Wednesday, November 19, 2014

၂၀၁၅ ခုနှစ်တွင် အမေရိကန်သို့ အလည်အပတ် သွားရောက်မည့် ပုပ်ရဟန်းမင်းကြီး Francis

ပုပ်ရဟန်းမင်းကြီးFrancis သည် ၂၀၁၅ ခုနှစ်တွင် Philadelphia သို့အလည်အပတ်သွားရောရန် စီစဉ်ထား ကြောင်း နိုဝင်ဘာ (၁၇) ရက်နေ့က ကြေညာခဲ့သည်။ ၄င်းမှာ အမေရိကန်နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီးအဖြစ် သွား ရောက်သော ပထမဦးဆုံးခရီးစဉ်တစ်ခုဖြစ်လာမည်ဖြစ်သည်။



အဆိုပါကြေညာချက်ကို ရိုးရာလက်ထပ်မင်္ဂလာပွဲကျင်းပရာ ရောမမြို့ရှိ ၄င်းနေထိုင်ရာ ပရိဝုဏ်ခမ်းမတွင် မိန့်ခွန်းပြောကြားစဉ် ထုတ်ဖေါ်ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးစဉ်အား Philadelphia တွင် ကျင်းပမည့် မိသားစုများ ပေါင်းစည်းမှုအားကောင်းစေရန် ရည်ရွယ်ချက်ထားရှိသည့် ကမ္ဘာလုံးဆိုင်ရာ တွေ့ဆုံပွဲတစ်ခုဖြစ်သည့် ကက်သလစ်ဘုရားရှိခိုးကျောင်းမှကြီးမှူးကျင်းပသည့် ကမ္ဘာတစ်ဝှမ်း မိသားစုများ စုံညီ စည်းဝေးရာ ပွဲတော်နှင့်အချိန်ကိုက်ဖြစ်သည့် စက်တင်ဘာလ နှောင်းပိုင်းလောက်တွင် သွားရောက် မည့် အကြောင်း သိရသည်။ 


No comments:

Post a Comment

back to top