Wednesday, November 26, 2014

အကယ်ဒမီ ဖွေးဖွေးရိုက်ကူးတော့မည် မဟုတ်သည့် ဇတ်လမ်း အမျိုးအစား


ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ “သက်တံသစ်” ရုပ်ရှင် ဇာတ်ကားကြီးမှာအကယ်ဒမီ ဖွေးဖွေးက အောင်ရဲလင်း နဲ့အတူ အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။ “သက်တံသစ်” ရုပ်ရှင်ဇာတ်ကားကြီး ထဲမှာ ဖွေးဖွေး က လွန်ခဲ့သော နှစ်ငါးဆယ်ကျော် က ကမ္ဘာမြေကြီးရဲ့ ဖောက်ပြန်မှု များကို ကြိုတင်ဟော ပြောနိုင်စွမ်း ရှိတဲ့ “စီကို” ဆိုတဲ့ ဂျပန် ကလေးရဲ့ ဝိညာဉ် ပူးကပ်ခံ နေရတဲ့ ကျောင်းသူလေး “သဲဆုနွေး” အဖြစ်နဲ့ သရုပ်ဆောင် ထားပါတယ်။

ဝိညာဉ် ရုပ်ရှင် ဇာတ်ကားတွေကို ဒီဇာတ်ကားက ပထမဆုံး ရိုက်ကူးခြင်းနဲ့ နောက်ဆုံး ရိုက်ကူးခြင်း ဖြစ်ကြောင်းကို ဖွေးဖွေးက “ဒီလိုကားမျိုး ရိုက်ရမှာလည်း ဖွေး ကိုယ်တိုင်ကြောက်တယ်။ ကိုဝိုင်း ရိုက်မယ် ဆိုတော့ အပြည့်အဝ ယုံကြည် ထားခဲ့တယ်။ ဘယ်လို အဖြေထွက်မလဲ ဆိုတာတော့ ပရိသတ်ကို စောင့်ကြည့်ရ မှာပေါ့နော်။ ဖွေးဖွေး ကားရိုက်ပြီ ဆိုရင် ဗီဒီယိုပဲ ရိုက်ရိုက်၊ ရုပ်ရှင်ပဲ ရိုက်ရိုက် mood သွင်းပြီး ရိုက်တာများတယ်။ ဒီကားရိုက်နေတဲ့ တောက်လျှောက် ကတော့ စိတ်ကြည်နူး မနေဘူး။ မှိုင်းမှိုင်းထိုင်းထိုင်း ကြီးဖြစ်နေ ပြီးတော့ ကြောက်နေ တယ်။
ပြီးတော့ ကိုဝိုင်းက Special effect မသုံးချင်ဘူး ဆိုတော့ သွေးကြောတွေ တကယ်ထောင် လာအောင် လုပ်ပေးပါ၊ မျက်လုံးတွေ နီလာအောင် လုပ်ပေးပါ ဆိုတော့ အသက်အောင့် ပြီးတော့ အသားကုန် ညှစ်ပြီးတော့ လုပ်ရတာ။ ဒီကားရိုက်တာ သတိတောင် ၃ ခါ လစ်သွားတယ်။ တကယ်ရှိလား၊ မရှိလား မသေချာ ဘဲ ကြောက်နေတဲ့ လောကက တကယ်ရှိ ပါလား ဆိုတာ သိသွားတယ်။ ဖွေးဖွေး တွေ့ခဲ့ရ တာကိုး။ ဖွေးဖွေး ကိုတော့ ဝင်မပူးဘူး။ ဝင်ပူးဖို့တော့ ကြိုးစားနေတယ် လို့ ခံစား ရတယ်။ ဖွေးဖွေးမေတ္တာတွေ ပို့တယ်။ အဲဒီ လိုတော့ ခံစားရတယ်။ မီးလောင်တဲ့ အခန်းတွေ ဆို လူအယောက် ၈ဝ လောက် ခေါ်ပြီး ရိုက်ထားတယ်။ အဲဒီထဲက ကလေး ၆ ယောက်လောက် ဝင်ပူးတာခံရ တယ်။ အဲဒါကိုလည်း ဖေ့စ်ဘုတ်မှာ ဗီဒီယိုဖိုင် တင်ထားတယ်။
နောက် ထပ် ဒီလိုကားမျိုး မရိုက်တော့ဘူး။ ဒါပထမဆုံး နဲ့ နောက်ဆုံး ပဲ။ လုံးဝ အဲဒီ လောက နဲ့ မပတ်သက်တော့ဘူး။ ဖွေးဖွေးက အစ ကတည်းက သရဲ ကြောက်တတ်တာကိုး။ ကိုဝိုင်း က ရိုက်မယ်ဆိုတော့ စွန့်စား ကြည့် မယ်ပေါ့။ တစ်ကားလုံးက ကြောက်ပြီး ရိုက်နေ ရတာ” လို့ ကားရိုက်ကူး ခဲ့စဉ်က အမှတ်တရ များနဲ့ ကိုယ်တွေ့ဖြစ် ရပ် များကို ပြော ပြခဲ့ပါတယ်။

No comments:

Post a Comment

back to top