Wednesday, November 26, 2014

အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေနိုင်မည့် Website လွှင့်တင်မည်

အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေနိုင်မည့် www.myanmar job.gov.mm website ကိုလွှင့်တင်မည်ဖြစ်ကြောင်း ယခုလ ၂၃ ရက် မွ န်းလွဲ ၂ နာရီက UMFCCI ၌ပြုလုပ်သော အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက်လွှင့်တင်ခြင်း အခမ်းအနားမှ သိရသည်။ အဆိုပါ werbsite ကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနနှင့် Trastlink Co. Ltd တို့ပူးပေါင်း၍ လွှင့်တင်မည်ဖြစ်ပြီးယင်း werbsite ကို ယခုလ၂၃ရက် မှ စ၍ လွှင့်တင်မည်ဖြစ်ကြောင်းသိရသည်။
''အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို တစ်နေရာတည်းမှာ ၀င်ရောက်ကြည့်နိုင်ဖို့၊ အလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်တွေ၊ အသက်၊ ပညာအရည်အချင်း စသည်ဖြင့် ဒီမှာတင်ထားပြီးတော့ အလုပ်ရှင်တွေကလဲ မိမိလိုအပ်တဲ့အလုပ် အကိုင် အခွင့်အလမ်းနဲ့ ကိုက်ညီမှု ရှိ/မရှိ ရွေးချယ်နိုင်ဖို့၊ အလုပ်သမားတွေဘက်ကလဲ ဘယ်လို အလုပ်အကိုင် အမျိုးအစားက ဘယ်မှာ၊ ဘယ်လောက်ရှိတယ်ဆိုတာကို ဒီဝက်ဘ်ဆိုက်မှာ ကြည့်ပြီးလုပ်နိုင်တဲ့ အကျိုး တရားတွေ ရရှိနိုင်မှာဖြစ်ပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ကပြောသည်။ werbsite လွှင့်တင်ခြင်း၏ ရည်ရွယ်ချက်မှာ အလုပ် အကိုင် ရှာဖွေနေသည့် လူငယ်များနှင့် အလုပ်သမားများ လိုအပ်နေသည့် အလုပ်ရှင်များကို အဆင်ပြေနိုင်ရန်အတွက် လွှင့်တင်ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းကြော်ငြာများနှင့် အလုပ်အကိုင် ရှာဖွေရေးရုံးသို့ သွားရောက်ကြည့်ရှုစရာ မလိုဘဲ
werbsite တွင် ကြည့်ခြင်းအားဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဦးအေးမြင့် ကပြောသည်။
werbsite လွှင့်တင်မည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ ရခိုင်ရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်၊ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

No comments:

Post a Comment

back to top