Thursday, November 27, 2014

တိုင်းဒေသကြီးတီဘီတိုက်ဖျက်ရေး ရန်ကင်းတွင် ကွင်းဆင်း ဆောင်ရွက်

ဒေါက်တာကျော်နိုင်ဦး ဦးဆောင်သော ကျန်းမာရေားဝန်ထမ်းများ ၂၅ ဦးပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး တီဘီတိုက်ဖျက်ရေးအဖွဲ့သည် တီဘီ တိုက်ဖျက်ရေးစီမံချက်များရေးဆွဲပြီး မြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် ဓမ္မသုခဓမ္မရုံကြီးတွင် ယခုလ ၂၄ ရက် နံနက် ၉ နာရီ၌ ပြည်သူများကို ရောဂါရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်သည်။

အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဒေသန္တရကျန်းမာရေးဌာန၏ ကူညီမှုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းစိုးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများပံ့ပိုးမှုတို့ဖြင့်ပြည်သူများကို ရောဂါရှာဖွေပေးခြင်း၊ သလိပ်စစ်ပေးခြင်း အခမဲ့ဓာတ်မှန် ရိုက်ပေးခြင်း များပြုလုပ်ကြသည်။ အဆိုပါဓာတ်မှန်သည် အပြင်ဆေးခန်း များတွင် ငွေကျပ်သောင်းဂဏန်းကျော် ကုန်ကျမှုကို ယခုအခမဲ့ စေတနာဖြင့် ဆောင်ရွက်ကြောင်း သိရသည်။

No comments:

Post a Comment

back to top