Wednesday, November 26, 2014

ရပ်စောက်ပြည်ခိုင်ဖြိုး ပါတီရှေ့လုပ်ငန်းစဉ်များဆွေးနွေး
********************************************
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီရုံးရှိ ရတနာသီရိခန်းမတွင် မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ စည်းရုံးရေး ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၏ လစဉ်ပုံမှန် အစည်း အဝေးအား နိုဝင်ဘာ (၁၇) ရက် နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးအောင်နိုင်ထွန်း၊ မြို့နယ် အတွင်းရေးမှူး ဦးမောင်မောင်လွင်နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ စည်းရုံးရေး မှူးများနှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
ယင်းအစည်းအဝေးတွင် မြို့နယ်ပါတီ အတွင်းရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ် များအား   ဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် ခရိုင်တာဝန်ခံ ဦးအောင်နိုင်ထွန်းမှ ပါတီ၏ ရှေ့လုပ်ငန်းစဉ် များအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စုများမှ စည်းရုံးရေးမှူးများမှ လစဉ်ဆောင်ရွက်နေမှုများအား တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ်ပါတီ အတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top