Thursday, July 31, 2014

မြေအောက် ရေပိုက်လိုင်း တစ်ခု ကျိုးပေါက်မှုကြောင့် ကယ်လီဖိုးနီးယား တက္ကသိုလ် ရေလွှမ်းမိုးမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ရှိ မြေအောက်ပင်မ ရေပိုက်လိုင်းတစ်ခု ကျိုးပေါက်ခဲ့ရာ ကယ်လီဖိုးနီးယား တက္ကသိုလ် တွင် ရေလွှမ်းမိုးမှုဖြစ် ပွားခဲ့ကြောင်း၎င်းမြို့ရှိ ဒေသခံများက ပြောကြား ခဲ့သည်။ ယင်းရေပိုက်လိုင်း ကျိုးပေါက်မှုသည် ဇူလိုင် ၂၉ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပိုက်လိုင်း ကျိုးပေါက်မှုကြောင့် ရေများပန်း ထွက်လာကာ လမ်းပေါ်တွင် ၁ဝပေ (၃ မီတာ) အကျယ်ရှိသော တွင်းတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ပြင် ဒေသတွင်းရှိ လမ်းမများနှင့် မြေအောက် ယာဉ်ရပ်နား စခန်းများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ကဆက်လက်ပြောကြားခဲ့သည်။

မကွေးမြို့၌ Miss Golden Land Myanmar ပြိုင်ပွဲဝင် အလှမယ်များ စုပေါင်း သန့်ရှင်းရေး ပရဟိတ ဆောင်ရွက်

မကွေးတိုင်း ဒေသကြီး မကွေးမြို့သို့ လေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသော Miss  Golden  Land Myanmar ပြိုင်ပွဲဝင် အလှမယ် ၂၅ ဦး ပါဝင်သည့် အဖွဲ့ဝင် ၄ဝ တို့သည်  မကွေးမြို့နယ်စည်ပင် သာယာရေး ကော်မတီမှ ဝန်ထမ်း ၆ဝ နှင့် ပူးပေါင်း၍ ပတ်ဝန်းကျင် သန့်ရှင်းရေး ပရဟိတ လုပ်ငန်း အဖြစ်   ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲမှ စ၍ မကွေးမြို့ မြို့မ အိုးဘိုရပ်ကွက်၊ ကမ်းနားလမ်းနှင့် မဲထီး လမ်းထောင့်ရှိ မြဧရာ ပန်းခြံအနီးမှ ကမ်းနားလမ်း တစ်လျှောက် စုပေါင်း အမှိုက်ကောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နီနီဝင်းရွှေနဲ့ သီချင်းအတူဆိုမယ့် မိုးစက်ဝိုင်

သြဂုတ်တွင်ပြုလုပ်မည့် အဆိုတော်နီနီဝင်းရွှေ၏ တစ် ကိုယ်တော်ဖျော်ဖြေပွဲတွင် သီချင်း ဆိုရန်အတွက် သီချင်းများတိုက် နေပြီဟု မိုးစက်ဝိုင်ကပြောသည်။‘‘အန်တီနီနီက မိုးစက်ကို သီ ချင်းရွေးပေးပါတယ်။ အန်တီနီနီ နဲ့ တွဲဆိုရမှာတစ်ပုဒ်၊ တစ်ယောက် တည်းဆိုမှာ တစ်ပုဒ်။ သီချင်းနာ မည်တွေကို အခုတော့ မပြောပြ ချင်သေးဘူး။ ဖျော်ဖြေပွဲကျမှပဲသိ စေချင်တယ်။ ဒါပေမဲ့ ကိုကိုနဲ့ပတ် သက်တဲ့သီချင်းဖြစ်မယ်’’ဟု မိုး စက်ဝိုင်ကပြောသည်။

မင်းသားဝီလျံနဲ့ ဟာရီတို့ ဓနသဟာယ အားကစားပွဲမှာ အားကစား မောင်မယ်တွေနဲ့ တွေ့ဆုံ 


ဗြိတိန်မင်းသားဝီလျံ၊ ဇနီးဖြစ်သူ ကက်သရင်းနဲ့ ညီဖြစ်သူ မင်းသားဟာရီတို့ဟာ တနင်္လာနေ့က ဓနသဟာယ အားကစားပြိုင်ပွဲဝင် အားကစားမောင်မယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ (၂၀၁၄) ဓနသဟာယ အားကစားပွဲကို စကော့တလန်နိုင်ငံ ဂလပ်စကိုမြို့မှာ ဇူလိုင်(၂၃)ရက်ကစပြီး ကျင်းပနေတာ ဖြစ်ပါတယ်။ ကင်းဘရစ်မြို့စား ၀ီလျံနဲ့ မြို့စားကတော် ကက်သရင်းတို့ဟာ အားကစားရွာကို ရောက်ရှိလာကြပြီး အိုလံပစ် စက်ဘီးစီးပြိုင်ပွဲဝင် ခရစ်ဟွေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံဟာ မင်းသားဟာရီနဲ့အတူ စကော့တလန် အားကစားအဖွဲ့ရှိရာကို သွားရောက်ပြီး အတော်ကြာအောင် စကားပြောခဲ့ပါတယ်။

MH 17 လေယာဉ်ပျက်ကျခဲ့ရသည့် အကြောင်းရင်း


ယူကရိန်းနိုင်ငံတွင်းရှိ လုံခြုံရေးအရာရှိတွေက မလေးရှားလေကြောင်းလိုင်းလေယာဉ် MH 17 ဟာ ဒုံးကျည်တစ်ခုကနေထွက်လာတဲ့ အပိုင်းအစမှန်ပြီး လေဖိအားလျော့နည်းကာ ပျက်ကျခဲ့တာ ဖြစ်တယ် လို့ ပြောကြားလိုက်ပါတယ်။ ယူကရိန်းလုံခြုံရေးအရာရှိ အန်းဒရေးလော်ဆန်ကိုက မလေးရှားလေကြောင်း လိုင်းလေယာဉ် MH 17  ဟာ ဒုံးကျည်တစ်စင်းကနေ စင်ထွက်လာတဲ့အပိုင်းအစ တစ်ခုမှန်ပြီး လေဖိ အားလျော့နည်း ကာ ပျက်ကျခဲ့တာဖြစ်တယ်လို့ သတင်းထောက်တွေကို တနင်္လာနေ့ တုန်းကပြောကြား လိုက်ပါတယ်။

အာဂျင်တီးနား နည်းပြတာဝန်က ဆဘယ်လာ နှုတ်ထွက် 


အာဂျင်တီးနား အသင်းကို နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောင်အောင် ဦးဆောင် နည်းပြနိုင်ခဲ့တဲ့ နည်းပြ ဆဘယ်လာဟာ အင်္ဂါနေ့က တာဝန်ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သတင်းတွေအရ သူ့နေရာကို ဘာစီလိုနာနည်းပြဟောင်း မာတီနိုနဲ့ အစားထိုး ခန့်အပ်ဖွယ် ရှိနေပါတယ်။ ဆဘယ်လာရဲ့ နှုတ်ထွက်လွှာကို အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က အတည်ပြု ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် စက်တင်ဘာလထဲ ဂျာမနီအသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ရှိလို့ အဲ့ဒီပွဲမတိုင်ခင် နည်းပြသစ်ကို အမြန်ခန့်အပ်ရဖို့တော့ ရှိနေပါတယ်။ ဆဘယ်လဟာ အာဂျင်နီးနား လက်ရွေးစင် အသင်းနည်းပြအဖြစ် ၂၀၁၁ခုနှစ် သြဂုတ်လက စတင်တာဝန်ယူခဲ့ပြီး (၃)နှစ်တာအတွင်း မျှော်လင့်တာထက် ပိုအောင်မြင်အောင် ဦးဆောင်နည်းပြ နိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ အာဂျင်တီးနား အသင်းကို ဘာကြောင့် ဆက်လက် တာဝန်မယူချင်တဲ့ အကြောင်းအရင်းကိုတော့ ထုတ်မပြောသေးပါဘူး။

အစိုးရအစီအစဉ်တွေကို ကာကွယ်နေတယ်လို့ ဝေဖန်မှုတွေ ကြုံနေရ သည့် ဖီလစ်ပိုင်သမ္မတ


ဖီလစ်ပိုင်သမ္မတ ဘန်နီနိုအကွီနိုဟာ အစိုးရရဲ့အငြင်းပွားဖွယ် အစီအစဉ်တွေကို ဘက်လိုက်ပြီး ကာကွယ်ပြောကြားပေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဖီလစ်ပိုင်သမ္မတ ဘန်နီနိုအကွီနိုဟာ တနင်္လာနေ့တုန်းက ပြောကြားခဲ့တဲ့ နိုင်ငံတော်အဆင့် မိန့်ခွန်းအတွင်းမှာ သူ့အစိုးရ လုပ်ဆောင်နေတဲ့ အငြင်းပွားဖွယ် အစီအစဉ်တွေနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားတယ်ဆို တဲ့ ဝေဖန် မှု တွေခံနေရတယ်လို့ သိရပါတယ်။ 

ရုရှားကို စီးပွားရေးပိတ်ဆို့မှုတွေ တိုးမြှင့် လုပ်ဆောင်တော့မယ့် အမေရိကန်နဲ့ အီးယူ


အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ဟာ ရုရှားနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ တိုးမြှင့်သွားမယ်လို့ ကြေညာ ထားပါတယ်။ အမေရိကန်အိမ်ဖြူတော်ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေး တိုနီဘလင်ကန်က ယူကရိန်း ခွဲထွက်ရေးသမားတွေကို ဆက်လက်ထောက်ပံ့နေတဲ့ ရုရှားနိုင်ငံကို တနင်္လာနေ့ က ပြစ်တင်ပြောဆိုလိုက်ပါတယ်။

အင်တာမီလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ မန်ယူ အနိုင်ရ 



နည်းပြဗန်ဟားရဲ့ ကစားကွက် အသစ်နဲ့အတူ ရာသီကြိုပွဲစဉ်တွေမှာ နိုင်ပွဲရနေတဲ့ မန်ယူအသင်းဟာ အင်တာနေရှင်နယ် ချန်ပီယံများဖလား အုပ်စုဒုတိယပွဲမှာ အင်တာမီလန်နဲ့ ကစားခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရသွားပါတယ်။

မန္တလေး -ပုဂံ- မန္တလေး အမြန်ရထားအား အဆင့်မြင့် RBE တွဲဆိုင်းဖြင့် အစားထိုး ပြေးဆွဲမည်

မန္တလေး- ပုဂံ- မန္တလေး ပြေးဆွဲနေသော အမှတ်(၁၁၉) အဆန်၊ (၁၂ဝ) အစုန် အမြန်ရထား နေရာတွင် ဒေသခံ ခရီးသွား ပြည်သူများနှင့် ကမ္ဘာလှည့် ခရီးသည်များ  အဆင် ပြေစွာ စီးနင်းနိုင်ရေး အတွက် မကြာသေးခင်က ဂျပန်နိုင်ငံမှ ရောက်ရှိလာသော အဆင့်မြင့်  RBEများနှင့် ပြေးဆွဲ ပေးသွားမည်ဖြစ်သည်။
ထိုသို့ ပြေးဆွဲရာတွင် RBE (၄)တွဲပါ တွဲဆိုင်းသစ်ဖြင့် ပြေးဆွဲ ပေးမည်ဖြစ်ပြီး ၅. ၈. ၂ဝ၁၄ ရက် မန္တလေး ဘူတာမှ ထွက်ရှိမည့် အမှတ်(၁၂ဝ) အစုန် ရထားဖြင့် စတင်ကာ ပြေးဆွဲပေးမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်း ရရှိသည်။

မြန်မာနိုင်ငံ၌ မွေးဖွားမှု မှတ်ပုံ မတင်ရသေးသည့် ကလေးများအား Mobile မှတ်ပုံတင်ခြင်း အစီအစဉ် UNICEF က ပံ့ပိုး ကူညီမည်

မြန်မာနိုင်ငံ၌ မွေးဖွားမှု မှတ်ပုံမတင် ရသေးသည့် ကလေးများအား    Mobile မှတ်ပုံတင်ခြင်း အစီအစဉ်ကို UNICEF က ပံ့ပိုးကူညီမည် ဖြစ်ကြောင်းသိရသည်။
မတ် ၃ဝ ရက်မှ ဧပြီ ၁ဝရက်အထိပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူခဲ့ပြီးဖြစ်ရာ  မကြာမီရှေ့ပြေး လူဦးရေစာရင်းကို ထုတ်ပြန်နိုင်တော့မည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
ထို့အပြင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ထပ်မံကောက်ယူရန် နောင် ၁ဝ နှစ်ကြာ မြင့်မည် ဖြစ်သည့် အတွက် ယင်း ၁ဝ နှစ် အတွင်း လူဦးရေ စာရင်းတိကျ မှန်ကန်ရေး အတွက် ဖွား၊  သေစာရင်းမှန်ကန်စွာ ရရှိရေးသည်အဓိက ကျ သည်ဖြစ်ရာ မွေးဖွားမှု  မှတ်ပုံ မတင်ရသေးသည့် ကလေး များအား Mobile  မှတ်ပုံတင်ခြင်း အစီအစဉ်ကိုလာမည့်  အောက်တိုဘာလတွင် စတင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ မွေးဖွားမှု မှတ်ပုံမတင်ရသေးသည့် ကလေးများအား Mobile မှတ်ပုံတင်ခြင်း  အစီအစဉ်ကို  မကွေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ် တို့၌ ကနဦး စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ UNICEF ၏  ထုတ်ပြန်ချက်အရ အသက်ငါးနှစ်အောက်  တရားဝင် မွေးစာရင်း ရှိသူများမှာ  ကမ္ဘာတစ်ဝန်းပျမ်းမျှ   ၆၅  ရာခိုင်နှုန်းရှိသော်လည်း    မြန်မာနိုင်ငံ အနေဖြင့် ၇၂ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အမြန်လမ်း ယာဉ်အန္တရာယ်လျှော့ချရေး Information Traffic Centre များ ထားမည်


ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြစ်ပေါ်နေသော ယာဉ်အန္တရာယ်များကို လျှော့ချရန်အတွက် နိုင်ငံတကာတွင် အသုံးပြုနေသော Information Traffic Centre များကို အမြန်လမ်းတွင် တည်ဆောက်တော့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အမြန်လမ်းအင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို ပြောသည်။


“အန္တရာယ် မဖြစ်အောင် အဝေးကနေ စောင့်ကြည့် စစ်ဆေးပေးနေမဲ့ ပုံစံမျိုးဖြစ်ပါတယ်။ နိုင်ငံတကာမှာ တော်တော်လေး တွင်ကျယ်နေပြီ။ ဒါ့ကြောင့် ဒီမှာလည်း သုံးဖို့စီစဉ်ရခြင်းဖြစ်တယ်။ လောလောဆယ်မှာ လုပ် ပေးမယ့်ကုမ္ပဏီနဲ့ ငွေကြေး ကိစ္စကို ညှိနှိုင်းနေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါစနစ်သည် အမြန်လမ်းပေါ်တွင် သွားလာမည့် ကားများတွင် အာရုံခံကိရိယာများ တပ်ဆင်ပေးထားမည်ဖြစ်ပြီး Information Traffic Centre မှ စီစီတီဗီနှင့် စောင့်ကြည့်မည်ဖြစ်သည်။ အာရုံခံကိရိယာတပ်ဆင်ထားသော ကားမှာ တစ်စုံတစ်ခုကြောင့် ရပ်သွားလျှင် ယင်းကိရိယာမှတစ်ဆင့် Information Traffic Centre ရှိ တာဝန်ရှိသူများမှ အဝေးထိန်းအသံဖြင့် တစ်စုံတစ်ရာဖြစ် မဖြစ်၊ ယာဉ်မှာ မည်သည့်အတွက်ကြောင့် ရပ်သွားခြင်းကို မေးမြန်းမည်ဖြစ်ကာ အကယ်၍ ကားပိုင်ရှင်မှ မည်သို့မျှ ပြန်လည်ဖြေကြားခြင်း မရှိလျှင် အမြန်လမ်းရဲတပ်ဖွဲ့များမှ ၎င်းနေရာသို့ သွားရောက်ကာ စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။ ၎င်းစနစ်သည် ယာဉ်မတော်တဆဖြစ်နေလျှင်လည်း ချက်ချင်းသိနိုင်မည့် စနစ်ဖြစ်သည်ဟု ဦးကြည်ဇော်မြင့် ကဆိုသည်။

နိုင်ငံတကာကုမ္ပဏီများကို စက်သုံးဆီ တင်သွင်းရောင်းချခွင့် ပြုသွားမည်



ဓာတ်ဆီနှင့် ဒီဇယ်ဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းကို နိုင်ငံတကာကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင် သွားရန် မကြာမီတင်ဒါခေါ်သွားမည်ဟု မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး
လုပ်ငန်းမှ တာဝန်ရှိသူ ကပြောသည်။



"လေယာဉ်ဆီနည်းတူ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ တင်သွင်းတာ၊သိုလှောင်တာ၊ ဖြန့်ဖြူးရောင်းချ တာတွေကို ဖက်စပ်လုပ်သွားဖို့ရှိတယ်။ လာမယ့် နှစ်လ၊ သုံးလအတွင်း တင်ဒါခေါ် သွားမယ်" ဟု မြန်မာ့ရေနံထွက် ပစ္စည်းရောင်း ၀ယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောသည်။

လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးကွက်၏ အရည်အသွေးနှင့် ဈေးနှုန်းပိုင်းအား ထိန်းချုပ်နိုင်မှုအားနည်းခြင်းကြောင့် နိုင်ငံ တကာ ကုမ္ပဏီများအား ဖိတ်ခေါ်လုပ်ကိုင်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

"နိုင်ငံတကာကုမ္ပဏီတွေ ၀င်လာရင် ဈေးကွက်အတွင်းမှာ အရည်အသွေးအရ ရော၊ ဈေးနှုန်းအရရော ပြိုင်ဆိုင်မှု ပြင်း ထန် လာမယ်။ အဲဒါဆို ယုံကြည်စိတ်ချရတဲ့ ဈေးကွက်ဖြစ်လာမယ်"ဟုလည်း ဦးမြင့်ဇော် က ပြောသည်။

ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု ရေးသားနည်း အခြေခံ လမ်းညွှန် သင်တန်း ဖွင့်လှစ်မည်

မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူး၍ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု ရေးသားနည်း အခြေခံ လမ်းညွှန် သင်တန်းကို စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃ဝ ရက် အထိ တစ်လတိတိ ဖွင့်လှစ်မည် ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ အထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ သင်ကြားမည် ဖြစ်သည်။
သင်တန်း တက်ရောက်လိုသူ များသည် သင်တန်းကြေး ငွေကျပ် ၂ဝဝဝဝ ပေးသွင်းရမည် ဖြစ်ပြီး အသက် ၁၆ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ သင်တန်းမှ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရမည်။ မြန်မာနိုင်ငံ စာရေးဆရာ အသင်းရုံး အမှတ် (၁၇၃/၁၇၅) (၇) လွှာ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) ကျောက်တံတား မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၁-၂၅၂၄၁၇၊ ဝ၁-၃၈၅၂၇၃ တွင် စုံစမ်း၍ သြဂုတ် ၆ ရက်မှ ၂၅ ရက်အထိ နောက်ဆုံးထားပြီး ဓာတ်ပုံ (၃) ပုံနှင့် အတူ လျှောက်လွှာပုံစံ ဝယ်ယူ တင်သွင်း နိုင်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ အရေအတွက် ကန့်သတ်ထားသဖြင့် လျှောက်လွှာများကို အချိန်မီ တင်သွင်းကြရန် လိုကြောင်း သိရသည်။

ပြည်သူ့ပါတီမဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်း အမှတ်စဉ်(၂)တံတားဦး တွင်ဖွင့်လှစ်

တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး သင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲ အခမ်းအနားကို (၃၀-၇-၂၀၁၄) ရက်နေ့ နံနက် (၈း၃၀)အချိန် က တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ဆောင်ရွက်ခဲ့ သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၊ ကျောက်ဆည်ခရိုင် နယ်မြေတာဝန်ခံ ဦးသန်းထွန်းမှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်ပါတီ အတွင်းရေးမှူး ဦးအောင်မြင့်သန်း နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီ ယာယီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း နှင့် ပါတီကော်မတီဝင်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြကာ ပထမရက် သင်ခန်းစာများအား နည်းပြ ဒေါ်သိဂီင်္အောင် နှင့် ဦးသန်းထွန်း တို့မှ ပို့ချဆွေးနွေးခဲ့ကြသည်။
အဆိုပါ သင်တန်းအား သင်တန်းကာလ (၃)ရက် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း သား (၆၄)ဦး တက်ရောက် လျက်ရှိကြောင်း သိရှိရသည်။

ဒီးမော့ဆိုမြို့နယ် ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွား သင်တန်း ဆင်း

ဒီးမော့ဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ဖွင့်လှစ် ခဲ့သော ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၁၄) ဆင်းပွဲ အခမ်းအနားကို (၃၀-၇-၂၀၁၄)ရက် နံနက်(၁၀း၀၀)အချိန်က မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ တက်ရောက်အမှာစကား ပြောကြားသည်။
“ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူတည် ဆောက်ပြီး၊ ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအနေနှင့်လည်း ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက်ပိုင်းလမ်း၊ တံတားကို ဦးစားပေးဆောင်ရွက်ခဲ့သဖြင့် ယနေ့ ပြည်နယ်အတွင်းသွားလာမှု မြန်ဆန်လွယ်ကူလျက် ရှိနေပြီဖြစ်ပါကြောင်း၊ ပါတီအနေနဲ့ကလည်း ပြည်သူရဲ့ အသံကို အမြဲမပြတ်နားထောင်ပြီး ဖြည့်ဆည်းပေးရန် ဤသင်တန်းကို ဖွင့်လှစ် သင်ကြားခဲ့ပြီးဖြစ်၍ လက်တွေ့နယ်ပယ်တွင် အသုံးချဆောင်ရွက်ကြစေ လိုကြောင်း” တို့ဖြင့် ပြောကြားသည်။
ယနေ့အခမ်းအနားသို့ ပြည်နယ်ကော်မတီဝင် ဦးဂျေကလက်၊ ဦးကျော်မြင့်၊ ဦးတင်ဦး၊ ဒေါ်မော်မော်ခိုင်နှင့် လွိုင်ကော်ခရိုင်ကော်မတီဝင်များ၊ ဒီးမော့ဆို မြို့နယ် အတွင်းရေးမှူး ဦးကျော်သန်းလေးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်(၁)ခု၊ ကျေးရွာအုပ်စု(၂၆)ခုတို့မှ သင်တန်းသား/သူ(၅၆)ဦးပါ စုစုပေါင်း (၇၀)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Wednesday, July 30, 2014

ဝင်ဘယ်လ်ဒန် ပြိုင်ပွဲက ရှုံးနိမ့်မှုကို မေ့ပျောက်နိုင်ခဲ့ပြီလို့ ဆရီနာဝီလျံ ပြော

 
အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံက၂၀၁၄၀င်ဘယ်လ်ဒန် ဖလားပြိုင်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ရမှုကို မေ့ပျောက်နိုင်ခဲ့ပြီး စိတ်သစ်နဲ့ ပျော်ရွှင်နေပြီလို့ ပြောကြားလိုက်ပါတယ်။

(၂)နှစ်အတွင်း SM Entertainment၏ ပထမဆုံး K-Pop အဖွဲ့သစ်ကို မိတ်ဆက်

 

တောင်ကိုရီးယား နာမည်ကျော် ဖျော်ဖြေရေး ကုမ္ပဏီကြီး SM Entertainment သည် (၂)နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် K-Pop ဂီတအဖွဲ့သစ် တစ်ခုကို မိတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင်(၂၈)ရက်တွင် Red Velvet အမည်ရှိ အမျိုးသမီး ဂီတအဖွဲ့သစ်ကို SM Entertainment က မိတ်ဆက်ခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။

ထိုင်း ဝန်ကြီးချုပ် ဟောင်း ယင်လပ် အာဏာ အလွဲသုံးမှုဖြင့် တရား ရင်ဆိုင်ရမည်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာသည် ပြည်သူ့ ရန်ပုံငွေများကို ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက်
သုံးစွဲခဲ့သောကြောင့် သူမအား ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က အာဏာ အလွဲသုံးစား လုပ်သည်ဟု စွပ်စွဲခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ဇူလိုင် ၂၈ ရက်တွင်ပြောကြားခဲ့သည်။ ယင်လပ်နှင့် အပေါင်းပါများ ဖြစ်ကြသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်း ရှစ် ဦးနှင့် အမျိုးသားရဲတပ်ဖွဲ့ အရာရှိချုပ်တို့သည် အထွေထွေရွေးကောက်ပွဲတွင်အနိုင် ရရှိရေးအတွက် နိုင်ငံတစ်ဝန်းသို့သွားလာခဲ့ပြီး ၂ဝဝ၇ ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်မှုပြု လုပ်ခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ စုံစမ်းရေးအဖွဲ့က စွပ်စွဲပြောကြားမှုကို ဗန်ကောက် ပို့စ်သတင်းစာကဖော်ပြခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး အတွက် ပုပ်ရဟန်း မင်းကြီး မေတ္တာ ရပ်ခံ

ဗာတီကန်မြို့တွင် ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့သော ပထမကမ္ဘာစစ် နှစ်(၁ဝဝ) ပြည့် အောက်မေ့ခြင်း အခမ်း အနားတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ငြိမ်းချမ်းရေးအတွက်  မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

သစ်သီးဝလံ အခြေခံ စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်း မန္တလေးမြို့၌ ဖွင့်လှစ်မည်

မြန်မာနိုင်ငံအတွင်း ရာသီအလိုက် ထွက်ရှိသော သစ်သီးဝလံများကို ထုတ်လုပ်သည့် အခြေခံစားသောက်ကုန် ထုတ်လုပ်နည်း ပညာသင်တန်းကို ဇူလိုင် ၃ဝ ရက်မှ သြဂုတ် ၅ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း  သိရသည်။ အဆိုပါ သင်တန်းကို ပြည်ပမှ တင်သွင်းလာသော စားသောက်ကုန်များ နေရာတွင် မိမိနိုင်ငံအတွင်း ရာသီအလိုက် ထွက်ရှိနေသော သစ်သီးဝလံများကို တာရှည်ခံ နည်းပညာများ အသုံးပြု၍ ဘေးအန္တရာယ် ကင်းရှင်းသော ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်ကုန်များ ထုတ်လုပ် ရောင်းချနိုင်ရန်နှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
''သစ်သီးဝလံ အခြေခံစားသောက်ကုန် ထုတ်လုပ်နည်းပညာ သင်တန်း တက်ရောက်လိုသူများကို စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ဖြစ်သည်အထိ လိုအပ်သည်များကို မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရှိ ပညာရှင်များက ပံ့ပိုး ကူညီပေးသွားမှာပါ။ သင်တန်းဆင်း လက်မှတ် ပေးအပ်သွားမှာဖြစ်ပြီး သင်တန်းဆင်းလက်မှတ် ရရှိပြီးပါက လုပ်ငန်းမှတ်ပုံတင် လျှောက်ထားနိုင်မှာပါ''ဟု မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ သင်တန်းကြေးကို တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝ ဖြင့် တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကုန်ကျစရိတ် အချိုးကျ ကျခံရ မည်ဖြစ်သည်။ သင်တန်းတွင် သဘာဝသစ်သီး ဖျော်ရည်မျိုးစုံ၊ သစ်သီးယိုမျိုးစုံနှင့် ဂျယ်လီထုတ်လုပ်နည်း၊ ဝိုင်ထုတ်လုပ်ငန်း၊ ဆော့စ်၊ ပဲနို့ရည်၊ ပြောင်းဖူးနို့ရည်များ ထုတ်လုပ်နည်း၊ အစားအသောက်သုံး ဓာတုဆေးဝါးများ အကြောင်းနှင့် အသုံးပြုနိုင်သည့် သတ်မှတ် အချိုးအစားများ စသည့် နည်းပညာများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။            

ကလစ်ပါအသင်း အရောင်းအ၀ယ်ကို ဆက်လက် ဆောင်ရွက်ဖို့ တရားရုံးက အမိန့်ချ 


ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘောအသင်း လော့စ်အိန်ဂျယ်လိစ်ကလစ်ပါအသင်းကို စံချိန်တင် ရောင်းဈေး ဒေါ်လာ(၂)ဘီလျံနဲ့ ၀ယ်မယ့်ကိစ္စကို ဆက်လက် ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ 

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗလာစာအုပ်နှင့် စာရေး ကိရိယာများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းမီးရထားရပ်ကွက် ဓမ္မရက္ခိတဓမ္မာရုံတွင်  ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း သိရသည်။

အဆိုပါဆန်းဒေးစကူးကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၅၀ တက်ရောက်လျက်ရှိပြီး လိုအပ်လျက်ရှိသော ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများကို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းလှိုင်၊ တွဲဖက်အတွင်းရေးမှူး ဒေါ်လဲ့လဲ့အေးနှင့် မြို့နယ်ကော်မတီဝင်များက လှူဒါန်းခဲ့ပြီး သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဓမ္မာရုံအတွင်းအပြင်နှင့် ရပ်ကွက်အတွင်း၊ အမက(၁၅) ကျောင်းဝန်းကျင်များ တွင် ခြင်ဆေးမှုတ်ခြင်း၊ ရေကန်များ၊ တိုက်ကီများတွင် အဘိတ်ဆေးခပ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ပါတီမဟာဗျူဟာဖောင်ဆောင်ရေးဆင့်ပွားသင်တန်း ကျောက်ကြီးမြိ့နယ်တွင်ဖွင့်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေးဆင့်ပွားသင်တန်း(၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ယခုလ ၂၁ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တောင်ငူခရိုင် ပါတီတွဲဖက် အတွင်းရေးမှူး ဦးဝင်းဌေး၊ ခရိုင်ကော်မတီဝင် ကျောက်ကြီးမြို့နယ် တာဝန်ခံ ဦးသန်းဇော်၊ ခရိုင်ကော်မတီ ဦးသက်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ အုတ်တွင်းမြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းထိုက်၊ ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးလှဘုန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျောက်ကြီး မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၁ အုပ်စုမှ ပါတီစည်းရုံးရေးမှူးများနှင့် လူငယ်ခေါင်းဆောင် သင်တန်းသား သင်တန်းသူ ၈၂ ဦးတက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် သင်တန်းဦးစီးကော်မတီနာယက တောင်ငူခရိုင်ပါတီတွဲဖက်အတွင်းရေးမှူး ဦးဝင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးလှဘုန်းက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကြသည်။ သင်တန်းသို့ နည်းပြဆရာဆရာမရှစ်ဦးက သင်တန်း သားသင်တန်းသူများကို နှစ်ရက်ကြာပို့ချခဲ့ကြောင်း သိရသည်။

သရက်မြို့နယ်တွင် ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွား သင်တန်း(၁/၂၀၁၄) ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ပါတီကော်မတီက ဦးစီးဖွင့် လှစ်သည့် ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေးဆင့်ပွားသင်တန်း (၁/၂၀၁၄) ဖွင့်ပွဲ အခမ်း အနားကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားတွင် အရန်ပါတီကော်မတီဝင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ယဉ်လှက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ပါတီကော်မတီအတွင်းရေးမှူး ဦးဆလိုင်းဆန်းက သင်တန်း စည်းကမ်း များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၄၂ ဦးနှင့် သင်တန်းသူ ၁၅ ဦးတို့ကို ယခုလ ၂၈ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်ပို့ချ ပေးမည်ဖြစ်ပြီး သင်တန်းအပတ်စဉ်(၁)နှင့် (၂)တွင် မြို့ပေါ်ရှစ်ရပ်ကွက်မှ သင်တန်းသား သင်တန်းသူ ၈၀၊ သင်တန်း အပတ်စဉ်(၃) နှင့် (၄) တွင် ကျေးရွာအုပ်စု ၅၃ အုပ်စုမှ သင်တန်းသားသင်တန်းသူ ၁၀၀ တို့အား ပါတီနိုင်ငံရေး၊ ဒီမို ကရေစီအုပ်ချုပ်ရေးဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လက်ရှိလွှတ်တော်နိုင်ငံရေး အသွင်ကူပြောင်း ရေးကာလတွင် တွေ့ကြုံ ရသည့်အခက်အခဲများနှင့် ဆောင်ရွက်မှုများကို နားလည်သဘောပေါက်ပြီး နိုင်ငံတော်တည် ဆောက်ရေးတွင် ပါဝင် ဆောင်ရွက်လာနိုင်ရေးကို ရည်ရွယ်ဖွင့်လှစ်ကြောင်း သိရသည်။

Tuesday, July 29, 2014

အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်မှုစတင် ဖြစ်ပွားနေပြီဖြစ်သည့် မြို့တော် ဖရီးတောင်း(Free Town)


အီဘိုလာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးဟာ ဆီရီယာလီနွန်နိုင်ငံ မြို့တော် "ဖရီးတောင်း"မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အီဘိုလာရောဂါပိုးကူးစက်ခံထားရတယ်လို့ ယူဆရတဲ့ ဆော်ဒါတူ ခိုရိုမာဆိုသူ အမျိုးသမီးဟာ ဆီရီယာလီနွန်မြို့တော် ဖရီးတောင်း ရှိ၊ ပြည်သူ့ဆေး ရုံမှာ သေဆုံးခဲ့ပါတယ်။အဆိုပါအမျိုးသမီးဟာ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံခဲ့ပေမယ့် သူမရဲ့ ဆွေ မျိုးတွေက ဆေးရုံကနေ ကြာသပတေးနေ့ တုန်းက အတင်းဆင်းခိုင်းခဲ့တာဖြစ်ပါတယ်။

စီနီယာအိုးပင်း ချန်ပီယံဆုကို ဘန်းဟတ်လန်းဂါး ရရှိ  


ဗြိတိန်စီနီယာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲကို ယူနိုက်တက်ကင်းဒင်းရဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဝေးလ်မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးပါတယ်။ အဲဒီပြိုင်ပွဲမှာ လေးရက်လုံး တောက်လျှောက် ဦးဆောင်ခဲ့တဲ့ ဂျာမနီဂေါက်သီးသမားကြီး ဘန်းဟတ်လန်ဂါက ချန်ပီယံဆု ရသွားပါတယ်။

ဇာတ်သဘင်နဲ့ ဆက်နွှယ်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးကို ရိုက်သွားဖို့ အစီအစဉ် ရှိတယ်ဆိုတဲ့ ဖိုးချစ် 

မြန်မာ့ဇာတ်သဘင် လောကမှ တစ်ဆင့် ရန်ကုန် ပရိသတ်များသာမက နယ်ပရိသတ်များ၏  အားပေးမှုများ ကိုပါ ရရှိနေသည့်  ဇာတ်မင်းသား ဖိုးချစ်သည် သရုပ်ဆောင်လုပ်ငန်းများအတွက် အချိန်အများ ကြီး မပေးနိုင်သော်လည်း ဇာတ်သဘင်နှင့် ဆက်နွယ်သည့် ရုပ်ရှင်ဇာတ်ကားမျိုးကို ရိုက်ကူသွားရန် အစီအစဉ် ရှိကြောင်း ပြောပြခဲ့သည်။

 ပြိုင်ဆိုင်မှုတွေကြောင့် ကြိုးစားချင်စိတ်တွေ ဒီဂရီမြင့်တက်ခဲ့ပါတယ် ဆိုတဲ့ ဖူးပွင့်သခင်


အကယ်ဒမီ ဗန်းကိုင်မှတစ်ဆင့် သူမရဲ့ အနုပညာတွေ အရှိန်အဟုန်ပြင်းစွာ စတင်လာပြီး ခုဆိုရင် ထုတ်လုပ်ရေးတော်တော်များများနဲ့ စာချုပ်ချုပ်ကာ ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်တဲ့ ဖူးပွင့်သခင်ဟာ ခုလည်း  မာန်ထက်ချီတိုက်နဲ့ ၅ကားမြောက် ဗီဒီယို ကားဖြစ်တဲ့ ယောက်ဖတောင် ကိုကျော် ယောက္ခမ ပင်လယ်ကိုဖြတ်မည်ဆိုတဲ့ ကားမှာ မင်းသားက ဟိန်းဝေယံနဲ့အတူ သရုပ်ဆောင်နေ ပါတယ်။ ဒီကားအကြောင်းကို သူမက “ဒီကားက အိမ်ထောင်ရေးဇာတ်မဟုတ်ဘူး။ ချစ်သူဇာတ်ပေါ့နော်။ ညီမရည်းစားထားတာကို သိတော့ လိုက်ပြီးပြသနာရှာလို့ထွက်ပြေးရတာပေါ့။ အပျော်ဟာသလေးပါပဲ။ ဟာသက ညီမရိုက်တာ နည်းတယ်။ ပဲပြုတ်နံပြားရယ်၊ နောက်တစ်ကားက small ဆွဲသူများတဲ့၊ နောက် ဒီကားပေါ့။ မထွက်သေးတဲ့ဟာသက ကိုကျော်ကျော်ဗိုနဲ့ ၂ကားရှိသေးတယ်။ နှစ်ကိုယ်ခွဲရယ်၊ အာဒံဖွက်ခဲ့တဲ့ ပဟေဠိ ရယ်၊ ပေါ့။ ဟာသကတော့ နဲနဲခက်တယ်။ စီနီယာတွေလဲပြောကြတယ်။  ငိုအောင်လုပ်ရတာက လွယ်တယ်။ ရယ်အောင်လုပ်ရတာက ခက်တယ်တဲ့။ ဟာသက ခက်တယ်ပေါ့။ ဒါပေမဲ့ ကာရိုက်တာမျိုးစုံကတော့ ခက်တာပေါ့နော်။ ပျော်စရာပဲဖြစ်ဖြစ် ငိုစရာပဲဖြစ်ဖြစ် အားလုံးကခက်တာပါပဲ။ ညီမလဲအသစ်တစ်ယောက်ဖြစ်တဲ့တွက် တတ်နိုင်သလောက် ညီမကြိုးစားထား ပါတယ်”တဲ့။

ရုရှားအိုးပင်း ဂေါက်သီးရိုက် ပြိုင်ပွဲမှာ ဒေးဗစ်ဟော့ဆေး အနိုင်ရ 


တနင်္ဂနွေနေ့က မော်စကိုမြို့မှာ ကျင်းပပြီးစီးတဲ့ ရုရှားအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ အင်္ဂလိပ် ဂေါက်သီးသမား ဒေးဗစ်ဟော့ဆေး အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

တိုးဒီဖရန့် စက်ဘီးစီး ပြိုင်ပွဲမှာ နီဘာလီ ဗိုလ်စွဲ  


တိုးဒီဖရန့် ပြင်သစ်ခရီးရှည် စက်ဘီးစီးပြိုင်ပွဲမှာ ပြိုင်ပွဲတစ်ရပ်လုံးရဲ့ ချန်ပီယံဆုကို အီတလီနိုင်ငံသား ဗင်စင်ဇိုနီဘာလီက ရရှိသွားပါတယ်။

Pee Mak ဇာတ်ကားကုမ္ပဏီနဲ့ အလုပ်တဲ့လုပ် ဖို့ ဆွေးနွေး ခဲ့တဲ့ နိုင်းနိုင်း

ပြီးခဲ့သည့် ရက်ပိုင်းအ တွင်းက ထိုင်းနိုင်ငံရှိ ပီးမက်ဇာတ် ကားရိုက်ကူးခဲ့သော Kantana ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ၏ ဖိတ်ကြားချက်ဖြင့် လေ့လာရေး ခရီးသွားရောက်ခဲ့ကာ နှစ်ဦးနှစ် ဖက်ပေါင်း၍ ဇာတ်ကားရိုက်ကူး နိုင်ရန် ဆွေးနွေးခဲ့ကြောင်း နိုင်းနိုင်းကပြောသည်။

ခရီးသည် တစ်ဦး အစာအိမ် အတွင်း ထည့်သွင်း သယ်ဆောင် လာသည့် ဘိန်းဖြူထုပ် ပေါက်ပြဲ မှုကြောင့် လေယာဉ် တစ်စင်း ဝါဒီ လေဆိပ်သို့ အရေးပေါ် ဆင်းသက် ခဲ့ရ

ဘာမင်ဂမ် ခရီးသည်တစ်ဦး၏ အစာအိမ်အတွင်း ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူထုပ်များ ပေါက် ပြဲမှုကြောင့်ဗာဂျင်အတ္တလန်တစ် လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သိရသည်။ ကိုးလ်မင်းစမစ်သ် အမည်ရှိ အသက် ၄၈ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ၎င်း၏ အစာအိမ်အတွင်း၌ ဘိန်းဖြူအထုပ်ငယ် ပေါင်း ၆၁ ထုပ်ကို ထည့်သွင်း သယ်ဆောင်ကာ အန်တီဂူအာမှ လန်ဒန် ဂတ်ဝစ်ခ် လေဆိပ်သို့ပျံသန်းမည့် ဗာဂျင်အတ္တလန်တစ် လေယာဉ်နှင့် ဇူလိုင် ၂၇ ရက်က လိုက်ပါလာစဉ် ၎င်းအစာအိမ်အတွင်း ထည့်သွင်း သယ်ဆောင်လာသော ဘိန်းဖြူထုပ်ငယ်များ ပေါက်ပြဲမှုကြောင့် လေယာဉ်မှာ ဘာမြူဒါရှိ ဝါဒီလေဆိပ်သို့ အရေးပေါ်ပြန်လည် ဆင်းသက်ခဲ့ရခြင်း ဖြစ် သည်။

Miss Golden Land Myanmar 2014 အလှမယ် ၂၅ ဦး လေ့လာရေး ခရီးစဉ် စတင်

Miss Golden Land Myanmar 2014 ပြိုင်ပွဲကြီး၏  ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် Tourism မြှင့်တင်ရန် အတွက် ပြိုင်ပွဲဝင်အလှမယ် ၂၅ ဦးသည် အထက်မြန်မာပြည်သို့  လေ့လာရေးခရီး စတင် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ခရီးစဉ် အနေဖြင့် နေပြည်တော်၊ ရွှေစက်တော်နှင့် နတ်မောက်မြို့ရှိ  ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၊ World Heritage စာရင်းဝင် ပျူမြို့ဟောင်းဖြစ်သည့်  ဗိဿနိုးမြို့ အပါအဝင် မကွေးတိုင်း ဒေသကြီး အတွင်းရှိ အထင်ကရ နေရာများသို့  အလှမယ်လေးများ၏  လေ့လာရေး ခရီးစဉ်အဖြစ် ဇူလိုင် ၂၇ ရက်မှ ၃ဝ ရက်အထိ သွားရောက်ကြမည် ဖြစ်ကာ ဇူလိုင်  ၃၁  ရက်တွင်   ရန်ကုန်မြို့သို့  ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း  သိရသည်။
Miss Golden Land Opening Show ကို Taw Win Garden Hotel ၌ ဇူလိုင်၂၆ ရက်က ကျင်းပခဲ့ပြီး Media's Choice Award အတွက် မဲပေး ရွေးချယ်ခဲ့ရာ Media's Choice Top (7) အဖြစ် ခါးနံပါတ် ၁ နန်းစံ၊ခါးနံပါတ် ၁၅ ဟန်သီ၊ ခါးနံပါတ် ၁၆ သန္တာကို၊ ခါးနံပါတ် ၁၉ ဟယ်လန်မျိုးကို၊ ခါးနံပါတ် ၂ဝ အိမ့်မျက်ခြယ်၊ ခါးနံပါတ် ၂၂ အိန်ဂျယ်လမုန်နှင့် ခါးနံပါတ် ၂၅ ရွှန်းလဲ့ဝေ တို့က ရွေးချယ်ခံရပြီး ၎င်းတို့ထဲမှ တစ်ဦးကို နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးတွင် ဆုချီးမြှင့် သွားမည်ဖြစ်သည်။
အလှမယ်များ၏ Talent Show ကို သြဂုတ် ၄ ရက်တွင် လည်းကောင်း၊ Top Model Show ကို သြဂုတ် ၇ ရက်တွင် လည်းကောင်း ၊ Taw Win Garden Hotel ၌ ပြုလုပ်သွားမည် ဖြစ်ပြီး  Preliminary Show ကို သြဂုတ် ၁၆ ရက်တွင် ကျင်းပသွားမည် ဖြစ်ကာ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို  သြဂုတ် တတိယပတ်တွင်  အမျိုးသား ကဇာတ်ရုံကြီး၌  ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

၁၉၈၇ ခုနှစ် နျူကလီးယားဒုံးကျည်သဘောတူစာချုပ်အား ရုရှား ချိုးဖေါက်ဟုအမေရိကန်ဆို


အခြေအနေတင်းမာလျှက်ရှိသည့်အချိန်တွင် ၁၉၈၇ ခုနှစ် နျူကလီးယားဒုံးကျည် သဘောတူ စာချုပ်အား ရုရှားချိုးဖေါက်သည့် စမ်းသပ်မှုများပြုလုပ်သည်ဟုတနင်္လာနေ့က အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ မှ ပြောကြားခဲ့ သည်။ အလွန်ဆိုးရွားသောကိစ္စတစ်ရပ်အား ချိုးဖေါက်လိုက်ခြင်းဖြစ်ကြောင်းနှင့် အချိန်အတန်ကြာ တအုံ့အုံ့နွေးနွေးဖြစ်နေ သော စွပ်စွဲချက်အား လူသိရှင်ကြားထုတ်ဖေါ်ပြောဆို ရန်တောင်းဆိုခဲ့သည်။

လမ်းမတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ကျန်းမာရေးဌာန သွေး လွန်တုပ် ကွေးရောဂါကာ ကွယ်ရေး အသိပညာပေး ဟော ပြော

လမ်းမတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဇူလှိုင်လ ၂၇ နံနက်ပိုင်းတွင် အမှတ်(၄) ရပ်ကွက်ရှိ မာကျူရီစာဖတ်ဝိုင်းသင်တန်းခန်းမ၌ ခြင်ကြောင့်ဖြစ်ပွားသော ရောဂါများကာကွယ်ရေး အသိ ပညာရေးဟောပြောပွဲကို ကျင်းပရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က အကျယ်တ၀င့် ဟောပြောဆွေးနွေးသည်။

ထို့နောက် လမ်းမတော်မြို့နယ် အမှတ်(၄) ရပ်ကွက်အတွင်းရှိ အထက(၂) လမ်းမတော်၊ အမက(၅) လမ်းမတော် ကျောင်းများသို့လည်းကောင်း၊ လမ်းသစ်လမ်း၊ ၉ လမ်း၊ ၁၀ လမ်း၊ လှည်းတန်းလမ်းများသို့လည်းကောင်း ခြင်ဆေး မှုတ်ခြင်းများ ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရာ လမ်းမတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ လမ်းမတော်မြို့နယ်အမှတ်(၁) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦးနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၅၀ တက်ရောက်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) အမှတ်(၁၃) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ရုံးဖွင့်၊ ပါတီဆိုင်းဘုတ်တင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အမှတ်(၁၃) ရပ်ကွက်ပါတီရုံးဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယခုလ ၂၇ ရက် နံနက်ပိုင်းက ရပ်ကွက်ပါတီရုံးတည်ရှိရာနေရာ ဆည်းတော် လမ်း မြေကွက်အမှတ် (၄၄၄) တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ ရပ်ကွက်ပါတီရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်မင်္ဂလာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သူ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူး၊ မြို့နယ်တွဲဖက်ပါတီအတွင်းရေးမှူး ဦးလှမျိုးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ပါတီဆိုင်းဘတ်ုနှင့် ရုံးကို သပြေခက်နှင့် မင်္ဂလာနံ့သာရည်များ ဖျန်းပက်ပေးကြသည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးနှင့် စည်းရုံးရေးဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက် အမာခံပါတီဝင် ဦးကျော်ထွန်းမိသားစုက ငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်းရာရပ်ကွက် ပါတီအဖွဲ့ခေါင်းဆောင် ဦးသိန်းအောင်က လက်ခံရယူသည်။

အခမ်းအနားသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အဖွဲ့ခေါင်းဆောင်နှင့် ကော်မတီဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ စုစုပေါင်းအင်အား ၁၂၀ တက်ရောက်ကြသည်။

ဗန်မော်မြို့နယ် ပါတီကော်မတီဝင်များ ရွေးချယ်တင် မြှောက်ပွဲ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ပါတီကော်မတီဝင်များ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယခုလ ၂၅ ရက် နံနက် ၁၀ နာရီက ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ ဗဟိုကော်မတီဝင် ဒေါက်တာ ထွန်းလွင်၊ ပြည်နယ်ပါတီတွဲဖက်အတွင်းရေးမှူး၊ မြို့နယ်ပါတီ ရွေးချယ် တင်မြှောက်ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ပြည်နယ်ပါတီကော်မတီဝင် ကော်မရှင်အတွင်းရေးမှူး ဦးဝင်းမောင်သိန်း၊ ရွေးချယ်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါ်နန်းစိုးစိုးအောင်၊ ဦးသန်ဇော်လေး၊ မိုးမောက်မြို့နယ် ပါတီအတွင်းရေးမှူး ဒေါ်ဝိုင်း၊ ရပ်ကွက်ကျေးရွာများမှ ဆန္ဒမဲပေးခွင့်ရှိသူ ပါတီကိုယ်စားလှယ် များတက် ရောက်ကြသည်။
အခမ်းအနားတွင် သဘာပတိ ပါတီဗဟိုကော်မတီဝင် ဒေါက်တာထွန်းလွင်က အမှာစကားပြောကြားပြီး မြို့နယ် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ စည်းကမ်း ချက်များကို ရှင်းလင်းပြောကြားသည်။ ဆန္ဒမဲပေးခွင့်ရှိသူ ကိုယ်စားလှယ်များက ကချင်တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်လောင်းနှစ်ဦး၊ ရှမ်းတိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်လောင်းလေးဦး၊ ဗမာတိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်လောင်း ခြောက်ဦးတို့ကို ရွေးချယ်ကြ သည်။

Monday, July 28, 2014

ယူကရိန်း ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်


ယူကရိန်း ဝန်ကြီးချုပ် အာဆန်နီယက် ဆန်ညတ်ခ်သည် နိုင်ငံ အရှေ့ပိုင်း၌ ဖြစ်ပွားနေသော  ပဋိပက္ခများကြောင့် ၎င်း၏ ညွန့်ပေါင်း အစိုးရ အဖွဲ့  ပြိုကွဲပြီး နောက်တွင် ဝန်ကြီးချုပ် ရာထူးမှ ဇူလိုင် ၂၄ ရက်တွင် နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ စာသင်ကျောင်းအား အမြောက်ဆန် ထိမှန်ခဲ့မှုနှင့်ပတ်သက်၍ ဘန်ကီမွန်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်

ဂါဇာကမ်းမြောင် ဒေသရှိ ကုလသမဂ္ဂ စာသင်ကျောင်း တစ်ကျောင်းကို  အစ္စရေး တို့၏    အမြောက်ဆန်  ထိမှန်ခဲ့မှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇူလိုင် ၂၅ ရက်တွင် ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့သည်ဟု   သိရသည်။

Girl's Generation အဖွဲ့၏ THE BEST တေးအယ်လ်ဘမ် ဂျပန်နိုင်ငံ၏ Oricon Daily စာရင်းတွင် နံပါတ်တစ် နေရာ သုံးရက် ဆက်တိုက်ရရှိ 

Girl's Generation အဖွဲ့၏ THE BEST တေးအယ်လ်ဘမ်သည် ဂျပန်နိုင်ငံ၏ Oricon Daily ရောင်းအား အကောင်းဆုံး တေးအယ်လ်ဘမ် စာရင်းတွင်နံပါတ်တစ် နေရာကို သုံးရက် ဆက်တိုက် ရရှိခဲ့ကြောင်း သိရသည်။


အမေရိကန် ပြည်ထောင်စု ဖီးနက်စ်မြို့တွင်Haboob အမည်ရှိ သဲမုန်တိုင်း တိုက်ခတ်

အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနက်စ်မြို့ တစ်ဝန်းတွင် ဇူလိုင်၂၆ ရက်က "Haboob"  အမည်ရှိ သဲမုန်တိုင်းများ တိုက်ခတ်ခဲ့ရာ
တစ်မြို့လုံး သဲမှုန်များ ဖုံးလွှမ်းသွားခဲ့ပြီး အိမ်ခြေထောင်ပေါင်းများစွာ လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ကြောင်း အမျိုးသား မိုးလေဝသဌာနက ပြောကြားခဲ့သည်။ အဆိုပါ သဲမုန်တိုင်း တိုက်ခတ်ချိန်တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင်၎ဝ နှုန်းနှင့် တိုက်ခတ်ခဲ့ဖွယ်ရှိကြောင်း အမျိုးသား မိုးလေဝသဌာနက သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

စကြဝဠာကြီး၏ လျှို့ဝှက် ချက်ကို ပိုမို ဖော်ထုတ် ပေးမည့် ကမ္ဘာ့ အား အကောင်းဆုံး အဝေးကြည့် မှန်ပြောင်း နာဆာ တည်ဆောက်
၂ဝ၁၈ ခုနှစ်တွင် နာဆာ၏ James Webb Space Telescope (JWST)  အစီအစဉ်မှ သာလွန်ကောင်းမွန် သည့် အာကာသ အဝေးကြည့်မှန်ပြောင်း   Atlast သည် ကျွန်ုပ်တို့အနေဖြင့် စကြဝဠာကြီး အကြောင်းကို ပိုမို သိရှိနိုင်ရန်အတွက်ကူညီပေးနိုင်တော့မည် ဖြစ်သည်။ နာဆာသည် ယခင်ကတည်းကပင် စကြဝဠာကြီး အတွင်းရှိ အခြားဂြိုဟ်များတွင် ဂြိုဟ်သားများရှိနိုင်၊ မရှိနိုင်ကို လေ့လာစူးစမ်းမှုများ စတင်ပြုလုပ်ခဲ့ပြီး ဖြစ် သည်။ သို့သော် ယခင်ရှိခဲ့ပြီးသော  အဝေးကြည့် မှန်ပြောင်းများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန် သည့် အဝေးကြည့်မှန်ပြောင်း တစ်လက်ကို တည်ဆောက်နိုင်ရန်အတွက် မယ်ရီလန်းပြည်နယ် ဂရင်းဘဲ့လ်တ် ရှိ ဂေါ့ဒ်ဒါ့ဒ် အာကာသယာဉ် စင်တာတွင်  သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများ ပါဝင်သောအဖွဲ့ တစ်ဖွဲ့ သည် သိပ္ပံပညာရပ် ဆိုင်ရာများနှင့် နည်းပညာ လိုအပ်ချက်များအပြင် ကုန်ကျစရိတ်များကို လေ့လာတွက် ချက်လျက် ရှိနေပြီ ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ပါတီအတွင်း ရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးမောင်မောင်သိမ်းသည် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ မြို့နယ်ပါတီအတွင်းရေးမှူးများနှင့် တွေ့ဆုံသည်။
ယင်းတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်လေးခုမှ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီအတွင်းရေးမှူးများတက်ရောက်သည်။

ပြည်သူ့ပါတီမဟာဗျူဟာ ဖော်ဆောင်ရေးသင်တန်းဖွင့်ပွဲ ခရမ်းမြို့ နယ်၌ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့ပါတီ မဟာ ဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း(၇/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း တက်ရောက်အားပေး သည်။
ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် သိမ်းနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင် ကော်မတီဝင်များ၊ မြို့နယ်ကော်မတီများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
" ကျွန်တော့်အနေနဲ့ ခရမ်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ၀န်ကြီးတာဝန်ယူတဲ့ အချိန်ကတည်းက စလုပ်ခဲ့တယ်။ တတ်နိုင်တဲ့အချိန်မှာ ဒေသဖွံ့ဖြိုးမှုတွေ၊ ဒေသလိုအပ်ချက်တွေကို လုပ်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အသင်းဖွဲ့ ကတည်းက တစိုက်မတ်မတ်လုပ်ခဲ့တယ်။ မိမိတို့လုပ်ခဲ့တဲ့ အါမျိုးသားနိုင်ငံရေးဟာ ဒါကို အခြေခံပြီးလုပ်ခဲ့တယ်" ဟု ဦးမောင်မောင်သိမ်းက အဖွင့်အမှာစကားပြောသည်။

ကျောင်းကုန်းမြို့နယ်၌ (၉၁) ကြိမ်မြောက်စတုဒိသာ အလှူတော် ကျင်းပ

သန်လျင်မြို့နယ် ဒေ၀ဒဟသဗ္ဗသိဒ္ဓိလောကနတ်ပရဟိတ နတ်စင်တစ်ရာကျောင်း နည်လှည့်သစ္စာဓိဋ္ဌာန်စတုဒိသာ ဆရာတော် ဘဒ္ဒန္တပညာတေဇအမှူးထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမိသားစု နှင့် ပင်ပမသစ္စာဓိဋ္ဌာန် အလှူတော်ရှင်များ စုပေါင်းလှူဒါန်းသော (၉၁) ကြိမ်မြောက် စတုဒိသာအလှူကို ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်းမြို့၌ ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့နယ် ဘုရားကြီးဝင်းအတွင်း စတုဒိသာအလှူနှင့် အတူ သံဃာတော်အပါး ၉၀ အား ၀ါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကိုပါ ကျင်းပခဲ့သည်။ ကျောင်းကုန်းမြို့နယ် ဘုရားကြီး ၀င်းအတွင်း ပြည်သူအားလုံးကို နံနက်ပိုင်းမှစတင်၍ စတုဒိသာအလှူစတင်ပြုလုပ်ခဲ့ရာ ကျောင်းကုန်းမြို့ နယ်နှင့် နီးစပ်ရာ မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ဆရာတော်ကြီးအားကြည်ညိုသဒ္ဒါပွားများကာ လာရောက် ဖူးမြော်ပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။

ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ပါတီဥက္ကဋ္ဌတက် ရောက်အားပေး

ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမဆောင်၌ ဇူလိုင် ၂၆ ရက်နေ့ နံနက် ၈ နာရီက ပြည်သူ့ပါတီမဟာဗျူဖော်ဆောင်ရေးဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၁၄)ဖွင့် ပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အားပေးပြီး ပါတီဝင်များအနေဖြင့် ပြည်သူများ၏ယုံကြည်အားကိုးမှုကို ရရှိရန်ကြိုးပမ်းဆောင်ရွက်ကြရမည်ကြောင်း အမှာစကား ပြောကြားသည်။

 ၂၀၁၄ အတွက် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာသရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းမှုတွေကိုငြင်းပစ်လိုက်တဲ့ မိုးဟေကို

ညှို့အားပြင်းတဲ့အကြည့်တွေ၊ ပုရိသတွေ သဘောကျရလောက်တဲ့ ခန္ဓာကိုယ်အချိုးအစား နဲ့ ခေတ်အလိုက် အထာကျအောင် ဆင်မြန်းနိုင်တဲ့ ဖက်ရှင်ကြောင့် မိုးဟေကို ဆိုတဲ့ နာမည်တစ်လုံးကို မကျအောင် ထိန်းထားနိုင်ခဲ့တဲ့ သူမဟာ ခုနောက်ပိုင်း လာငှားတဲ့ဇာတ်တိုင်းကို လက်မခံတော့ပဲ ကိုယ့်အတွက်ကျန်မယ့် ဇာတ်ကားတွေကိုသာ သေချာစီစစ်ရွေးချယ်လာတာမို့ အဲ့ဒါနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါ “မိုးက ခုနောက်ပိုင်းမှာ အရင်ကထက်ပိုပြီးဇာတ်လမ်းလေးတွေကို စီစစ်ပြီးရွေးချယ်ဖြစ်တယ်။ သတ်မှတ်ချက်တွေ နဲ့လဲရွေးဖြစ်တယ်။

ဓနသဟာယပြိုင်ပွဲမှာ သြစတြေးလျ အမျိုးသမီး ရေကူးအသင်း စံချိန်သစ် တင်နိုင် 


စကော့တလန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ဓနသဟာယနိုင်ငံများ အားကစားပြိုင်ပွဲရဲ့ ရေကူးပွဲစဉ်မှာ သြစတြေးလျ အမျိုးသမီးအသင်းက ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ကြာသပတေးနေ့မှာ ယှဉ်ပြိုင်တဲ့ အမျိုးသမီး မီတာ(၁၀၀)(၄)ယောက် လက်ဆင့်ကမ်း အလွတ်ကူးပြိုင်ပွဲမှာ သြစတြေးလျအသင်းက (၃)မိနစ်(၃၀.၉၈)စက္ကန့်နဲ့ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့(၅)နှစ်က အီတလီနိုင်ငံ၊ ရောမမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ချန်ပီယံရှစ် ရေကူးပြိုင်ပွဲမှာ နယ်သာလန်အသင်း တင်ထားတဲ့ (၃)မိနစ်(၃၁.၇၂)စက္ကန့်စံချိန်ကို ချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကိတ်ကမ်းဘဲလ်၊ ရှလန်ဂါတို့လို ၂၀၁၂ လန်ဒန်အိုလံပစ် ချန်ပီယံကစားသမားတွေ ပါဝင်တဲ့ သြစတြေးလျအသင်းဟာ ၂၀၁၄ခုနှစ်အတွင်း မီတာ(၁၀၀) အလွတ်ကူး ထိပ်တန်း(၉)ဦး စာရင်းမှာ ပါဝင်နေသူတွေနဲ့ ဖွဲ့စည်းထားပါတယ်။

လက်မှတ်မဲ့နှင့် ရထားတန်း ကျော်စီးသူများကို လက်မှတ်တန်ဖိုး၏ ၁ဝ ဆ ဒဏ်ငွေ ကောက်မည်

ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများ သွားလာရေးအတွက် ဒုတိယမှီခို အားထားနေရသော မြို့ပတ် ရထားတွဲများ၌ လက်မှတ် မဝယ်ယူဘဲ ရထားတန်း ကျော်စီးသည့် ခရီးသည်များကို စစ်ဆေး တွေ့ရှိပါက လက်မှတ် တန်ဖိုး၏ ၁ဝ ဆ ဒဏ်ငွေ ကောက်ခံသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ သိရသည်။
ရထားတွဲများ၌ လိုက်ပါ စီးနင်းသည့် ခရီးသွား ပြည်သူများကို မြန်မာ့မီးရထား လုပ်ငန်းမှ လက်မှတ် ဝန်ထမ်းများက နေ့စဉ် စစ်ဆေး အရေးယူလျက် ရှိနေသော်လည်း အချို့ခရီးသည် များသည် ရထားလက်မှတ် ဝယ်ယူခြင်း မရှိဘဲ ရထားတန်း ကျော်စီးသည့် ခရီးသည်များကို နေ့စဉ်ကြုံတွေ့ နေရပြီး အများစုမှာ အသက် ၁၆ နှစ်မှ ၃ဝ အကြား လူငယ်များ အများဆုံး ပါဝင်နေကြောင်း မြန်မာ့မီးရထား လက်မှတ်စစ် ဝန်ထမ်းတစ်ဦးက ပြောသည်။
မြို့ပတ်ရထား တွဲများ၌ အထူးတွဲများ တိုးချဲ့ဖြည့်တင်း ပြေးဆွဲစဉ် ကာလက အထူး လက်မှတ်နှင့် ရိုးရိုး လက်မှတ်များတွင် လိုက်ပါစီးနင်းသည့် ခရီးသွားပြည်သူများ ရှိခဲ့ပြီး ပညာပေး ကာလဖြင့်လည်း အသိပညာပေး လုပ်ဆောင်မှုများ ပြုလုပ်၍ နောက်ပိုင်းတွင် အရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ချဲလ်ဆီးနည်းပြဟောင်း ရေနာရီကို ဂရိအသင်း နည်းပြအဖြစ် ခန့်အပ်



ဂရိဘောလုံး အဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်းနည်းပြသစ်အဖြစ် အီတလီလူမျိုးနည်းပြ ကလော်ဒီယိုရေနာရီကို (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။ အသက်(၆၂)နှစ် ရှိပြီဖြစ်တဲ့ ၀ါရင့်နည်းပြ ရေနာရီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ နည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်နေရာကို အစားထိုး တာဝန်ယူရတာဖြစ်ပြီး ဂရိအသင်းကို ယူရို၂၀၁၆ ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရအောင် အဓိက စွမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။

ဒရော့ဂ်ဘာကို (၁)နှစ်စာချုပ်နဲ့ ချဲလ်ဆီး ပြန်လည် ခေါ်ယူ 


ချဲလ်ဆီးအသင်းဟာ ၀ါရင့်တိုက်စစ်မှူး ဒရော့ဂ်ဘာကို တစ်နှစ်စာချုပ်နဲ့ သောကြာနေ့က ပြန်ခေါ်လိုက်ပါတယ်။ ၂၀၀၄ ခုနှစ်က မာဆေးကနေ ချဲလ်ဆီးကို ပြောင်းခဲ့တဲ့ ဒရော့ဂ်ဘာဟာ ချဲလ်ဆီးအသင်းမှာ (၈)ရာသီကြာ ကစားခဲ့ပြီး ၂၀၁၂ခုနှစ်က ချန်ပီယံလိဂ်ဖလား ယူပြီးနောက် လန်ဒန်ကလပ်နဲ့ လမ်းခွဲခဲ့ပါတယ်။ အခုအခါ သူ့အသက်(၃၆)နှစ် ရှိပြီဖြစ်ပေမယ့် ချဲလ်ဆီးနည်းပြ မော်ရင်ဟိုကတော့ ဒရော့ဂ်ဘာဟာ ဥရောပအကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ယုံကြည်ထားပါတယ်။ ဒရော့ဂ်ဘာကလည်း မော်ရင်ဟိုနဲ့အတူ ပြန်တွဲရမယ့်အတွက် ပျော်နေပါတယ်။ သူက’’ ချဲလ်ဆီး နဲ့စာချုပ်ဖို့ကို အရမ်းစဉ်းစားစရာ မလိုပါဘူး။ ဟိုဆေးနဲ့ အလုပ်ပြန်တွဲ လုပ်ရမယ့် အခွင့်အရေးကိုလည်း ကျွန်တော် လက်လွှတ်မခံချင်ပါဘူး။ ချဲလ်ဆီးနဲ့ ကျွန်တော့်အကြား ဆက်ဆံရေးကောင်းတွေ ရှိတာကိုလည်း ပရိသတ်တိုင်းအသိပါ။ ချဲလ်ဆီးဟာ အမြဲတမ်း ကျွန်တော့်အိမ်လိုပါပဲ’’လို့ ပြောပါတယ်။

အနုပညာ သက်တမ်း ၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဂီတဗီဒီယို ၅ ပုဒ် ဖြန့်ချိနိုင်ရန် 4 Minute အဖွဲ့ စီစဉ် 

ဟွမ်အေ၊ ဂါယွန်း၊ ဂျီဟွမ်၊ ဂျီယွန်းနှင့်ဆိုဟွမ်  အစရှိသည့် မိန်းမချော ငါးဦးဖြင့် ဖွဲ့စည်း ထားသော 4 Minute ဂီတအဖွဲ့သည် တောင်ကိုရီးယား နိုင်ငံ၏ ဂီတ လောကတွင် ဂီတ လုပ်ငန်း များကိုဆယ်စုနှစ် တစ်ဝက်နီးပါး လုပ်ကိုင် နိုင်ခဲ့ပြီး ၎င်းတို့အဖွဲ့၏ အနုပညာ သက်တမ်း ၅ နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ပရိသတ် အနှစ်သက်ဆုံး ဂီတဗီဒီယို ၅ ပုဒ်ကို  တစ်စု တစ်စည်းတည်း ပရိသတ်ထံ ပေးပို့နိုင်ရန်  စီစဉ်လျက်ရှိသည်။
ပြီးခဲ့သည့် လက 4 Minute အဖွဲ့သည် အနုပညာ သက်တမ်း ၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနားကို ကျင်းပခဲ့ပြီး ပရိသတ်များအား ကျေးဇူးဆပ်သည့် အနေဖြင့် Thank You တေးဂီတ ဗီဒီယိုကို ဖြန့်ချိခဲ့သည်။ 4 Minute အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟွမ်အေ၏ Red တေးအယ်လ်ဘမ် ကိုလည်း ယခုနှစ်ကုန်ပိုင်း တွင်ဖြန့်ချိသွားမည်ဖြစ်သည်။
 ဂျူးစံသာနေရာတွင် အစားထိုးရန် မသေချာသေးဟုဆို



 သရဖူအသိမ်းခံရသော အလှမယ်ဂျူးစံသာနေရာတွင် အလှမယ်သစ်တစ်ဦး    ထပ်မံ အစားထိုးပြီး   Miss   Globe International ပြိုင်ပွဲသို့စေလွှတ် ရန် မသေချာသေးကြောင်း Miss Globe Myanmar မှ ဒေါ်လှနု ထွန်းက ပြောသည်။

‘‘မြန်မာနိုင်ငံကို အများကြီးပေးဆပ်သွားချင်လို့ ဆုတစ်ခုတော့ ရအောင် ယူလာခဲ့မယ်’’

ကမ္ဘာ့ထိပ်တန်းအလှမယ် ပြိုင်ပွဲတစ်ခုဖြစ်သည့် မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်ရန် မယ်စကြ၀ဠာ  မြန်မာအလှမယ် အဖြစ် အသက် (၂၀) အရွယ် သျှားထွဋ်အိန္ဒြာ   ရွေးချယ်ခံခဲ့ရ သည်။ နှစ်ပေါင်း ၅၀ ကျော် ကြာမှ မြန်မာနိုင်ငံ မှ ပြန်လည်ယှဉ်ပြိုင် မှုအနေဖြင့် ၂၀၁၃ ခုနှစ်၌ မိုးစက်ဝိုင်က ရုရှားနိုင်ငံတွင် သွား ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင်မူ ဒုတိယမြောက်ပြန်လည်ယှဉ် ပြိုင်မှုအဖြစ် အမေရိကန်နိုင်ငံ တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မမျှော်လင့်ဘဲ မယ်စကြ၀ဠာ (မြန်မာ)သရဖူကို ရခဲ့သည်ဆို သော သျှားထွဋ်အိန္ဒြာနှင့် တွေ့ဆုံ ကာ သူမ၏ ရင်ခုန်သံများ ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

MAI လေကြောင်းလိုင်းမှ ၂ဝ၁၅ ခုနှစ်တွင် ယူအေအီး နိုင်ငံသို့ ပုံမှန်ခရီးစဉ်များ ပျံသန်းမည်

MAI လေကြောင်းလိုင်း အနေဖြင့် ၂ဝ၁၅ ခုနှစ်အတွင်း ယူအေအီး နိုင်ငံသို့ ပုံမှန်ခရီးစဉ်များ စတင်ပျံသန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ တာဝန်ရှိသူ Marketing & Public Relations Manager မအေးမရသာ၏ ပြောကြားချက် အရ သိရသည်။
MAI အနေဖြင့် မတ် ၁ဝ ရက်က ယူအေအီးနိုင်ငံ၌ ပထမဆုံး လေကြောင်း သဘောတူ စာချုပ်ချုပ်ဆို ခဲ့မှုကြောင့် မြန်မာနိုင်ငံမှ ယူအေအီး နိုင်ငံသို့ ပျံသန်းခွင့်ရ လေကြောင်းလိုင်း အဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်းကို သတ်မှတ်ခဲ့သည်။
ထို့အပြင် နိုင်ငံတကာ ခရီးစဉ်များကို ပုံမှန်ခရီးစဉ်နှင့် စင်းလုံးငှား ခရီးစဉ်များဖြင့် ပျံသန်းလျက် ရှိပြီး မကြာသေးမီက MAI လေကြောင်းလိုင်းသည် ဂျပန်နိုင်ငံ အခြေစိုက် Hama Inc နှင့် ဂျပန်-မြန်မာ လေကြောင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းနိုင်ရန် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။
အလားတူ တောင်ကိုရီးယား-ရန်ကုန် ခရီးစဉ်ကို ၂ဝ၁၃ ခုနှစ်မှ စတင်၍ Korean Air, Asiana လေကြောင်းလိုင်းများဖြင့် (Code Share) အကျိုးတူ ပူးပေါင်း၍ ပျံသန်းခဲ့ပြီး ဖေဖော်ဝါရီလမှ စတင်၍ စင်းလုံးငှား ခရီးစဉ်များ စတင် ပျံသန်းခဲ့ကြောင်း၊ ထို့အတွက် တောင်ကိုရီးယား နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ ပုံမှန်ခရီးစဉ်များ ပျံသန်းနိုင်ရန် စီစဉ်လျက် ရှိသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) သည် ခရီးသည် ၁၈ဝ ဆံ့ Airbus A 320 လေယာဉ် ခုနစ်စင်း၊ ခရီးသည် ၁၂ဝ ဆံ့ Airbus A 319 လေယာဉ် နှစ်စင်းဖြင့် ရန်ကုန်မြို့မှ စင်ကာပူ၊ ဗန်ကောက်၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဆီရမ်ရိ၊ ဖနွမ်ပင်နှင့် ဂယာမြို့များသို့ ခရီးစဉ်များ ပျံသန်းလျက် ရှိကြောင်း သိရသည်။

ဘဏ်လုပ်ငန်း လုပ်ကိုင်မည့် ပြည်ပဘဏ်များကို အကန့် အသတ်ဖြင့်သာ လုပ်ကိုင်ခွင့် ပြုမည်

မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်း လုပ်ကိုင်မည ပြည်ပဘဏ်များကို အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ   တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
အဆိုပါ ပြည်ပဘဏ်များကို အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် ဝန်ဆောင်မှု အပြည့်အဝ မရ ရှိမည်ကို အများပြည်သူများ စိုးရိမ်လျက်ရှိကြောင်းနှင့် ငွေကြေးဝန်ဆောင်မှု ကဏ္ဍများတွင် လက်ရှိ မြန်မာနိုင်ငံ အတွင်းရှိ ဘဏ်များမှာ အပြည့်အဝ  ဝန်ဆောင်မှုပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဗဟိုဘဏ်မှ လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ကိုင်ခွင့်ရရန် လျှောက်ထားသော ပြည်ပဘဏ် အများအပြားရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ပေး အပ်ရန်  ထည့်သွင်းစဉ်း စားမည့်  နိုင်ငံခြားဘဏ် ၂၅ ခုအထိရှိကြောင်း၊ ပြည်တွင်း၌ ဘဏ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အရည် အချင်းပြည့်မီသော နိုင်ငံခြား ဘဏ် ၃ဝ ရှိပြီး ဇူလိုင် ၁၄ ရက် နောက်ဆုံးပေးပို့ရမည့် သတ်မှတ်ချက်မတိုင်မ Request For Proposal(RFP) ပေးပို့လာသည့် ဘဏ် ၂၅ ခုရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသားများ ဘဏ် လီမိတက်အနေဖြင့်လည်း နိုင်ငံခြားဘဏ် များနှင့် မကြာမီ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့်၂ဝ၁၄-၂ဝ၁၅  ဘဏ္ဍာနှစ်အတွင်း ထည့်ဝင်ပြီး မတည်ငွေရင်းကို ဘီလီယံ ၅ဝ အထိ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။      

ခရီးသွား အာမခံကို ပြည်တွင်း ဘုရားဖူး ခရီးစဉ်များတွင် ထည့်သွင်း ရောင်းချသွားမည်

ခရီးသွား အာမခံကို ပြည်တွင်း ဘုရားဖူးနှင့် အပန်းဖြေ ခရီးစဉ်များတွင် ယခင်က တွင်ကျယ်စွာ ရောင်းချခြင်း မရှိခဲ့သော်လည်း ယခုအခါ ပြန်လည် ထည့်သွင်း ရောင်းချသွားမည် ဖြစ်ကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု အသင်းထံမှ သိရသည်။
ထိုသို့ လုပ်ဆောင်ရာတွင် ခရီးသွား အာမခံကို ထည့်သွင်းသွားမည် ဖြစ်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အသင်းမှ အသင်းဝင်များ အားလုံးကို အသိပေး အကြောင်းကြားကာ ခရီးသွား အာမခံနှင့်တကွ စီစဉ် ရောင်းချရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ပြည်တွင်း၌ ဘုရားဖူး ခရီးစဉ်တွင် အန္တရာယ် ဖြစ်ပေါ်မှု နည်းပါးသော်လည်း သဘာဝ ဘေးအန္တရာယ် ကဲ့သို့သော ကိစ္စရပ်များကြောင့် ခရီး သွားလာရင်း အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင် သဖြင့် ခရီးသွား အာမခံကို မြန်မာ့ အာမခံနှင့် ပြန်လည် လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့ အာမခံနှင့် ခရီးသွား အာမခံ ပြန်လည်လုပ်ကိုင်ရာ၌ ပြည်တွင်း ဘုရားဖူးနှင့် အပန်းဖြေ ခရီးစဉ်များ ရောင်းချရာတွင် ဖြစ်ပေါ်လေ့ရှိသော လူတစ်ဦးတစ်ယောက်တည်းမှ လက်မှတ် အများအပြား ဖြတ်၍ ခရီးစဉ် တစ်ခုတည်း၌ ဝယ်ယူမှု ပြုလုပ်လိုပါကလည်း ခရီးသွား အာမခံနှင့် တွဲ၍ တစ်ပါတည်း ရောင်းချပေးမည် ဆိုသည့် ဖြေလျှော့မှုဖြင့် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးသွား အာမခံကို တစ်ယူနစ်လျှင် မြန်မာငွေကျပ် ၅ဝ ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး အသက် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက လျော်ကြေးငွေ ကျပ်ငါးသိန်း ပြန်လည်ရရှိမည် ဖြစ်ကာ တစ်ဦးလျှင် ၁ဝ ယူနစ်အထိ ဝယ်ယူခွင့် ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ ရောက်ရှိလာသော Aircon တွဲများ မြို့ပတ် ရထား လိုင်းတွင် ပြေးဆွဲမည်

ရန်ကုန်မြို့ အတွင်းပြေးဆွဲလျက် ရှိသည့် Aircon မြို့ပတ်ရထား အထူးတွဲများတွင် ဂျပန်နိုင်ငံမှ ရောက်ရှိလာသော RBE ရထားတွဲဆိုင်း သစ်များကို ထပ်မံချိတ်ဆက် တပ်ဆင်၍ ပြေးဆွဲ သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဂျပန်နိုင်ငံမှ အသစ် ရောက်ရှိလာသော RBE ရိုးရိုးရထား ၁ဝ စင်းနှင့် အထူး Aircon ရထား ၁ဝ စင်းတို့ကို မြန်မာနိုင်ငံရှိ မီးရထား သံလမ်းများ၌ ခုတ်မောင်းရာတွင် ရထားဘီးနှင့် သံလမ်း ကိုက်ညီမှု ရှိစေရန်အတွက် အင်းစိန် စက်ခေါင်းရုံ၌ ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
''အခု ဂျပန်က ရောက်လာတဲ့ အထူး Aircon ရထား ၁ဝ စင်းကို မြို့ပတ်ရထား လမ်းပိုင်းမှာ ပြေးဆွဲမယ်။ ကျန်တဲ့ တွဲဆိုင်းတွေကို အဝေးပြေးမှာ ချိတ်ဆက် အသုံးပြုသွားမယ်'' ဟု မြန်မာ့ မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဂျပန်နိုင်ငံမှ ရောက်ရှိလာသော RBE ရိုးရိုးရထား ၁ဝ စင်းနှင့် အထူး Aircon ရထား ၁ဝ စင်း၏ ထူးခြားချက်မှာ ရထား အစင်းတိုင်းတွင် မောင်းနှင်စနစ်များ ပါဝင်ပြီး အခြားတွဲများကို ချိတ်ဆက် ပြေးဆွဲနိုင် သကဲ့သို့ ကိုယ်တိုင် တစ်စင်းချင်းဖြင့်လည်း ပြေးဆွဲနိုင်ကြောင်း သိရသည်။

အလှ ဖန်တီးရှင် ရွေးချယ်ပွဲ လူနေမှုနှင့် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများ ပြပွဲ ကျင်းပမည်

အလှဖန်တီးရှင် ရွေးချယ်ပွဲနှင့် မန္တလေးလူနေမှုနှင့် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများ ပြပွဲကို သြဂုတ် ၁ ရက်မှ ၄ ရက်အထိ မန္တလေးတိုင်းဒေသကြီး  ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ မန္တလေး မြိုတော်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ပြပွဲတွင် အလှကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အစားနှင့် ဖက်ရှင်၊ လက်ဝတ်ရတနာပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် သန့်ရှင်းရေးသုံးပစ္စည်း များ၊ အမျိုးသမီး အသုံးအဆောင် ပစ္စည်းများကို ရောင်းချ ပေးသွားမည် ဖြစ်သည်။
''အလှဖန်တီးရှင် ရွေးချယ်ပွဲကို မိတ်ကပ်ဝါသနာရှင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆ဝ ဦးခန့် ပါဝင် ယှဉ်ပြိုင်မှာပါ။ အကဲဖြတ်ဒိုင်အဖြစ် မိတ်ကပ်ပညာရှင် ခင်စန်းဝင်းနှင့် အနုပညာရှင်တွေက ဆောင်ရွက်ပေးမှာ ပါ။ ပြပွဲမှာ Model Show မျက်လှည့်အစီအစဉ်၊ ဖျော်ဖြေရေး၊ ဂိမ်းကစားခြင်းများ အပါအဝင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက် စသည့်ဆုမဲပေါင်း ၁ဝဝ ကျော်ကို  နေ့စဉ် ကံစမ်းမဲေ ဖာက်ပေးသွားမှာ ဖြစ်ပါတယ်''ဟု ပြပွဲ စီစဉ်သူ ကိုကျော်မင်းထက် က ပြောကြား သည်။

ဘဏ်လုပ်ငန်း လုပ်ကိုင်မည့် ပြည်ပ ဘဏ်များကို အကန့် အသတ်ဖြင့်သာ လုပ်ကိုင်ခွင့် ပြုမည်

မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်း လုပ်ကိုင်မည ပြည်ပဘဏ်များကို အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ   တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ပြည်ပဘဏ်များကို အကန့်အသတ်ဖြင့်သာ လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် ဝန်ဆောင်မှု အပြည့်အဝ မရရှိမည်ကို အများပြည်သူများ စိုးရိမ်လျက်ရှိကြောင်းနှင့် ငွေကြေးဝန်ဆောင်မှု ကဏ္ဍများတွင် လက်ရှိ မြန်မာနိုင်ငံ အတွင်းရှိ ဘဏ်များမှာ အပြည့်အဝ  ဝန်ဆောင်မှုပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဗဟိုဘဏ်မှ လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ကိုင်ခွင့်ရရန် လျှောက်ထားသော ပြည်ပဘဏ် အများအပြားရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ပေးအပ်ရန်  ထည့်သွင်းစဉ်း စားမည့်  နိုင်ငံခြားဘဏ် ၂၅ ခုအထိရှိကြောင်း၊ ပြည်တွင်း၌ ဘဏ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အရည် အချင်းပြည့်မီသော နိုင်ငံခြား ဘဏ် ၃ဝ ရှိပြီး ဇူလိုင် ၁၄ ရက် နောက်ဆုံးပေးပို့ရမည့် သတ်မှတ်ချက်မတိုင်မ Request For Proposal(RFP) ပေးပို့လာသည့် ဘဏ် ၂၅ ခုရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသားများ ဘဏ် လီမိတက်အနေဖြင့်လည်း နိုင်ငံခြားဘဏ် များနှင့် မကြာမီ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့်၂ဝ၁၄-၂ဝ၁၅  ဘဏ္ဍာနှစ်အတွင်း ထည့်ဝင်ပြီး မတည်ငွေရင်းကို ဘီလီယံ ၅ဝ အထိ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။     


ရုရှားအပေါ် EU ၏ စီးပွားရေးပိတ်ဆို့မှုသည် သဘာဝ ဓါတ်ငွေ့ရောင်းဝယ်မှုအားမထိခိုက်ဟုဆို

EU ၏ ရုရှအား အရေးယူပိတ်ဆို့မှုသည် ရေနံထုတ်လုပ်မှု ကဏ္ဍတွင် ခေတ်မှီသောနည်းပညာများ မရရှိနိုင်ရန် ဖြတ်တောက်ခဲ့သော်လည်းဥရောပနိုင်ငံများမှ မှီခိုနေရသော သဘာဝဓါတ်ငွေ့ကဏ္ဍကိုမူ မထိခိုက်စေကြောင်း ဥရောပကောင်စီဥက္ကဌ Herman Van Rompey က ပြောကြားခဲ့သည်။ EU နိုင်ငံများမှ သံအမတ်ကြီးများသည် ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများအား ထိထိရောက်ရောက် ရှေ့ဆက်လုပ်ဆောင်သွားရန် သောကြာနေ့က သဘောတူ ခဲ့ကြကြောင်းနှင့် ထည့်သွင်းရမည့် အသေးစိတ်အချက်အလက်များကို မူဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း သိရသည်။

Sunday, July 27, 2014

ရီယိုဒီဂျနေယိုမြို့မှာ နိုင်ငံတကာ ရွက်လွှင့်ပြိုင်ပွဲ ကျင်းပဖို့ ပြင်ဆင် 

ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေယိုမြို့ဟာ နိုင်ငံတကာ ရွက်လွှင့်ပြိုင်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီပြိုင်ပွဲဟာ (၂၀၁၆)အိုလံပစ်ပြိုင်ပွဲ ကျင်းပမယ့် ရီယိုမြို့အတွက် ပထမဆုံး စမ်းသပ်မှုပဲ ဖြစ်ပါတယ်။ 

Friday, July 25, 2014

လူငယ်ပရိသတ် အများစု နှစ်သက်ကြသည့် ဂီတစာဆို လွှမ်းပိုင် တေးစီးရီး 

လူငယ် Hip Hop အဆိုတော် တစ်ဦးဖြစ်ပြီး မိန်းကလေးအများစု နှစ်သက်ကြတဲ့ အဆိုတော် လွှမ်းပိုင်ရဲ့ ဂီတစာဆို လွှမ်းပိုင်တေးသီချင်း ခွေဟာ လူငယ်ပရိသတ် အများစု ကြားထဲတွင် ရေပန်းစားလူကြိုက် များလျက် ရှိနေပါတယ်။

ရုရှားကို လက်နက်ရောင်းချနေဆဲ ဖြစ်သည့် ဗြိတိန်
ရုရှားနိုင်ငံကို လက်နက်ရောင်းချမှု ရပ်တန့်ဖို့ ပြင်သစ်နိုင်ငံကို ပြောကြားထားပေမယ့် ဗြိတိန်နိုင်ငံ ကိုယ်တိုင်ကတော့ ရုရှားကို လက်နက်ရောင်းချနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက ထုတ်ပြန်လိုက်တဲ့ ဗြိတိန်လွှတ်တော်ရဲ့ အစီရင်ခံစာထဲမှာ ဗြိတိန်ဟာ ရုရှားနိုင်ငံကို လက်နက်နဲ့ စစ်အသုံး အဆောင်တွေ ရောင်းချနေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ ပြဌာန်းလိုက်ပြီဖြစ်သည့် ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံဟာ ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေအနေဥပဒေကို ပြဌာန်းလိုက်ပြီဖြစ်ပြီး ယာယီအစိုးရ သစ်ကိုတော့ လာမယ့် စက်တင်ဘာလမှာဖွဲ့စည်းသွားမှာဖြစ်တယ်လို့ သိရပါတယ် ထိုင်းနိုင်ငံဟာ ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ခက်ခဲပင်ပန်းတယ်ဆိုတဲ့ ရန်ရန်ချန်းရဲ့ ဒါရိုက်တာအတွေ့အကြုံ

စန္ဒီမြင့်လွင်၏ ကလီယို ပါထရာစီးရီးမှ   'Ready For Jumpping' သီချင်းကို ဒါရိုက်တာ အဖြစ် ပထမဆုံး အကြိမ်ရိုက်ကူး ခဲ့ရာ ကျွမ်းကျင်သည့် အလုပ်တစ် ခုမဟုတ်သောကြောင့် ခက်ခဲ သလို စိတ်ပင်ပန်း ခဲ့ရကြောင်း ရန်ရန်ချန်းက ပြောသည်။
back to top