Thursday, November 27, 2014

ချန်ပီယံလိဂ်သမိုင်းရဲ့ ဂိုးအများဆုံးသွင်းသူ ဖြစ်လာတဲ့ မက်ဆီ


ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် အေပိုးလ်နစ်ကိုးရှားအသင်းနှင့် ကစားသည့်ပွဲတွင် ဟက်ထရစ်ဂိုး သွင်းယူခဲ့ရာ ချန်ပီယံလိဂ်သမိုင်းတွင် ဂိုးအများဆုံးသွင်းသူ ဖြစ်လာသည်။
မက်ဆီသည် ဆိုက်ပရပ်စ်၌ နိုဝင်ဘာ ၂၆ ရက် နံနက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စု(F) ပြိုင်ပွဲတွင် အဆိုပါ ဟက်ထရစ်ဂိုး သွင်းယူခဲ့ရာ ရီးရဲမက်ဒရစ်တိုက်စစ်မှူးဟောင်း ရာအူးလ် တင်ထားသည့် ၇၁ ဂိုးစံချိန်ကို ကျော်ဖြတ်ကာ ၇၄ ဂိုးအထိ သွင်းယူနိုင်သူ ဖြစ်လာသည်။ 
''ဒီလိုအရေးကြီးတဲ့ပြိုင်ပွဲမှာ စံချိန်တင်အောင် ဂိုးသွင်းယူနိုင်တဲ့အတွက် အလွန်ပဲ ဝမ်းသာ ပီတိဖြစ်ရပါတယ်''ဟု အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး မက်ဆီက ပြောသည်။ မက်ဆီသည် လေးရက်အတွင်း ဒုတိယမြောက် ဂိုးသွင်းစံချိန်ကို တင်ခဲ့ခြင်းဖြစ်သည်။ စနေနေ့က ဆီဗီလာကို အနိုင်ရသည့် ပွဲတွင်လည်း မက်ဆီသည် လာလီဂါသမိုင်းတွင် ၂၅၃ ဂိုး ဖြင့် စံချိန်တင်ခဲ့သည်။

No comments:

Post a Comment

back to top