Monday, November 24, 2014

လားရှိုးမှာ ပထမဆုံးရုံတင်မယ့် ‘ရည်းစားဦး’

မဟော်ဂနီ ထုတ်လုပ် ရေးအတွက် ရိုက်ကူးထားသော ‘ရည်းစားဦး’ ရုပ်ရှင်ဇာတ်ကားကို လာမည့်နှစ်မှသာ ရုံတင်ပြသနိုင် မည်ဖြစ်သော်လည်း လားရှိုးမြို့၌ နိုဝင်ဘာ နောက်ဆုံးပတ်တွင် ပြသသွားရန် အစီအစဉ်ရှိကြောင်း ဒါရိုက်တာဝင်းလွင်ထက်က ပြော သည်။
‘‘ဒီကားက ကျွန်တော့်ရဲ့ ပထမဆုံးရုပ်ရှင်ကားဆိုတော့ စိတ်တော့ လှုပ်ရှားပါတယ်။ ကြည့်တဲ့ ပရိသတ်တွေအတွက် အစွမ်း ကုန်ကြိုးစားပြီး လုပ်ထားတယ်။ ပရိသတ်တွေအတွက်လည်း ထူး ခြားမှု ရှိမယ်လို့ ထင်ပါတယ်’’ ဟု ၎င်းကပြောသည်။
ယင်းဇာတ်ကားတွင် အဓိက ပါဝင်သရုပ်ဆောင်သူ အများစု အတွက် ပထမဆုံးရုပ်ရှင်ဖြစ် သော်လည်း တစ်ယောက်ချင်းစီ အလိုက် ၎င်းတို့ပါဝင်သရုပ် ဆောင်ရသည့် ဇာတ်ရုပ်များကို အကောင်းဆုံး သရုပ်ဆောင် ထားကြောင်း ၎င်းကဆိုသည်။ " ပရိသတ်တွေအတွက် မြင် နေကျပုံစံ   မဟုတ်ဘူးဆိုတာကို တော့ အာမခံတယ်။ ဒီကားမှာပါ တဲ့ သရုပ်ဆောင်တွေအတွက် ပထမဆုံးရုပ်ရှင်ကားဆိုတော့ အကုန်လုံးက ကြိုးစားပြီးသေချာ လုပ်ထားကြတယ်။ ဇာတ်ကား ပုံစံကတော့ ရိုးမန့်ဒရာမာလေး ပါ’’ဟု ၀င်းလွင်ထက်က ပြော သည်။
ယင်းရုပ်ရှင်ကို နိုဝင်ဘာ ၂၆ ရက်တွင် လားရှိုးမြို့ သီတာအေး ရုပ်ရှင်ရုံ၌ ရုံတင်ပြသသွားမည် ဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထား သည့် အနုပညာရှင်များက အ မှတ်တရလက်မှတ်   ရေးထိုးကြ မည်ဖြစ်သည်။
‘‘ရန်ကုန်နဲ့ မန္တလေးမှာ ရုံ တင်ဖို့ကတော့ နောက်နှစ်ထဲမှာပဲ ဖြစ်မယ်ထင်တယ်’’ဟု ဒါရိုက်တာ ၀င်းလွင်ထက်က ပြောသည်။ ရည်းစားဦး ရုပ်ရှင်ဇာတ် ကားတွင် အလင်းရောင်၊ ရဲအောင်၊သဉ္ဇာနွယ်ဝင်းနှင့် အားဝေတို့က အဓိကပါဝင်သရုပ်ဆောင်ထား ပြီး ၂၀၁၃ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

back to top