Tuesday, November 25, 2014

3G ဆက်သွယ်ရေးကွန်ရက် ၂ဝ၁၅ တွင် သုံးဆ ပိုမိုကောင်း မည်ဟု MPT ဆို

ရန်ကုန်မြို့၌လက်ရှိ အသုံးပြုနေသော ဆက်သွယ်ရေးကွန်ရက်အား ၂ဝ၁၅ မတ်လကုန်တွင် သုံးဆပိုမို ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန် ထားသော သတင်း အချက်လက်များ အရ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်တွင်းရှိ တခြားအော်ပရေတာ နှစ်ခုအားယှဉ်ပြိုင်ရန်အတွက် ၄င်း၏ဆက် သွယ်ရေး ကွန်ရက် ချဲ့ထွင်ခြင်း လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက် လျက်ရှိပြီး ၄င်းတို့၏ကွန်ရက်ချဲ့ထွင် ခြင်းလုပ်ငန်း ပထမ အဆင့်အဖြစ် ၂ဝ၁၅ မတ်လကုန်တွင် တစ်နိုင်ငံလုံးရှိ စခန်းအရေအတွက်အား နှစ်ဆမြှင့်တင် မည်ဖြစ်သည်။
အဆိုပါ မြှင့်တင်မှုကြောင့် လာမည့် လေးလအတွင်း ရန်ကုန်မြို့ရှိ 3G ကွန် ရက်နှုန်းမှာ ယခင်ထက် သုံးဆခန့်ပိုမိုမြန် ဆန်လာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၄င်းတို့၏ ဆက်သွယ်ရေးကွန်ရက် ချဲ့ထွင်ခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၆ ရက် မှစတင်ကာ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်နှင့်ရန်ကုန်အား အဓိကထားဆောင် ရွက်ခဲ့သည်။
အဆိုပါ ကွန်ရက်တိုးချဲ့မှုများ ကြောင့် အဆိုပါမြို့များရှိ ၃ွ လိုင်းအင်အားမှာ ယခင်ထက် ရာခိုင်နှုန်း၅ဝ ပိုမိုတိုးမြင့် လာကြောင်း မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်း မှပြောကြားချက်များအရသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်တွင်းအော်ပရေတာနှစ်ခုအား ယှဉ်ပြိုင်ရန်အတွက် အကျယ်ပြန့်ဆုံးဆက် သွယ်ရေးကွန်ရက်အား ပိုင်ဆိုင်ထားပြီး လက်ရှိတွင် ဆက်သွယ်ရေး ကွန်ရက် တိုးချဲ့ရာတွင် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုအတွက် ဂျပန် ကုမ္ပဏီ KDDI/Sumitomo Corporation တို့နှင့် အကျိုးတူ စာချုပ်ချုပ်ဆိုထားပြီးဖြစ် သည်။


No comments:

Post a Comment

back to top