Wednesday, November 26, 2014

ယက္ကန်းလုပ်ငန်းများအတွက် အသေးစားချေးငွေ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး
***********************************************************
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စု၊ သပိတ်တန်းရွာ၊ ရွှေမြင်မိဓမ္မာရုံ ပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးအောင်ဇံမှ ယက္ကန်းလုပ်ငန်းများ အတွက် အသေးစားချေးငွေ ထုတ်ချေးပေးနိုင်ရေးနှင့်ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၄) ရက် နေ့လည် (၁) နာရီအချိန်က ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ကုန်သွယ်မှု ဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးသူ၊ မြို့နယ်အထောက်အကူပြု ကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေတ္တအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ တပ်ကြီး၊ ဘုန်းတော်၊ ဘနော၊ ပန်းချီ ဟင်္သာအုပ်စုများမှ အုပ်ချုပ်ရေး မှူးနှင့် အထောက်အကူပြုအဖွဲ့ဝင်များ၊ ရာအိမ်မှူးများ၊ စုစုပေါင်း အင်အား (၅ဝ)ဦးခန့် တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် ဝန်ကြီးဦးအောင်ဇံမှ တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ယက္ကန်းလုပ်ငန်းများအတွက် ငွေထုတ်ချေးပေးလို၍ လာရောက်တွေ့ ဆုံခြင်းဖြစ်ကြောင်း ယမန်နှစ်ကလည်း ချေးငွေများ ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်းဖြင့် ပြောကြားခဲ့ရာ တက်ရောက်လာသော အုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြု အဖွဲ့များမှ ယက္ကန်းလုပ်ငန်းနှင့် ပတ်သက်သည့် အခက် အခဲများ၊ လိုအပ်ချက်များအား တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top