ သုံးဘီးကားများနှင့် နှစ် ၂၀ ကျော် ကားများကို ဖျက်သိမ်း ပေးရန် အတွက် ၃၁-၁၂-၂၀၁၄ ရက်တွင် နောက်ဆုံးထားအပ်နှံရန် သတ်မှတ်ချက်ကို ၃၁-၁၂-၂၀၁၅ ရက်သို့ တိုးမြှင့်ပေးနိုင်ခြင်း ရှိ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ၀န်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ပမှ တင်သွင်းလာသည့် ယာဉ်မှတ်ပုံတင်ခ လျှော့ပေါ့ခံစားနိုင်မည့် ၃၁-၁၂-၂၀၁၄ ရက် မတိုင်မီ ယာဉ်ပိုင်ရှင် များ၏ ဆန္ဒအရသာ အဆိုပါ ယာဉ်များ အပ်နှံမှုကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများက ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဟု ၀န်ကြီးက ဆိုသည်။
ပြည်ပမှ တင်သွင်းယာဉ် မှတ်ပုံတင်ခ လျှော့ပေါ့မှု ရရှိရန်အတွက် ယာဉ်အပ်နှံရက်ကို ၃၁-၁၂-၂၀၁၄ ရက်နေ့ဟု သတ်မှတ်ထားသော်လည်း အပ်နှံ ထားသော ယာဉ်များအတွက် အစားထိုး တင်သွင်းရန် ရရှိထားသော ထောက်ခံချက် (ပုံစံ “ဃ”) အား အသုံးပြု၍ ယာဉ်တင်သွင်းမှုကို နောက်ထပ် သုံးလအချိန်ပေးပြီး ၂၀၁ ခုနှစ် မတ် ၃၁ ရက်ထိ ပြည်ပ တင်သွင်းယာဉ် မှတ်ပုံတင်ခ လျှော့ပေါ့မှုဖြင့် ကနဦး မှတ်ပုံတင် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဒုတိယ ၀န်ကြီးက ၄င်း၏ ဖြေကြားမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယာဉ်အပ်နှံမှု နည်းပါးရခြင်းမှာ ယာဉ်ဟောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေးနေသော ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများက လုပ်ငန်းမဆောင်ရွက်နိုင်၍ မဟုတ်ကြောင်း၊ ယာဉ်ပိုင်ရှင်များ၏ ဆန္ဒအရဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးချန်မောင်က စက်မှုဇုန်ထုတ်ကားများ၊ သုံးဘီးကားများနှင့် နှစ် ၂၀ ကျော် ကားများ အစားထိုး တင်သွင်းရာတွင် နိုင်ငံတော်မှ ပေးထားသော ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ လျှော့ပေါ့မှု အခွင့်အလမ်း ရနိုင်ရေးအတွက် ယာဉ်ပိုင်ရှင် များက ၄င်းတို့၏ ဆန္ဒအရ ဇုန်ထုတ်ယာဉ် ၁၄၀၀၀၊ သုံးဘီးကား ၅၀၀ ကျော်နှင့် နှစ် ၂၀ ကျော် ယာဉ် ၁၃၀၀၀ ကျော် အပ်နှံပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့ ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ဖြော်ပထားပါသည်။

No comments:

Post a Comment

back to top