Wednesday, November 26, 2014

အီရန် နျူကလီးယား ဆွေးနွေးပွဲကို နောက်နှစ်ဇွန်လ (၃၀)ထိ ရက်တိုး သတ်မှတ်



အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ပြည့်စုံတဲ့ သဘောတူညီချက်တစ်ခု ရရှိတဲ့အထိ ဆွေးနွေး သွားမှာဖြစ်လို့ အီရန်နဲ့ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေက ဆွေးနွေးပွဲကို နောက်နှစ်ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံး သတ်မှတ်လိုက်ကြောင်း သိရှိရပါသည်။
တစ်နှစ်ကျော် ပြုလုပ်လာခဲ့သည့် ဆွေးနွေးပွဲတွေအတွင်း နိုင်ငံခြားရေး ၀န်ကြီး (၇) ဦး ကိုယ်တိုင်ပါဝင်ခဲ့ပြီး၊ နောက်ဆုံးဆွေးနွေးမှုမှာလည်း အီရန်ကနျူကလီးယားစွမ်းအင် ဘယ်လောက်ပိုင်ဆိုင်ခွင့်ရမယ် ဆိုတာနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ဘယ်လိုမြန်မြန်ဖယ်ရှားရမယ်ဆိုတဲ့ ကွဲလွဲချက်တွေကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ အဓိကရည်ရွယ်ချက်က အီရန်အနေနဲ့ နျူကလီးယား လက်နက်မြန်မြန် မထုတ်လုပ်နိုင်ဖို့၊ တကယ်လို့ အီရန်ခေါင်းဆောင်တွေက ထုတ်လုပ်လာပြီ ဆိုရင်လည်း အဲ့ဒီကလှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်ဖို့ စုံစမ်းသူတွေ ထားရှိသွားရေး ဖြစ်ပါတယ်။ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေအတွင်း တိုးတက်မှုရှိခဲ့တယ်လို့ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ရက်တိုးသတ်မှတ်လိုက်တဲ့အတွက် ဒီဆွေးနွေးပွဲတွေဟာ ချက်ချင်းကြီး အဆင်ပြေလွယ်ကူ လာမှာ မဟုတ်ကြောင်း၊ သူတို့ဘက်က တင်းမာနေပါတယ်။ အရင် ကလည်းတင်းမာခဲ့ပြီး ရှေ့ဆက်လည်း တင်းမာသွားဦးမှာပါ” လို့ သြစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့က ဆွေးနွေးပွဲမှာ ကယ်ရီက ပြောကြားခဲ့ကြောင်း VOAသတင်းအရ သိရပါသည်။

No comments:

Post a Comment

back to top