Tuesday, November 25, 2014

တူနီးရှားနိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပ

တူနီးရှားနိုင်ငံသားတွေဟာ (၂၀၁၁) တော်လှန်ရေးပြီးတဲ့နောက် ပထမဆုံး ပြည်သူကတိုက်ရိုက် ရွေးချယ်သည့် သမ္မတရွေးကောက်ပွဲအတွက် နိုဝင်ဘာလ (၂၃) ရက်နေ့ကစတင်၍ မဲပေးခဲ့ကြပါသည်။ (၂၀၁၁)တော်လှန်ရေးဟာ ဇိုင်းအယ်လ်အဘိုင်ဒိုင်းဘန်အယ်လီ Zine el-Abidine Ben Ali အစိုးရကို အဆုံးသတ်စေခဲ့ကြောင်း၊ ဒီရွေး ကောက်ပွဲမှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် (၃၀) နီးပါး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ အာဏာရှင်ဟောင်း ဘန်အယ်လ်လီရဲ့ ၀ါရင့်အရာရှိတစ်ဦးနဲ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးတို့ကြား ယှဉ်ပြိုင်မှုက သိသာ ထင်ရှား လာသည်။
ဘန်အယ်လ်လီရဲ့ တစ်ပါတီစနစ် အဆုံးသတ်ခဲ့ပြီး (၃)နှစ်အကြာမှာ တူနီးရှားနိုင်ငံဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ရွေးချယ်လက်ခံမှု၊ အိမ်နီးချင်းနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ကသောင်းကနင်း အခြေအနေ တွေကို တားဆီးရှောင်တိမ်းနိုင်မှု စတာတွေနဲ့ ဒေသအတွင်းမှာ ပြုပြင်ပြောင်းလဲရေး စံနမူနာဖြစ်လာခဲ့ပါသည်။ ဒီရွေးကောက်ပွဲဟာ တူနီးရှားနိုင်ငံအတွက် ပိုမိုလင်းလက် တောက်ပတဲ့ အနာဂါတ်ကို ဦးတည်ပေးဖို့ မျှော်လင့် ကြောင်း မဲပေးသူတွေက ပြောကြားခဲ့ပါတယ်။ ရွေးကောက်ခံရမယ့် အစိုးရအသစ်ဟာ နိုင်ငံရေးအရ ထိခိုက်လွယ်တဲ့ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုရဲ့ ခက်ခဲလှတဲ့ လုပ်ငန်းစဉ်ကို ရင်ဆိုင်သွားရမှာဖြစ်ပြီး စီးပွါးရေးကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားရေး၊ အလုပ် အကိုင်အခွင့်အလမ်း ဖန်တီးရေးတို့အပြင် (၂၀၁၁) တော်လှန်ရေး ပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ အစ္စလာမ်မစ် သောင်းကြန်းသူ အဖွဲ့ အစည်းတွေကို ကိုင်တွယ်ဖြေရှင်းရေး စတာတွေကိုလည်း ရင်ဆိုင်သွားရမှာ ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါရှိပါသည်။

No comments:

Post a Comment

back to top