Thursday, November 27, 2014

FMI လေကြောင်းလိုင်းမှ လေကြောင်းလိုင်း လုပ်ကိုင်ခွင့် လက်မှတ်ရပြီ ဖြစ်၍ လေယာဉ် ခရီးစဉ်များ စတင် ပြေးဆွဲ တော့မည်

နေပြည်တော် အခြေစိုက် FMI လေကြောင်းလိုင်းသည် ယခုအချိန်တွင် လေကြောင်းလိုင်း လုပ်ငန်း လုပ်ကိုင်ခွင့် လက်မှတ် (AOC) ရရှိသွားပြီ ဖြစ်သည့်အတွက်ပုံမှန် လေယာဉ်ခရီးစဉ်များကို စတင် ပြေးဆွဲတော့မည် ဖြစ်ကြောင်း FMI လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
FMI လေကြောင်းလိုင်းသည် ရန်ကုန်-နေပြည်တော် အဓိက ခရီးစဉ် အတွက် အသုံးပြုရန် Bombardier ဂျက်လေယာဉ် သုံးစင်း ကိုလည်း ဝယ်ယူ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။ FMI လေကြောင်းလိုင်းသည် လေယာဉ် ခရီးစဉ်များကို ပျံသန်း ပြေးဆွဲသည့် နေရာတွင် လေယာဉ်ခရီးစဉ် နည်းပါး နေသည့် နေရာများ ဖြစ်သည့် မန္တလေး၊ အင်းလေးကန်၊ ပုဂံ၊ ညောင်းဦး စသည့် နေရာများသို့ အဓိကထား ပျံသန်း ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ FMI လေကြောင်းလိုင်းကို စီးတဲ့နေရာမှာ စီးတဲ့သူတွေ အနေနဲ့ စိတ်ချ လက်ချ စီးလို့ရအောင် ဝန်ဆောင်မှု အပြည့် ပေးထားပါတယ်။ မြေပြင် လုပ်ငန်းဆောင်ရွက်မှု အစစအရာရာ ကိုလည်း  အန္တရာယ် ကင်းအောင် ဆောင်ရွက်သွားမှာပါ။ ခရီးသည်တွေရဲ့ အပေါ်မှာလည်း အာရုံစိုက်မှု အပြည့် လုပ်သွားမှာပါ'' ဟု FMI လေကြောင်း လိုင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေက ပြောသည်။ FMI လေကြောင်းလိုင်းသည် AOC လက်မှတ် မရရှိမီ အချိန်က ကိုယ်ပိုင် လေယာဉ် များဖြင့် စင်းလုံးငှား လေယာဉ် ခရီးစဉ်များ ပျံသန်း ပြေးဆွဲနေသည့် လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ FMI စီးပွားရေး လုပ်ငန်းစုသည် မြန်မာနိုင်ငံ၌ လေကြောင်းလိုင်း လုပ်ငန်း အပြင် ဘဏ်လုပ်ငန်းနှင့် အခြား စီးပွားရေး လုပ်ငန်း များကိုလည်း လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းစု တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top