Friday, May 30, 2014

သူရဲကောင်းဖြစ်သွားတဲ့ Mr Bean

Mr Bean ဇာတ်ကားများတွင် ပေါတောတော ကြောင်တောင်တောင်နှင့် ရယ်ရွှင်ဖွယ် လူတစ်ဦး မျှသာ ဖြစ်သော်လည်း ရိုဝမ်အက်ကင်ဆန်သည် လက်တွေ့လောကတွင် လူတစ်ဦး၏ အသက်ကို ရဲရဲဝံ့ဝံ့ ကယ်တင်ခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။ အသက်(၅၉)နှစ်ရှိ ဗြိတိသျှ ဟာသမင်းသားကြီး သည် ယာဉ်မတော်တဆမှု တစ်ခု၌ ယာဉ်မောင်းဖြစ်သူ၏ အသက်အား ကယ်တင်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဘီလီယံနာ သူဌေး Petro Poroshenko အား အိုဘားမားမှ ဖုန်းဖြင့် ဂုဏ်ပြုစကား ပြောကြား
ယူကရိန်း နိုင်ငံတွင် မေလ  ၂၇ ရက်က သမ္မတ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပခဲ့ရာ ရွေးကောက်ပွဲတွင် ၅၄% ဖြင့် အနိုင်ရရှိခဲ့သည့်Petro Poroshenko အား အမေရိကန်သမ္မတ Barack Obama မှ တယ်လီဖုန်းဖြင့် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

အာဆင်နယ်သို့ပြောင်းရန် အီတိုးဆန္ဒရှိ


Photo: အာဆင်နယ်သို့ပြောင်းရန်  အီတိုးဆန္ဒရှိနေ

ကင်မရွန်းတိုက်စစ်မှူး ဆန်မြူရယ်အီတိုးသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင်        အာဆင်နယ်အသင်းသို့ပြောင်းရွှေ့ကစားရန်   ဆန္ဒရှိနေကြောင်းသိရသည်။ 

 အာဆင်နယ်အသင်း သည်လည်း အသင်း၏တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ရန် စီစဉ်လျက်ရှိပြီး ရီးယဲလ်မက်ဒရစ်အသင်း ၏ အားထားရသော       ကစားသမားတစ်ဦးဖြစ်သည့်      အယ်လ်ဘာရိုမိုရက်တာကိုလည်း စာချုပ်ချုပ်ဆိုခေါ်ယူရန် နီးစပ်မှု ရှိနေပြီဖြစ်သည်။ သို့ရာတွင် အာဆင်နယ်အသင်းသည် တိုက်စစ်မှူး တစ်ဦးမကခေါ်ယူရန် လိုအပ်မည်ဖြစ်သောကြောင့် အီတိုးအတွက် အခွင့်အလမ်းတစ်ရပ်ပိုင်ဆိုင် ဖွယ်ရှိနေသည်။ ထို့ကြောင့် ချဲလ်ဆီးအသင်းက တိုက်စစ်မှူးအီတိုးအား အသင်း၌ ဆက်ထိန်းထားရန် ရှိနေသော်လည်း အီတိုးအနေဖြင့် ချယ်လ်ဆီးနည်းပြ  မော်ရင်ဟိုနှင့်   အဆင်မပြေမှုများကြောင့် ချယ်လ်ဆီးအသင်း မှထွက်ခွာရန် ဆုံးဖြတ်ထားကြောင်းလည်း သိရသည်။

ငွေကြယ်

ကင်မရွန်းတိုက်စစ်မှူး ဆန်မြူရယ်အီတိုးသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်းသိရသည်။ 

ယူအက်စ် အိုးပင်းကို မပြိုင်တော့ဘူးလို့ တိုက်ဂါးဝုဒ် ကြေညာ






အမေရိကန် ဂေါက်သီးသမား တိုက်ဂါးဝုဒ်က နောက်လထဲမှာ ကျင်းပမယ့် ယူအက်စ်အိုးပင်း ပြိုင်ပွဲကို ပြိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ဗုဒ္ဒဟူးနေ့က သူ့ဝက်ဆိုဒ်မှာ ကြေညာထားပါတယ်။ အဲဒီယူအက်စ်အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ သူ(၃)ကြိမ်အထိ ဗိုလ်စွဲခဲ့ဖူးပြီး ဒီနှစ်တော့ ကျောဒဏ်ရာကြောင့် သူမပြိုင်နိုင်တာ ဖြစ်ပါတယ်။ အဲဒီဒဏ်ရာကြောင့်ပဲ ဒီနှစ်ထဲမှာ သူမပြိုင်နိုင်တာ မေဂျာပြိုင်ပွဲ (၂)ပွဲဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။ ကမ္ဘာ့နံပါတ်(၁) နေရာကနေ မကြာခင်ကပဲ ဆင်းခဲ့ရတဲ့ တိုက်ဂါးဝုဒ်ဟာ သူ့နောက်ကျောက အာရုံကြော ညပ်နေတာကို ကုသနေရတာ လအတန်ကြာပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲတွေကိုလည်း မတ်လကုန် လောက်ကတည်းက မပြိုင်နိုင်တော့တာပါ။ ဧပြီလက ကျင်းပတဲ့ မာစတာပြိုင်ပွဲကိုလည်း မပြိုင်နိုင်ပါဘူး။ "ယူအက်စ်အိုးပင်းဟာ ကျွန်တော့်အတွက် အလွန်အရေးပါတဲ့ ပြိုင်ပွဲပါ။ မေဂျာပြိုင်ပွဲ(၂)ပွဲနဲ့ တခြားအရေးကြီးပြိုင်ပွဲ အတော်များများကို မပြိုင်နိုင်ပေမယ့် ဒီနှစ်ထဲတော့ ကျွန်တော် ပြိုင်ပွဲပြန်ဝင်ပြီး အောင်မြင်မှုတွေ ပြန်ရမယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့် အနာဂတ်အတွက်လည်း အကောင်းမြင်ထားပါတယ်"လို့ တိုက်ဂါးဝုဒ်က ပြောပါတယ်။

ပြင်သစ်အိုးပင်း ပြိုင်ပွဲကနေ ၀ီလျံညီအစ်မ ထွက်ခဲ့






ကမ္ဘာ့နံပတ်(၁) ဆီရီနာဝီလျံနဲ့ သူ့အစ်မဖြစ်သူ ဗီးနပ်ဝီလျံတို့ဟာ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဒုတိယအဆင့်ကပဲ ထွက်ခဲ့ရပါတယ်။ ပဲရစ်မြို့မှာ ဗုဒ္ဒဟူးနေ့က ကစားတဲ့ အမျိုးသမီး တစ်ဦးချင်း ဒုတိယအဆင့်မှာ လက်ရှိချန်ပီယံလည်းဖြစ်တဲ့ အမေရိကန် တင်းနစ်မယ် ဆီရီနာဟာ ကမ္ဘာ့အဆင့် (၃၅)သာရှိတဲ့ စပိန်တင်းနစ်မယ် ဂါဘင်မူဂူရူဇာကို (၂း၆၊၂း၆)နဲ့ ရှုံးသွားပါတယ်။ အသက်(၂၀)သာ ရှိသေးတဲ့ မူဂူရူဇာဟာ နောက်တစ်ဆင့်မှာ စလိုဗားကီးယား တင်းနစ်မယ် အန်နာရှမီလိုဗာနဲ့ ကစားရပါမယ်။ အသက်(၁၉)နှစ်သာ ရှိသေးပြီး ကမ္ဘာ့အဆင့်(၅၆)ရှိတဲ့ ရှမီလိုဗာကလည်း ဆီရီနာရဲ့ အစ်မဗီးနပ်ကို (၂း၆၊၆း၃၊၆း၎)နဲ့ အနိုင်ရခဲ့ပါတယ်။ ဗီးနပ်ဟာ အသက်(၃၂)နှစ်ရှိပြီး ဒီပြိုင်ပွဲမှာ ဆီဒင်(၂၉) ရထားသူ ဖြစ်ပါတယ်။

Jiyeon နှင့် Hyeri တို့နှစ်ဦး '' The Show '' အစီအစဉ်တွင် အခမ်းအနားမှူး အဖြစ် ပါဝင် တင်ဆက်မည် 

SBS MTV ရုပ်သံဌာန၏ ဇွန် ၃ ရက် တွင် ကျင်းပမည့် The Show အစီအစဉ်တွင် T-ara အဖွဲ့မှ  Jiyeon သည် အခမ်းအနားမှူး အဖြစ် တင်ဆက်သွားမည် ဖြစ်ပြီး   ဒုတိယ အခမ်းအနားမှူး အဖြစ် Girl's Day အဖွဲ့မှ Hyeri က တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

အနုပညာအလုပ်က ရတဲ့ငွေကို ဆေးကုသရေးမှာ ပြန်လည်အသုံးချ သွားမယ်ဆိုတဲ့ အေးချမ်းမိုး 

ဆေးကျောင်း တက်ရင်းက အနုပညာအလုပ်များကို အချိန်ရသလောက် ကြိုးစားလုပ်ကိုင် လျက်ရှိသည့် အေးချမ်းမိုး က ဆေးကျောင်းပြီးသွား ပါကလည်း ဆရာဝန်အလုပ်နှင့်အနုပညာ အလုပ် နှစ်ခုလုံးကို တတ်နိုင်သမျှ ကြိုးစားလုပ်ကိုင် သွားမည်ဖြစ်ပြီး အနုပညာ အလုပ်မှ ရရှိသော ငွေများ ကို ဆေးကုသရာ၌ ပြန်လည် အသုံးပြုသွား မည်ဖြစ်ကြောင်း ယခုလို ပြောပြခဲ့သည်။
မိခင်တိုင်းကြည့်သင့်သည့် "ဤမှန်ကန်သောသစ္စာ တရားကြောင့်" ကျောင်းပညာပေးဇာတ်ကားနှင့် သရုပ်ဆောင် စိုးနန္ဒာကျော်


MRTV ရုပ်သံက ထုတ်လွှင့်ပြသနေတဲ့ ဒါရိုက်တာ ကိုမိုးဇော်ကို ရိုက်ကူးထားတဲ့ ” ဤမှန်ကန်သော သစ္စာတရားကြောင့်” ပညာပေးဇာတ်ကားမှာ စိုးနန္ဒာကျော်က ကလေး သရုပ်ဆောင် မွန်းသီရိခန်ရဲ့ မိခင်အဖြစ်သရုပ်ဆောင် ရိုက်ကူး ထားပါတယ်။

ငြင်းရလောက်အောင် မရှိသေးတဲ့ ဇာတ်ကားများနဲ့ သွန်းဆက်

ကိုယ့်ဆီလာတဲ့ ဇာတ်ကားတွေ ငြင်းရလောက်အောင် မရှိသေးတဲ့ အတွက် ကာရိုက်တာ စုံအောင် လက်ခံရိုက်ကူး ဖြစ်ကြောင်း သွန်းဆက်က ပြောသည်။ ”သွန်းဆက်ရိုက်တဲ့ ကားတိုင်းက အမေနဲ့တိုင်ပင် ပြီးမှ လက်ခံ ရိုက်ဖြစ်တယ်”ဟု သွန်းဆက်က ပြောသည်။ သွန်းဆက်ကို အကယ်ဒမီ ဗန်းကိုင်အဖြစ် လူသိများ ပြီး ဗီဒီယို ကားများကို ခေါင်းဆောင် အနေဖြင့် တောက် လျှောက် ရိုက်ကူးနေကြောင်း သိရသည်။
ခင်ပွန်းသည်ရဲ့ ချီးကျူးခံရသူ သက်မွန်မြင့်

‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကားမှာ ကိုယ့်ကိုယ်ကိုယ် အားမရပေမယ့် ခင်ပွန်းသည်က ဒီလောက်နှင့် တော်ပြီ ဟု ချီးကျူးခဲ့ကြောင်း အကယ် ဒမီသက်မွန်မြင့် က ပြော သည်။ ”ရုံတင်တော့ အစ်မ တို့နှစ်ယောက် စလုံး သွား ကြည့်ဖြစ်တယ်။ သက်မွန် ယောက်ျားလည်း တအား သဘောကျတယ်။ သက်မွန် ကတော့ ပရိသတ် ဝင်ပါ့မလား စိုးရိမ် မိတယ်”ဟု သက်မွန်မြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် ရထားတွဲ ထုတ်လုပ်သည့် စက်ရုံ ဖွင့်လှစ် နိုင်ရန် စီစဉ်

မြန်မာနိုင်ငံတွင် ရထားတွဲ ထုတ်လုပ်သည့် စက်ရုံဖွင့်လှစ်နိုင်ရန်  စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ရထားတွဲ ထုတ်လုပ်သည့်စက်ရုံကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသောကြောင့် ပြည်ပ မှဝယ်ယူ တင်သွင်း လျက်ရှိကြောင်း သိရသည်။ ၂ဝဝ၉  ခုနှစ်နောက်ပိုင်း  ရထားတွဲဆိုင်းများ ဝယ်ယူမှု ရပ်တန့်နေခဲ့ပြီး ယခုနှစ် အတွင်း  RBE  ရထားတွဲဆိုင်း  ၂ဝ  ကို  တစ်ပြိုင်နက်တည်း ဝယ်ယူခဲ့ကြောင်း  သိရ သည်။ အဆိုပါ တွဲဆိုင်း များကို ဂျပန်နိုင်ငံမှ ဝယ်ယူခဲ့ပြီး  အိန္ဒိယနိုင်ငံမှ ဝယ်ယူရန်   စီစဉ် ထားသော်လည်း မဝယ်ယူရသေးကြောင်း သိရသည်။ ယင်းဂျပန်နိုင်ငံမှ   ဝယ်ယူလိုက်သည့် RBE ရထား တွဲဆိုင်းများမှာ အနည်းဆုံးအနှစ် ၂ဝ ခန့် အသုံးပြုပြီးဖြစ်သော ရထားတွဲဆိုင်းများ ဖြစ်ကြောင်း၊ ရထား တွဲဆိုင်းများကို  မြန်မာနိုင်ငံ၏ ရထားလမ်း များတွင် အသုံးပြုနိုင်ရန် ချိန်ညှိမှု ပြုလုပ်ရဦး မည်ဖြစ်ကြောင်း သိရသည်။

ဖုန်း ငွေဖြည့်ကတ် ထုတ်လုပ်ခွင့်ရ ကုမ္ပဏီ လေးခုမှ ငွေဖြည့် ကတ် များကို တစ်လလျှင် ငွေကျပ် ၂ ဘီလီယံ ဖိုးသာ ရောင်းချ ရမည် ဟုဆို 

မြန်မာနိုင်ငံအတွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းလ်ဖုန်း ကြိုတင်ငွေဖြည့်ကတ်များကို ကုမ္ပဏီလေးခုက  ဇွန်လ ဆန်းတွင် စတင်ရောင်းချရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း Fortune International  ကုမ္ပဏီ မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ထိုသို့  ကြိုတင်ငွေဖြည့်ကတ် ထုတ် လုပ် ရောင်းချခွင့်ကို မြန်မာ့ဆက်သွယ်ရေး အနေဖြင့်  ပြည်တွင်းကုမ္ပဏီ လေးခုဖြစ်သော Fortune International  ကုမ္ပဏီ၊ Ama- ra  Communication   ကုမ္ပဏီ၊ ABC  ကုမ္ပဏီနှင့် မြန်မာပိတောက် ကုမ္ပဏီ များကို လုပ်ကိုင်ခွင့် ပေးထားကြောင်း သိရသည်။
''အခု ငွေဖြည့်ကတ်တွေကို ရိုက်နှိပ်နေပါပြီ။ ဇွန်လဆန်းဆိုရင် စတင် ရောင်းချနိုင်မှာပါ။ သုံးစွဲ သူတွေ နေရာအနှံ့ သုံးစွဲနိုင်အောင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ချိ ရောင်းချပေးမှာပါ။ တစ်လ ကို မြန်မာ ငွေကျပ် ၂ ဘီလီယံဖိုး ရောင်းချသွားမှာပါ''ဟု For-tune International  ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံများတွင် ပညာသွားရောက် သင်ယူသူများ အတွက် လေ ယာဉ် လက်မှတ်ခ လျှော့ချပေး 

ပြည်ပနိုင်ငံများတွင် ပညာသွားရောက် သင်ယူသူများအတွက် အထူးလေယာဉ်လက် မှတ်ဈေးနှုန်းနှင့် Baggage  အထူးကီလို  အပိုသယ်ဆောင်ခွင့်များ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ ဈေးကွက်နှင့် လူမှုဆက်ဆံရေး မန်နေဂျာ  ဒေါ်အေးမရသာ ထံမှ သိရသည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ရန်ကုန်မှ ဗန်ကောက်၊ စင်ကာပူ၊ ကွာလာ လမ်ပူ၊ ကွမ်ကျိုး၊ ဖနွမ်းပင်နှင့် ဂယာမြို့များသို့ ပျံသန်း ပြေးဆွဲလျက်ရှိရာ ပြည်ပသို့ သွားရောက် ဆေးကုသ ခံယူ မည့်သူများ အတွက် WheelChair, Oxygen,Stre-tcher ဝန်ဆောင်မှုများ၊ ပြည်ပတွင်ပညာလေ့လာ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူး လေယာဉ်လက်မှတ် ဈေးနှုန်းနှင့် Baggage   အထူး ကီလိုအပို   သယ်ဆောင်ခွင့်များ၊  ပြည်ပတွင် အလုပ်လုပ်ကိုင်မည့် သူများနှင့် သဘောင်္ သားများ အတွက် အထူး လေယာဉ်လက်မှတ် ဈေးနှုန်းနှင့် ကီလို အပို သယ်ဆောင်ခွင့်များကို  MAI မှ ဆောင် ရွက်  ပေးလျက်ရှိကြောင်း သိရသည်။

မသန်စွမ်းသူ ၃ဝ ဦးကို Call Center ၌ အလုပ် ခန့်အပ်ရန် ဇူလိုင် လဆန်း ပိုင်းတွင် စာချုပ် ချုပ်မည် 

မသန်စွမ်းသူ  ၃ဝ  ဦးကို  Call  Cen-ter ၌ အလုပ်ခန့် အပ်ရန်အတွက်  ဇူလိုင်လ ဆန်းပိုင်းတွင် စာချုပ် ချုပ်ဆို သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ လျှောက်ထားလိုသူများသည် အကြားအာရုံ ချို့ယွင်းသူ၊  အမြင်အာရုံ ချို့ယွင်းသူနှင့်  ကိုယ်အင်္ဂါ ချို့ယွင်းသူများ  လာရောက်လျှောက်ထား နိုင်ကြောင်း သိရသည်။ 1876  Call  Center    ၌  အလုပ် ခန့်အပ်ရန်အတွက်  အလုပ်လျှောက်လွှာများကို  မေ တတိယ ပတ်မှ စတင်လက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။
''အခြေခံလစာ  ၇ဝဝဝဝ  ကစပြီး ရရှိပါမယ်။ လျှောက်ထားသူတွေထဲက အရည်အချင်း ပြည့်မီသူတွေကို ကျွန်တော်တို့ အဖွဲ့က ရွေးချယ်ပြီး Call Center  က ထပ်မံရွေးချယ်မှာပါ'' ဟု မြန်မာနိုင်ငံ မသန်စွမ်းသူ များ ရှေ့ဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်က ပြောကြား ခဲ့သည်။ လျှောက်ထား လိုသော မသန်စွမ်းသူများသည် တက္ကသိုလ်ဝင်တန်း အောင်မြင်ရမည်ဖြစ်ပြီး မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ အလုပ်လျှောက်လွှာများဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့ရုံးသို့ သွားရောက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

 

ကာယဗလမောင်နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ကျင်းပမည် 

မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်က ကြီးမှူး၍ ၂ဝ၁၄ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် ကာယဗလမောင် ပြိုင်ပွဲနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲများကို ရန်ကုန်မြို့ရှိ (MCC)ခန်းမ၌ ဇွန် ၂၈ ရက်တွင် ကျင်းပမည် ဖြစ်သည်။
ကာယဗလမောင် ပြိုင်ပွဲတွင် အငယ်တန်းပြိုင်ပွဲ၊ အလွတ်တန်းပြိုင်ပွဲ၊ အသက် ၅ဝ နှစ်နှင့် အထက်ပြိုင်ပွဲများ ပါဝင်မည် ဖြစ်သည်။
အမျိုးသမီးကာယ ကြံ့ခိုင်မှု ပြိုင်ပွဲတွင် အရပ်အမောင်း (၅ ပေ၊ ၃ လက်မ) အောက် ပြိုင်ပွဲနှင့် (၅ ပေ၊ ၃ လက်မ) အထက်ဟူ၍ ခွဲခြား ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များအား စစ်ဆေးခြင်း လုပ်ငန်းများကို ဇွန် ၂၆ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ လက်ရွေးစင် ကာယ ဗလ လေ့ကျင့်ရေး စခန်း၌ ပြုလုပ်မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် ကာယဗလ မောင်လောင်းများနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု မယ်လောင်းများသည် မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်သန်းနှင့် တွဲဖက် အတွင်းရေးမှူး ဦးဝင်းကြည်တို့ထံ အမည်စာရင်း များ ပေးသွင်းနိုင်ပြီး ပြိုင်ပွဲနှင့် စပ်လျဉ်း၍ မေးမြန်း နိုင်ကြောင်း သတင်း ရရှိသည်။  



 

ဒုံးကျည် ကာကွယ်ရေး စနစ် တပ်ဖြန့် ချထားရန် အမေရိကန်၏ ကမ်းလှမ်းမှုအား တောင်ကိုရီးယား ငြင်းဆို 

အမေရိကန်နိုင်ငံ၏ လော့ဟိဒ်မာတင် ကုမ္ပဏီထုတ် ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်နိုင်စွမ်း ရှိသည့် အမြင့်ပျံဒုံးကျည် ကာကွယ်ရေး(THAAD) စနစ်အား တပ်ဖြန့်ချထားရေး ကမ်းလှမ်းမှု ကို တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ မေ ၂၉ရက်တွင် ငြင်းဆိုခဲ့ကြောင်းနှင့် ပြည်တွင်းထုတ် ဒုံးကျည် ကာကွယ်ရေး စနစ်များကိုသာ  ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန် နိုင်ငံတို့ ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘောတူ လက်မှတ်ရေးထိုး

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘယ်လာရုစ်သမ္မတ Alexander Lukashenko နှင့် ကာဇက်စတန် သမ္မတ Nursultan Nazarbayev တို့သည် မေ၂၉ ရက်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်၊ လက်သမားရပ် အတွင်းပတ္တမြား ပရိယတ္တိစာသင်တိုက်၊ ပဓါန နာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ အရိယ၀ံသ ဆရာတော် ဘုရားကြီး၏ အဘိဓဇဂုဏ ပူဇာနှင့် သက်တော် (၉၀)ပြည့် ၀ိဇာတ အလှူတော်မင်္ဂလာ အခမ်းအနား သို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး တက်ရောက်ကြည်ညို

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လက်သမားရပ်၊ အတွင်းပတ္တမြား ပရိယတ္တိစာသင်တိုက်၊ ပဓါန နာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယ၀ံသ ဆရာတော် ဘုရားကြီး၏ အဘိဓဇဂုဏပူဇာနှင့် သက်တော်(၉၀)ပြည့် ၀ိဇာတ အလှူတော်မင်္ဂလာ အခမ်းအနားကို မေလ(၂၁) ရက်နေ့ နေ့လည်(၂) နာရီအ ချိန်တွင် အဆိုပါ အတွင်းပတ္တမြားပရိယတ္တိစာသင်တိုက်၌ ပြုလုပ် ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တာ် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဟင်္သာတ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ဟင်္သာတအသင်း ဥက္ကဋ္ဌ ဦးမြင့်ငွေ (ဟင်္သာတမြင့်ငွေ)နှင့် အသင်းသူ အသင်းသားများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်သည်။




အခမ်းအနားပထမပိုင်းတွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ အရိယ၀ံသ ဆရာတော် ဘုရာကြီးအား အခမ်းအနား ကျင်းပရာခန်းမ သို့ ကြွရောက်တော်မူပါရန် အဘိဌာစနဋိမန္တန ဂါထာတော်ဖြင့် အတွင်းပတ္တမြား တိုက်အုပ် ဆရာတော် မဟာဂန္တ၀ါစကပဏ္ဏိတ ဘဒ္ဒန္တ၀ိလာကအရှင်သူမြတ်က ပင့်လျောက်၍ ဆရာတော်ဘုရားကြီးအား အခမ်းအနားသို့ ပင့်ဆောင်လာရာ ဂုဏပူဇာတေးသံဃာများဖြင့် သီဆိုဂုဏ်ပြု ပူဇော်ခြင်း၊ ဆရာတော်ကြီး၏ ဂုဏ်ဒြပ် များကို မြစ်ကွေ့တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက ဖတ်ကြားပူဇော်သည်။
အခမ်းအနားဒုတိယပိုင်းကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်း အနားဖွင့်လှစ်ပြီး ထူးမခြားနားဖြင့် ဘုးရားပင့်ပူဇော်ကာ ညောင်တုန်းမြို့၊ ပုဏ္ဏမာ ရာမဈေးကျောင်းတိုက် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သြသဓါဘိဝံသ ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လက်တွေ့စည်းရုံးရေးသင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်း
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်တွေ့ စည်းရုံး ရေးသင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနားကို မေလ(၂၈) ရက်နေ့ နံနက် (၈)နာရီ (၄၅)မိနစ်က မြို့နယ်ပါတီရုံး သင်တန်းခန်းမ ဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးခင်မောင်ထူး၊ ဦးစံကျော်နှင့် ဒေါ်စန်းစန်းဝင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီကော်မတီဝင် ဦးစိုးမင်းသန်းနှင့် ဒေါ်ဇာခြည်လင်း၊ မြို့နယ်သာသနာ့နုဂ္ဂအသင်း ဥက္ကဋ္ဌ၊ မြို့နယ်ပါတီအတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် သင်တန်းသား သင်တန်းသူများ စုစုပေါင်းအင်အား ၁၅၀ တက်ရောက်ကြ သည်။

အိုင်ဗရီကို့စ် အသင်းကို ပရိသတ် ရာပေါင်းများစွာ နှုတ်ဆက်






အိုင်ဗရီကို့စ် ပရိသတ် ရာပေါင်းများစွာဟာ ကမ္ဘာ့ဖလား သွားပြိုင်မယ့် သူတို့ရဲ့အသင်းကို ဗုဒ္ဓဟူးနေ့က အတီးအမှုတ် အကအခုန်တွေနဲ့ နှုတ်ဆက် ခဲ့ကြပါတယ်။ အဲဒီနှုတ်ဆက်ပွဲ အခမ်းအနားကို အိုင်ဗရီကို့စ်နိုင်ငံ အဘစ်ဂျန်မြို့မှာ တရားဝင် ကျင်းပတာ ဖြစ်ပါတယ်။ ဒါပေမယ့် အိုင်ဗရီကို့စ် လက်ရွေးစင် ဘောလုံးသမားတွေကတော့ အဲဒီအခမ်းအနားမှာ ရှိမနေပါဘူး။ ဘောလုံးသမားတွေက သောကြာနေ့မှာ ဘော့စနီးယားနဲ့ ခြေစမ်းပွဲကစားဖို့ အမေရိကန် ပြည်ထောင်စု မစ်ဆူရီမြို့ကို ရောက်နေပါတယ်။ အိုင်ဗရီကို့စ် ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဆိုရီဒီယာဘာတီက အသင်းရဲ့ လိမ္မော်ရောင် ဂျာစီကိုပြသပြီး နှုတ်ဆက်ပွဲ အခမ်းအနားကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီနှစ်အသင်းရဲ့ ရည်မှန်းချက်က အုပ်စုအဆင့်က တက်ဖို့ပါပဲလို့ ဒုတိယဥက္ကဋ္ဌ ဒီယာဘာတီက ပြောပါတယ်။ အိုင်ဗရီကို့စ် အသင်းဟာ ကမ္ဘာ့ဖလားပွဲမှာ အုပ်စု(C) ပြိုင်ဘက်တွေဖြစ်တဲ့ ကိုလံဘီယာ၊ဂရိစ်၊ ဂျပန်တို့နဲ့ ကစားရပါမယ်။

ဆီဆိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အ စည်းဖော် ဆောင်ရေးဆင့်ပွားသင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးစီးဖွင့်လှစ်သည့် ရေရှည်ဖွံ့ဖြိုး တိုးတက်သော လူ့အဖွဲ့ အစည်းဖော်ဆောင်ရေးဆင့်ပွားသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲကို ယခုလ ၂၆ ရက် နံနက် ၁၀ နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ဗဟိုအရန်ကော်မတီဝင်၊ ပြည်နယ်ပါတီကော်မတီဝင်၊ ဒေါ်ဝါ၀ါထွေးက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပါတီကော်မတီဝင် ဦးခွန်သူရအောင်က သင်တန်းသား သင်တန်းသူ များအား နှုတ်ခွန်း ဆက် အမှာစကားပြောကြားသည်။

အီဂျစ်သမ္မတရွေးကောက်ပွဲ စစ်တပ်အကြီးအကဲဟောင်း အယ်လ်စီစီ အပြတ်အသတ်အနိုင်ရ

အီဂျစ်သမ္မတရွေးကောက် ပွဲတွင် စစ်ဘက်ဆိုင်ရာ အကြီး အကဲဟောင်းအယ်လ်စီစီအပြတ် အသတ်အနိုင်ရရှိကြောင်း ယာယီ မဲရေတွက်မှုရလဒ်များက ဖော်ပြ နေသည်။မဲရုံအများစုမှ ရေတွက်ပြီး မဲအရေအတွက်အရ မစ္စတာ အယ်လ်စီစီထောက်ခံမဲ ၉၆ ရာခိုင် နှုန်းကျော် ရရှိထားသည်ဟု အီဂျစ် နိုင်ငံ ပိုင်သတင်းဌာနက ကြေညာ သည်။

တရုတ်လေယာဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကို ဝေဖန်လိုက်သည့် ဂျပန်ဝန်ကြီးချုပ်

ဂျပန်ဝန်ကြီးချုပ် " ရှင်ဇိုအာဘေး " ဟာ ဂျပန်ကာကွယ်ရေး လေတပ်လေယာဉ်နားမှာ အနီးကပ်ပြီး ပျံသန်းခဲ့တဲ့ တရုတ်စစ်တပ်လေယာဉ်ရဲ့လုပ်ရပ်ကို ဝေဖန်ပြောကြားလိုက်တယ်လို့ သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ် " ရှင်ဇိုအာဘေး " ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက တရုတ်-ဂျပန်နှစ်နိုင် ငံ လေကြောင်း ကာကွယ်ရေး ပိုင်နက်ဇုန်အတွင်းမှာ ဂျပန်လေတပ် ကာကွယ်ရေးလေယာဉ်တွေ ကင်းလှည့်ပျံသန်းနေတုန်း တရုတ်စစ်တပ် သုံးဖိုက်တာ ဂျက်လေယာဉ်က ဂျပန်လေယာဉ်နဲ့ မီတာ(၃၀)နဲ့ မီတာ(၅၀)အကွာအဝေး ကပ်ပျံသန်းခဲ့မှုကို ဝေဖန်ပြောကြားထားပါတယ်။


ရေဒီယိုအချက်ပြများ ဖမ်းယူရရှိသည့်နေရာတွင် ပျောက်ဆုံး မလေးရှားလေယာဉ် ပျက်ကျခြင်းမဟုတ်ဟုဆို

လေယာဉ်ပျက်ကသည်ဟု သတ်မှတ်ရည်ညွှန်းထားသည့် ပင်လယ်ကြမ်းပြင် ဧရိယာတစ်ဝိုက် တွင် ပျောက်ဆုံးမလေးရှားလေယာဉ်၏ အပျက်အစီးအစိတ်အပိုင်းများ မရှိဟု သြစတြေးလျအစိုးရ အရာရှိ များက ပြောကြားလိုက်ပြီးနောက် ပျောက်ဆု့းမလေးရှားလေယာဉ် ရှာဖွေရေးလုပ်ငန်းသည် ထပ်မံနှောင့်နှေးသွားခဲ့ရသည်။ မတ် ၈ ရက်က ပေကျင်းမြို့တော်သို့ ကွာလာလမ်ပူမြို့တော်မှ ထွက်ခွာ သွားပြီးများမကြာမီတွင် ရေဒါဖမ်းယူမှုမှ ပျောက်ဆုံးသွားခဲ့သည့် MH 370 လေယာဉ်သည် ခရီး သည်နှင့်လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦးကို တင်ဆောင်သွားခဲ့သည်။
"ရန်ကုန်ပွဲတွေမှာ မဆိုဖြစ်လို့ ပရိသတ်တွေနဲ့ အဆက် အသွယ်ပြတ်နေတယ်လို့ ထင်နေတာပါ" လို့ဆိုတဲ့ အဆိုတော် ပူစူး

ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေသော အဆိုတော် ပူစူးကလတ်တလောအနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ယခုကဲ့သို့ပြောကြားခဲ့သည်။

Thursday, May 29, 2014


ပါတီအောင်နိုင်ရေး ဆွေးနွေးဆောင်ရွက်



ဧရာဝတီတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီ ၀င်များနှင့် ကျေး ရွာ အုပ်စု ၇ အုပ်စုမှ စည်းရုံးရေးမှူးများနှင့် ကျေးရွာ ခွဲခေါင်းဆောင် ပါတီကော် မတီဝင် ၆၆ ဦးတို့သည် မေလ (၂၈) ရက်နေ့ တွင် ဖျာပုံမြို့ ကြံခင်းကျေးရွာ မီးစက်ရုံ၌ တွေ့ဆုံ၍ ၂၀၁၅ အောင်နိုင်ရေးနှင့် Door To Door ကွင်းဆင်း စည်းရုံးရေး ဆောင်ရွက်မှုအား အပြန်အလှန် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။




ကမ္ဘာ့ဖလားမှာ ဘရာဇီး အထိသွားပြီး အင်္ဂလန်ကို အားပေးမယ့် နန်းသူဇာ


ADMA Media က စီစဉ်ရိုက် ကူးထုတ် လွှင့်လျက်ရှိတဲ့ Let’s Go ခရီးသွား ပရိုဂရမ် နဲ့အတူ တေးသံရှင် နန်းသူဇာက ဘရာဇီးနိုင်ငံ ကို ဇွန်လ ဒုတိယ အပတ်မှာ ထွက် ခွာ မှာဖြစ်ပါ တယ်။ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ Bobby Soxer၊ နန်းမြတ် ဖြိုးသင်း တို့နဲ့ အတူ သွားမယ့် ခရီးစဉ် နဲ့ ပတ်သက် ပြီး နန်းသူဇာက “ဟိုမှာ တော့ အင်္ဂလန်ပွဲ လည်း ကြည့်ဖြစ်မယ် ဆိုတော့ အင်္ဂလန်ကို အားပေး မယ်။

MFF Cup ဖူဆယ်ပြိုင်ပွဲဖွင့်လှစ်




Photo: MFF Cup ဖူဆယ်ပြိုင်ပွဲဖွင့်လှစ်

MFF Ooredoo futsal Cup ၂၀၁၄ ပြိုင်ပွဲဖွင့်ပွဲအခမ်း အနားကိုယနေ့နံနက် ၈ နာရီက အမျိုးသား အားကစား ပြိုင်ပွဲရုံ-၁ (သုဝဏ္ဏ) ၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အမှာစကား ပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်သည်။

ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် မြန်မာ့လက်ရွေးစင်ဟောင်းအသင်းနှင့် ရုပ်ရှင်သရုပ်ဆောင် အသင်းတို့ သရုပ်ပြပွဲကစားရာ မြန်မာ့ လက်ရွေးစင်ဟောင်းအသင်းက ၁၁ ဂိုး-၄ ဂိုးဖြင့် အနိုင်ရရှိသွားသည်။ မြန်မာ လက်ရွေးစင်အသင်းတွင် ပရိသတ်အချစ်တော် ကစားသမားများဖြစ်သည့် မျိုးလှိုင်ဝင်း၊ ကြည်လွင်၊ အောင်ကျော်မိုး၊ ထွန်းထွန်းဝင်း၊ မျိုးမင်းထွန်း စသည့် ကစားသမားများ ပါဝင်ကစားခဲ့ပြီး ရုပ်ရှင် သရုပ်ဆောင်အသင်းတွင် ဇာနည်၊ သူထူးစံ၊ ကျော်ကျော်ဗို စသည့် ကစားသမားများ ပါဝင်ခဲ့သည်။

ပထမနေ့ပွဲစဉ်များတွင် MIC အသင်းက (ဇ) မြောက်အသင်းကို ၁၀ဂိုး-ဂိုးမရှိ၊ တောင်ဒဂုံအသင်းက ထိပ်တန်းအသင်းကို ၁၁ ဂိုး - ၂ ဂိုး၊ လင်းစဒေါင်းအသင်းက ဇွဲကပင်အသင်းကို ငါးဂိုး-လေးဂိုးတို့ဖြင့် အနိုင် ရရှိပြီး လှိုင်အသင်းနှင့်ကျောက်စိမ်း လူငယ်အသင်းတို့ သုံးဂိုးစီသရေ၊ ရတနာသိင်္ဃအသင်းနှင့် Hit-Man အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။

ပြိုင်ပွဲတွင် အသင်းပေါင်း ၄၂ သင်း ဝင်ရောက် ယှဉ်ပြိုင်နေပြီး နေ့စဉ် ကျင်းပသွားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုညွန့်


MFF Ooredoo futsal Cup ၂၀၁၄ ပြိုင်ပွဲဖွင့်ပွဲအခမ်း အနားကိုယနေ့နံနက် ၈ နာရီက အမျိုးသား အားကစား ပြိုင်ပွဲရုံ-၁  (သုဝဏ္ဏ) ၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အမှာစကား ပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်သည်။

ဂျာမနီအသင်းရဲ့ ဒဏ်ရာပြဿနာ စိုးရိမ်စရာ မရှိဘူးလို့ ဂျိုအာချင်လို ပြော






ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုက ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင် သူ့အသင်းမှာ ဒဏ်ရာရ ကစားသမား များနေတာကို စိုးရိမ်စရာ မလိုဘူးလို့ တနင်္လာနေ့က အီတလီနိုင်ငံ၊ စိန့်လီယိုနတ်မြို့မှာ ပြောပါတယ်။ ဂျာမနီအသင်းမှာ အသင်းခေါင်းဆောင် ဖီးလစ်လမ်းနဲ့အတူ ဂိုးသမား နော်ယာတို့ ဒဏ်ရာရနေပါတယ်။ ဒါ့အပြင် ရှဝိန်းစတိုင်ဂါနဲ့ ရှမယ်ဇာတို့လည်း ကြံ့ခိုင်မှု မပြည့်သေးလို့ အသင်းနဲ့အတူ ရာနှုန်းပြည့် ပါဝင် မလေ့ကျင့် နိုင်သေးပါဘူး။ ဒါပေမဲ့ ဂျိုအာချင်လိုက ’’ဒဏ်ရာစာရင်းကို မြင်လိုက်တာနဲ့ ဒီမှာကျွန်တော်တို့ ဆေးရုံတက်နေတာလားလို့ ထင်စရာ ရှိပါတယ်။ ဒါကပြဿနာ မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ လုပ်အားနှုန်းက အရမ်းကောင်းပါတယ်။ လက်ရှိအခြေအနေကို ကျွန်တော့်ဘက်က ကျေနပ်ပြီးသားပါ’’လို့ ပြောပါတယ်။ ဂျာမနီ အသင်းခေါင်းဆောင် ဖီးလစ်လမ်းဟာ ရက်ပိုင်းအတွင်း လေ့ကျင့်ခန်း ဆင်းနိုင်မယ်လို့ မျှော်လင့်ရပြီး ပုခုံးဒဏ်ရာ ရထားတဲ့ ဂိုးသမား နော်ယာလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲအမီ ကြံ့ခိုင်မှု ပြည့်မယ်လို့ သိရပါတယ်။

ယူအီးအက်ဖ်အေနဲ့ ယူရိုပေါ်တို့ သဘောတူစာချုပ် လက်မှတ် ရေးထိုး






UEFAဥရောပ ဘောလုံးအဖွဲ့ချုပ်နဲ့ Europolခေါ် ဥရောပသမဂ္ဂ ရဲတပ်ဖွဲ့တို့ဟာ သဘောတူစာချုပ် တစ်ရပ်ကို အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ လက်မှတ် ရေးထိုးကြပါတယ်။ ဥရောပ ဘောလုံးလောကမှာ လုပ်ပွဲဖန်တီးတာတွေကို ဆက်လက် တိုက်ဖျက်ဖို့အတွက်အဖွဲ့အစည်း(၂)ရပ် ပူးပေါင်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ သဘောတူစာချုပ်ကို ယူအီးအက်ဖ်အေဥက္ကဋ္ဌ မီချယ်ပလာတီနီနဲ့ ယူရိုပေါ်ဒါရိုက်တာ ရော့ဝိန်းရိုက်တို့က လက်မှတ်ရေးထိုး ကြပါတယ်။ ဒီလိုအဖွဲ့အစည်း(၂)ရပ် ပူးပေါင်း လုပ်ဆောင်ရင် လုပ်ပွဲတိုက်ဖျက်ရေးမှာ ပိုမိုအောင်မြင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီက "ဒီလိုပူးပေါင်း ဆောင်ရွက်မှုက တကယ် လိုအပ်ပါတယ်။ ကျွန်တော်တို့ ဥရောပ အဖွဲ့ချုပ်ဝင် ၅၄နိုင်ငံ လက်လှမ်းမမီနိုင်တဲ့ အလုပ်တွေကို ဥရောပရဲအဖွဲ့က ဆောင်ရွက်ပေးမှာပါ။ ကျွန်တော်တို့က အကြံဥာဏ်တွေ ပေးမယ့်အပြင် သတင်းတွေလည်း ပေးမှာပါ"လို့ ရှင်းပြပါတယ်။ ယူရိုပေါ် အဖွဲ့ဒါရိုက်တာ ၀ိန်းရိုက်ကလည်း "ယူအီးအက်ဖ်အေလို အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့်အတွက် ကျွန်တော်က သဘောကျပါတယ်။ ဘောလုံးပွဲတွေက မှုခင်းတွေကို ကျွန်တော်တို့ ဖြေရှင်း ပေးနိုင်မှာပါ"လို့ ပြောပါတယ်။

အင်္ဂလန်အတွက် လီဗာပူး ကစားသမားတွေ အရန်သင့် ဖြစ်






လီဗာပူး ကွင်းလယ်လူ ဟန်ဒါဆင်က ပရီးမီးယားလိဂ် ဖလားကို သူတို့ကပ်လွဲခဲ့တာကြောင အင်္ဂလန် လက်ရွေးစင် အသင်းမှာ လီဗာပူးကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ အင်္ဂါနေ့က၊ လန်ဒန်မြို့၊ စိန့်ဂျော့ပါ့ခ် လေ့ကျင့်ရေး စင်တာမှာ ပြောပါတယ်။ ဒါ့အပြင် သူအပါအ၀င် အင်္ဂလန် လက်ရွေးစင် အသင်းက လီဗာပူးကစားသမားတွေဖြစ်တဲ့ ဂျရတ်၊ ဂလင်းဂျွန်ဆင်၊ စတာရစ်ခ်ျနဲ့ စတာလင်းတို့ အားလုံးဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်း ရလဒ်ကို အပြုသဘောဆောင်တဲ့ အမြင်နဲ့ လက်ခံထားတယ်လို့ ဆိုပါတယ်။ သူက ’’ရာသီအကုန်မှာ ချန်ပီယံဆုနဲ့ လွဲရတော့ ကျွန်တော်တို့ အားလုံး တော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ကြိုးစားခဲ့တဲ့ ရလဒ်ကိုလည်း ကျေနပ်လက်ခံ ထားကြပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းမှာ ရွေးခံထားရတဲ့ လီဗာပူးကစားသမား အားလုံးဟာ ယုံကြည်မှု အပြည့်နဲ့ ကမ္ဘာ့ဖလားပွဲကို သွားရောက် ယှဉ်ပြိုင်နိုင်မှာပါ’’လို့ ပြောပါတယ်။

အင်္ဂလန်နဲ့ပွဲ ပါဝင်နိုင်မယ်လို့ ဆွာရက်ဇ် မက်ဆေ့ပို့






ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က အင်္ဂလန်နဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ သူပါဝင်ကစားနိုင်မယ်ဆိုတဲ့ အကြောင်းကို အင်္ဂလန်အသင်းမှ သူ့လီဗာပူး ကစားဖော်တွေဆီ ဖုန်းမက်ဆေ့ ပို့ခဲ့ပါတယ်။ အင်္ဂလန်အသင်းမှာ လီဗာပူးကစားသမား (၅)ဦးပါဝင်နေပြီး သူတို့တွေ အားလုံးကလည်း ကမ္ဘာ့ဖလားပွဲချိန်မီ ဆွာရက်ဇ် ဒဏ်ရာသက်သာဖို့ မျှော်လင့်နေကြပါတယ်။ ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းမှာ ခြေစွမ်းပြပြီး ပရီးမီးယားလိဂ်နဲ့ ဥရောပ ရွှေဖိနပ်ဆုတွေကို ရရှိခဲ့ပါတယ်။ သူ့ဒဏ်ရာကို ခွဲစိပ်ကုသပေးခဲ့တဲ့ ဒေါက်တာ ဖရန်ဆက်ကိုလီက ကမ္ဘာ့ဖလားပွဲကို ဆွာရက်ဇ်ပါဝင်ခွင့် ရမယ်လို့ အာမခံထားပေမယ့် ဘယ်ပွဲမှာ ပါဝင်ကစားခွင့် ရနိုင်တယ်ဆိုတာကိုတော့ မပြောပါဘူး။ ဒါပေမယ့် ကာယကံရှင် ကစားသမားကတော့ ဆော်ပေါ်လိုမြို့မှာ ကစားမယ့် အင်္ဂလန်နဲ့ အုပ်စုဒုတိယပွဲစဉ်ကို ပါဝင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ကိုယ်တိုင်ရေးသီချင်းတွေကို ချပြမယ့် ဂီတစာဆို လွှမ်းပိုင်

ဂီတစာဆို လွှမ်းပိုင်ဟု အမည်ပေးထားသည့်အတိုင်း ကိုယ်တိုင်ရေးသီချင်းများသာ ပရိသတ်အတွက် စီစဉ်ထား ကြောင်း လွှမ်းပိုင်က ပြောသည်။ ‘‘ကိုယ်တိုင်ရေးထားတဲ့ သီချင်းစုစုပေါင်း ၁၆ ပုဒ်ပါမယ်’’ ဟု လွှမ်းပိုင်က ပြောသည်။

တော့တင်ဟမ် နည်းပြသစ် ပိုချက်တီနို ဖြစ်လာ






ဆောက်သမ်တန် အသင်းနည်းပြ ပိုချက်တီနိုဟာ အင်္ဂါနေ့က တော့တင်ဟမ် အသင်းနည်းပြ တာဝန်ကို လွဲပြောင်း ယူလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလက ဆောက်သမ်တန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုကို တော့တင်ဟမ်အသင်းက (၅)နှစ်စာချုပ်ချုပ်နဲ့ ခေါ်ယူခဲ့တာပါ။ ပိုချက်တီနိုနဲ့အတူ ဆောက်သမ်တန်မှာ အတူလက်တွဲခဲ့တဲ့ နည်းပြအဖွဲ့ဝင်တွေ အားလုံးလည်း တော့တင်ဟမ်အသင်းကို ပြောင်းလာပါတယ်။ နောက်ဆုံး (၁၃)နှစ်အတွင်း ဒီလို၊ တော့တင်ဟမ်အသင်းနည်းပြ အပြောင်းအလဲလုပ်တာ (၁၀)ဦးအထိ ရှိလာပါပြီ။ တော့တင်ဟမ် အသင်းဥက္ကဌ ဒန်နီရယ်လီဗိုင်းက ’’အရည်အချင်း ပြည့်ဝပြီး တိုက်စစ်အသားပေးတဲ့ ကစားဟန်နဲ့ အသင်းကို တည်ဆောက်နိုင်တဲ့ နည်းပြကောင်း တစ်ယောက်ကို ပိုင်ဆိုင်ခွင့် ရပြီလို့ ယုံကြည်ပါတယ်။ ကစားသမား တစ်ဦးချင်းစီကိုရော အသင်းလိုက်ပါ ဘယ်လောက် တိုးတက်အောင် နည်းပြနိုင်တယ် ဆိုတာကို သူသက်သေ ပြခဲ့ပြီးပါပြီ’’လို့ ပြောပါတယ်။ ပိုချက်တီနိုဟာ ဆောက်သမ်တန်အသင်း မတိုင်ခင် အက်စပန်ညိုအသင်းကို ကိုင်တွယ် နည်းပြခဲ့ပါသေးတယ်။ တော့တင်ဟမ်အသင်း သမိုင်းမှာတော့ ဒုတိယမြောက် အာဂျင်တီးနားနိုင်ငံသား နည်းပြဖြစ်လာပါတယ်။

နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ Popularity ဆုရခဲ့တဲ့ မေမြတ်နိုး

ကိုရီးယားနိုင်ငံတွင် ပြု လုပ်လျက်ရှိသော နိုင်ငံတကာအ လှမယ်ပြိုင်ပွဲ‘Miss Asia Pacific  World 2014’၏ Talent Show ၌ Popularity ဆုကို မြန်မာနိုင်ငံ  ကိုယ်စားပြုအလှမယ် မေမြတ်နိုးက ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မက္ကဆီကို အသင်းကို သမ္မတ အင်းရစ်ပီနာနီတို အမှာစကား ပြော






သမ္မတ အင်းရစ်ပီနာနီတိုက မက္ကဆီကိုအသင်းကို ဘရာဇီးလ် ကမ္ဘာ့ဖလားပွဲမှာ ထူးချွန်ပြောင်မြောက်စွာ ခြေစွမ်းပြကြဖို့ အင်္ဂါနေ့က မှာကြားလိုက်ပါတယ်။ မက္ကဆီကိုစီးတီးမှာ လုပ်တဲ့ အသင်းနှုတ်ဆက်ပွဲမှာ သမ္မတက မှာကြားတာ ဖြစ်ပါတယ်။ မက္ကဆီကိုအသင်းဟာ ဒီနှစ်ကမ္ဘာ့ဖလားပွဲကို (၁၅)ကြိမ်မြောက်အဖြစ် ပါဝင်ယှဉ်ပြိုင်မှာပါ။ ဒီနှစ်အသင်းကို လီယွန်နောက်တန်းလူ ရာဖေးမာကွစ်က ကက်ပတိန်အနေနဲ့ ဦးဆောင်ပါမယ်။ မာကွစ်ဟာ သူ့အသက်(၂၃)နှစ်အရွယ် (၂၀၀၂)ပြိုင်ပွဲမှာ ကမ္ဘာ့ဖလားပွဲကို ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး ဒီနှစ်မှာ ကမ္ဘာ့ဖလား (၄)ကြိမ်ဆက် ပါဝင်ကစားမှာ ဖြစ်ပါတယ်။ မက္ကဆီကိုအသင်းမှာ မန်ယူကစားသမား ဟာနန်ဒက်နဲ့ ဗီလာရီယယ် ကစားသမား ဂျီအိုဗန်နီဒို့စ်ဆန်းတို့လို ဥရောပအခြေစိုက် ရှေ့တန်းလူတွေ ပါဝင်ပါတယ်။ မက္ကဆီကိုနည်းပြ မီဂွယ်ဟာရီရာကတော့ "ကွာတားဖိုင်နယ်ဟာ ကျွန်တော်တို့ရဲ့ အနိမ့်ဆုံး ရည်မှန်းချက်ပါ"လို့ ပြောပါတယ်။ မက္ကဆီကိုအသင်းဟာ အုပ်စု(A)မှာ အိမ်ရှင်ဘရာဇီးလ်၊ ကင်မရွန်း၊ ခရိုအေးရှားတို့နဲ့ ကစားရပါမယ်။ အကြိုကာလမှာ ခြေစမ်းပွဲ (၃)ပွဲကို အမေရိကန်မှာ ကစားပါမယ်။ မေ(၃၁)ရက်မှာ အီကွေဒေါ၊ ဇွန်(၃)ရက်မှာ ဘော့စနီးယား၊ ဇွန်(၆)ရက်မှာ ပေါ်တူဂီတို့နဲ့ ကစားမှာ ဖြစ်ပါတယ်။

အွန်လိုင်း စနစ်သုံး အခွန် စည်းကြပ်မှုများ အသုံးပြုနိုင်ရန် ရေး ဆွဲမည် 

ယခုဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံတကာနည်းတူ အွန်လိုင်းစနစ်သုံး အခွန်စည်းကြပ်မှုများ လုပ်ဆောင်နိုင် ရန် ရေးဆွဲသွားမည် ဖြစ်ကြောင်း   ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ၏   ပြောကြားချက် အရ သိရသည်။
အဆိုပါ အွန်လိုင်းစနစ် အသုံးပြုနိုင်ရန် အတွက် Revenue Software ရေးဆွဲလျက် ရှိနေပြီး  ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် အတွက်    အသုံးစရိတ် ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
 ယင်းအခွန်စနစ်သည်   အခွန်ရုံးမှ စည်းကြပ်သည့် စနစ်ဖြစ်ပြီး ယင်းမှတစ်ဆင့် အခွန်ထမ်း ကိုယ်တိုင် စည်းကြပ် သည့် စနစ်ကိုပါ လုပ်ဆောင်လျက် ရှိနေကြောင်း၊ Revenue Software ရေးဆွဲ ရာ၌ နိုင်ငံ တကာ တွင် အသုံးပြုသည့် ပုံစံအတိုင်း ဖြစ်ရန် တင်ဒါခေါ်ယူမှု များ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ယာဉ်ကြော အကျပ်ဆုံး ၇၉ နေရာတွင် စည်းကမ်းမဲ့ ယာဉ်များကို ဖမ်းဆီးမည့် အဖွဲ့ဖွဲ့စည်း၍ အရေးယူမည် 

ရန်ကုန်မြို့၌ ယာဉ်ကြော အကျပ်ဆုံး ၇၉ နေရာတွင် ဖမ်းဆီးရေး အဖွဲ့များဖွဲ့၍ စည်းကမ်းမဲ့ ယာဉ်များကို အရေးယူတော့မည် ဖြစ်ကြောင်း သိရသည်။
''အဲဒီ ၇၉ နေရာကို သေချာကွင်းဆင်း လေ့လာပြီး ယာဉ်ကြောကျပ်တဲ့ နေရာတွေအဖြစ် သတ်မှတ် ထား တာပါ။ အဲဒီနေရာတွေမှာ မကြာမီ အဖွဲ့ကြီး ကိုးဖွဲ့၊ အဖွဲ့ငယ် ၁၈ ဖွဲ့ဖွဲ့ပြီး တစ်ဖွဲ့ကို ၁ဝ ဦးစီ နေ့ ညစောင့်ကြည့် အရေးယူသွားမှာ ဖြစ်ပါတယ်။ တစ်ဖွဲ့ချင်း စီမှာလည်း ဒုတိယရဲအုပ် တစ်ဦးစီ ပါဝင် မှာ ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့ အခါမှာလည်း မြို့နယ် သုံးမြို့နယ်ကို ဖမ်းဆီးရေး အဖွဲ့နှစ် ဖွဲ့နဲ့ ဆောင် ရွက်သွား မှာ ဖြစ်ပါတယ်'' ဟု အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ ဖမ်းဆီးရေး အဖွဲ့တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် အဖွဲ့ဝင်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်သော နေရာများမှာ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ အောင်မင်္ဂလာ၊ ခရေပင် လမ်းဆုံ၊ ထောက်ကြန့် လမ်းဆုံ၊ တာမွေအဝိုင်း၊ မြောက်ဥက္ကလာပ အဝိုင်း၊ ချော်တွင်း ကုန်း၊ ခြောက်ကွေ့၊ ထန်းခြောက်ပင်၊ သမိုင်းလမ်းဆုံ၊ အင်းစိန်ဈေးရှေ့၊ ကမ္ဘာ အေးဘုရားလမ်း၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ ရန်ကင်း၊ ဗဟန်း၊ ဘုရင့်နောင် တံတား၊ စံပြဈေး၊ ဦးဝိစာရ အဝိုင်း၊ မြေနီကုန်း အစရှိ သည့် နေရာများတွင် စောင့်ကြည့် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့သီးနှံအာမခံစနစ်တွင် ဂျပန်ကုမ္ပဏီသုံးခု ၀င်ရောက်လုပ် ကိုင်မည်

ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် မိုးစပါး စိုက်ဧက ငါးသိန်းခန့် ပျက်စီးခဲ့သည့် မြန်မာ့ လယ်ယာကဏ္ဍတွင် ပထမဆုံးအကြိမ်အဖြစ် သီးနှံအာမခံစနစ်လုပ်ငန်း၌ ဂျပန်နိုင်ငံ၏ အကြီးဆုံး အထွေထွေအာမခံကုမ္ပဏီ သုံးခုက ၀င်ရောက်လုပ်ကိုင်ရန်ပြင်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဒေါက် တာမောင်မောင်သိမ်းက ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင် က အာမခံဈေးနှုန်း များသည် တောင်သူများ လက်လှမ်းမီသည့်ဈေးနှုန်းများဖြစ်ရန် လိုအပ်မည်ဖြစ်ပြီး ယင်းအာမခံ စနစ် သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည့်အတွက် တောင်သူများက စိတ်ဝင်စားကြမည်ဟုလည်း ဆိုသည်။
၎င်းက “တောင်သူတွေက မပေးနိုင်ရင်လည်း အကျိုးပြုကုမ္ပဏီတွေက စိုက်ပြီး အာမခံသွင်းပေးကြမယ်။ ဒီနှစ်ထဲမှာ ဖြစ်လာနိုင်မယ် မျှော်လင့်ရတာပဲ” ဟု မှတ်ချက် ပြုသည်။
သီးနှံအာမခံစနစ် အမျိုးအစားကို မရိတ်သိမ်းရသေးသည့် စိုက်ပျိုးထားသည့် စပါးစသည့်ပင်ထောင် သီးနှံများကို ကာကွယ်သည့်စနစ်နှင့် ရိတ်သိမ်းပြီး စပါး၊ ဆန် စသည့်များကို ရန်သူမျိုးငါးပါးအန္တရာယ်မှ ကာကွယ် သည့်စနစ်ဟု ခွဲခြားထားသည်။

မြန်မာနိုင်ငံ အတွင်းရှိ မြစ်ချောင်း များတွင် အလို အလျောက် မြစ်ရေ တိုင်းတာမည့် စနစ် နေရာ ၆ဝ တွင် တပ်ဆင်မည်

မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းများတွင် မြစ်ရေကြီးမှု အန္တရာယ်များကို ကြိုတင်ကာကွယ်မှုနှင့် သတိပေးချက်များ ထုတ်ပြန်နိုင်ရန် အလိုအလျောက် မြစ်ရေတိုင်းတာမည့် စနစ်ကို နေရာ ၆ဝ တွင် တပ်ဆင်သွားမည် ဖြစ်ကြောင်း  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ အလိုအလျောက် မြစ်ရေတိုင်းတာမည့် စနစ် သည် လေတိုက်နှုန်း၊ မိုးရေချိန်၊ လေထုအတွင်းရှိသည့်  စိုထိုင်းစများ၊  မြစ်ချောင်းရေ  မြင့်တက်မှု များကို ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက် တစ်ခုခုဖြင့် ချိတ်ဆက်၍ မည်သည့် နေရာတွင်မဆို  စောင့် ကြည့်နိုင်ကြောင်း၊ မြစ်ချောင်းများတွင် ကနဦး စိုးရိမ်ရေအမှတ် ၃ ပေ အောက် ရောက်ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အချိန်နှင့်တစ်ပြေးညီ အလိုအလျောက် မက်ဆေ့ခ်ျ များ ပေးပို့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ပေးအပ်ပွဲနှင့် လူငယ်ဆွေးနွေးပွဲ


မေလ (၂၇) ရက် နံနက် (၈)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံး ခန်းမတွင် ပြုလုပ်သော ဟင်္သာတမြို့ နယ်၊ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးလူငယ်များ တာဝန်ပေးအပ်ပွဲနှင့် လူငယ် ဆွေးနွေးပွဲ အခမ်းအနား ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသိမ်းစိုးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ် အတွင်းရေးမှူး ဦးညွန့်ဦး နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးလူငယ် ကိုယ်စားလှယ် (၂၄၈)ဦးတို့ တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး သည် မေလ(၂၁) ရက်နေ့ နံနက်(၈) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဟင်္သာတခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးဌာန ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဟင်္သာတမြို့နယ်၊ အင်းကြီးကျေးရွာအုပ်စု၊ တောင်စုကျေးရွာ၊ သီရိဇေယျာ မိုးကောင်းကျောင်းတိုက်သို့ ရောက် ရှိပြီး၊ အောင်သိဒ္ဓိ ဆုတောင်းပြည့်စေတီ အား ဖူးမြော်ကြည်ညိုသည်။



လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဖို့ သဘာတူညီခဲ့ကြသည့် ဥရောပ သမဂ္ဂ ခေါင်းဆောင်များ

ဥရောပသမဂ္ဂ(အီးယူ)က ခေါင်းဆောင်တွေဟာ အီးယူရဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသတ်ဖို့ သဘောတူပြီးဖြစ်တယ်လို့ သိရပါတယ်။အီးယူဥက္ကဋ္ဌ  Herman Van Rompuy     " ဟာမန်ဗန်ရွမ်ပေး " က ဘရပ်ဆဲမြို့မှာ ကျင်းပခဲ့တဲ့ ထိပ်သီး အစည်း အဝေးပွဲအတွင်း ဥရောပ သမဂ္ဂအဖွဲ့ဝင်(၂၈)နိုင်ငံ ခေါင်းဆောင်တွေဟာ အီးယူရဲ့ မူဝါဒလုပ်ငန်း စဉ်တွေကို ပြန်လည် သုံးသပ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ပြောကြားထားပါတယ်။
အပျိုကြီးတော့ဘယ်သူမှမဖြစ်ချင်ဘူးလို့ဆိုလိုက်တဲ့ ခင်လေးနွယ်


လီဆူးတိုင်းရင်းသားသူလေး ခင်လေးနွယ်ကတော့ ခုနောက်ပိုင်း ဇာတ်ကားမရိုက်ဖြစ်တော့တာနဲ့ ပတ်သက်ပြီး သူမရဲ့အသက်အရွယ်အရကြောင့်ရော နောက်တစ်ခြားစီးပွားရေးလည်း လုပ်ချင်တဲ့အတွက် မရိုက်ဖြစ်တော့တာလို့ ဆိုပါတယ်။ သူမဟာ ခုလတ်တလော နယ်ရှိုးတွေမှာ သီချင်းတွေ ဆိုဖြစ်နေတယ်လို့ သိရတဲ့အပြင် တစ်ကိုယ်တော်အခွေအတွက်လည်း သီချင်းတွေသွင်းနေပါပြီတဲ့။

ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင် ရေးဆင့်ပွားသင်တန်းဖွင့်


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူးဖွင့်လှစ်သော ရေရှည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းဖော်ဆောင်ရေးဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယခုလ (၂၆) ရက်နံ နက် (၉) နာရီ က ရမည်းသင်းခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးစုဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့ လွှတ် တော်ကိုယ် စားလှယ် ဦးဘိုနီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း(ရမည်းသင်း)နှင့် ဦးတင်းစိုး (ပျော်ဘွယ်)၊ ခရိုင် မြို့နယ်များမှ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များတက်ရောက်ကြသည်။ အစီ အစဉ်အရ အခမ်းအနားဖွင့်လှစ်ပြီး နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုနီက အဖွင့် အမှာ စကားပြောကြားရာတွင် ယနေ့ပါတီကဖွင့်လှစ်သော သင်တန်းသည် အရည် အချင်းမြှင့် တင်ခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အချင်းနှင့် အရည် အသွေးပိုမိုထက်မြက်စေရန်နှင့် ပြည်သူ့လူထုအားကိုးသော ပါတီ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြား သည်။ ယခုဖွင့်လှစ်သော သင်တန်းတွင် သင်တန်းနည်းပြခုနှစ်ဦးက သင်ကြားပို့ချမည်ဖြစ်ပြီး ခရိုင်မြို့နယ်တို့မှ အတွင်းရေးမှူးနှင့် ကော်မတီဝင် (၃၁) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ယခုလ (၂၆) ရက်မှ (၃၀) ရက်အထိ ဖြစ်သည်။
ဆွဲဆောင်မှု ရှိသော မိန်းကလေး အဖြစ် ယူဆခံရသည်ကို မနှစ်သက် ဟု စကားလက်ဂျိုဟန်ဆန် ပြောကြား

ဟာလီးဝုဒ် မင်းသမီးချော စကားလက်ဂျိုဟန်ဆန်သည် ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ဦး အဖြစ် ယူဆ ခံရခြင်းကို နှစ်သက်မှု မရှိကြောင်း အသက်အရွယ် ရလာခြင်းကို လက်ခံ ယုံကြည်နိုင်ရန် စဉ်းစား ထားကြောင်း ပြောကြား ခဲ့သည်ဟု Contactmusic သတင်းဌာနက ဖော်ပြခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်နှင့် ဗြိတိသျှ အတွင်းဝန် တွေ့ဆုံ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်နှင့် ဗြိတိသျှနိုင်ငံ ပထမ အတွင်းဝန် Mr.Wayne ives တို့သည် ယနေ့ မေလ (၂၉) ရက်နေ့ (၁၁း၃၀) အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမဆောင်တွင် တွေ့ဆုံကြရာ နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရင်းနှီးရေးနှင့် မိမိတို့ပါတီမှ ပါတီလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး ကြပါ သည်။


ကမ္ဘာ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရန်ပုံငွေ အတွက် အမေရိကန် က ဒေါ်လာ ၅ ဘီလီယံ မတည်မည်

ကမ္ဘာပေါ်ရှိ အစွန်းရောက် အဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက် နေရသော နိုင်ငံများအတွက် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး ရန်ပုံငွေ ထူထောင်ရန် အမေရိကန် နိုင်ငံက အမေရိကန်ဒေါ်လာ ၅ ဘီလီယံ(ယူရို ၃ ဘီလီယံ) မတည် ပေးသွား မည်ဖြစ်ကြောင်းသမ္မတ အိုဘားမားက ထုတ်ပြန်ကြေညာ ခဲ့သည်။


နှစ်ပေါင်း ၇ဝဝဝ သက်တမ်းရှိ မံမီရုပ်တစ်ခု ချီလီ ကျောင်းသားများ ရှာဖွေတွေ့ရှိ

ချီလီနိုင်ငံ မြောက်ပိုင်းတွင် နှစ်ပေါင်း ၇ဝဝဝ သက်တမ်းရှိ မံမီရုပ် တစ်ခုကို ကျောင်းသားအုပ်စု တစ်စုက ရှာဖွေတွေ့ရှိ ခဲ့သည်ဟု ဒေသတွင်း မီဒီယာများက မေ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။


ရုရှား နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ ကြွေးမြီ ပေးချေမှုကို စတင်ရန် ယူကရိန်း သဘောတူညီ

ယူကရိန်းနှင့် ရုရှားနှစ်နိုင်ငံ ကြားတွင် ဖြစ်ပေါ်နေသော သဘာဝ ဓာတ်ငွေ့ ထောက်ပံ့မှု ဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းချက် တစ်ရပ်အနေဖြင့် ယူကရိန်း နိုင်ငံသည် သဘာဝ ဓာတ်ငွေ့နှင့် ပတ်သက်၍ ရုရှားနိုင်ငံ ပေါ်တွင် ၎င်းတို့ တင်ရှိနေသည့် ကြွေးမြီများကို ယခု သီတင်းပတ်မှ စ၍ ပေးချေ သွားရန် သဘော တူညီခဲ့ကြောင်း ဥရောပသမဂ္ဂ စွမ်းအင်ဆိုင်ရာ မဟာမင်းကြီး ဂုအန်သာ အက်တင်ဂါ က မေ ၂၆ ရက်တွင် ပြောကြားသည်။


ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းစဉ် တွင် ဗီယက်နမ် ပူးပေါင်း ပါဝင် ဆောင်ရွက်

ဗီယက်နမ်နိုင်ငံသည် မေ ၂၇ ရက်က ဟနွိုင်းမြို့၌ ဗီယက်နမ်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးစင်တာ (VPC) ဖွင့်လှစ်ခဲ့ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် တရားဝင်ပူးပေါင်း ပါဝင်ဆောင်ရွက် မှု ပြုလုပ် မည် ဖြစ်ကြောင်းထုတ်ပြန် ပြောကြားခဲ့သည်ဟု သိရသည်။


ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ဖို့ ကျမ်းကျိန်လိုက်ပြီဖြစ်တဲ့ " နရန်ဒါမော်ဒီ "

ဘရာတီယာဂျနာတာ ပါတီဝင်ဖြစ်တဲ့"နရန်ဒါမော်ဒီ"ဟာအိန်္ဒိယနိုင်ငံမှာကျင်းပခဲ့တဲ့အထွေ ထွေရွေးကောက် ပွဲမှာ အနိုင်ရရှိပြီး ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်ဖို့ကျမ်းကျိန်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

မိခင်နေရာရောက်လာမှ မိခင်မေတ္တာကို ပိုမိုနားလည်လာပြီ ဆိုတဲ့ ချမ်းချမ်း


မကြာသေးမီ အချိန်ကမှ ''မြမိုးဂင်္ဂါ'' ဆိုတဲ့ သမီးဦး ရတနာလေးကို ပိုင်ဆိုင် ခဲ့ရတဲ့ အဆိုတော် ချမ်းချမ်းက မိခင်နေရာ ရောက်လာမှ မိခင်မေတ္တာကို ပိုမို နားလည် လာခဲ့ကြောင်း ပြောပြ ခဲ့ပါတယ်။

ရန်ကုန် မြို့ပတ် ရထားလမ်း တစ်လျှောက်ရှိ ဘူတာ ဂိတ်ပေါင်း ၂၅ ခုကို လာမည့် နှစ်တွင် အဆင့် မြှင့်တင် နိုင်ရန် မျှော်မှန်း 

ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက်ရှိ ဘူတာဂိတ်ပေါင်း ၂၅ ခုကို လာမည့် ဘဏ္ဍာရေးနှစ်အတွင်း အဆင့်မြှင့်တင် နိုင်ရန် မျှော်မှန်းထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

Wednesday, May 28, 2014

ကျူပီအာ အသင်းကို ဖာဒီနန် ပြောင်းကစားဖို့ စဉ်းစား

မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ အင်္ဂလန်ဝါရင့် နောက်ခံလူ ရီယိုဖာဒီနန်ဟာ ပရီးမီးယားလိဂ် တန်းတက် ကျူပီအာအသင်းကို ပြောင်းကစားဖို့ စဉ်စားနေတယ်လို့ တနင်္လာနေ့က ဂါးဒီးယန်းသတင်းစာ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ကျူပီအာကို ပြောင်းဖို့ ဖာဒီနန် စဉ်းစားနေရာမှာ နည်းပြဟယ်ရီရက်နက်ရဲ့ အခန်းကဏ္ဍက အရေးပါဆုံး ဖြစ်နေပါတယ်။ ဟယ်ရီရက်နက်ဟာ ၀က်စ်ဟမ်းကို နည်းပြတုန်းက ၁၉၉၆ခုနှစ်မှာ ဖာဒီနန်ကို ပထဆုံးပွဲထွက် ကစားခွင့် ပေးခဲ့ပါတယ်။ အခုအခါ သူ့နည်းပြဟောင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ ဖာဒီနန်ဆန္ဒရှိနေပြီး မကြာခင် ကာလအတွင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ရီယိုဖာဒီနန်ဟာ မန်ချက်စတာယူနိုက်တက်မှာ (၁၂)ကြာ ကစားပြီး အင်္ဂလန် နောက်ခံလူတွေထဲ ပြောင်းရွှေ့ကြေး အမြင့်ဆုံး နောက်ခံလူ တစ်ဦးအဖြစ် မှတ်တမ်းဝင်နေဆဲ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်လှစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် The Sun Institute တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲ အခမ်းအနားကို မေလ (၂၆) ရက် နံနက် (၇) နာရီခွဲ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာ၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော သူရ ဦးအေးမြင့်၊ ဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဦးသိန်းဆွေ၊ သူရဦးအောင်ကို၊ ဗဟိုအကြံပေးများ၊ ဗဟိုအလုပ်အမှုဆောင် များ၊ တိုင်း ဒေသကြီး/ပြည်နယ် အသီးသီးမှ လွှတ်တော် ဥက္ကဋ္ဌများ၊ ပါတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဌာနချုပ်ရုံးမှ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြများ၊ တိုင်း ဒေသကြီး/ပြည် နယ် အသီးသီးမှ သင်တန်းသား သင်တန်းသူ (၁၆၉) ဦးတို့ တက်ရောက်ကြ သည်။


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ဂျီနီဗာအခြေစိုက် ဌာနေ ညွှန် ကြားရေးမှူး Mr.Adan Cooper ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ဂျီနီဗာ အခြေစိုက် ဌာနေ ညွှန်ကြားရေးမှူး Mr.Adan Cooper ဦးဆောင်သော အဖွဲ့ဝင်(၄)ဦးသည် ၂၀၁၄ ခုနှစ်၊ မေလ(၂၆) ရက်နေ့ ညနေ(၅) နာရီ (၁၅) မိနစ်အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ဂျီနီဗာအခြေစိုက် ဌာနေ ညွှန်ကြားရေးမှူး Mr.Adan Cooper နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှုယ် သူရဦးအောင်ကို ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး သူရ ဦးအောင်ကိုသည် မေလ ၂၂ ရက်က ကန်ပက်လက် မြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်ပါတီ အလုပ်အမှုဆောင်များနှင့် တွေ့ဆုံ ခဲ့သည်။ 
တွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် မြို့နယ် အလုပ် အမှုဆောင် ကော်မတီဝင်များ တက်ရောက်ကြပြီး ဗဟို အတွင်းရေးမှူးက စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များ မှာကြား၍ ပါတီဝင်များ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ဗဟိုအတွင်းရေးမှူးသည် ကန်ပက်လက်မြို့ မြို့မ သာသနာပြု ဗဟိုကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့ပြီး န၀ကမ္မအလှူ တော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ အထက(ခွဲ) ကျောင်းအား အထကကျောင်း အဖြစ် အဆင့်တိုးမြှင့်ပွဲ တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူမြို့နယ် တမုတ်ဆိုး အထက (ခွဲ)ကျောင်းအား အထက ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပွဲ အခမ်းအနား ကို မေလ (၂၆) ရက် နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးနိုင်ကျော်၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုဇော်၊ အဖွဲ့ဝင် ဒေါ်စောမြိုင်၊ ဦးစိုးဦးနှင့် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော် မတီဝင် တမုတ်ဆိုးကျေးရွာ တာဝန်ခံ ဦးဇော်အောင်ထက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှိုင်၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများ စုံညီစွာ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။


လမ်းခွဲ စကား ဆိုလိုက်ပြီ ဖြစ်တဲ့ Ji Hyun Woo နဲ့ Yoo In Na


သိပ်မကြာမီ အချိန် ကာလက စစ်မှုထမ်း ကာလ တာဝန် ပြီးဆုံးလို့ ပြန်လာတဲ့ အဆိုတော်၊ မင်းသား Ji Hyun Woo နဲ့ မင်းသမီး Yoo In Na တို့နှစ်ဦးဟာ သူတို့ နှစ်ယောက်ရဲ့ နှစ်နှစ်တာကြာမြင့်ပြီ ဖြစ်တဲ့ အချစ် ဇာတ်လမ်းကို အဆုံးသတ် လိုက်ပြီလို့ သိရပါတယ်။

ဘယ်သွားသွား ဖုန်းပါရင်ပြည့်စုံနေတဲ့ အဆိုတော် မိစန္ဒီ 

 

အဆိုတော် မိစန္ဒီ အပြင် သွားတိုင်း သူမနှင့်အတူ အမြဲတမ်း ပါသွားတတ်သည့် IT ပစ္စည်း များကိုလည်း အနုပညာရှင် များ၏ IT ပစ္စည်း ကဏ္ဍ၌    ဖော်ပြ ပေးလိုက် ပါသည်။ မိစန္ဒီသည် အပြင်သွားတိုင်း ကြီးမားသည့် လွယ်အိတ် တစ်လုံးတွင် သူမ ကြိုက်နှစ်သက်သော  သီချင်း စာအုပ်များနှင့် IT ပစ္စည်း များစွာကို   သယ်ဆောင် သွားတတ်သူ တစ်ယောက် ဖြစ်ပါသည်။

ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့ ဖီဖာဥက္ကဌ တွေ့ဆုံ ဆွေးနွေး






အရှေ့အလယ်ပိုင်း ဒေသကို ရောက်ရှိနေတဲ့ ဖီဖာဥက္ကဌ ဆပ်ဘလက်တာဟာ တနင်္လာနေ့က ရာမယ်လာမြို့မှာ ပါလက်စတိုင်း သမ္မတမာမွတ်အာဘတ်စ်နဲ့ တွေ့ဆုံပြီး ဂါဇာကမ်းမြှောင်ဒေသ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း အားကစားသမားတွေ လွတ်လွတ်လပ်လပ် သွားလာခွင့် ရရေးအတွက် ဆွေးနွေးခဲ့ပါတယ်။ အဲဒီနေ့ အခမ်းအနားကို ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရာဂျူ့ဘ်လည်း တက်ရောက်ပါတယ်။ ပါလက်စတိုင်း တာဝန်ရှိသူတွေဟာ ဂါဇာကမ်းမြှောင်ဒေသ အနောက်ဖက်ကမ်းက အစ္စရေး သိမ်းပိုက်ထားတဲ့ ဒေသမှာ သူတို့အားကစားသမားတွေကို နယ်စည်းမခြား လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ရှေ့လထဲ ကျင်းပမယ့် ဖီဖာကွန်ကရက်စ်မှာ အစ္စရေးကို အရေးယူဖို့ တောင်းဆိုသွားမယ်လို့ ပါလက်စတိုင်းဘက်က ပြောလာပါတယ်။ ဖီဖာဥက္ကဌ ဘလက်တာဟာ အစ္စရေးဝန်ကြီးချုပ် နေသန်ရာဟုနဲ့လည်း ဆက်လက် တွေ့ဆုံသွားဦးမှာပါ။ ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ဘလက်တာက ’’ဒီပြဿနာအတွက် အဖြေရအောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ်။ တကယ်လို့ ကြိုးစားနိုင်ခဲ့ရင်တော့ အားကစားကဏ္ဍရဲ့ အရေးပါမှုက အရမ်းကြီးကျယ် သွားမှာပါ’’လို့ ပြောပါတယ်။

မာရာကာနာကွင်းကို ပရိသတ်နဲ့ မီဒီယာတွေ လည်ပတ်ခွင့်ပေး






ဘရာဇီး ကမ္ဘာ့ဖလား ကျင်းပရေး ကော်မတီဟာ တနင်္လာနေ့က Stadium-Experience-Tourအစီအစဉ် တစ်ရပ်အနေနဲ့ ရီယိုဒီဂျနေရိုးမြို့က မာရာကာနာကွင်းကြီးကို မီဒီယာတွေ သွားရောက် လည်ပတ်ခွင့် ပေးခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေကိုလည်း ကွင်းထဲဝင်လည်ပတ် ကြည့်ရှု ခွင့်ပေးပြီး လက်မှတ်စစ်ဆေးတဲ့ နေရာနဲ့ လုံခြုံရေး စစ်ဆေးမှု ခံယူရမယ့် ပုံစံတို့ကို ကြိုတင် လေ့လာစေခဲ့ပါတယ်။ မာရာကာနာ ကွင်းကြီးဟာ ပြီးခဲ့တဲ့နှစ်က ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲကို လက်ခံကျင်းပတဲ့ ဘောလုံးကွင်း (၆)ကွင်းထဲမှာ (၁)ကွင်း အပါအ၀င် ဖြစ်ပါတယ်။ ဒေသခံပြိုင်ပွဲ ကျင်းပရေး ကော်မတီ အကြီးအကဲ သီယာဂိုပေ့စ်က ဒီကွင်းကြီးမှာ ဘောလုံးပွဲရှိတဲ့ နေ့တိုင်း ပရိသတ်တွေကို စွဲဆောင်နိုင်မယ့် အစီအစဉ်တွေ ကျင်းပသွားမယ်လို့ ပြောထားပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ သူက ’’ဘောလုံးပွဲ ပြီးတာနဲ့ တစ်ပြိုင်တည်း ပရိသတ်တွေ တစ်ခါတည်း ပြန်သွားတာမျိုး မရှိအောင် စိတ်ဝင်စားဖွယ် အစီအစဉ်တွေ အများကြီး လုပ်ထားပေးမှာပါ။ ပရိသတ်တွေကို ကမ္ဘာ့ဖလားပြိုင်ပွဲ အရသာ အပြည့်အ၀ ခံစားခွင့် ရစေမယ်လို့ ကျွန်တော်တို့ အာမခံပါတယ်’’လို့ ပြောသွားပါတယ်။ အဲ့ဒီနေ့ အစီအစဉ်မှာ ကွင်းဝန်ထမ်းတွေဟာ ပရိသတ်တွေ ထိုင်ခုံမှားထိုင်တဲ့ ပြဿနာနဲ့ တခြား ပြဿနာတွေကို ဖြေရှင်းမယ့် ပုံစံတွေလည်း သရုပ်ပြ လုပ်ဆောင် သွားပါတယ်။
back to top