Friday, August 29, 2014

ကိုယ့်အလုပ်ပေါ်မှာ ပျော်ရွင်နေရင်အောင်မြင့်တဲ့လူလို့ ထားထက်ထက် သတ်မှတ်




ကိုယ်လုပ်တဲ့လုပ်ရပ်တွေအပေါ် ပျော်ရွှင်နေရင်အောင်မြင်တဲ့လူဖြစ်ပါတယ်လို့ မော်ဒယ်လ်ထားထက်ထက် က ပြော ဆိုလိုက်ပါတယ်။'အောင်မြင်မူ ဆိုတာကဘယ်အရာပဲ လုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ ပျော်ရွှင်မှုရှိနေတယ်။ စိတ်ညစ်တာမရှိဘူး။ လူတစ်ဖက်သားကို ကိုယ်လုပ်ပေးနိုင်သလောက်လုပ်ပေးတာ။ ငွေကြေးအရမ်းချမ်းသာမှ၊ အရမ်း နာမည်ကြီးမှ၊ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်မှအောင်မြင်တယ်လို့ သတ်မှတ်တာမျိုး မဟုတ်ပါ ဘူး'လို့သူက ဆိုပါတယ်။

အလှမယ်တစ်ဦး၏ စိတ်နေစိတ်ထားနှင့် အရည်အချင်းရှိပါက နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်နိုင်ဟု ၀ိုင်းလေးပြော

Miss World Myanmar 2014ပြိုင်ပွဲ၏  ဆန်ခါတင် ၂၀ဦးထဲတွင်ပါဝင်ခဲ့သော  အဆို တော်ဝိုင်းလေးက     အလှမယ် တစ်ဦး၏ စိတ်နေစိတ်ထားနှင့်အ ရည်အချင်းသာပြည့်စုံပါက နိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင် ခွင့်ရမည်ဟု ယုံကြည်ထားကြောင်း ပြောသည်။ ‘‘ငါ့မှာ Talentရှိတယ်။ ငါအ ကောင်းဆုံးလုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ထားထားတယ်။ သရဖူရတာ မရတာတော့ ကိုယ့်ရဲ့ကြိုစားမှု ရယ်။ ကံ၊ ဉာဏ်၊ ၀ီရိယနဲ့လည်း ဆိုင်တယ်ပေါ့။ ညီမအမြင်ဆိုရင် အလှမယ်တစ်ယောက်က ရုပ်လှ ဖို့၊ အရပ်ရှည်ဖို့ထက် Miss တစ် ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ သူ့ ရဲ့အရည်အချင်းရှိမယ်ဆိုရင် နိုင် ငံကိုယ်စားပြုအနေနဲ့သွားရောက် ယှဉ်ပြိုင်နိုင်မှာပါလို့ ယုံကြည်မှု တစ်ခုထားလိုက်တယ်’’ဟု ၀ိုင်း လေးကပြောသည်။

သရုပ်ဆောင်ဖြစ်တိုးဝင်ဦးမယ့် နန်းချစ်နဒီဇော်



အဆိုတော်တစ်ယောက် အဖြစ် ပရိသတ် အသိအမှတ်ပြု ထားသည့် နန့်ချစ်နဒီဇော်က အနုပညာ လောကတွင် ထပ်ပြီး သရုပ်ဆောင် အဖြစ် လုပ်ကိုင် သွားဦးမည် ဖြစ်ကြောင်း ပြောသည်။  နန့်ချစ်က အခု သရုပ်ဆောင်တာကို  လေ့ကျင့်နေပါတယ်။ Musical   ဒရမ်မာကား အတွက်ပေါ့နော်။  MRTV-4 ကနေ စီစဉ်ပြီး ရိုက်မယ့် ကားပါ။ နန့်ချစ်တို့ အိပ်မက်ဆုံရာက အဆိုတော်တွေ အကုန်လုံးပါမယ်။ ပြီးရင် Musical ဒရမ်မာမှာ သရုပ်ဆောင်ကြ ရမယ်။ နန့်ချစ် အနေနဲ့ ကတော့ အခုဆိုရင် သရုပ်ဆောင်ပါ လုပ်မယ် ဆိုတော့ ကိုယ့်အတွက် နေရာတစ်ခု ပေါ့နော်။

မျက်နှာသစ်မော်ဒယ်လ်များ အဖြစ် တွေ့မြင်ရမယ့် Hyungsik နဲ့ Nam 

Ji Hyun


            မျက်နှာသစ်မော်ဒယ်လ်များ အဖြစ် တွေ့မြင်ရမယ့် Hyungsik နဲ့ Nam Ji Hyun
တောင်ကိုရီးယား နိုင်ငံမှ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ ZE:A Boy Band မှ အဖွဲ့ဝင် အဆိုတော် Hyungsik နဲ့ မင်းသမီး Nam Ji Hyun တို့နှစ်ယောက်ဟာ အဝတ်အစား Brand ဖြစ်တဲ့Bean Pole's Bike Repair Shop ရဲ့ မျက်နှာသစ် မော်ဒယ်လ်များ အဖြစ် ရွေးချယ်ခြင်း ခံရပါတယ်။အဆိုတော် Hyungsik ရဲ့ မော်ဒယ်လ် တစ်ယောက် ဖြစ်ထိုက်တဲ့ မြင့်မားတဲ့အရပ်၊ စတိုင်နဲ့ ရုပ်ရည် ချောမောခြင်း တွေကြောင့် မိန်းကလေးတိုင်း ကြိုက်နှစ်သက်တ ပုံစံမျိုးကို ပိုင်ဆိုင် ထားတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ မင်းသမီး Nam Ji Hyun ဟာ အနုပညာ စွမ်းရည် ရှိပြီး လှပတဲ့ ရုပ်ရည်နဲ့ ချစ်စရာကောင်းတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ Hyungsik နဲ့ Nam Ji Hyun တို့နှစ်ဦးဟာ လက်ရှိ ထုတ်လွှင့် ပြသနေတဲ့ What's With This Family ဇာတ်ကားမှာ တွဲဖက် ညီညီ သရုပ်ဆောင်ချက် တွေကို ပရိသတ်တွေ မြင်တွေ့ခွင့် ရနေကြပါတယ်။ငယ်ရွယ် နုပျိုတဲ့ အနုပညာရှင် နှစ်ယောက် ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ ကတော့ ပရိသတ် တွေကို ဆွဲဆောင်မှု အပြည့် ပေးနေဦး မှာပဲ ဖြစ်ပါတယ်။ ။

Thursday, August 28, 2014

ထိုင်းမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေလုပ်မယ့် သျှားထွဋ်အိန္ဒြာ

နယူးယောက်မြို့ လင်ကွန်းစင်တာမှာ တစ်ကိုယ်တော် ဖျော်ဖြေ ခွင့်ရတဲ့ ကေပေါ့ပ်အဆိုတော် ဘတ်ဂျီယန်း

တောင်ကိုရီးယားနာမည်ကျော် အဆိုတော် ဘတ်ဂျီယန်းသည် သြဂုတ် ၂၈ နှင့် ၃၀ ရက်တို့တွင် အမေရိကန်နိုင်ငံ လော့စ်အန် ဂျလိစ်မြို့နှင့် နယူးယောက်မြို့တို့၌ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ကျင်းပပြု လုပ်မည်ဖြစ် သည်။ ကေပေါ့ပ် အဆိုတော် ဘတ်ဂျီယန်းသည် သြဂုတ် ၂၈ ရက်တွင် လော့စ်အန်ဂျလိစ်မြို့ နိုကီယာကလပ်နှင့် သြဂုတ် ၃၀ရက်တွင် နယူးယောက်မြို့ လင်ကွန်းစင်တာ တို့၌ တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။

Wednesday, August 27, 2014

အက်ရှင်ဇတ်လမ်းသစ်တစ်ခုတွင် စပိုင်အဖြစ်ပြန်လည် သရုပ်ဆောင်မည့် ဂျိန်းစဘွန်းမင်းသား Brosnan


ယခင် 007 မင်းသား Pierce Brosnan သည် The November Man ဇတ်ကားတွင် သေနတ်များ စပိုင်များပါဝင်သည့် လောကသို့ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး ယခင် ၄င်း၏ CIA ခေါင်းဆောင်ကို ဖေါက်ခွဲရေးလက်နက်များဖြင့် ပြန်လည်ဆန့်ကျင်သည့် ဇတ်ကောင်စရိုက်မျိုးသရုပ်ဆောင်ရမည့် အက်ရှင်ဇတ်လမ်းမျိုး ဖြစ်ကြောင်း သိရသည်။

Emmy Award for Outstanding Drama Series ဆုကBreaking Bad ရုပ်ရှင် ဇာတ်ကားရရှိ



(၆၆)ကြိမ်မြောက် Primetime Emmy Awards ဆုပေးပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ရှိ နိုကီရာ ပြဇာတ်ရုံတွင် သြဂုတ် ၂၅ ရက် ညပိုင်းက ကျင်းပခဲ့ရာAMC ကုမ္ပဏီမှ ရိုက်ကူးထုတ်လုပ်ခဲ့သော Breaking Bad ရုပ်ရှင်ဇာတ်ကားသည် Emmy Award for outstanding Drama Series ဆုကို ဆွတ်ခူး ရရှိခဲ့သည်။ အဆိုပါ ဇာတ်ကားမှ သရုပ်ဆောင်များ ဖြစ်သော ဘရိုင်ယန် ခရန်စတွန်နှင့် အာရွန်ပေါလ်တို့သည် ဇာတ်ဆောင် မင်းသားဆုနှင့် ဇာတ်ပို့ မင်းသားဆု အသီးသီး ရရှိခဲ့ကြသည်။

မော်ဒယ်တွေ Role မြင့်လာပြီတဲ့


အနုပညာလောကတွင် မော်ဒယ်အလုပ် တစ်ခုတည်း သီးသန့် လုပ်ကိုင်သည့် ခင်နန်းထိုက်က ယနေ့ခေတ်တွင် မော်ဒယ်များ၏ အခန်းကဏ္ဍ သည် Role တစ်ခု ကဲ့သို့ မြင့်လာပြီဖြစ်ကြောင်း ပြောသည်။
မော်ဒယ်တစ်ယောက် အဖြစ် ရပ်တည်နေပြီး၊ အောင်မြင်ဖို့ အတွက် ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ ခင်နန်းတို့ နိုင်ငံအခြေအနေ ကလည်း မော်ဒယ်သီးသန့် အဖြစ် ရပ်တည်ဖို့ ဆိုတာက သိပ်တော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ အရင်က ထက်စာရင် မော်ဒယ်တွေ အတွက် Role တစ်ခု မြင့်လာ တယ်ပေါ့နော်။ တိုင်းပြည် တိုးတက်လာရင် တဖြည်းဖြည်းလည်း ဖြစ်လာမှာပါ။

Tuesday, August 26, 2014

ပေါ်လွင်ချင်ရင် မြန်မာဝတ်စုံ ၀တ်ဖို့ အကြံပြုတဲ့ မိုးယုစံ



သရုပ်ဆောင်လောကတွင် နေရာ တစ်နေရာကို ပိုင်ဆိုင်ထားပြီ ဖြစ်သည့် မိုးယုစံက မြန်မာအမျိုးသမီး တစ်ယောက်ဖြစ်သည့် အတွက် မြန်မာ ၀တ်စုံဖက်ရှင်ကို မြတ်နိုးကြောင်းနှင့် ကိုယ့်ကို ပေါ်လွင်စေရန် မြန်မာရိုးရာ ၀တ်စုံကို ၀တ်သင့်ကြောင်း ပြောသည်။  မိုးယုတို့က မြန်မာအမျိုးသမီးလည်း ဖြစ်တယ်။ ကိုယ့်ရဲ့ ရိုးရာဝတ်စုံ ကလည်း မြန်မာပြည်မှာပဲ ရှိတယ်လေ။ တခြားမှာ ရှိချင်မှ ရှိမယ်။ ကိုယ့်ရဲ့ ရိုးရာဝတ်စုံကို အများကြီး ထိန်းသိမ်းသင့်တယ် လို့လည်း ထင်ပါတယ်။ မိုးယုတို့ရဲ့ မြန်မာဝတ်စုံက ရှေးခေတ် ပုံစံရော၊ အခုမှ ဆန်းသစ်ထားတဲ့ ပုံစံတွေ လည်းရှိတယ်။ ခေတ်နဲ့ အညီပေါ့။ မိုးယုကတော့ ပြည်ပခရီးတွေသွားရင် မြန်မာဝတ်စုံကို ယူသွားလေ့ရှိတယ်။

မယ်ကမ္ဘာမြန်မာပြိုင်ပွဲ ဆန်ခါတင်အလှမယ် ၂၀ ရွေးချယ်

မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်အဖြစ် မယ်ကမ္ဘာပြိုင်ပွဲ ၀င်ရန် မယ်ကမ္ဘာမြန်မာပြိုင်ပွဲဝင် ဆန်ခါတင်အလှမယ် ၂၀ဦးကို သြ ဂုတ် ၂၅ ရက်တွင် ချက်ထရီယမ် ဟိုတယ်၌ ရွေးချယ်ခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လျှောက်ထားသူ ၁၃၀ ကျော်ရှိခဲ့ ပြီး ပဏာမအဆင့်အနေဖြင့် ပြိုင် ပွဲဝင် ၅၀ ကို ရွေးချယ်ခဲ့သည်။ ယင်းပြိုင်ပွဲဝင်များကို သြဂုတ် ၂၃ ရက်တွင် ဆေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့် ဆန်ခါတင် ၂၀ ရွေးချယ်ရန် ပြိုင် ပွဲဝင် အလှမယ် ၄၀ ကို ရွေးချယ် ခဲ့သည်။
အောင်မြင်မှု ရေရှည် တည်တံ့နေဖို့ အရည်အချင်း ဆိုတဲ့ ဒေါက်တစ်ခု 

လည်းလိုတယ်ဆိုတဲ့ အိမ့်ချစ်



လတ်တလောတွင် နယ်ရှိုးပွဲများ ဆက်တိုက် သီဆိုနေရပြီး မကြာသေးမီက ထွက်ရှိထားသည့် ''အချစ်ရေး'' တေးသီချင်းအတွက် ဗီစီဒီ ရိုက်ကူး နေမှုများ ပြုလုပ်နေသည့် အဆိုတော်အိမ့်ချစ်က အောင်မြင်နေမှု ရေရှည် တည်တံ့နေရန် အတွက် အရည်အချင်းဆိုသည့်  ဒေါက် တစ်ခု ရှိရန်လို အပ်ကြောင်း ယခုလို ပြောပြခဲ့သည်။

Monday, August 25, 2014

ပရိသတ် တိုက်တွန်းလို့ မယ်ကမ္ဘာပြိုင်ပွဲဝင်ပြိုင်မယ့် ပက်ထရစ်ရှာ

ပထမဆုံးအကြိမ် ပြုလုပ်မည့် မယ် ကမ္ဘာ မြန်မာပြိုင်ပွဲ  ၀င်ရောက်ယှဉ်ပြိုင်ရန် ပရိသတ်များက တိုက်တွန်းသောကြောင့် လျှောက်လွှာတင်ထားကြောင်း မော်ဒယ်ပက်ထရစ်ရှာကပြောသည်။ ‘‘ပြိုင်ပွဲ တစ်ခါမှ မပြိုင်ဖူး ဘူး။ ပရိသတ်တွေက Miss World ကိုပြိုင်ဖို့ အရမ်းလည်း အားပေး နေကြတာနဲ့ ၀င်ပြိုင်ဖို့စိတ်ကူးပြီး လျှောက်လွှာတင်ဖြစ်ခဲ့တာပါ’’ ဟု ပက်ထရစ်ရှာက ပြောသည်။

လူမှုရေးသံတမန်အဖြစ် ပထမဆုံးခန့်အပ်ခံရလို့ ပျော်မိတယ်ဆိုတဲ့ ၀ါဆိုမိုးဦး

အနုပညာသက်တမ်း တစ်လျှောက်တွင် ပထမဆုံး သံ တမန်  ခန့်အပ်ခံရခြင်းအဖြစ် ၂၀၁၅ခုနှစ်တွင် ကျင်းပမည့် ရိုးမ- ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်လှုပ်ရှားမှုအတွက် လူမှုကူညီ ထောက်ပံ့ရေးပရဟိတသံ တမန်အဖြစ် ခန့်အပ်ခံခဲ့ရသဖြင့် ပျော်ရွှင်မိကြောင်း သရုပ်ဆောင် ၀ါဆိုမိုးဦးကပြောသည်။ ‘‘သံတမန်အနေနဲ့ဒါက ပထ မဆုံးပဲ။ ၀ါဆိုလည်း ပရဟိတကို တစ်ခါတလေကျရင် ကူညီဖြစ် တယ်။ မာရသွန်က မနှစ်ကလည်း သွားဖွင့်ပေးတယ်လေ။ အားလုံး နဲ့ခင်လည်း ခင်နေတော့ သံတမန် အနေနဲ့ပါဝင်ပေးပါဆိုလို့ ပါဝင် ဖြစ်တာပါ။ အနုပညာသက်တမ်း တစ်လျှောက်မှာ ပထမဆုံးဆောင် ရွက်ရမှာဖြစ်တဲ့အတွက် အရမ်း ပျော်ပါတယ်’’ဟု ၀ါဆိုမိုးဦးက ပြောသည်။

Sunday, August 24, 2014

နေတိုးနဲ့ ကျော်ကျော်ဗို နှစ်ယောက်ပေါင်း ထူထောင်လိုက်တဲ့ ‘‘ပုံပြင်စာအုပ်’’

 ပြည်သူများအတွက် ဖျော်ဖြေရေးလုပ်ငန်းများ လုပ် ကိုင်သွားမည့်  "Story  Book Entertainment" ကို    သရုပ် ဆောင် နေတိုးနှင့် ကျော်ကျော်ဗို တို့ နှစ်ဦးပေါင်းတည်ထောင်လိုက်ကြောင်း သတင်းရရှိသည်။ ‘‘နေတိုးနဲ့ အစ်ကိုစဉ်းစား ထားတာ ကြာပြီလေ။ အခုမှ အ ကောင်အထည်ဖော်ဖြစ်တာပေါ့။ ကိုယ်ဖန်တီးချင်တဲ့ အနုပညာ လေးတွေ၊ ကိုယ်ဖျော်ဖြေချင်တဲ့ ဟာလေးတွေကို နာမည်တစ်ခုနဲ့ ဖန်တီးဖြစ်တာပါပဲ။ အဓိက ဘာ လုပ်မလဲဆိုတော့ ရုပ်ရှင်တွေရိုက် မယ်။ အဆင့်မြင့်ဗီဒီယိုကားတွေ ရိုက်မယ်။ စင်တွေမှာ အန်တာ တိန်းမန့်လုပ်တဲ့ဟာလေးတွေ လုပ်မယ်။ ဖျော်ဖြေမှုနဲ့ ပတ်သက် တာအကုန်လုပ်တယ်။ မာလ်တီမီဒီယာပေါ့’’ဟု ကျော်ကျော်ဗိုက ပြောသည်။

Friday, August 22, 2014

နှလုံးအားနည်းတဲ့ ရောဂါကြောင့်အလုပ်ကို ပေါ့ပေါ့ပါးပါးနဲ့ နားနားနေနေပြန်လုပ်ရတယ်လို့ ဆိုလာတဲ့ အိချောပို


နာမည်တစ်လုံကို ပိုင်နိုင်စွာ ရရှိလာခဲ့သူ အိချောပိုဟာ မကြာသေးခင်က ဗီဒီယိုဈေးကွက်မှာ နာမည်ရနေပြီးသား နာမည်သုံးလုံးပိုင်ရှင် မင်းသားတစ်လက်နဲ့ ခိုးပြေးသွာတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမဲ့ ဒါဟာ အဖြစ်မှန်မဟုတ်ပါဘူးလို့ သူမက ငြင်းချက်ထုတ်ထားပါတယ်။ လတ်တလောမှာတော့ အိချောပိုဟာ ကူဖော်လောင်ဖက် ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားထဲမှာ အိချောပိုဟာ အိမ်ဖော်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဇာတ်ကားနဲ့ရော သူမရဲ့သရုပ်ဆောင်ပညာနဲ့ ပတ်သက်ပြီးတော့ပါ ပြောပြသွားတာက “ဒီကားလေးထဲမှာ အိချောပိုက အိမ်ဖော်ကာရိုက်တာလေးကို ပြထားတာပေါ့။ ဇာတ်တွေကတော့ ငြင်းရလောက်တဲ့ ဇာတ်လမ်းမျိုးလဲ မရှိသေးဘူး။ အိချောကိုယ်တိုင်လဲ လုပ်ကွက်ရတယ်။ အိချောနဲ့လဲ လိုက်တဲ့ ကာရိုက်တာတွေကြီး ပဲဖြစ်တဲ့အတွက် အိချော လက်ခံရိုက်ဖြစ်တယ်ပေါ့။ အိချောက ကိုယ်နဲ့လိုက်ဖက်တယ်ဆိုတဲ့ ကာရိုက်တာထက် ကာရိုက်တာ အစုံကို ပရိသတ်ကြိုက်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး အ၀တ်အစား အပြင်အဆင်ပိုင်းကအစ အမြဲအစဉ်းစားဖြစ်ပါတယ်။ ဗီလိန်ဆန်တဲ့ဇာတ်တွေလဲ ရိုက်တယ်။ ကာရိုက်တာ အကုန်ရိုက်တယ်။ ရိုးတာရော၊ ဆန်းတာရောပေါ့။”လို့ သူမက ပြောပါတယ်။
ကြက်ခြေနီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တဲ့ ရုရှားဝန်ကြီး
ကမ္ဘာ့ကြက်ခြေနီအဖွဲ့ဟာ ယူကရိန်းနိုင်ငံရဲ့ သူပုန်တွေ သိမ်းပိုက်ထားတဲ့ဒေသကို လူမှုရေးအကူ အညီတွေပေးဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။သူပုန်တွေ သိမ်းပိုက်ထား တဲ့အရှေ့ဘက်ယူကရိန်းဒေသကို လူသားခြင်းစာနာမှုအကူအညီတွေ ရောက်ရှိနိုင်ဖို့ လိုအပ်တဲ့ ဘယ်ဆောင်ရွက်မှုမဆို ကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ကမ္ဘာ့ရုရှားနိုင်ငံခြားရေး ၀န်ကြီး ဆာဂေးလာရော့ဗ်က သဘော တူညီခဲ့ပါတယ်။

Thursday, August 21, 2014



အီဂျစ်သို့ ပိုက်လိုင်းများဖြင့်ရောင်းချခဲ့သော အစ္စရေး၏ သဘာဝ ဓါတ်ငွေ့များ ကမ္ဘာ့ဈေးကွက်သို့ရောက်ရှိ

ဆယ်စုနှစ်တစ်ခုအတွင်းအရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဘေးဒုက္ခဆိုးများ ကျရောက်လျှက်ရှိသည့် အခန် တစ်ချိန်က ရန်သူများဖြစ်ခဲ့ကြသည့်အီဂျစ်နှင့် အစ္စရေးနိုင်ငံတို့သည် အရောင်းအ၀ယ် ကိစ္စတစ်ခု ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ၄င်းမှာ အစ္စရေးနိုင်ငံမှ ဒေါ်လာ (၆၀) ဘီလီယံတန်ဖိုးရှိ သဘာဝဓါတ်ငွေ့ များကို အီဂျစ်နိုင်ငံရှိ ဓါတ်ငွေ့ရည်ပြုလုပ်သော စက်ရုံသို့ ပေးပို့ရောင်းချမည့် အစီအစဉ်ဖြစ် သည်။


စည်းလုံးညီညွတ်ဖို့ တိုက်တွန်းလိုက်သည့် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်

အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ဟာ ၄၇ နှစ်မြောက် အာဆီယံနှစ်ပတ်လည် အခမ်းအနားအတွင်း အဖွဲ့ဝင်နိုင်ငံတွေကြား စည်းလုံးကြဖို့ကိုတောင်းဆိုလိုက်ပါတယ်။အင်ဒိုနီးရှား ဂျာကာတာမြို့မှာ တနင်္လာနေ့တုန်းက ကျင်းပခဲ့တဲ့ (၄၇) နှစ်မြောက် အာဆီယံ နှစ်ပတ်လည် အခမ်းအနားအတွင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် လီလောင်မင်က ဒေသတွင်းတည်ငြိမ်အေးချမ်းဖို့အတွက် အဖွဲ့ ၀င် နိုင်ငံတွေအနေနဲ့ စည်းလုံး ညီညွှတ်စွာ ရပ်တည်ဖို့ တောင်းဆို လိုက်ပါတယ်။




ဆွေးနွေးပွဲတွေလုပ်ဆောင်နေတဲ့ ယူကရိန်းနဲ့ ရုရှားနိုင်ငံ

ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစစ်တပ်တွေထိပ်တိုက်တွေ့ဆုံနိုင်တယ်လို့ ဂျာမနီနိုင်ငံက သတိပေးထားပေ မယ့် နှစ်နိုင်ငံစလုံးကတော့ ဆွေးနွေးပွဲတွေဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ရုရှားနိုင်ငံက ယူကရိန်းခွဲထွက်ရေးသမားတွေကို နယ်စပ်ဖြတ်ကျော်ပြီး လက်နက်တွေ ထောက်ပံ့တယ်ဆိုတဲ့ အချက် ကို ငြင်းဆိုပြီးတဲ့နောက်မှာ ရုရှား၊ ယူကရိန်း၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဘာလင်မြို့မှာ တနင်္ဂနွေနေ့တုန်းက တွေ့ဆုံခဲ့ ကြပါတယ်။


အသက် (၁၁၁) နှစ်ရှိ ဂျပန်ဘိုးသက်ရှည် ကမ္ဘာ့အသက်ကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာ

ဂျပန်နိုင်ငံသား အသက် ၁၁၁ နှစ်အရွယ်ရှိ အဘိုးအိုတစ်ဦးသည် ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းတင် အဖွဲ့၏ တရားဝင် သက်သေခံလက်မှတ်ကို တိုကျိုမြို့ရှိ ဘိုးဘွားရိပ်သာ၌ သြဂုတ် ၂၀ ရက်က လက်ခံရယူခဲ့ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။



ဘရာဇီးနိုင်ငံ၏ သစ်တောထိန်းသိမ်းရေး တိုးတက်အောင်မြင်

ဘရာဇီးနိုင်ငံ၏ အမေဇုန်မိုးသစ်တော ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်း၌ တိုးတက်အောင်မြင်မှုများ ရရှိနေကြောင်း နော်ဝေနိုင်ငံက ထုတ်ပြန်သော အစိရင်ခံစာတစ်ရပ်တွင် ဖော်ပြ ထားသည်။ နော်ဝေနိုင်ငံ သည် သစ်တောဖွ့ဖြိုးရေး အကူအညီပေးသည့် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။



ဗိုလ်ချုပ်ကြီးပရာယွတ် ချန်အိုချာအား ထိုင်းဝန်ကြီးချုပ် အဖြစ် ရွေးချယ် တင်မြှောက်ဖွယ်

ထိုင်းနိုင်ငံ၌ အသစ်ဖွဲ့စည်းထားသော အမျိုးသားလွှတ်တော်က ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုအချာအားဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်မည်ဟု မျှော်လင့်ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သြဂုတ် ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

Wednesday, August 20, 2014


အီရန် နိုင်ငံ အနောက် ပိုင်းတွင် ပြင်းအား ၆ ဒသမ ၃ ရစ်ခ်ျတာ စကေးရှိ ငလျင် လှုပ်ခတ်
အီရန်နိုင်ငံ အနောက်ပိုင်းတွင် သြဂုတ် ၁၈ ရက်က ပြင်းအား ၆ ဒသမ ၃ ရစ်ခ်ျတာစကေးရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း
ကမ္ဘာ တစ်ဝန်းရှိ ငလျင် လှုပ်ခတ်မှုများကို စောင့်ကြည့် အစီရင်ခံလျက်ရှိသည့် အမေရိကန် ဘူမိဗေဒဆိုင်ရာ တိုင်းတာရေးအဖွဲ့က ထုတ်ပြန် ပြောကြားခဲ့သည်။ အဆိုပါ ငလျင်သည် အီရန် နိုင်ငံ အက်ဘ်ဒါနန်မြို့၏ အရှေ့တောင်ဘက် ၃၆ ကီလိုမီတာ(၂၂ မိုင်) အကွာရှိ မြေအောက် ၁ဝ ကီလိုမီတာ(၆ ဒသမ ၂မိုင်) ကိုဗဟိုပြု၍ ဂရင်းနစ် စံတော်ချိန် နံနက် ၂ နာရီ ၃၂မိနစ်ခန့်က လှုပ်ခတ် သွားခြင်း ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ပြောကြားခဲ့သည်။

ပင်လယ် လိပ်မကြီးများနှင့် လိပ်သားပေါက်များကြား စကားပြောဆို ဆက်သွယ်မှုကို မှတ်တမ်း ယူနိုင်ခဲ့
ဘရာဇီးနိုင်ငံမှ သိပ္ပံပညာရှင်များသည် သားဖောက်ရာသီတွင် ပင်လယ်လိပ်မကြီး များနှင့် ၎င်းတို့၏ သားပေါက်ကလေး များကြား အသံဖြင့် အပြန်အလှန် ဆက်သွယ်နေမှု ပုံစံများကို မှတ်တမ်း ရိုက်ယူနိုင် ခဲ့ကြောင်း သိရသည်။


အစ္စရေး-ဟားမာ့စ် အပစ်အခတ် ရပ်စဲ ရေးကို ၂၄ နာရီ ထပ်မံ တိုးမြှင့် နိုင်မှုမှ အမြဲတမ်း အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှု ရရှိ နိုင်မည်ဟု မျှော်မှန်းရ

အစ္စရေးနှင့် ပါလက်စတိုင်း တို့ကြားတွင် သြဂုတ် ၁၃ ရက်က သဘောတူညီခဲ့သော ငါးရက်ကြာ အပစ်အခတ် ရပ်စဲရေးကာလ ကုန်ဆုံးပြီး နောက်တွင် ၂၄ နာရီကြာ ထပ်မံ၍ အပစ်အခတ်ရပ်စဲရန် နှစ်ဖွဲ့စလုံးမှ သဘောတူညီခဲ့ကြကြောင်းသြဂုတ် ၁၈ ရက်တွင် အစ္စရေး အရာရှိတစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ အတည်ပြု ပြော ကြားခဲ့သည်။


ထိုင်းစစ်တပ်ခေါင်းဆောင်များ ဥပဒေပြုလွှတ်တော်ခေါ်ယူ

ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို လွှဲပြောင်းရယူထားသည့် ထိုင်းစစ်ခေါင်းဆောင်များသည် လာမည့် ဘဏဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ်ပြဋ္ဌာန်းရန် ဥပဒေပြုလွှတ်တော်ခေါ်ယူခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြသည်။

ဦးနှောက် အတွင်းသို့ ဓားတစ်လက် စိုက်ဝင် ခဲ့သော်လည်း အသက် ရှင်ခဲ့သည့် တရုတ် အမျိုးသား
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ အမျိုးသားတစ်ဦး၏ ဦးနှောက်အတွင်းသို့ ၁၂ ထပ်ရှိ တိုက်ခန်းတစ်ခု၏ လသာဆောင်မှ ပြုတ်ကျလာသော ဓားတစ်လက် စိုက်ဝင်ခဲ့သော် လည်း  ၎င်းအား အသက် ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်းဒေသတွင်း သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရ သည်။ ရှောင်ကျန် အမည်ရှိ အသက် ၄၅ နှစ်အရွယ် အမျိုးသားသည် လမ်းလျှောက်နေစဉ် ၁၂ ထပ်ရှိ တိုက်ခန်း တစ်ခုမှ အမျိုးသမီးတစ်ဦး၏ အရှည် ၁၂ စင်တီမီတာရှိ သစ်ပင်ဖြတ်ဓားကို သူမ၏ ကြောင်က တိုက်ချလိုက်သောကြောင့် ဓားသည်မီတာ ၄ဝ အမြင့်မ ပြုတ်ကျလာပြီး ရှောင်၏ ဦးခေါင်းအတွင်းသို့ စိုက်ဝင်သွားခဲ့ခြင်း ဖြစ်သည်။


တောင်-မြောက် ကိုရီးယား နိုင်ငံသား အားလုံး သံသယများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေး တည်ဆောက် ကြရန် ပုပ်ရဟန်း မင်းကြီး တိုက်တွန်း

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ ကိုရီးယား နိုင်ငံသားအားလုံး အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ရှိနေသည့် သံသယအတွေးအခေါ် များကို စွန့်လွှတ်ရန်နှင့် နှစ်နိုင်ငံငြိမ်းချမ်းရေးကို ခိုင်မာအောင် ကြိုးပမ်းသင့်ကြောင်း၎င်း၏ ပထမဆုံးအကြိမ် အာရှခရီးစဉ် နောက်ဆုံးရက်ဖြစ်သည့် သြဂုတ် ၁၈ ရက် တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။


ဆီးရီးယား ဓာတု လက်နက် များအား အမေရိကန် Cape Ray သင်္ဘော ၌ အောင်မြင်စွာ ဖျက်ဆီး နိုင်ခဲ့

အမေရိကန်ထုတ် စစ်မြေပြင်သုံး ရေစွမ်းအင်စနစ် တပ်ဆင်ထားသည့် Cape Ray အမည်ရှိ အမေရိကန် သင်္ဘောတစ်စင်းသည် လေကြောင်းမှ တိုက်ခိုက်ခြိမ်းခြောက် မှု အန္တရာယ်ကို  ရှောင်လွှဲနိုင်ရန် အတွက်ယခုနှစ်အတွင်း နိုင်ငံတကာ အဖွဲ့အစည်းသို့ အပ်နှံခဲ့သည့် ဆီးရီးယား ဓာတုလက်နက်အားလုံး၏ အာနိသင်ကို ပင်လယ်တွင်း ၌ပင် ပျက်ပြယ်အောင် ဖျက်ဆီးနိုင်ခဲ့ကြောင်း သြဂုတ် ၁၉ ရက်တွင် ပင်တဂွန် စစ်ဌာနချုပ်မှ ပြောကြားခဲ့သည်။


အက်စပရင် ဆေးဝါး သုံးစွဲ ခြင်းဖြင့် ရင်သား ကင်ဆာ ဖြစ်ပွား နှုန်း ကို လျော့ကျ စေနိုင်

အက်စပရင် သို့မဟုတ် အိုင်ဘူပရိုဖန် ကဲ့သို့သော ဆေးဝါးများကို သုံးစွဲသည့် သွေးဆုံးပြီး အဝလွန် ရင်သားကင်ဆာ ဝေဒနာရှင်အချို့တွင် ရင်သားကင်ဆာ ပြန်ဖြစ်မှု နှုန်း သိသိသာသာ လျော့နည်းကြောင်းကို သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြသည်။

အီဘိုလာ ကူးစက်ခံရသူများ ပျောက်ဆုံးကြောင်း လိုက်ဘေးရီးယား အတည်ပြု

လိုက်ဘေးရီးယားအစိုးရက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ခုနစ်ဦးပျောက်ဆုံးကြောင်း အတည်ပြုဖော်ပြခဲ့သည်။
လွိုင်ကော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
************************************************************************
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးပီမောင်စိုးတို့သည် ပြည်ခိုင်ဖြိုးပါတီ လွိုင်ကော်ခရိုင်မှ ဦးမျိုးမြင့်ဦး၊ ဦးကွယ်ရယ်ဖိုး၊ ဒေါ်ဗျားမြာမောင်၊ မြို့နယ်ကော်မတီဝင်တို့နှင့်အတူ လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲကျေးရွာ အုပ်စု၊ ဘုရားနီကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၁၉-၈-၂၀၁၄)ရက် နံနက်(၀၉း၀၀)မှ (၁၁း၀၀)ထိ ဘုရားနီရွာမှ ပြည်သူ(၁၅၀)ဦးခန့်တို့နှင့်တွေ့ဆုံခဲ့သည်။
 လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ်
ဗဟိုကော်မတီဝင် မြို့နယ်အဆင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်(၂၀၁၄) ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေး တက်ရောက်
************************************************************************
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုကော်မတီဝင်၊ ပြည်နယ်ကော်မတီဝင် ဦးလူရယ်ဘိုးလူသည် (၁၈-၈-၂၀၁၄)ရက်နေ့ နံနက်(၁၀း၀၀) အချိန် ပြည်နယ်ပါတီရုံး သီးသန့် အစည်းအဝေး ခန်းမ၌ ကျင်းပသော ပါတီအဆင့်ဆင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
ကယားပြည်နယ် ပါတီအဆင့်ဆင့် ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်
ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အတွေ့အကြုံရှင်းလင်း
***************************************************
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကံ့ဘဲ့ဓမ္မရိပ်သာကျောင်း ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး၊ ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာဝင်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခင်၊ ဦးသောင်းကျော် တို့နှင့်အတူ ရန်ကင်းမြို့နယ် ကံ့ဘဲ့ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ ယခုလ ၁၆ ရက် ညနေ ၅ နာရီတွင် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းခဲ့သည်။
 ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာဝင်း လွှတ်တော်အတွေ့အကြုံ ရှင်းလင်းစဉ်
လွှတ်တော်ကိုယ်စားလှယ်များ ဆိပ်ကြီးခနောင်တိုသို့ ကွင်းဆင်း
**************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ပါ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိမ်းတို့သည် သြဂုတ် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ဦးထွန်းအိုရပ်ကွက်၊ ပန်းပင်ချောင်း ရပ်ကွက် ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခဲ့သည်။ 
လွှတ်တော်ကိုယ်စားလှယ်များ ဆိပ်ကြီးခနောင်တိုသို့ ကွင်းဆင်းကြည့်ရှုစဉ်

သရုပ်ဆောင်အောင်ရဲလင်းနဲ့ ချစ်ကြိုက်နေတယ်ဆိုတာနဲ့ ပတ်သတ်ပြီး မဖြေချင်ဘူးလို့ ငြင်းဆိုသွားတဲ့ နန်းဆုဦး

ခုနောက်ပိုင်း အနုပညာခြေလှမ်းစိပ်စိပ်နဲ့ ပရိသတ်ရင်ထဲ ထိုးဖောက်ဝင်ရောက်လာတဲ့ နန်းဆုဦးကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး “အချစ်ဆိုတာကတော့ ပြေးလွှားပြီးလိုက်ရှာစရာမလိုဘူး။ တွေ့ချင် မှတွေ့မယ်။ ဒီတိုင်းနေနေရင်းနဲ့မှ ရောက်လာရင်လဲ ရောက်လာတတ်တယ်။ အချစ်ဆိုတာ ပူလောင်တာ လဲရှိမယ်။ အေးမြတာလဲရှိမယ်။ တွဲနေတာပေါ့နော်။ ကိုယ်အရမ်းချစ်ရတဲ့သူနဲ့လဲ တခါတလေ မအေးချမ်းတာ မျိုးလဲရှိတယ်။ ကောင်းတာတစ်ခုက ကိုယ်တစ်ကယ်ချစ်ရတဲ့သူနဲ့ ပေါင်းရတော့ ကောင်းတာပေါ့နော်။ ပူလောင်ရတာလဲတန်တယ်။ အေးမြတဲ့အချိန်ဆိုရင်လဲ အများကြီးပိုအေးမြတယ်။ အရမ်း သိပ်မချစ်တဲ့သူနဲ့ဆို ဘာအဓိပ္ပါယ်မှ မရှိဘူး။ အဲ့ဒါကြောင့် အချစ်ဆိုရင်တော့ ကိုယ်တစ်ကယ် ချစ်တဲ့သူနဲ့ လက်တွဲရတာ အကောင်းဆုံးပါပဲ။” လို့ ပြောပါတယ်။
အင်းစိန်မြို့နယ် ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် ၁ ဖွင့်လှစ်
********************************************************************
အင်းစိန်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် ၁ ဖွင့်ပွဲကို သြဂုတ် (၁၉) ရက်က အဆိုပါ ပါတီရုံးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဝင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း က အမှာစကားပြောကြား ဖွင့်လှစ်ပေး ခဲ့ပါသည်။
ဗဟိုကော်မတီဝင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း က အမှာစကားပြောကြားစဉ်

ဆက်လက်ဖတ်ရှု့ရန်
http://www.usdp.org.mm/index.php/5479-2082014-6.html
ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
**************************************************
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ ပေါက်ရောက်နေသော ချုံနွယ်အမှိုက်သရိုက်များနှင့် မြက်ပင်များကို ယခုလ ၁၆ ရက် နံနက် ၆နာရီခွဲက ပါတီဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးကျော်ဝင်း(၁)က ဦးဆောင်၍ ပါတီဝင်များက မြက်ခုတ်စက် ခုနှစ်လုံးနှင့်အတူ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်စဉ်

ဆက်လက်ဖတ်ရှု့ရန် 

http://www.usdp.org.mm/index.php/5472-2082014-1.html

ဖာဘရီဂတ်စ်ကို မည်သို့အသုံးချရမည် ဘာကာမသိခဲ့ဟု မော်ရင်ဟိုပြော

ချယ်လ်ဆီးအသင်းအ တွက် ပထမဆုံး ပါဝင်ကစားခဲ့ သော ပွဲတွင် ဖာဘရီဂတ်စ် ခြေ စွမ်းပြခဲ့ပြီးနောက် ဘာစီလိုနာအ သင်းသည် ဖာဘရီဂတ်စ်ကို ၎င်း နှင့် မသင့်လျော်သော နေရာတွင် ကစားစေခဲ့သည်ဟု နည်းပြ မော် ရင်ဟိုက ပြောကြားလိုက်သည်။ ဖာဘရီဂက်စ်သည် နွေရာ သီတွင် ပေါင် ၃၆ သန်းဖြင့် ချယ်လ်ဆီးသို့ ရောက်လာခဲ့ပြီး တန်းတက်အသင်း ဘန်လေကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သော ပွဲ၌ ဂိုးတိုင်းတွင် ၎င်း၏ ဖန်တီးမှု များ ပါဝင်ခဲ့သည်။ ကွင်းလယ်တွင် မြန်မြန်ဆန် ဆန် စဉ်းစားဆုံးဖြတ်တတ်ပြီး ဖာ ဘရီဂတ်စ်အကောင်းဆုံး ကစား တတ်သောနေရာကို သိရှိသည် ဟု မော်ရင်ဟိုက ပြောကြားပြီး ဘန်လေနှင့် ပွဲအပြီးတွင် ဖာဘရီ ဂတ်စ်နှင့် နီမန်ဂျာမက်တစ်တို့ကို မော်ရင်ဟိုက ချီးကျူးပြောဆို သည်။ ‘‘အသင်းကစားပုံ အရမ်း ကောင်းတယ်။ ဒီပွဲမှာ ဖာဘရီ ဂတ်စ်  အကောင်းဆုံး ကစားသ မားဆု ရတာကိုလည်း သဘောတူ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ နဲ့ မက်တစ်တို့ပွဲကို ထိန်းချုပ်ပြီး အတင်အချလုပ်    ကစားသွား တယ်’’ ဟု   မော်ရင်ဟိုက   ပြော သည်။ ဖာဘရီဂတ်စ်ကလည်း ချယ်လ်ဆီး အသင်းတွင် ကစားရ သည်မှာ အလွန်လွယ်ကူကြောင်း ပြောသည်။ အဆိုပါပွဲတွင် ယခုနှစ်တွင် အက်သလက်တီကိုမှ ၀ယ်ယူ ထားသော တိုက်စစ်မှူး ကော်စ တာကလည်း တစ်ဂိုးသွင်းယူခဲ့ သည်။    
လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၂)ဖွင့်လှစ်
************************************************************************
နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ဖွင့်လှစ်သည့် ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၂) သင်တန်း ဖွင့်ပွဲကို သြဂုတ်လ (၁၈)ရက်နေ့ နံနက် ၉နာရီက လယ်ဝေးမြို့နယ် ပါတီရုံး ခန်းမဆောင်သစ်တွင် ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အရန်ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ ကော်မတီဝင် အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်၊ ကတိများနှင့် တာဝန်ခံချက်များ ကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးမှတ်ကြီး တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။
လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၂)ဖွင့်လှစ်စဉ်

ဆက်လက်ဖတ်ရှု့ရန် 

http://www.usdp.org.mm/index.php/5472-2082014-1.html


ပြည်ခိုင်ဖြိုးပါတီဝင်များ ကျောင်းသား/ကျောင်းသူများအား နွားနို့တိုက်ကျွေးလှူဒါန်း
**************************************************************
ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုး ပါတီဒုတိယဥက္ကဋ္ဌ သီရိပျံချီ ဦးဌေးဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် သီရိပျံချီ ဦးသိန်းအောင်တို့ ဦးဆောင်မှုဖြင့် 'မင်းပြည်စိုး' ကုမ္ပဏီက ယမန်နှစ်တွင် ဆောက်လုပ်လှူဒါန်း


ပြည်ခိုင်ဖြိုးပါတီဝင်များ ကျောင်းသား/ကျောင်းသူများအား နွားနို့တိုက်ကျွေးလှူဒါန်းစဉ်

ဆက်လက်ဖတ်ရှု့ရန် 

http://www.usdp.org.mm/index.php/5472-2082014-1.html

ဖြိုးစေတနာ နယ်လှည့်အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်း ဆောင်ရွက်ပေး
*********************************************************************************
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်၊ မိသားစုရပ်ကွက်အတွင်းရှိ ပြည်သူများအား အခမဲ့ ဆေးကုသပေးခြင်း လုပ်ငန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဖြိုးစေတနာ နယ်လှည့်အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ၁၉.၈.၂၀၁၄ရက် နံနက်(၉)နာရီမှ နေ့လယ် (၂)နာရီအထိ ရပ်ကွက်အတွင်းရှိ ဝေဒနာရှင် ပြည်သူစုစုပေါင်း (၈၁)ဦးအား အခမဲ့ကုသပေးခဲ့ပါသည်။
ဖြိုးစေတနာ နယ်လှည့်အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့သို့ ဆေးကုသမှုလာရောက်ခံယူကြသူများအား တွေ့ရစဉ်


ဆက်လက်ဖတ်ရှု့ရန် 
http://www.usdp.org.mm/index.php/5472-2082014-1.html

မယ်ကမ္ဘာပြိုင်ပွဲတွင် ပထမဆုံးဝင်ပြိုင်ရန် အလှမယ်ရွေးချယ်မည်

ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များတွင် အကြီးကျယ်ဆုံးပြိုင်ပွဲ တစ်ခုဖြစ်သည့် မယ်ကမ္ဘာပြိုင်ပွဲ သို့  သွားရောက်ယှဉ်ပြိုင်ရန် နိုင်ငံကိုယ်စားပြုအလှမယ်ရွေး ချယ်ပွဲကို ပထမဆုံးအကြိမ်ပြု လုပ်သွားမည်ဖြစ်ကြောင်း ပွဲဖြစ် မြောက်ရေးတာဝန်ယူထားသည့် Forever BEC-Tero မှကိုစိုးသူရ ကပြောသည်။  ယင်းပြိုင်ပွဲတွင် ပါဝင်ရန် ယှဉ်ပြိုင်လိုသူများ၏လျှောက် လွှာများကို သြဂုတ် ၁၈ ရက်မှ ၂၂ ရက်အထိ လက်ခံပေးသွား မည်ဖြစ်ပြီး သြဂုတ် ၂၅ရက်တွင် ပြိုင်ပွဲဝင်ဆန်ခါတင် ၂၀ဦးကို ရွေးချယ်သွားမည်ဟု  ၎င်းကပြောသည်။

Tuesday, August 19, 2014

ရိုဂျိုကို နာနီအလိုက်ပေးပြီး ယူရိုသန်း ၂၀ ဖြင့် မန်ယူခေါ်ယူ



လန်ဒန်− မန်ယူအသင်းသည် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းမှ အာဂျင်တီးနားနောက်ခံလူ မားကို့စ်ရိုဂျိုအား နာနီကို တစ်ရာသီ အငှား အလိုက်ပေး၍ ယူရိုသန်း ၂၀ ဖြင့် ခေါ်ယူရန် သဘောတူလိုက်ပြီဖြစ်သည်။

ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ Miss Myanmar International ဆုရှင် ခင်ဝေဖြိုးဟန်



Miss Myanmar Inter- national ပြိုင်ပွဲကို သြဂုတ် ၁၇ ရက်ညက ပြုလုပ်ခဲ့ရာ ပရိသတ် အားပေးမှုအများဆုံးရရှိသည့် ခါး နံပါတ် ၁၆ ခင်ဝေဖြိုးဟန်ဆုရရှိခဲ့ ၍ ပရိသတ်အကြိုက်နှင့် ထပ်တူကျသည့် ပြိုင်ပွဲတစ်ခုဖြစ်ခဲ့သည်။ ယင်းပြိုင်ပွဲကို အမျိုးသား ကဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့ ပြီး ဆန်ခါတင်ရွေးချယ်သော ပြိုင်ပွဲဝင်များက  ရိုးရာဝတ်စုံ၊ ရေကူး ၀တ်စုံနှင့် ညနေခင်းဝတ်စုံများ ၀တ်ဆင်၍ ယှဉ်ပြိုင်ခဲ့ကြသည်။ ‘‘ခါးနံပါတ် (၁၆) ကိုပဲရမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆို တော့ သူ့မှာက အပြစ်ပြောစရာ မရှိဘူး။ နိုင်ငံတကာကို ယှဉ်နိုင်တဲ့အရည်အချင်းနဲ့ ပြည့်စုံမယ်လို့လည်း ယုံတယ်’’ဟု ယင်းပြိုင်ပွဲ ကိုလာရောက်ကြည့်ရှုသည့် အမျိုးသမီးပရိသတ်တစ်ဦးက ဆုမကြေညာမီ၎င်း၏ အမြင်ကို ပြောသည်။

K-Pop အဖွဲ့မှာ ပါဝင်ချင်လို့ Miss ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ တာပါ လို့ဆိုတဲ့ မေမြတ်နိုး

သြဂုတ်လ ၁၈ရက်နေ့မှာ ကိုရီးယားနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပြီး နိုဝင်ဘာလ၁၂ရက်နေ့ မှမြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာမယ့် မေမြတ်နိုးကို ကိုရီးယားသို့ မထွက်ခွာခင် သူမနဲ့ တွေ့ဆုံခိုက် မှာ မေးမြန်းဖြစ်ခဲ့တာလေးတွေကတော့ “ညီမ မာဖီလောဆိုတဲ့ KPop အဖွဲ့ဖွဲ့ပြီးပြီပေါ့နော်။ အဲဒီ့မှာ ကိုရီးယားသူနှစ်ယောက်ရယ်၊ အာရှသူတစ်ယောက်ရယ်၊ ညီမရယ် လေးယောက်ပါဝင်ပါတယ်။ အခွေ ကိုတော့ အောက်တိုဘာလထဲမှာ ထွက်ပါမယ်။ သီချင်းတွေက အင်္ဂလိပ်လိုဆိုရမှာတွေလည်းပါပါတယ်။ အဲ့ဒီအတွက်တော့ ညီမက အခက်အခဲမရှိဘူး။ ဒါပေမယ့် ကိုရီးယားလို ဆိုဖို့အတွက်ကတော့ ထပ်ပြီး ကိုရီးယားစကား သင်ယူလေ့လာနေရပါတယ်။” လို့ သူမက ပြောပြပါတယ်။

မြန်မာပြည်ချန်ပီယံစိန်ခေါ်ပွဲ ထွန်းထွန်းမင်းနှင့် စောငမန်း ယှဉ်ပြိုင်ထိုးသတ်မည်

လာမည့် စက်တင်ဘာ ၂၁ ရက်တွင် ဆီးဂိမ်းရွှေတံဆိပ် ဆုရှင် ထွန်းထွန်းမင်းနှင့် မြန်မာ ပြည်ချန်ပီယံစောငမန်းတို့ယှဉ် ပြိုင်ထိုးသတ်မည့် မြန်မာပြည်ချန် ပီယံလုပွဲတွင် ကြိုးဝိုင်းအတွင်း ရောက်မှသာ ချန်ပီယံကို ဆုံးဖြတ် ပေးနိုင်မည်ဟု လက်ရှိချန်ပီယံ စောငမန်းက ပြောကြားသည်။

ကြယ်စင်မော်ကွန်းနဲ့အကယ်ဒမီရခဲ့ရင် လိပ်ပြာသန့်တယ် ဆိုတဲ့ လူမင်း


ကြယ်စင်မော်ကွန်းဇာတ် ကားတွင် သရုပ်ဆောင်ခဲ့သော ဇာတ်ရုပ်သည် ကိုယ်တိုင်အားရ ကျေနပ်သောဇာတ်ကောင်တစ်ခု ဖြစ်သောကြောင့် ယင်းဇာတ်ရုပ် နှင့် အကယ်ဒမီဆုရရှိခဲ့ပါက လိပ် ပြာသန့်ကြောင်း လူမင်းကပြော သည်။ ‘‘ကြယ်စင်မော်ကွန်းမှာ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင် တာလည်းအားရတယ်။ အစ်ကို အစည်းအရုံးဥက္ကဋ္ဌအနေနဲ့လော ကအတွက်ဆောင်ရွက်တာက တစ်ပိုင်းပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့မိခင် ပင်မတပ်ရင်းက သရုပ်ဆောင်ပဲ လေ။ သရုပ်ဆောင်အတွက်ကို ဘယ်လောက်     အပင်ပန်းခံခဲ့တယ်။ ဘယ်လောက်အထိကြိုးစားခဲ့တယ်၊  နောက်ပြီး  ကိုယ့်သရုပ် ဆောင်ချက်ကို   တစ်ယောက် တည်းကြည့်ရတာမှမဟုတ်တာ။ ပညာရှင်တွေရော ပရိသတ်တွေ ရော ကြည့်ပြီးသားဆိုတော့ ရ သင့်ရထိုက်လို့ရမယ်ဆိုရင်လည်း အဲဒီအပေါ်မှာ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်’’ဟု ၎င်းကပြောသည်။

ကိုယ့်ဘဝ အတွက်လည်း စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်နိုင်ဖို့ လိုပါတယ် ဆိုတဲ့ ခင်စုစုနိုင် 


ချစ်မြဲတိုင်း ချစ်မယ် တေးသီချင်းခွေဖြင့် ပရိသတ်များ လက်ခံ အားပေးမှု ရရှိထားသော အဆိုတော် ခင်စုစုနိုင်က အချစ်ဆိုသည့် အရာက သူမအတွက် မရှိမဖြစ် အရာတစ်ခု ဖြစ်သလို ကိုယ့်ဘဝ အတွက်ကို လည်း စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်နိုင်ရန် လိုပါသည်ဟု ပြောပြ ခဲ့သည်။

ကယ်စင်မော်ကွန်းနဲ့အကယ်ဒမီရခဲ့ရင် လိပ်ပြာသန့်တယ်ဆိုတဲ့လူမင်း



ကြယ်စင်မော်ကွန်းဇာတ် ကားတွင် သရုပ်ဆောင်ခဲ့သော ဇာတ်ရုပ်သည် ကိုယ်တိုင်အားရ ကျေနပ်သော ဇာတ်ကောင်တစ်ခု ဖြစ်သောကြောင့် ယင်းဇာတ်ရုပ် နှင့် အကယ်ဒမီဆုရရှိခဲ့ပါက လိပ် ပြာသန့်ကြောင်း လူမင်းကပြော သည်။ ‘‘ကြယ်စင်မော်ကွန်းမှာ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင် တာလည်းအားရတယ်။ အစ်ကို အစည်းအရုံး ဥက္ကဋ္ဌအနေနဲ့လော ကအတွက်ဆောင်ရွက်တာက တစ်ပိုင်းပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့မိခင် ပင်မတပ်ရင်းက သရုပ်ဆောင်ပဲ လေ။ သရုပ်ဆောင်အတွက်ကို ဘယ်လောက်     အပင်ပန်းခံခဲ့တယ်။ ဘယ်လောက် အထိကြိုးစား ခဲ့တယ်၊  နောက်ပြီး  ကိုယ့်သရုပ် ဆောင်ချက်ကို   တစ်ယောက် တည်းကြည့် ရတာ မှမဟုတ်တာ။ ပညာရှင်တွေရော ပရိသတ်တွေ ရော ကြည့်ပြီးသားဆိုတော့ ရ သင့်ရထိုက်လို့ ရမယ်ဆိုရင် လည်း အဲဒီအပေါ်မှာ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်’’ဟု ၎င်းကပြောသည်။

ဒေလီမြို့မှ ကျောင်းသားများက ဂြိုဟ်သိမ် ဂြိုဟ်မွှား အမျိုးအစား သစ် နှစ်လုံးကို ရှာဖွေ တွေ့ရှိ
အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ ကျောင်းနှစ်ကျောင်းမှ ကျောင်းသား အဖွဲ့တစ်ဖွဲ့သည် ဂြိုဟ်သိမ် ဂြိုဟ်မွှား အမျိုးအစားသစ် နှစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိပ္ပံနှင့် နက္ခတ္တဗေဒ လေ့လာမှု ဆိုင်ရာNGO အဖွဲ့၏ ပြောကြားချက် အရ သိရသည်။Chinmaya Vidyalaya နှင့် Akshat Sharma အမည်ရှိကျောင်းမှ Aryan Mishra နှင့် Keerti Vardhan အမည်ရှိ ကျောင်းသားနှစ်ဦးနှင့် Bal  Bharati အစိုးရကျောင်းမှ Kshitij Jindal အမည်ရှိ ကျောင်းသား တစ်ဦးတို့သည် အဆိုပါ ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းဂြိုဟ်သိမ် ဂြိုဟ်မွှား၏ အမည်ကို 201400372 နှင့် 201400372 ဟု အဆိုပါ ကျောင်းသား များက အမည် ပေးခဲ့ကြောင်း သိရသည်။


တောင်ကိုရီးယားနှင့် အမေရိကန်ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

တောင်ကိုရီးယားနှင့် အမေရိကန် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတစ်ခု စတင်ခဲ့ပြီဖြစ်သည်။ အဆိုပါ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၈ ရက်မှ ၂၉ ရက်ထိ ပြုလုပ် မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောခဲ့ သည်။ ထောင်ပေါင်းများ စွာသော တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့ဝင်များ ပါဝင်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပြုံးယမ်းအရာရှိများက ဒေါထွက်နေကြသည်။


ငြိမ်းချမ်းရေးဆွေးနွေးနေကြသည့် အစ္စရေး-ပါလက်စတိုင်း လူငယ်များ

အစ္စရေးနဲ့ ပါလက်စတိုင်းက ကျောင်းသားလူငယ်တွေဟာ ဂါဇာဒေသငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တိုကျိုမြို့မှာ ကျင်းပနေပါတယ်။  အသက် ၂၀၀န်းကျင်ရှိ အစ္စရေးနဲ့ ပါလက်စတိုင်းတက္ကသိုလ်ကျောင်းသား ၁၀ ဦးဟာ ဂျပန်-အစ္စရေးပါလက်စတိုင်းကျောင်းသားညီလာခံအတွင်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်နိုင်မယ့်အကြောင်းအရာတွေကို ပါဝင်ဆွေးနွေး ခဲ့ကြပါတယ်။


လိုက်ဘေးရီးယားတွင် အီဘိုလာ ရောဂါသည်များ ပျောက် ဆုံးနေခြင်းကြောင့် လူအများ ထိတ်လန့်နေ

လိုက်ဘေးရီးယား နိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ခံရသူ (၁၇)ဦး ကုသရေး စင်တာများ မှ ပျောက်ဆုံးသွားသည့် အခြေအနေကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာကြောင်း သိရှိရသည်။


အမေရိကန် အကျိုးစီးပွားအတွက် အီရတ်ကို ကူညီခြင်းဖြစ်ကြောင်း အိုဘားမားပြောကြား

အမေရိကန်သမ္မတအိုဘားမားက အီရတ်အစိုးရကို စစ်ရေးအရ အကူအညီမျးပေးနေခြင်းမှာ အမေရိကန် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြသည်။

ကိုရီးယားကျွန်းဆွယ် ပေါင်းစည်းရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း
အာရှအရှေ့ပိုင်းသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့သည့် ခရီးစဉ်နောက်ဆုံးနေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းမှုများတည်ဆောက်နိုင် ရန် နှစ်နိုင်ငံပေါင်းစည်း မှု ပြုလုပ် သင့်ကြောင်း တိုက်တွန်းခဲ့သည်ဟု ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြ သည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် သမ္မတပတ်ဂွမ်ဟေး ကိုယ်တိုင် တက်ရောက်သည့် အခမ်းအနား၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကိုရီးယားပြည်သူများ အနာဂတ်အတွက် ဖြစ်ပွားခဲ့သော နာကျင်စရာ များကို မေ့ပျောက်ပြီး ပေါင်းစည်းရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။


back to top