Sunday, November 23, 2014

တယ်လီနော မိုဘိုင်းလ် ဆင်းကတ် သုံးစွဲသူများ သုံးစွဲမှု ပမာဏ အလိုက် နိုင်ငံတော်သို့ အခွန် ဖြတ် တောက် ပေးသွင်းသွားမည်

တယ်လီနော မိုဘိုင်းလ်ဆင်းကတ် သုံးစွဲသူများ အနေဖြင့် သုံးစွဲမှုပမာဏ အလိုက် နိုင်ငံတော်သို့ အခွန် ဖြတ်တောက် ပေးသွင်းသွားမည် ဖြစ်ကြောင်း တယ်လီနော မြန်မာမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ယင်းစနစ်ကို စတင်ပါက တရားဝင် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ သုံးစွဲသူများ ပေးဆောင်ရမည့် အခွန်ကို ဖြတ်တောက်ကာ ပေးဆောင်သွားမည်ဟု ဆိုရာတွင် ဥပမာအားဖြင့် သုံးစွဲသူက ငွေဖြည့်ကတ် ၁ဝဝဝ ဖြည့်တင်း လိုက်ပါက ၉၅၂ ကျပ်သာ ဖုန်းတွင်း ရရှိသုံးစွဲနိုင်မည် ဖြစ်ပြီး ကျန်ငွေ ၄၈ ကျပ်ကို ၅ ရာခိုင်နှုန်း အခွန်အဖြစ် နိုင်ငံတော်သို့ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်သည် နိုင်ငံတော် အစိုးရမှ တယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ အတွက် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံသည့် ဥပဒေအပေါ် လိုက်နာသွားခြင်း ဖြစ်ကြောင်း တယ်လီနော မြန်မာ၏ တရားဝင် အွန်လိုင်း စာမျက်နှာတွင် ရေးသား ဖော်ပြထားကြောင်း သိရသည်။ ''ဒါတွေကို သုံးစွဲသူတွေ ဘက်ကို ရှင်းလင်း ပြောပြပေးဖို့ ညွှန်ကြားထားတာ တစ်စုံတစ်ရာ မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီအပေါ်မှာ ကျွန်တော်တို့ ဘက်က သေချာပြီ ဆိုရင် သုံးစွဲသူတွေ ဆီကို မက်ဆေ့ခ်ျ ပို့ပေးသွားမှာပါ'' ဟု တယ်လီနော မြန်မာ၏ Customer Representative တစ်ဦးဖြစ်သူ ကိုသူရက ပြောသည်။ ''တယ်လီနော မြန်မာ အနေနဲ့ တင်သွင်း ထားတဲ့ ဟန်းဆက် မှန်သမျှရယ် ဆင်းကတ်တွေ အတွက်ပါ အခွန် ပေးဆောင်ထားပြီး သားပါ။ အခု ဟာက သုံးစွဲသူရဲ့ သီးခြား အခွန်ပဲ ဖြစ်ပါတယ်'' ဟု တယ်လီနော မြန်မာ၏ အရောင်း ဆိုင်ခွဲမှ တာဝန်ခံ တစ်ဦးက ပြောသည်။

No comments:

Post a Comment

back to top