Wednesday, April 30, 2014


ကိုရီးယား K-Pop ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုမယ့် Bobby Soxer နဲ့ ဟဲလေး

 

 

 

မြန်မာနိုင်ငံအတွင်း ပထမဆုံးအကြိမ်ပြုလုပ်မယ့် ကိုရီးယား K-Pop ဖျော်ဖြေပွဲကို ဧပြီလ ၃ဝ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါဖျော်ဖြေပွဲကို မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယား Han Back ITC ကုမ္ပဏီတို့မှ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲအတွက် ရန်ပုံ ငွေရရှိစေရန် စီစဉ် ကျင်းပ ခြင်းဖြစ်ပြီး သုဝဏ္ဏအားကစားရုံအတွင်း တိုက်ကွမ်ဒိုအားကစား ရုံအသစ်အတွက် လည်း ငွေကြေးအထောက်အကူဖြစ်စေ ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ တိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဋ္ဌဦးမြဟန်ကပြောပြခဲ့ပါတယ်။

ရွေးကောက်ပွဲကို တတိယအကြိမ်မြောက် ယှဉ်ပြိုင်မယ့် ဆီးရီးယား သမ္မတ " အာဆက် "
အပြည်ပြည်ဆိုင်ရာက ရာထူးကနေ ဆင်းပေးဖို့ ဖိအားပေးနေပေမယ့်လည်း ဆီးရီးယား သမ္မတ " ဘာရှာအယ်အာဆက် " ဟာ ဇွန်လမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ တတိယ အကြိမ်မြောက် ပြန် လည်ရွေးကောက်ခံသွားမယ်လို့ သိရပါတယ်။ ပါလီမန် ဥက္ကဋ္ဌဖြစ်သူ " မိုဟာမတ် ဂျီဟတ် အယ်လာဟမ် " က တနင်္လာနေ့က အခုလို ကြေညာခဲ့ တာဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းဌာန တစ်ခ ထုတ်ပြန်ခဲ့ပါတယ်။

လူငယ်များစွမ်းရည်မြှင့်တင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များဆောင်ရွက် ရန် ဆွေးနွေး

ဧပြီလ (၂၉)ရက် နေ့လည် (၁၃း၀၀)အချိန်တွင် တာမွေမြို့နယ်၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ဖွဲ့စည်း ပြီးဖြစ်သော အမျိုးသမီးများ ကာကွယ်စောင့်ရှောက်မှု မြှင့်တင်ရေး လူငယ် အဖွဲ့မှလူငယ်များနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ်ကော်မတီများ၏ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြပြီး လူငယ်များအား စွမ်းရည်မြှင့် တင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။


ပါတီဝင်အင်အား တိုးပွားရေး စည်းရုံးဆောင်ရွက်




ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန်းနိုင်နှင့် ဒလမြို့နယ် ပြည်ခိုင်ဖြိုပါတီကော်မတီဝင်များ၊ လူငယ်ထုများ သည် ဧပြီလ (၂၉) နံနက် ၈နာရီမှစ၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ပုဂံလမ်း၊ ငထွေရုးလမ်း၊ ဗိုလ်ဗထူး လမ်းများသို့ တအိမ်တက် တအိမ်ဆင်း ကွင်းဆင်း၍ ပါတီဝင်အင်အား တိုက်တက်ရေး အတွက် စည်းရုံးဆောင်ရွက်ခဲ့ပါသည်။




ဥရောပ (၆)နိုင်ငံ ခရီးကို စတင်တော့မယ့် ဂျပန်ဝန်ကြီးချုပ်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဥရောပ(၆)နိုင်ငံခရီးကို စတင်တော့မယ်လို့ သိရပါတယ်။ သူဟာ ယူကရိန်းကိစ်္စအပါအ၀င် ကမ္ဘာ့ရေးရာပြဿနာတွေနဲ့ပတ်သက်ပြီဥရောပခေါင်းဆောင် တော်တော် များများ နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အာဘေးဟာ ဂျာမနီနိုင်ငံကို အင်္ဂါနေ့မှာ သွားရောက်လည်ပတ်ဖို့ စီစဉ် ထားပါတယ်။


လေးကြိမ်မြောက် သမ္မတသက်တမ်း အတွက် အယ်လ်ဂျီးရီးယား သမ္မတ ကျမ်းသစ္စာ ကျိန်ဆို

အယ်လ်ဂျီးရီးယား သမ္မတ အဗ္ဗဒဲယ်လ် အေဇစ်ဘိုတီဖလီကာသည်၎င်း၏ လေးကြိမ်မြောက် သမ္မတ သက်တမ်း အတွက် ဧပြီ ၂၈ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဘိုတီဖလီ ကာသည် ကျမ်းသစ္စာ ကျိန်ဆိုမှုကို အယ်လ်ဂျီးယားစ်မြို့ အနောက်ပိုင်းရှိ သမ္မတ နန်းတော်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၇၅ ပါ အချက်အလက်များနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဖိလစ်ပိုင်နှင့် အမေရိကန် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆို
ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ဆက်လက်ထားရှိ ရေးနှင့် စပ်လျဉ်း၍ ၁ဝ နှစ် သက်တမ်းရှိ ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်ကို ဧပြီ ၂၈ ရက်က လက်မှတ်ရေးထိုး ခဲ့ကြောင်းသိရ သည်။

ယူကရိန်းသို့ ကျူးကျော်မည်မဟုတ်ကြောင်း အမေရိကန်ကို ရုရှား ကတိပေး
ရုရှားအစိုးရက ၎င်းတို့ သည် ယူကရိန်းသို့ ကျူးကျော် ၀င်ရောက်မည်မဟုတ်ကြောင်း အမေရိကန်ကို အာမခံပြော ကြားခဲ့သည်ဟု ကန်ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ဖော်ပြော ကြားလိုက်သည်။ ကန်ကာကွယ်ရေးဌာန၏ ထုတ်ပြန်မှုသည် အမေရိကန်နှင့်  ဥရောပနိုင်ငံများက ယူကရိန်း တွင် ရုရှားတို့ ၀င်ရောက်စွက်ဖက် နေမှုများကို ဒဏ်ခတ်သည့် အ ရေးယူပိတ်ဆို့မှုများ အသစ်ထပ်မံ ပြုလုပ် လိုက်ပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်သည်။ ကန်အစိုးရ သည်လည်း တနင်္လာနေ့တွင် ရုရှားသမ္မတ ပူတင်နှင့် နီးစပ် သော အစိုးရတာဝန်ရှိသူ ခုနစ်ဦး နှင့် ကုမ္ပဏီ ၁၇ ခုကို ပိတ်ဆို့အ ရေးယူမှုများ အသစ် ချမှတ်ခဲ့ သည်။

ကူးတို့သင်္ဘောမတော်တဆမှုအတွက် တောင်ကိုရီးယားသမ္မတတောင်းပန်
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက လူ ၃၀၀ ခန့် သေကျေပျောက်ဆုံးမှု ဖြစ်စေခဲ့သော ကူးတို့ သင်္ဘောတိမ်းမှောက် မှုအန္တရာယ်ကို ကာကွယ်ရန် ပျက် ကွက်မှုနှင့် မလုံလောက်သော အရေး အပေါ်အခြေအနေ တုံ့ပြန်မှု တို့အတွက် ဧပြီ ၂၉ ရက်တွင် တောင်းပန်စကား ပြောကြားခဲ့ သည်။

Show ဆိုတာနဲ့ အဓိကရပ်တည်နေရတဲ့ အဆိုတော်ဘ၀တွေပါ G-Tone

 

 

 

အနုပညာလောကထဲကို ၀င်ရောက်လာတာရှစ်နှစ်ကျော်ကာလအတွင်း ပရိသတ်တွေအတွက် တစ်ကိုယ်တော်အခွေ ထွက်ရှိထားသော အဆိုတော် G-Tone အလတ်တလောအနုပညာလှုပ်ရှားမှုတွေနှင့်ပတ်သက်ပြီး "လတ်တလောမှာတော့ သီချင်းအသစ်တွေကို ဖန်တီးဖို့ လုပ်နေပါတယ်။ ကျွန်တော်ရဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့အတွက် ရိုက်ကူးမှုတွေကိုလုပ်နေပါတယ်။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုကိုပြပါဆိုရင် သီချင်းအသစ်ရေးနေတဲ့ အချိန်လို့ ပြောလို့ရတယ်။ နောက်ပိုင်း သီချင်းဖန်တီးမှုကတော့ လမ်းပေါ်ကလူငယ်တွေရဲ့ စရိုက်တွေကိုဖော်ပြတဲ့စာသားမျိုးတွေ  ရေးဖြစ်မှာပါ" ဟု ပြောသည်။


အငြင်းပွား ရေပိုင်နက် အနီးတွင် မြောက်ကိုရီးယား စစ်ရေးလေ့ ကျင့်မှု ပြုလုပ်

တောင်ကိုရီးယားနှင့် အငြင်းပွားနေသာ ရေပိုင်နက် အနီးရှိ  ဒေသနှစ်ခုတွင် ကျည်စစ် ကျည်မှန်များဖြင့် စစ်ရေး လေ့ကျင်မှုများကို ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ခဲ့သည်။ မြောက်ကိုရီးယားသည် အဆိုပါ ရေကြောင်းပိုင်နက် အနီးတွင် လွန်ခဲ့သော မတ်လက ပြုလုပ် ခဲ့သည့် စစ်ရေးလေ့ကျင့်မှု အတွင်း အမြောက်ဆန်ပေါင်း ၅ဝဝ ကျော် ပစ်ခတ်ခဲ့ရာ အဆိုပါ အမြောက်ဆန်များ အနက်မှ ၁ဝဝ ကျော်မှာ တောင်ကိုရီးယား နယ်စပ်အတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့ခြင်းကြောင့် ၎င်းနိုင်ငံဘက်မှ မြောက်ကိုရီးယား ရေပိုင်နက် အတွင်းသို့ အကြိမ် ရာပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တူရကီတိုး စက်ဘီးပြိုင်ပွဲ၊ ဒုတိယ အဆင့်မှာ ကာဗန်ဒစ်ရှ် ဗိုလ်စွဲတဲ့ သတင်း


တနင်္လာနေ့က ကျင်းပတဲ့ တူရကီတိုး စက်ဘီးစီးပြိုင်ပွဲ၊ ဒုတိယအဆင့်မှာ ဗြိတိန်သား ကာဗန်ဒစ်ရှ်က ထိပ်ဆုံးကနေ ပန်းဝင်နိုင်ခဲ့ပါတယ်။ သူဟာ တူရကီနိုင်ငံ၊ တောင်ဘက် ကမ်းရိုးတန်းဒေသ အလန်ယာမြို့ကနေ ကီမာမြို့အထိ (၁၇၅)ကီလိုမီတာ အကွာအဝေးကို (၃)နာရီ၊(၅၀)မိနစ်၊ (၁၇၅)စက္ကန့်နဲ့ အရောက်စီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့နောက်မှာ အီတလီကစားသမား ဖရန်ဆက်စကိုချီချီနဲ့ ဘိုနစ်ဖာဇီယိုတို့က ဒုတိယနဲ့တတိယ နေရာတို့ ရခဲ့ကြပါတယ်။ မာ့ခ်ကာဗန်ဒစ်ရှ်ဟာ စုစုပေါင်းစံချိန် ရပ်တည်မှုမှာလည်း ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

မိုးစက်ဝိုင်ကို ဘန်ကောက်လေကြောင်းလိုင်း က မြန်မာနိုင်ငံ၏ ပထမဆုံး Brand Ambassador အဖြစ်ခန့်အပ်

 

 




ဘန်ကောက်လေကြောင်းလိုင်းက မြန်မာနိုင်ငံ၏ ပထမဆုံး Brand ambassador အဖြစ် Miss Universe Myanmar 2013 မိုးစက်ဝိုင်ကိုခန့်အပ်လိုက်ကြောင်းသိရသည်။

ဗီလာနိုဗာရဲ့ နောက်ဆုံး ခရီးကို ဘာစီလိုနာ ဘုရားကျောင်းမှာ ကျင်းပတဲ့ သတင်း


ဘာစီလိုနာ အသင်းနည်းပြဟောင်း ဗီလာနိုဗာရဲ့ နာရေးအခမ်းအနား ဆုတောင်းပွဲကို တနင်္လာနေ့က ဘာစီလိုနာမြို့ ဘုရားကျောင်းမှာ ကျင်းပခဲ့ပါတယ်။ ဗီလာနိုဗာဟာ အရင်တစ်ပတ် သောကြာနေ့က လည်ချောင်း ကင်ဆာရောဂါကြောင့် အသက်(၄၅)နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ရပါတယ်။ သူ့နောက်ဆုံးခရီးကို ကာတလန်ဒေသ အစိုးရခေါင်းဆောင် အာသာမက်စ် အပါအ၀င် လာပေါ်တာ၊ ရိုဆဲလ်၊ ဘာတိုမြူစတဲ့ ခေတ်အဆက်ဆက် ဥက္ကဌတွေနဲ့ ဘာစီလိုနာ ကစားသမားတွေ တက်ရောက်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ ပရိသတ်တွေကလည်း ဘုရားကျောင်း အပြင်မှာစုရုံးပြီး ဆုတောင်း ပေးခဲ့ကြပါတယ်။ ဗီလာနိုဗာ ကွယ်လွန်ချိန်မှာ ဇနီးနဲ့သား၊သမီး တစ်ဦးစီ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

အာဂျင်တီးနား မိုတိုဂရင်းပရီမှာ မတ်မာကွစ် အနိုင်ရတဲ့ သတင်း



တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ အာဂျင်တီးနား ဂရင်းပရီမှာ MotoGPချန်ပီယံဆုကို စပိန်နိုင်ငံသား မတ်မာကွစ်က ရသွားပါတယ်။ အင်ဂျင်အား(500cc)နဲ့ ပြိုင်ရတဲ့ MotoGPပြိုင်ပွဲမှာ အသက်(၂၁)နှစ်သာ ရှိသေးတဲ့ မတ်မာကွစ်က (၄၁)မိနစ်(၃၉ဒသမ၈၂၁)စက္ကန့်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဟွန်ဒါအသင်းသား မာကွစ်ဟာ ဒီရာသီရဲ့ ပွဲဦးထွက် (၂)ပွဲမှာလည်း ဗိုလ်စွဲထားပါတယ်။ ဒါကြောင့် သူဟာ ရာသီအစ ပြိုင်ပွဲ(၃)ပွဲလုံးကို ထိပ်ဆုံးက တာထွက်ပြီး ဗိုလ်စွဲနိုင်တဲ့ MotoGPချန်ပီယံအဖြစ် မှတ်တမ်း ၀င်သွားပါတယ်။ အဲဒီလို(၃)ပွဲလုံး ဗိုလ်စွဲနိုင်တာဟာ (၁၉၇၁)ခုနှစ်မှာ အီတလီနိုင်ငံသား အဂေါ့စ်တီနီက နောက်ဆုံးဖြစ်လို့ မတ်မာကွစ်ဟာ (၄၃)နှစ်အတွင်းမှာ ပထမဆုံး ပေါ်ပေါက်လာတဲ့ (၃)ပွဲဆက် ချန်ပီယံ ဖြစ်ပါတယ်။ မတ်မာကွစ်လို စပိန်နိုင်ငံသားဖြစ်ပြီး ဟွန်ဒါ အသင်းဖော်လည်းဖြစ်တဲ့ ဒါနီပီဒရိုဆာက (၄၁)မိနစ်(၄၁ဒသမ၆၅၈)စက္ကန့်နဲ့ ဒုတိယ ရပါတယ်။ ယာမာဟာ ဆိုင်ကယ်နဲ့ပြိုင်တဲ့ စပိန်နိုင်ငံသား ဂျော့လိုရင်ဇိုက (၄၁)မိနစ်(၄၃ဒသမ၀၂၂)စက္ကန့်နဲ့ တတိယ ရပါတယ်။ အင်ဂျင်အား (600cc)နဲ့ ပြိုင်ရတဲ့ Moto2ပြိုင်ပွဲမှာတော့ စပိန်နိုင်ငံသား အက်စ်တိဗ်ရာဘက်က (၄၀)မိနစ်(၀၆ဒသမ၁၁၄)စက္ကန့်နဲ့ ပထမရပြီး ဘယ်ဂျီယံနိုင်ငံသား ဆီမီယွန်က ဒုတိယနဲ့ စပိန်နိုင်ငံသား လူးဝစ်ဆာလွန်းက တတိယ ရပါတယ်။ အင်ဂျင်အား(125cc)နဲ့ ပြိုင်ရတဲ့ Moto3ပြိုင်ပွဲမှာတော့ အီတလီနိုင်ငံသား ရိုမာနိုဖီနာတီက (၃၈)မိနစ် (၃၄ဒသမ၄၅၁)စက္ကန့်နဲ့ ပထမရပြီး စပိန်နိုင်ငံသား အဲလက်မာကွစ်က ဒုတိယနဲ့ သြစတြေးလျနိုင်ငံသား ဂျက်မီလာက တတိယ ရပါတယ်။

အိပ်မက်က တကယ် ဖြစ်လာတာလို့ နိုဆောင်ယယ် ပြောကြားတဲ့ သတင်း






အသက်(၂၂)နှစ်သာ ရှိသေးတဲ့ တောင်ကိုရီးယား ဂေါက်သီးသမားလေး နိုဆောင်ယယ်က "ကျွန်တော့်အိပ်မက်က အခုတကယ် ဖြစ်လာပါပြီ"လို့ ဇူးရစ်ကလပ်စစ် ချန်ပီယံဆုရ အပြီးမှာ ပြောကြားပါတယ်။ ဆုကြေးစုစုပေါင်း ဒေါ်လာ (၆ဒသမ၈)သန်းပေးတဲ့ ဇူးရစ်ကလပ်စစ် ပြိုင်ပွဲကို အမေရိကန် ပြည်ထောင်စု လူဝီစီးယားနားပြည်နယ် နယူးအော်လင်းမြို့မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးပါတယ်။ အဲဒီပြိုင်ပွဲမှာ နိုဆောင်ယယ်က (၆၅၊၆၈၊၆၅၊၇၁)ချက်နဲ့ လေးရက်ပေါင်း (၂၆၉)ချက်ရိုက်ပြီး ချန်ပီယံဆုကြေး ဒေါ်လာ(၁ဒသမ၂၂၄)သန်း ရသွားပါတယ်။ နိုဆောင်ယယ်အနေနဲ့ ပီဂျီအေတိုး ချန်ပီယံဆုကို ပထမဆုံးရရှိတာ ဖြစ်ပါတယ်။ "ကျွန်တော် ဂေါက်သီးကို (၇)နှစ်အရွယ်ကတည်းက ရိုက်ခဲ့တာပါ။ ပီဂျီအေတိုး ပြိုင်ပွဲတွေ၊ မေဂျာပြိုင်ပွဲတွေနဲ့ မာစတာပြိုင်ပွဲမှာ ကစားဖို့ ကျွန်တော် စိတ်ကူးယဉ်ခဲ့တာ အမြဲတမ်းပါပဲ။ အခုတော့ ပီဂျီအေတိုး ချန်ပီယံဆုပါ ရယူနိုင်ပြီဆိုတော့ ကျွန်တော် အရမ်းပျော်ပါတယ်"လို့ နိုဆောင်ယယ်က ပြောပါတယ်။

ဒတ်ခ်ျ ချန်ပီယံဆုကို အေဂျက်အသင်း (၄)နှစ်ဆက် ရရှိတဲ့ သတင်း






နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ တနင်္ဂနွေနေ့က အေဂျက်အသင်းဟာ (၄)နှစ်ဆက် ရရှိတဲ့ ဒတ်ခ်ျချန်ပီယံဆုနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ပြိုင်ပွဲသမိုင်း တစ်လျှောက်မှာတော့ ဒီချန်ပီယံဆုဟာ အေဂျက်အသင်း (၃၃)ခုမြောက် ရရှိတဲ့ဆု ဖြစ်ပါတယ်။ ပရိသတ် ထောင်ပေါင်း များစွာကလည်း နယ်သာလန်မြို့တော် အမ်စတာဒမ်ရဲ့ ပန်းခြံတစ်ခုမှာ စုဝေးပြီး အောင်ပွဲခံကြပါတယ်။ အဲဒီနေ့က ကစားတဲ့ ဒတ်ခ်ျလိဂ်ပွဲစဉ်မှာ အေဂျက်အသင်းဟာ ဟီရာကယ်အသင်းနဲ့ အဝေးကွင်းမှာ (၁)ဂိုးစီ သရေကျပါတယ်။ ဒါကြောင့် အေဂျက်အသင်းဟာ (၃၃)ပွဲမှာ အမှတ်(၇၀)ရပြီး ဗိုလ်စွဲသွားတာ ဖြစ်ပါတယ်။ ဒုတိယနေရာမှာရှိတဲ့ အနီးဆုံးပြိုင်ဘက် ဖီယင်နွတ်က (၆၆)မှတ်နဲ့ အေဂျက်နဲ့ (၄)မှတ်အကွာမှာ ရှိနေပြီး ကစားဖို့(၁)ပွဲတည်း ကျန်ပါတော့တယ်။ နောက်ဆုံးပွဲမှာ ရလဒ်ဘယ်လိုပဲဖြစ်နေနေ ဖီယင်နွတ်အနေနဲ့ အေဂျက်ကို လိုက်မမီတော့လို့ အေဂျက်အသင်း အောင်ပွဲ ခံသွားတာ ဖြစ်ပါတယ်။ အေဂျက်နည်းပြ ဖရန့်ဒီဘိုးကတော့ "ဖီယင်နွတ်အသင်းကို ကျွန်တော်တို့ အကြိတ်အနယ် ပြိုင်ခဲ့ရတာပါ။ ကျွန်တော့် ကစားသမားတွေ အောင်ပွဲ ခံနိုင်သွားတဲ့အတွက် ၀မ်းသာပါတယ်"လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဒတ်ခ်ျရှုံးထွက်ဖလား ဗိုလ်လုပွဲမှာတော့ အေဂျက် အသင်းဟာ ပီအီးစီဇိုလီ အသင်းကို (၅)ဂိုး(၁)ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ အဲဒီတုန်းက ကွင်းထဲကို မီးရှူးမီးပန်းတွေ ပစ်လွှတ်တဲ့ အေဂျက်ပရိသတ် (၁၉)ဦး အဖမ်းခံခဲ့ရပါတယ်။

နေခြည်

ဝါလဲ့လဲ့ ရွှေရောင်ကောင်းကင်အောက်မှာ
လေညှင်းတသွဲ့သွဲ့...
နေခြည်ဟာ...လှပ၀င်းလဲ့လို့နေတယ်...
ဝင်းမွတ်အိစက်တဲ့...
ပကတိအလှတရားရဲ့သွန်းလုပ်မှုနဲ့အတူ
သူမဟာ ဧကရီဆန်ဆန်...
ကဗျာတစ်ပုဒ်ရဲ့ ငြိမ်းအေးသက်ဝင်မှုမှာ
နွှဲနွှဲ့လေး ခိုဝင်လို့.......
နေခြည်.......
ရင်ခွင်မှာ လှိုင်းတို့ပြင်းထန်တယ်...
ပျော့ပြောင်းတဲ့ ရွှေအိုရောင် ဆံနွယ်တွေဟာ....
ငါရေးဖွဲ့မပြနိုင်တဲ့....အလင်္ကာတွေ...
ရင့်ကျက်မှုနဲ့ မဟာဆန်လွန်းနေခဲ့တယ်
အို....နေခြည်ရေ...
နင်လာရာလမ်းတလျှောက်မှာ....
နှင်းဆီတို့ ဦးညွှတ်ကြ...
ရော်ရွက်ဝါတွေလည်း
တိတ်ဆိတ်ဆွံ့အ...
အရာအားလုံးဟာ....နစ်မျောပျော်ဝင်လို့
နေခြည်...
ရင်ခွင်ကိုဖြန်းပတ်ပါ...
ကြယ်တွေကင်းတဲ့ကမ္ဘာမှာ
နင်ဟာငါ့အတွက်...
ကြယ်တစ်စင်းလည်းဖြစ်ရဲ့
အဘယ်နတ်သမီးရဲ့....
ဝိဥာဉ်တော်များလဲ...
ရွှေ...နေခြည်ရယ်....
ရိုးရှင်းပျော်ရွှင်ဖွယ် မင်္ဂလာပွဲမျိုးကို မျှော်လင့်နေသည့် ဘားရက်ဖယ်လီ

သူမအနေဖြင့် ရိုးရှင်းပြီး ပျော်စရာကောင်းသည့် လက်ထပ်ပွဲ တစ်ခုကို စိတ်ကူးယဉ် မျှော်လင့်နေမိကြောင်း ဘားရက်ဖယ်လီက ဖွင့်ဟ ပြောကြားခဲ့သည်။ အသက် (၂၈) နှစ် အရွယ်ရှိ စူပါမော်ဒယ်လ်သည် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် အဒီအက်ဇ်ရာနှင့် ဆက်နွယ်မှု ရှိနေသော်လည်း သူမ၏ အချစ်ရေးကို မည်သည့်အခါကမျှ လူသိရှင်ကြား ဝန်မခံခဲ့ချေ။ သို့သော်လည်း ယခုအခါတွင်မူ သူမသည် အချစ်ရေးနှင့် ပတ်သက်၍ အလေးအနက် စဉ်းစားတွေးတောနေပြီ ဖြစ်ကြောင်း ဘားက ဖွင့်ဟလာခဲ့သည်။ အစ္စရေး အလှမယ်ကို သတင်းထောက်များက အိမ်ထောင်သည်ဘဝ ထူထောင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ ဘားက သူမ၏ စိတ်ကူးများကို ဝေမျှခဲ့ခြင်း ဖြစ်သည်။
အာဘွားတေးစီးရီး အမ်တီဗီ ရိုက်ကူးရေးအတွက် ရိုက်ကူးရေး စရိတ်ကို ကန့်သတ်မထားတဲ့ ၀ိုင်းစုခိုင်သိန်း


ဝိုင်းစုခိုင်သိန်း က အာဘွားတေး စီးရီးထဲက သီချင်းတွေကို အမ်တီဗီ စတင် ရိုက်ကူးပြီ ဖြစ်ပြီး သီချင်းပေါ် မှာ မူတည်ပြီး စဉ်းစားပြီး ရိုက်ကူးမှာ ဖြစ်ကာ ဇာတ်လမ်း ပုံစံတွေ နဲ့လည်း ရိုက်ကူး သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါရိုက်တာတွေနဲ့ တိုင်ပင်ညှိ နှိုင်းပြီး ရိုက်ကူး သွားမှာဖြစ်ပြီး အမ်တီဗီ ရိုက်ကူးရေး စရိတ်ကိုတော့ ကန့်သတ် မထားဘူးလို့ ဆိုတဲ့ ဝိုင်းစု ခိုင်သိန်းက “ဝိုင်းစုမက်လောက်စရာ စထွက်တုန်းက ဆိုရင် တအားခိုးကူး များတယ်။ အဲဒီအချိန်လောက် ခိုးကူး များတာ အဲဒီအချိန်ပဲ။ စစ တုန်းက သူများတွေ တော်တော်များများ ကဝိုင်းစုကို အရူး လို့တောင် ပြော တယ်။ အဲဒီခေတ်တုန်း က ဆိုရင် ဗီစီဒီ ရိုက်တဲ့ သူတွေက ၃၊ ၄၊ ၅ သိန်းထက် ပို မရိုက်ဘူး။ အဲဒီခေတ် ကတည်းက ဗီစီဒီနဲ့ ပတ်သက်ပြီး ဝိုင်းစု အများ ကြီး ပဲရိုက်ခဲ့တယ်။ ပေါက်တာ မပေါက်တာ အသာထား ဝိုင်းစု ရိုက်တဲ့ အခွေကို မှတ်တိုင် တစ်ခုအဖြစ် နဲ့ အကောင်း ဆုံးဖြစ်အောင် လုပ် ချင်တယ်။ ကိုယ့်ကို အားပေးတဲ့ ပရိသတ်အတွက် အကောင်းဆုံး ရိုက် စေချင်တယ်။ ကုန်တာ ၊မကုန်တာ ထက် ကိုယ့်ရဲ့အနုပညာကို အ ကောင်းဆုံး ဖြစ်စေချင်တယ်။ ခိုးကူး ထွက်လည်း ခိုးကူး နဲ့ပရိသတ် လက်ထဲ ရောက်သွားလည်း ဝိုင်းစု အနုပညာ ကို ပရိသတ် လက်ထဲရောက်သွား တယ်လို့ပဲ သဘော ထားတယ်။ ဒါပေ မဲ့ ဝိုင်းစု တစ်ခုပြောချင်တာက အနု ပညာကို တန်ဖိုးထားတယ်။ ဝိုင်းစုကို ချစ်တယ် ဆိုရင် ခိုးကူးခွေကို အား မပေးဘဲ အခွေအစစ်ကို ဝယ်ပြီး အား ပေးပါ လို့ပဲ ပြောချင်တယ်။ ခိုးကူး ခွေနဲ့ အခွေ အစစ်က အစပေါင်းများ စွာကွာတယ်။ တကယ့်အခွေ အစစ် ထဲမှာ ဝိုင်းစုတို့ရဲ့ စေတနာတွေ ပါ တယ်။ အနုပညာ သမားတွေ အား လုံးရဲ့စေတနာတွေ ပါတယ်။
ရိုးရိုးအေးအေး ကားရိုက်တာကိုရော၊ ခပ်သွက်သွက် ဟာသ ကားလေးတွေမှာပါ တွေ့လာရတဲ့ မိုးယုစံ

 










ပရိသတ် အများက ချစ်စနိုးနဲ့ ချစ်ခင်အားပေးကြတဲ့ အပြင် မြန်မာဆန်တဲ့ ၀တ်စုံလေးတွေနဲ့လိုက်ဖက်တယ် လို့သတ်မှတ်ခြင်းခံရတဲ့ မိုးယုစံဟာ တည်ငြိမ်အေးဆေးတဲ့ ကာရိုက်တာတွေအပြင် ခပ်သွက်သွက် ခပ်မြူးမြူးအလှုပ် ကာရိုက်တာတွေကိုလည်း သရုပ်ဆောင်နေသူမို့ သူမရဲ့ လက်ရှိအနုပညာ လှုပ်ရှားမှုအကြောင်း ခုလို မေးကြည့်ဖြစ်တဲ့အခါ ‘မိုးယု ခုရိုက်နေတဲ့ ကားလေးက ဒါရိုက်တာက ဦးကျော်ဇောလင်း (အတွေးပုံရိပ်) ၊ မင်းသားက ကောင်းပြည့်နဲ့ပေါ့။ ထုတ်လုပ်ရေးက စိန်ဌေးပါ။ လူငယ်ဖန်စီလေးပါပဲ။ကောင်လေးနဲ့ ခဏခဏရန်ဖြစ်တဲ့ ခပ်စွာစွာကောင်မလေး ပုံစံလေးပေါ့။ ဒီလိုကာရိုက်တာမျိုး မိုးယုရှေ့မှာလဲ လုပ်ဖူးပါတယ်။ ဒါပေမဲ့ ပုံစံတူပေမဲ့ နဲနဲကွဲတယ်။ မိုးယုရိုက်တဲ့ ကာရိုက်တာတွေကတော့ နဲနဲစုံတော့ ကွဲသွားမှာပါပဲ ။ ပရိသတ် တော်တော်များများကတော့ မိုးယုကို ရိုးရိုးအေးအေး အငြိမ်ကာရိုက်တာတွေနဲ့ ပိုလိုက်တယ်လို့ ပြောကြပေမဲ့ တချို့ပရိသတ်ကျတော့လဲ ခပ်သွက်သွက် ဟာသကားတွေနဲ့လဲ လိုက်တယ်လို့ ပြောကြတယ်။ မိုးယုအနေနဲ့ကတော့ ပေးလာသမျှ ကာရိုက်တာတိုင်းကို အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် နောက်ပြီး ပရိသတ်လက်ခံနိုင်အောင် ကြိုးစားသွားမှာပါ’လို့ သူမက ပြောပါတယ်။

ပြည်တွင်း ရဟတ်ယာဉ် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ခရီးသွား ရာသီ အစတွင် စတင်မည်

မြန်မာနိုင်ငံတွင် ပထမဆုံး ရဟတ်ယာဉ် ခရီးသွားပို့ ဆောင်ရေးလုပ်ငန်းများဆောင် ရွက်ရန် ပြည်တွင်း ကုမ္ပဏီ တစ်ခု နှင့် စင်ကာပူအခြေစိုက်ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းဆောင်ရွက် ရန်ရှိကြောင်း သတင်း ရရှိသည်။

မြန်မာမှ Global Integrat-ed Service(GIS) ကုမ္ပဏီနှင့် စင်ကာပူအခြေစိုက် OATS ကုမ္ပ ဏီတို့အကျိုးတူ ပူးပေါင်းပြီး Avia-tion International Myanmar (AIM) အမည်ဖြင့် ပုဂံနှင့်ရန်ကုန် တွင်အခြေစိုက်ကာ ရဟတ်ယာဉ် ၀န်ဆောင်မှုဖြင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြထားသည်ဟု GIS အမှုဆောင်စီးပွား ရေးအကြံပေးဦးခင်မောင်သိမ်းက ပြောသည်။
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပြီးပါက ယခုနှစ်မိုးကုန် ခရီးသွား ရာသီအစတွင် စတင်နိုင်မည်ဟု ၎င်းကဆိုသည်။

ပြည်တွင်း ပြည်ပခရီးသွား များအတွက် ရဟတ်ယာဉ်များဖြင့် ခရီးသွားပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက် ရာတွင် ရန်ကုန်မှ ငွေ ဆောင်၊ ကျိုက်ထီးရိုး၊ မော်လမြိုင် ခရီးစဉ်များကို ခရီးသည် ၁၂ဦးမှ ၁၄ဦးဆံ့ ရဟတ်ယာဉ်အကြီးနှစ် စီးဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ပုဂံတွင် ခရီးသည် ငါးဦးဆံ့သော ရဟတ် ယာဉ်ငယ်ဖြင့် ပုဂံတစ်ဝိုက်ပြေးဆွဲ သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး တရားဝင် Red Hat သင်တန်းများ စတင် ဖွင့်လှစ်မည်

Red Hat ၏ Linux သင်တန်းများကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Red Hat ၏ Official Training Partner အဖြစ်ရယူထားပြီး အထင်ကရသင်တန်းများ ဖြစ်သည့် RHCSA (Red Hat Certified System Administrator), RHCE (Red Hat Certified Engineer) စာမေးပွဲဖြေဆိုခွင့် သင်တန်းများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့က Official Training Partner ဖြစ်တဲ့အတွက် နိုင်ငံတကာအတိုင်း Red Hat ကချမှတ်ပေးထားတဲ့ မူအတိုင်းပဲ သင်ကြားမှာဖြစ်ပါတယ်။ သင်တဲ့ဆရာက RHCE ပြီးပြီးသားဖြစ်ပါတယ်” ဟု Infra Tech မှ Senior Project Manager ဦးပြည့်ဖြိုးမောင်မောင်စိုးက ပြောသည်။ အဆိုပါ သင်တန်း များကို မေလ ၁၀ ရက်နေ့မှစတင်ကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ RECSA Level 1, 2 နှင့် RHCE သင်တန်းများ အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။ ယခင်က အဆိုပါ သင်တန်း တက်ရောက်လိုသူများ အနေဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက်တက်ရောက် ကြရကြောင်း သိရသည်။

ရန်ကုန်လေဆိပ်၌ လေယာဉ်အကြီးစား ပြင်ဆင်သည့် စက်ရုံ ပြင်သစ် ကုမ္ပဏီနှင့် ပူးပေါင်း ဖွင့်လှစ်မည်
ရန်ကုန်လေဆိပ်၌ ATR လေယာဉ် အကြီးစားပြင်ဆင်သည့် စက်ရုံကို မြန်မာလေကြောင်းနှင့် ပြင်သစ် နိုင်ငံ ATR လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့လေကြောင်း မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံကို ၂ဝ၁၄ ခုနှစ် အတွင်း ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက် ရှိပြီး မြန်မာနိုင်ငံ၌ ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံကို လိုအပ်လျက် ရှိနေကြောင်း၊ ပြည်တွင်းပြည်ပ လေကြောင်းလိုင်းများမှ ATR လေယာဉ်များ၏ လုပ်ငန်း အပ်နှံမှု အပြင် ပြည်ပ နိုင်ငံများမှ ATR လေယာဉ်များ၏ လုပ်ငန်း အပ်နှံမှုများကိုပါ လက်ခံ ပြင်ဆင်နိုင် ရန် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် ပြင်သစ်နိုင်ငံ ATR လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများသည် ရန်ကုန် အပြည် ပြည်ဆိုင်ရာ လေဆိပ်ရှိ မြန်မာ့ လေကြောင်းလိုင်းမှ အသစ် တည်ဆောက်ထားသည့် လေယာဉ်ရုံ ကို ATR လေယာဉ် အကြီးစား ပြင်ဆင်သည့် စက်ရုံ တည်ဆောက်ရန် လာရောက်ကြည့် ရှုပြီး ဖြစ်ကြောင်း သိရသည်။

အခွန် နှုန်းထားသစ် အရ လစာ ဝင်ငွေခွန် ပေးဆောင် ရမည့် သတ်မှတ် ဝင်ငွေ ပြောင်းလဲ

မကြာမီက အတည်ပြုလိုက်သော အခွန်နှုန်းထားသစ်အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်နှစ်စာ သတ်မှတ်ဝင်ငွေ  ပြောင်းလဲသွားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
ယခင်က တစ်နှစ်စာဝင်ငွေ ငွေကျပ် တစ်ဆယ့် လေးသိန်း လေးသောင်း ရရှိပါက သတ်မှတ်အခွန် ရာခိုင်နှုန်း အတိုင်း အခွန်ပေးဆောင်နေရာမှ ယခုနှုန်းသစ်အရ တစ်နှစ်လုံးတွင် ငွေကျပ် သိန်းနှစ်ဆယ်နှင့် သိန်းနှစ် ဆယ်အောက်  ဝင်ငွေရှိသူများမှာ အခွန်ပေးဆောင်ရန်  မလိုတော့ကြောင်း သိရသည်။
အဆိုပါ အခွန်နှုန်းထားသစ် အရ လစာဝင်ငွေခွန် ပေးဆောင်ရမည့်သူများ လျော့နည်းသွားသော်လည်း အခွန် ပေးဆောင်ထိုက်သော လစာဝင်ငွေ ရှိသူများ၏ အခွန်ပေးဆောင်ရမည့် အခွန်ရာခိုင်နှုန်းမှာ များလာကြောင်း သိရသည်။ လစာဝင်ငွေခွန် ပေးဆောင်ရမည့် ဝန်ထမ်းနှင့် အလုပ်သမားများမှာ တစ်နှစ်စာဝင်ငွေ ငွေကျပ် သိန်းနှစ်ဆယ်အထက် ရရှိသူများ ဖြစ်ကြောင်းနှင့် ငွေကျပ် သိန်းနှစ်ဆယ်မှ သိန်းငါးဆယ် ဝင်ငွေရှိသူများမှာ အခြေခံ သက်သာခွင့်နုတ်ကာ အိမ်ထောင်ရှိသူ ဆိုလျှင် အကျိုးခံ စားခွင့်နုတ် ပြီး အခွန် ၅ ရာခိုင်နှုန်း  ပေး သွင်းရမည် ဖြစ်ကြောင်း သိရသည်။

Shwe Mandalar Expo 2014 ကုန်စည် ပြပွဲ မန္တလေး မြို့တော် ခန်းမ၌ ကျင်းပမည်

မန္တလေးမြို့ မြို့တော်ခန်းမ၌ မေ ၁ ရက်မှ ၄ ရက်အထိ  Shwe Mandalar Expo 2014 ကုန်စည်ပြပွဲကို ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ကုန်စည်ပြပွဲတွင် ဂျပန်၊ ကိုရီးယားနိုင်ငံထုတ် အိမ်စီးကား အမျိုးမျိုး၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ ခရီးသည် တင်ယာဉ်များ၊ ရေလုပ်ငန်းသုံး ဖိုက်ဘာလှေများ၊ နိုင်ငံတကာမှ တင်သွင်းသော အီလက်ထရွန်နစ် ပစ္စည်းများ၊ ရုံးသုံး၊ အိမ်သုံး၊ ဟိုတယ်သုံး ပရိဘောဂပစ္စည်းများ၊ ကျန်းမာ ရေးဆိုင်ရာပစ္စည်းများ၊ အဆီချစက်များ၊ အိမ်ဆောက်ပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်များ၊ အလှကုန်နှင့် ဖက်ရှင်ပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးသုံးဆေး များ၊ ရေဖျန်း စက်အ မျိုးမျိုး၊ မီးဖိုချောင်သုံးပစ္စည်း အမျိုးမျိုး၊ မိုဘိုင်းလ်ဖုန်း အမျိုးမျိုးတို့ကို ကုမ္ပဏီ ၁ဝဝ ကျော်မှ တိုက်ရိုက်လာ ရောက်ရောင်းချ ပေးမည်ဖြစ်သည်။
ကုန်စည် ပြပွဲနှင့်အတူ King& Queen of Mandalay 2014 ရွေးချယ်ပွဲ၊ ဖျော်ဖြေရေး အစီအစဉ်အဖြစ် ရုပ်ရှင် သရုပ်ဆောင် ဟာသ လူရွှင်တော်များ၏ ဟာသအစီအစဉ်များ၊ တစ်ခန်းရပ်ပြဇာတ်၊ မျက်လှည့် အစီ အစဉ်များ နှင့် Model Show များ ပါဝင်မည်ဖြစ်ရာ မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။



အာရှဖလား ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ အမျိုးသမီး ဘောလုံး အသင်း တရုတ်နိုင်ငံတွင် ခြေစမ်းပွဲ သုံးပွဲ ကစားမည်
ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ၂ဝ၁၄ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ အောင်မြင်မှု ရရှိနိုင် စေရန်အတွက် မြန်မာ အမျိုးသမီး ဘောလုံး အသင်းသည် တရုတ်နိုင်ငံသို့  ဧပြီ ၂၇ ရက်မှ စတင် ထွက်ခွာပြီး  တရုတ်နိုင်ငံ ကန်တုံကျူလိုင်ယို ဘောလုံး လေ့ကျင့်ရေး စင်တာတွင်   တည်းခို နေထိုင် ကာ  လေ့ကျင့်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျက်ရှိသည်။

မြန်မာအမျိုးသမီး ဘောလုံး အသင်း အနေဖြင့် ဧပြီ   ၃ဝ ရက်နှင့် မေ ၃ ရက်တွင် ကွမ်ကျိုးအမျိုးသမီး လက်ရွေးစင်အသင်း၊   မေ ၅ ရက်တွင် ကွမ်ကျိုး တပ်မတော်  အမျိုးသမီး ဘောလုံး အသင်းများနှင့် ခြေစမ်း ပွဲ သုံး ပွဲ အား တရုတ်နိုင်ငံတွင် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။ ပဏာမ မြန်မာ့ လက်ရွေးစင် အမျိုး သမီး အသင်းတွင် ၂၆ ဦး ရွေးချယ်ထားပြီး ပထမခြေစမ်းပွဲ အပြီးတွင် ကစားသမား သုံးဦး လျှော့ချကာ အာရှ ဖလား သွားရောက် ယှဉ်ပြိုင်ကစားမည့် အပြီးသတ် ၂၃ ဦးစာရင်းကို မေ ၁ ရက်တွင် ထုတ်ပြန် သွားမည် ဖြစ်သည်။မြန်မာအသင်း အနေဖြင့် ကွမ်ကျိုးမြို့ တွင် ဧပြီ ၂၇ ရက်မှ မေ ၅ ရက်အထိ လေ့ ကျင့် ခြေစမ်းမှုများ ပြုလုပ်မည် ဖြစ်ပြီး မေ ၆ ရက်တွင် ပြန်လည် ရောက်ရှိမည် ဖြစ်သည်။


နျူကလီးယား စွမ်းအင်ဆိုင်ရာ နည်းပညာကဏ္ဍအား အဆင့် အတန်း မြှင့်တင်မည့် စင်ကာပူ အစိုးရ

စင်ကာပူ အစိုးရအနေဖြင့် ယခု အသစ်ကြေညာလိုက်သည့် အစီအစဉ်အားဖြင့် နိုင်ငံတွင်း နျူကလီးယား စွမ်းအင်ဆိုင်ရာ နည်းပညာကဏ္ဍအားအဆင့်အတန်း မြှင့်တင်မည် ဖြစ်ကြောင်း သိရှိရသည်။ စင်ကာပူနိုင်ငံ အမျိုးသား သုတေသန ဖောင်ဒေးရှင်း (NRF)မှ (၁၀)နှစ်တာ နျူကလီးယား စွမ်းအင် လုံခြုံရေးဆိုင်ရာ သုတေသနနှင့် ပညာပေး အစီအစဉ်အား ယမန်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ယူကရိန်း နိုင်ငံအား ကူညီ ထောက်ပံ့ပေးသွားမည့် ပုပ်ရဟန်းမင်းကြီး Francis

ရုရှားနိုင်ငံမှ ကျူးကျော်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေရသည့် ယူကရိန်း နိုင်ငံအတွက် လိုအပ်သည့် ကူညီ ထောက်ပံ့မှုများကိုတတ်အားသရွေ့ ဆောင်ရွက် ပေးသွားမည်ဟု ပုပ်ရဟန်းမင်းကြီး Francis က ယူကရိန်းနိုင်ငံ ၀န်ကြီးချုပ် Arseniy Yatsenyuk အား ယမန်နေ့က တွေ့ဆုံ ပြောကြားခဲ့သည်။
ဒေသခံပြည်သူများ၏အသံသည် လွှတ်တော်၌ 

ကြားသိရ သည့်အသံထက် ပို၍ ပြည့်စုံထိ ရောက်မှုရှိကြောင်း 

ပြည်ထောင်စု လွှတ်တော် နာယက ပြောကြား 


''ဒေသတွေကိုရောက်တဲ့အခါမှာ ပြည်သူတွေရဲ့အသံများဟာ လွှတ်တော်ထဲ မှာ ကြားသိပြီး အသံများထက် ပိုပြီးတော့ပြည့်စုံပါတယ်။ ပိုပြီးတော့လဲ ထိရောက်တဲ့ကိစ္စတွေရှိပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ရပ်နားချိန် နယ် အနှံ့သွားပြီး ပြည်သူများရဲ့အသံကို နားထောင်ပါတယ်'' ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဧပြီ ၂၉ ရက်တွင် ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီကျေးရွာ၌ ပြုလုပ်သော ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲ ၌ ပြောကြားသည်။
ထို့ကြောင့် ပြည်သူများ၏ ဆန္ဒသိဖို့လိုကြောင်း၊ ပြည်သူများထံမှ ကောင်းမွန် သည့် စေတနာများ ရရှိရန်လည်း လိုအပ်ကြောင်း၊ ဆန္ဒနှင့် စေတနာများ ကိုဖော်ထုတ်ပြီး မိမိတို့က ဥပဒေများ ဖော်ထုတ်ပေးရ ခြင်းဖြစ်ကြောင်း။ ဥပဒေပြဋ္ဌာန်းရန် မလိုသည့် ပြည်သူ့ဆန္ဒများကိုလည်း သက်ဆိုင်ရာဌာန တာဝန်ရှိသူများက မှန်ကန်သည်၊ လုပ်ဆောင်သင့်သည်ဆိုလျှင် လုပ်ဆောင်ပေး ရမည်ဖြစ်ကြောင်း။



လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မီးဘေးသင့်ပြည်သူများအား အလှုငွေနှင့် ပစ္စည်းများလှူဒါန်း


ပါတီသည်ပြည်သူ့အတွက်ဟူသောမူဝါဒ လက်ကိုင်ထားလျှက် သဘာဝဘေး အန္တရာယ် ကျရောက် နေသော ပြည်သူများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကူညီစောင့်ရှောက်ပေး လျှက်ရှိရာ ဧပြီ (၂၉) ရက် ညနေ(၅) နာရီက လှိုင်မြို့နယ် အမှတ်(၁၁) အခြေခံပညာ မူလတန်း ကျောင်းဝင်း ရှေ့ တွင် လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှုး၍ (၁၃)ရပ်ကွက် သီရိမြိုင် (၆) လမ်းနှင့် ပန်းခြံကျောင်းလမ်းဒေါင့်ရှိ မီးဘေးသင့်အိမ် (၇)လုံးမှ အိမ်ထောင်စု (၁၀)စုကို အလှုငွေ၊ ဆန်၊ ဆီနှင့် မြက်ဖျာများ လှုဒါန်းပွဲ ကျင်းပခဲ့သည်။
အစီအစဉ်အရ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ၀င်းမြင့်မှ လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ၀င်းမြင့်၊ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမင်းလွင်တို့မှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၅၀၀၀၀)၊ ဆန် (၁)အိပ်၊ ဆီ(၅)ပိသာ၊ မျက်ဖျာ(၂)ချပ် တန်ဘိုးငွေ စုစုပေါင်း တစ်ဆယ့် သုံးသိန်း နှစ်သောင်း ကျပ်ကို အိမ်ထောင်စု(၁၀)စုအား လှုဒါန်းခဲ့သည်။ 


လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားဖို့ အဓိက အရေးကြီးဟု ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘ၀ မြှင့်တင်ရေး ရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော် ပြောကြား


"အခုအရေးကြီးဆုံးကတော့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့က အရေးကြီးပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းနိုင်ရေးအတွက်လဲ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော် ပေါင်းစပ်ပြီး ဆောင်ရွက်နေပါတယ်" ဟု ပြည်သူ့ လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘ၀ မြှင့်တင်ရေး ရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က ဧပြီ ၂၇ ရက် နံနက်က လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ ကျင်းပသော လူမှုရေးနှင့် ဖွံ့ဖြိုးရေး လှူဒါန်း ထောက်ပံ့ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။



အခွန်များ လျှော့ချ လိုက်သောကြောင့် စလစ်ဈေး ငွေကျပ် ငါးသိန်းခန့် ကျဆင်းလာ

၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ တစ်ဆင့်ချင်း လျှော့ချပေးနေသည့် က.ည.န အခွန်နှင့် ကုန်သွယ်လုပ်ငန်း အခွန်များကြောင့် တက္ကစီ စလစ်ဈေးနှုန်းများ ငွေကျပ်ငါးသိန်းနီးပါး ကျဆင်းသွားခဲ့ကြောင်း ရန်ကုန်ကားဈေး ကွက်အတွင်းမှ သိရသည်။
 ယခင်က ကားဈေးကွက်အတွင်း တက္ကစီ စလစ်များမှာ ငွေကျပ် ၆၄ သိန်းဝန်းကျင် ဈေးပေါက်နေပြီး ယခု နှစ် ပတ်တာကာလအတွင်း ငွေကျပ် ၅၈ သိန်းအထိ ဈေးကျဆင်းသွားကြောင်း သိရသည်။  လက်ရှိ ၁၃ဝဝ စီစီ ကားများဖြစ်သည့် Toyota Probox, Nissan AD Van,ToyotaPasso, Nissan March, Mitsubishi Colt, Suzuki Swift စသည့် ကားများမှာ ငွေကျပ် သိန်းနှစ်ဆယ်ခန့် ဈေးနှုန်း ကျဆင်းသွားသည့် အတွက် နောက်သုံးနှစ်တာ ကာလ အတွင်း ၁၃ဝဝ စီစီ ကားများအနေဖြင့် နိုင်ငံတကာ ကားဈေးနှုန်းများနှင့် တန်းတူဖြစ်သည်အထိ ဈေးနှုန်း ကျ ဆင်းသွားနိုင်ကြောင်း သိရသည်။

 

back to top