Tuesday, November 25, 2014

မလေးရှား အသင်းနှင့် သရေကျ ခဲ့ပေမယ့်လည်း အုပ်စုတက်ရန် အခြေအနေ ကောင်းဆဲဟု မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် ပြော


မန်မာ့ လက်ရွေးစင် ဘောလုံးအသင်းသည် ယမန်နေ့က ကစားခဲ့သည့် မလေးရှား လက်ရွေးစင် ဘောလုံး အသင်းနှင့် ပွဲစဉ်တွင် ဂိုးမရှိ သရေရလဒ် ထွက်ပေါ် ခဲ့သော်လည်း အုပ်စု တက်ရန် အခြေအနေ ကောင်းနေ ဆဲ ဖြစ်နေကြောင်း မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်း၏  နည်းပြချုပ် ရာဒီ အေဘရာ မိုဗစ်ခ်ျက မလေးရှား အသင်းနှင့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
''မြန်မာအသင်းကမလေးရှား အသင်းကို သရေကျတယ် ဆိုတာ အရမ်းဆိုးတဲ့   အခြေအနေ တစ်ခု ဖြစ်သွားတာတော့ မဟုတ်ပါဘူး။ ဒီပွဲမှာ သရေကျ သွားပေမယ့် လည်း အုပ်စုတက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့ အုပ်စု (ခ)မှာပါတဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်း အသင်းသုံးသင်း လုံးက ချန်ပီယံဖြစ် ဖူးပြီးသား အသင်းတွေ ဖြစ်တာကြောင့် မြန်မာ့ လက်ရွေးစင် အသင်း အနေနဲ့ ခက်ခက်ခဲခဲ ကစားပြီးမှ အုပ်စု တက်မှာပါ'' ဟု မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း၏ နည်းပြချုပ် ဆားဘီးယား လူမျိုး ရာဒီ အေဘရာမိုဗစ်ခ်ျက ပြောကြားသည်။
မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းသည် နိုဝင်ဘာ ၂၆ရက်တွင် စင်ကာပူ နိုင်ငံရှိ ဂျာဆလန် ဘီဇာကွင်း၌ အိမ်ရှင် စင်ကာပူ အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ် သည်။ စင်ကာပူ အသင်းသည် ထိုင်းအသင်း နှင့်ပွဲစဉ်တွင် ထိုင်းအသင်းကို ၂ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့် ထားသောကြောင့် မြန်မာအသင်း နှင့်ပွဲစဉ်၌   ၎င်းတို့ အသင်းအတွက် လည်း အုပ်စုတက်ရန် အရေးကြီးသည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် အရှေ့တောင် အာရှတိုက်၏ အင်အားကြီး ဘောလုံးနိုင်ငံ ဖြစ်သည့် ထိုင်းအသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။      

No comments:

Post a Comment

back to top