Wednesday, November 19, 2014

ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဆက်လက် လုပ်ဆောင် သွားမည်ဟု ဂျာမန်ဝန်ကြီးချုပ် ပြောကြား

ဥရောပအနေနဲ့ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူတာတွေကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဂျာမန် ၀န်ကြီးချုပ် အိန်ဂျယ်လာမာကယ်က ပြောကြားလိုက်ပါသည်။ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပြောကြား ခဲ့သည့် မိန့်ခွန်းအတွင်း ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။


ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားရဲ့ ပြုမှု ပုံတွေသည် ယူကရိန်းရဲ့ အချုပ်အခြာ အာဏာနှင့် ပိုင်နက်ကို ထိပါးစော်ကားသည့် ပုံစံမျိုးဖြစ်နေကြောင်း၊ ဥရောပသမဂ္ဂနဲ့ ၄င်း၏မဟာမိတ်နိုင်ငံတွေက ယူကရိန်းပဋိပက္ခအရေးကို ကျော်လွှားနိုင်ဖို့ တတ်အားသမျှ ဆောင်ရွက် နေကြကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။ ပထမဦးစွာ ယူကရိန်းရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကို ထောက်ပံ့ပေးပြီး၊ ဒုတိယ အနေနဲ့ကတော့ ယူကရိန်းပဋိပက္ခကို သံတမန်နည်းအရ ဖြေရှင်းဖို့ အစွမ်းကုန် ကြိုးပမ်းမှာဖြစ်ပြီး၊ တတိယအနေနဲ့ကတော့ ရုရှားအပေါ် ဆန့်ကျင်သည့် အရေးယူပိတ်ဆို့မှုများကို လိုအပ်တဲ့ အချိန်အထိ ဆောင်ရွက်သွားမယ်လို့ ဂျာမန်ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံ တွင်းရှိ တပ်သားတွေနဲ့ လက်နက်တွေကို ပြန်မရုပ်သိမ်းပါက နောက်ထပ်အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ် သွားမယ်လို့၊ အနောက်နိုင်ငံ အများအပြားကလည်း ရုရှားနိုင်ငံကို သတိပေးခဲ့ကြပြီး၊ ရုရှားနိုင်ငံ ဘက်ကတော့ ယူကရိန်း ပဋိပက္ခမှာ ၄င်းအနေနဲ့ ပါဝင်ပတ်သက်တာမျိုးမရှိဖူး ငြင်းဆိုထားပါသည်။ ဆစ်ဒနီမြို့မှာ ပြောကြား ခဲ့သည့် မိန့်ခွန်းအတွင်း ယူကရိန်းအရေးသာမက အနောက်အာဖရိကမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ် အန္တရာယ်နှင့်ပတ်သက်ပြီးလည်း ၀န်ကြီးချုပ်အိန်ဂျယ်လာမာကယ်က ထည့်သွင်းပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါသည်။


No comments:

Post a Comment

back to top