Thursday, November 27, 2014

အောင်မြေသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီစုပေါင်းမဟာဘုံကထိန်ကျင်းပ




မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့၏ပူးပေါင်းမဟာဘုံကထိန်ပွဲကို ယခုလ ၂၄ ရက်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပါတီရုံးရှေ့မှ ကထိန်တော်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းမည့် ညောင်ကွဲရပ် သီရီရတနာ ကျောင်းနန္ဒာရမတိုက်သို့ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို အများပြည်သူနှင့် အလှူရှင်များ ကြည်ညိုနိုင်ရန် မော်တော်ယာဉ်များဖြင့် လှည့်လည်အကြည်ညိုခံပြီး ကျောင်းတိုက်သို့ ပို့ဆောင်ကြသည်။
ထို့နောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းရာ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဦးဝိနန္ဒဇေနှင့် သံဃာတော်များ ကြွရောက်တောမူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်၊ တိုင်းပါတီ ကော်မတီဝင်ဦးသောင်းဝေ၊ ခရိုင်အတွင်းရေးမှူးဦးဘိုသင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးနှင့် ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဝင်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ ပါတီဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်ပါတီအတွင်းရေးမှူး ဦးဌေးက ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းရခြင်းကို လျှောက်ထားပြီး တာဝန်ရှိသူများက ကထိန် သင်္ကန်းဆက်လပ်လှူဒါန်းရခြင်းကိုလျှောက်ထားပြီး တာဝန်ရှိသူများက ကထိန်သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဆရာတော်က လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားချီးမြှင့်သည်။ မြို့နယ်ပါတီမှ ကထိန်သင်္ကန်းနှင့် လှူဖွယ် ပစ္စည်း စုစုပေါင်း ကျပ် ၄၀၀၂၇၆၀ ရှိကြောင်းသိရသည်။

No comments:

Post a Comment

back to top