Monday, March 31, 2014


ဂီနီနိုင်ငံမှ အီဘိုလာဗိုင်းစ်ရပ် ကူးစက်ရာမှ လူ ၇၀ သေဆုံး

အီဘိုလာဗိုင်းစ်ရပ်ပိုးကြောင့် ဂီနီနိုင်ငံ၌ အနည်းဆုံး လူ ၇၀ ခန့် သေဆုံးခဲ့ရပြီဖြစ်ကြောင်း ဂီနီနိုင်ငံ ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ယင်းကဲ့သို့ တရားဝင်ထုတ်ပြန်ကြေညာ ချက်ကို ပြီးခဲ့သည့် စနေနေ့က ဂီနီမြို့တော် ကိုနာကရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂီနီနိုင်ငံ၏ ဝေးလံခေါင် ဖျား အရှေ့တောင်ပိုင်း၌ ရောဂါကူးစ်ခံရသူ အများအပြား ရှာဖွေတွေ့ရှိရသည်ဟု ဆိုသည်။


နိုင်ငံရေး အတွေ့အကြုံမရှိသည့် ဆလိုဗက်သူဌေး သမ္မတရွေးကောက် ပွဲနိုင်

ဆလိုဗက်သူဌေးကြီး အန်းဒရက်ကီရှားသည် ယခင်ကနိုင်ငံရေး အတွေ့အကြုံမရှိဘဲ သမ္မတရွေးကောက် ပွဲတွင် အနိုင်ရရှိသွားခဲ့သည်။ မစ္စတာကီရှားသည် ပထမဆုံးအကြိမ် ၀က်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် သမ္မတအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။


ပျောက်ဆုံး မလေးရှားလေယာဉ်ပေါ်တွင် ပါသွားသူများ၏ မိသားစုများ မလေးရှားရောက်ရှိ မလေးရှား ၀န်ကြီးချုပ်နှင့်တွေ့ဆုံခွင့်ပေး ရန် တောင်းဆိုနေဟုဆို
ပျောက်ဆုံးနေသော လေယာဉ်ပေါ်၌ ပါသွားသောတရုတ်လူမျိုးများ၏ မိသားစုဝင်များသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိခဲ့ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် တွေ့ဆုံခွင့်ပေး ရန် တောင်းဆိုနေကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြထားသည်။
အီဂျစ်တောင်ပိုင်းတွင် ရေနံဂိုဒေါင် ပေါက်ကွဲ ၁ဝ ဦးသေဆုံး
မတ် ၂၉ ရက် ညနေပိုင်းက ရေနံထွက် ကုန်ပစ္စည်းများ သိုလှောင်ထားသော ဂိုဒေါင်တစ်ခု၌ ပေါက်ကွဲ မှု ဖြစ်ပွားခဲ့ရာ လူ ၁ဝ ဦး သေဆုံးပြီး အခြား ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MENA သတင်း အေဂျင်စီက မတ် ၃ဝ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် အနီးအနားရှိ လူနေအိမ်များ မီးလောင်ကျွမ်း ခဲ့ကြောင်းနှင့် မီးသတ် သမားများက နောက်ပိုင်းတွင် မီးကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။ ၎င်းဂိုဒေါင်သည် ရေနံထွက်ကုန်များ သိုလှောင်၍ မှောင်ခိုဈေးသို့ ရောင်းချရန် အသုံး ပြုသည့် ဂိုဒေါင်တစ်လုံး ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ အာဏာပိုင်များက စုံစမ်း စစ်ဆေးလျက်ရှိသည်။


ဆလိုဗက်ကီးယား သမ္မတ ရွေးကောက်ပွဲတွင် ကစ်စကာ အနိုင်ရရှိ
ဆလိုဗက်ကီးယား နိုင်ငံတွင် မတ် ၃ဝ ရက်က ဒုတိယအကြိမ် ကျင်းပခဲ့သော သမ္မတ ရွေးကောက်ပွဲတွင် စီးပွားရေး လုပ်ငန်းရှင်ဟောင်း တစ်ဦးဖြစ်သူ အန်ဒရီကစ်စကာက အနိုင် ရရှိခဲ့ကြောင်း သိရသည်။ အသက် ၅၁ နှစ် အရွယ်ရှိ ကစ်စကာသည် အဆိုပါ ရွေးကောက်ပွဲတွင် ထောက်ခံမဲ အရေအတွက် ၅၉ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိခဲ့ခြင်းဖြစ်ပြီး အခြားရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် လက်ရှိ ဝန်ကြီးချုပ် ရောဘတ်ဖီကိုက မဲအရေအတွက် ၄ဝ ဒသမ ၆၁ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း မဲများအား ရေ တွက်ပြီးနောက် မတ် ၃ဝ ရက် အစောပိုင်းထုတ် ပြန်ချက်များအရ သိရသည်။


ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပဖို့ တိုက်တွန်းလိုက်တဲ့ ယာနူကိုဗစ်ရှ်
ယူကရိန်း တောင်ပိုင်းဒေသဖြစ်တဲ့ ခရိုင်းမီးရား အရေးကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်အတွင်းမှာ အဓိက ရုဏ်းတွေ ဖြစ်ပွါးခဲ့သလို ရရှားနိုင်ငံနဲ့လည်းနိုင်ငံရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ သမ္မတဟောင်း ယာနူကိုဗစ်ခ်ျက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ သမ္မတဟောင်း ယာနူကိုဗစ်ခ်ျက ရရှားနိုင်ငံကသူ့ကို အကာအကွယ်ပေးမယ်လို့ ယုံကြည်ပြီး အခုလို ပြောကြားခဲ့ တာလည်း ဖြစ်ပါတယ်။ 

ဂျပန်၊တရုတ်နဲ့ မွန်ဂိုလီးယားတို့ကို အလည်အပတ်သွား ရောက်မယ့် အမေရိကန် ကာကွယ်ရေးဝန်ကြီး
အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ် ဟာ လာမယ့် ဧပြီလ အစောပိုင်းမှာ ဂျပန်၊တရုတ်၊ နဲ့ မွန်ဂိုလီးယားနိုင်ငံတွေကို အလည်အပတ်သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ သွားရောက် လည်ပတ်ရတဲ့ ရည်ရွယ်ချက်ကတော့ အာရှ-ပစိဖိတ်ဒေသ ဟာ အမေရိကန်နိုင်ငံရဲ့ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာ အတွက် အရေးပါတာကြောင့်ဖြစ်တယ် လို့သိရပါ တယ်။

အင်္ဂလန် အသင်း အတွက် ကမ္ဘာ့ဖလားမှာ ပါဝင် ကစားနိုင်တော့မည့် ၀ီရှိုင်းယား

 

ဒိန်းမတ် အသင်းနှင့် အိမ်ကွင်း ခြေစမ်းပွဲမှာ ဒဏ်ရာ ရရှိခဲ့သည့် အင်္ဂလန် အသင်းနှင့် အာဆင်နယ်အသင်း ကွင်းလယ်လူ ၀ီရှိုင်းယားသည် လာမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အင်္ဂလန်အသင်း အတွက်ကို အင်ပြည့် အားပြည့် ပါဝင် ကစားမည် ဖြစ်ကြောင်း အာဆင်နယ် အသင်းနည်းပြ ၀င်းဂါးက ဆိုသည်။ အင်္ဂလန် အသင်းနှင့် အာဆင်နယ် အသင်း ကွင်းလယ်လူ ၀ီရှိုင်းယားသည် ရာသီမကုန်မီမှာပင် အာဆင်နယ်အသင်း အတွက်ကို ပြန်လည် ကစားနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ လီဗာပူး အသင်းမှ ဒိန်းမတ် နောက်ခံလူ အဂ္ဂါနှင့် ထိခိုက်မိပြီး ခြေထောက် ဒဏ်ရာကို ရရှိခဲ့သည့် ၀ီရှိုင်းယားသည် လာမည့် ကမ္ဘာ့ဖလား အပါအ၀င် အာဆင်နယ် အသင်း၏ လက်ကျန် ပွဲစဉ်များကို လွဲချော်နိုင်ကြောင်း သတင်းကြီးခဲ့ဖူးသည်။ သို့သော် ယခုတွင် ၀ီရှိုင်းယားသည် အာဆင်နယ် အသင်း လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခန်းများ ပြုလုပ်နေပြီး အာဆင်နယ် အသင်း အတွက်ကို ရာသီ မကုန်မီမှာ ပြန်လည် ကစားနိုင်တော့မည့် အနေအထား ဖြစ်နေပြီ ဖြစ်သည်။ ယခုလို အကောင်းဆုံး အခြေအနေများ ဖြစ်နေသော်လည်း အာဆင်နယ်အသင်း ကွင်းလယ်လူ ၀ီရှိုင်းယားသည် ယခင်က အာဆင်နယ် အသင်းတွင် ဒဏ်ရာ ပြဿနာများနှင့် ရုန်းကန်ရလေ့ ရှိသောကြောင့် အာဆင်နယ် အသင်းသည် ၎င်းတို့ အသင်းမှ အဆိုပါ ကွင်းလယ်လူကို အလျင်စလို အသင်းအတွက် ထုတ်သုံးမည် မဟုတ်ပေ။


ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင်.သည်.အချက်များ
·
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်()ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

ဆွမ်ဆီး နောက်ခံလူ အက်ရှ်လေ၀ီလျံ အသင်းမှ ထွက်ခွာမည်

 

ဆွမ်ဆီး အသင်းမှ အသင်းခေါင်းဆောင် နောက်ခံလူ အက်ရှ်လေ၀ီလျံသည် လာမည့် နွေရာသီတွင် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သောကြောင့် အဆိုပါ ကစားသမားကို ဆွမ်ဆီး အသင်းအနေဖြင့် အသင်းမှာ ဆက်လက် ရှိနေစေရန် အတွက် အတော်ကို ကြိုးစားရတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နောက်ခံလူသည် ၂၀၁၁ ခုနှစ်တွင် ဆွမ်ဆီး အသင်းနှင့်အတူ ပရီးမီးယားလိဂ်သို့ တန်းတက်လာခဲ့ပြီး နောက်ပိုင်း အသင်းမှာ ခြေစွမ်းပြ ကစားနေသူ ဖြစ်သည်။ ဝေးလ် လက်ရွေးစင် ဆွမ်ဆီးအသင်းမှ အသင်း ခေါင်းဆောင် နောက်ခံလူ အက်ရှ်လေ၀ီလျံသည် အသင်းမှ ထွက်ခွာရန် မျှော်လင့်နေသည်။ ဆွမ်ဆီးအသင်းမှ အသင်းခေါင်းဆောင် နောက်ခံလူ အက်ရှ်လေ၀ီလျံသည် အသင်းသို့ ၂၀၀၈ ခုနှစ်တွင် ရောက်လာခဲ့ပြီး အသင်း အတွက်ကို ပွဲပေါင်း ၂၅၀ ကျော်ကို ကစားထားပြီး ယခုတွင် စိန်ခေါ်မှု အသစ်များကို ရင်ဆိုင်ရန် မျှော်လင့်နေသူ ဖြစ်သည်။ ဆွမ်ဆီး အသင်းမှ အသင်းခေါင်းဆောင် နောက်ခံလူ အက်ရှ်လေ၀ီလျံကို အာဆင်နယ် အသင်း အပါအ၀င် ပရီးမီးယားလိဂ်မှ ကလပ်အသင်း အများစုက စိတ်ဝင်စားနေသည်။ ဆွမ်ဆီးအသင်းမှ အသင်းခေါင်းဆောင် နောက်ခံလူ အက်ရှ်လေ၀ီလျံသည် အသင်းနှင့် လာမည့် ရာသီကုန်မှာ စာချုပ်ကုန်မည် ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ရှိနေပြီ ဖြစ်သော ၎င်းအနေဖြင့် အခြားသော ကလပ်အသင်း တစ်ခုမှာ ပြောင်းရွှေ့ ကစားရန်အတွက် လုံလောက်သည့် အချိန်မရ ဖြစ်မည်ကို စိုးရိမ်နေသည်။


သွားတိုက်ရာတွင် မှားယွင်းတတ်သော အချက်( ၁၀ )ချက်
သွားတိုက်ခြင်းသည်လူအများနေ့စဉ်ပြုလုပ်ကြသည့်အကျင့်ကောင်းတစ်ခုဖြစ်သည်။  အကျင့်ဆိုသည်မှာ ပေါ့လျော့တတ်ပါသည်။
နေ့စဉ်သွားတိုက်သော်လည်း ဂရုစိုက်ပြီးစနစ်ကျစွာမတိုက်ပါသွားပိုးစားခြင်း၊သွားဖုံးရောဂါဖြစ်ခြင်းတို့ကို ကြုံရတတ်ပါသည်။ထို့ကြောင့်အောက်ပါမှားယွင်းမှုများကို ရှောင်ကြဉ်ပါ။

နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - March 31, 2014

တနင်္ဂနွေဂြိုဟ် မိန်ရာသီနှင့် ဗုဒ္ဓဟူးဂြိုဟ် ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် မိန်ရာသီ၌ ရပ်တည်နေပြီး သောကြာဂြိုဟ် ကုမ်ရာသီ၌ ရပ်တည်နေမည်။ ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့် ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ ကုမ်နှင့် ဓနုရာသီ၌ တည်ရှိနေမည်။ တနင်္ဂနွေနှင့် တနင်္လာ ပူးယှဉ်မည်။ တနင်္လာနှင့် ယူရေးနပ်စ် ပူးယှဉ်မည်။ တနင်္လာမှ ကြာသပတေးသို့ ၉၀ံအမြင်၊ တနင်္လာနှင့် အင်္ဂါ အပြန်အလှန် ၁၈၀ံအမြင်၊ ပလူတိုမှ တနင်္လာသို့ ၉၀ံအမြင် ရှိထားသည်။ ရေ၀တီနက္ခတ် စန်းယှဉ်ပြီး ပြိဿ၊ မေထုန်၊ ဗြိစ္ဆာ၊ ဓနု၊ မကာရနှင့် မိန်ရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ မွေးမြူရေး ကိစ္စများ စတင်ခြင်း၊ အမွှေးနံသာ ကုန်ပစ္စည်းများ စတင် မိတ်ဆက် ဖြန့်ဖြူးခြင်း၊ ရေကြောင်း လုပ်ငန်းနှင့် သင်္ဘော ရေချခြင်း၊ အောင်မြင် တိုးတက်မှု ရယူလိုသော လုပ်ငန်းကိစ္စများ စတင်ခြင်း၊ ရွှေရတနာပစ္စည်း ၀ယ်ယူုဆောင်းမှု၊ ပုလဲ ရှာဖွေဖော်ထုတ်မှု၊ အလှကုန် -ဖက်ရှင် အသုံးအဆောင် ပစ္စည်းများ မိတ်ဆက်ဖြန့်ဖြူးခြင်း၊ ဖက်ရှင်နှင့် အလှပြင်ဆိုင် ဖွင့်လှစ်ခြင်း၊ အနုပညာ မိတ်ဆက် ဖြန့်ချီခြင်း၊ ထီကံစမ်းမှု ကိစ္စရပ်များ ဆောင်ရွက်နိုင်သည်။ ကံကောင်းဂဏန်း- ၆၊ ၅၊ ၂


တနင်္ဂနွေသားသမီးများ
အောင်မြင်မှု အခွင့်အလမ်းများ မိမိအနီး ၀န်းကျင်၌ ရှိနေသည့် အချိန်ကာလ ဖြစ်သည်။

တနင်္လာသားသမီးများ
ကံကောင်း ကြီးပွား စန်းထ အောင်မြင်မှုများ တွေ့ကြုံလာမည့် အနာဂတ်နေ့ရက် ဖြစ်သည်။

အင်္ဂါနေ့သားသမီးများ
မိသားစုနှင့် ပတ်သက်၍ ကံကောင်းမည့် အခွင့်အရေးများ တွေ့ကြုံလာမည်။

ဗုဒ္ဓဟူးနေ့သားသမီးများ
ကျန်းမာရေး အညံ့နှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှုများ တွေ့ကြုံရတတ်သည်။

ကြာသာပတေးနေ့သားသမီးများ
ရွှေရောင် အောင်မြင်မှုများကြား မိမိ ရည်ရွယ်ချက်များ ပြည့်စုံ အဆင်ပြေမည်။

သောကြာနေ့သားသမီးများ
မောင်နှမသားချင်း အရေးကိစ္စများ အတွက် အတိုက်အခံ ပဋိပက္ခ တွေ့ကြုံတတ်သည်။

စနေနေ့သားသမီးများ
ငွေကြေး အခက်အခဲနှင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံရတတ်သည်။

ရာဟုနေ့သားသမီးများ
ကံအညံ့များ တွေ့ကြုံ ရင်ဆိုင်ရပြီး စိတ်လိုက်မာန်ပါ ဆောင်ရွက်မှုများ ရှောင်ကြဉ်ပါ။

 

တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် ပန်းရောင်၊ ဆင်စွယ်၊ အ၀ါ
တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် ဆင်စွယ်၊ ပန်းရောင်၊ အနီ
အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် အနီ၊ အ၀ါ၊ အပြာနု
ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အပြာနု၊ အနက်
ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အနီ၊ အဖြူ
သောကြာသားသမီးများ ၀တ်ဆင်ရန် အ၀ါ၊ အနက်၊ အပြာနု
စနေနေ့သားသမီးများ ၀တ်ဆင်ရန် အပြာနု၊ အ၀ါ၊ အစိမ်းနု
ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် အဖြူ၊ အ၀ါ၊ အစိမ်းနု

★★AVG PC TuneUp 2014 v14.0.1001.380 Final + Patch ★★


မိမိကွန်ပြူတာရဲ့လှုပ်ရှားမှုကိုမြန်ဆန်အောင် speed မြှင့်ပေးနိုင်တဲ့အပြင်မလိုအပ်တာတွေကိုသန့်ရှင်းပေးမယ့်အပြင် တနေ့ တာ လုပ်ဆောင်သမျှပြန့်ကျဲနေသောဖိုင်များကိုရှင်းလင်းပေးမယ့်ဆော့စ်ဝဲဖြစ်ပါတယ်။DiskDefrag,registry optimizer,RAMOptimizer တို့ပါဝင်ပြီး viruses and malware ရန်တို့မှကာကွယ်ပေးသော AVG PC TuneUp Final Version ဖြစ်ပါတယ်။Full ဖြစ်စေဖို့အတွက်ဒေါင်းလော့စ်ဖိုင်ထဲမှာPatch ဖိုင်လေးကိုထည့်သွင်းပေးထားပါတယ်။


http://mm-knowledgeinfo.blogspot.com/2014/02/inpixio-photo-filters-and-effects.html 

အသားဖြူချင်သူများအတွက်နည်းလမ်းများ

 

အသားဖြူစေတဲ့ အလှကုန်တွေ ပေါသလို အသားဖြူစေတဲ့ သဘာဝဖြစ်နည်းတွေလည်း ရှိပါတယ်။ အသားဖြူ ချင်သူများ အတွက် သိသင့်သိထိုက်စရာ အဖြာဖြာကို ဖော်ပြလိုက်ရပါတယ်။
သဘာဝဖြစ် အသားဖြူနည်းများ
သဘာဝဖြစ် ပစ္စည်းတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေ အရင်ဖော်ပြသွားပါမယ်။ ကရိကထလည်း မများ၊ ဈေးလည်းမကုန်တဲ့ ပစ္စည်းတွေနဲ့ အများသူငါ လက်လှမ်းမီ သုံးလို့ရတာတွေကို ဦးစားပေး တင်ပြ သွားမှာ ဖြစ်ပါတယ်။
လိမ္မော်ခွံနဲ့ အသားဖြူနည်း
လိမ္မော်သီးအခွံကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်မှာ ကြိတ်ပြီး ပေါင်ဒါလို အမုန့်ဖြစ်သွားအောင် လုပ်ပါ။ ပြီးမှ နို့အစိမ်းနဲ့ ရောပြီး ပျစ်ခဲနေအောင် ဖျော်ပါ။ အဲဒီ့အရည်ကို အရေပြားကို လိမ်းပါ။ နေ့စဉ် လိမ်းပေးပါ။ လိမ်းပြီးသွားလို့ အရေပြားပေါ် လုံးလုံး ခြောက်သွေ့သွားတဲ့ အချိန်ကျ ရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

တံတောင်ဆစ်မည်းခြင်းအတွက် သံပရာသီး
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင် သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေ ဟာ မှောင်မှောင် မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက် ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

ပွဲကြည့်စင်မှာ ပရိသတ်တစ်ဦး သေဆုံးလို့ ဆွီဒင်လိဂ်ပွဲကို ဖျက်သိမ်း လိုက်ရတဲ့ သတင်း

တနင်္ဂနွေနေ့က ဟဲလ်ဆင်ဘတ်မြို့မှာ ကစားတဲ့ ဆွီဒင်လိဂ် ဘောလုံးပြိုင်ပွဲမှာ ဂျာဂါဒင်အသင်းရဲ့ ပရိသတ်တစ်ဦး ဒဏ်ရာရပြီး သေဆုံးသွားလို့ ပထမပိုင်းမှာပဲ ပွဲကိုဖျက်သိမ်း လိုက်ရပါတယ်။ အိမ်ရှင်ဟဲလ်ဆင်ဘတ်နဲ့ ဂျာဂါဒင်အသင်းတို့ရဲ့ ရာသီအဖွင့် ပွဲစဉ်မှာ ပွဲမစခင်ကတည်းက နှစ်ဘက် ပရိသတ်တွေဟာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက် နေကြပါတယ်။ သေဆုံးသွားတဲ့ ပရိသတ်ဟာ အသက်(၄၃)နှစ်ရှိ အမျိုးသားဖြစ်ပြီး ပြိုင်ဘက် ပရိသတ်တွေပစ်တဲ့ အရာဝတ္ထုတစ်ခု ခေါင်းကိုထိပြီး ဒေသစံတော်ချိန် ညနေ(၂)နာရီခွဲလောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပါတယ်။ သူ့ကို ဆေးရုံပို့ပေမယ့် သေဆုံးသွားပါတယ်။ ရဲ့အဖွဲ့က သူ့နာမည်ကို ထုတ်မပြောပါဘူး။ ဆွီဒင်မီဒီယာတွေက သူဟာ ကလေး(၄) ယောက် ဖခင်လို့ ဆိုပါတယ်။

အပစ်အခတ် ရပ်စဲရေးနှင့်ပတ်သက်ပြီး ဆွေးနွေးကြမည့်ပါကစ္စတန်နှင့် တာလီဘန်

ပါကစ္စတန် အစိုးရနှင့် စစ်သွေးကြွ တာလီဘန်များအကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုအား မကြာမီ ဆောင်ရွက်တော့မည် ဖြစ်ကြောင်းသိရှိရသည်။ နှစ်ဦးနှစ်ဘက် အကြား (၇) နှစ်ကြာ သွေးချောင်း စီး အကြမ်းဖက် တိုက်ခိုက်မှုများအား အဆုံးသတ်ရန် အတွက် ပါကစ္စတန် အစိုးရ အနေဖြင့် ပြီးခဲ့သည့်လမှ စတင်၍ Tehreek-e-Taliban Pakistan (TTP) နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် လမ်းဖွင့်ပေး လိုက်ခြင်း ဖြစ်သည်။

ဟောင်ကောင်ရပ်ဘီဆဲဗင်းမှာ နယူးဇီလန်က အင်္ဂလန်ကို အနိုင်ရတဲ့ သတင်း


တနင်္ဂနွေနေ့က ဟောင်ကောင်မှာ ကစားတဲ့ ရပ်ဘီဆဲဗင်းပြိုင်ပွဲမှာ နယူးဇီလန် အသင်းက အင်္ဂလန်အသင်းကို (၂၆း၇)နဲ့ အလွယ်တကူ အနိုင်ရသွားပါတယ်။ ရပ်ဘီဆဲလ်ဗင်း ကမ္ဘာ့စီးရီးဟာ ပြိုင်ပွဲ(၃)ပွဲ ကစားပြီးပါပြီ။ အဲဒီ(၃)ပွဲပေါင်း ရမှတ်မှာ နယူးဇီလန်က ပြိုင်ပွဲ(၃)ပွဲလုံး အနိုင်ရပြီး (၁၃၆)မှတ်နဲ့ ထိပ်ဆုံးမှာ ရှိပါတယ်။ အင်္ဂလန်ကို ကွာတားဖိုင်နယ်မှာ အနိုင်ရခဲ့တဲ့ တောင်အာဖရိက အသင်းက (၁၂၄)မှတ်နဲ့ ဒုတိယနေရာမှာရှိပြီး ဖီဂျီက(၁၁၂)မှတ်နဲ့ တတိယနေရာမှာ ရှိပါတယ်။ အင်္ဂလန်ကတော့ (၁၀၄)မှတ်နဲ့ စတုတ္ထနေရာမှာ ရှိပါတယ်။

ကိတ်အဲပစ် တောင်တက် စက်ဘီးစီးပြိုင်ပွဲမှာ မန်နန်နဲ့ ဟိုက်နက်တို့ အနိုင်ရ ဗိုလ်စွဲတဲ့ သတင်း

တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ ကိတ်အဲပစ်တောင်တက် စက်ဘီးစီးပြိုင်ပွဲမှာ ဂျာမနီနိုင်ငံသား ရောဘတ်မန်နန်နဲ့ ချက်နိုင်ငံသား ခရစ်တီယန်ဟိုက်နက်တို့က ပြိုင်ပွဲတစ်ရပ်လုံးရဲ့ ချန်ပီယံဆုကို ရသွားပါတယ်။ အဆင့်(၇)ဆင့် ပြိုင်ရတဲ့ ဒီပြိုင်ပွဲမှာ သူတို့အတွဲက (၃၀)နာရီ(၃၁)မိနစ်(၅၉ဒသမ၂)စက္ကန့်နဲ့ ချန်ပီယံဆု ရတာပါ။ သူတို့နောက်မှာတော့ ခရစ်တို့ဆော်ဆာနဲ့ ဖရန်တီဆက်ရာဘွန်တို့က (၁၀)မိနစ် (၂၃ဒသမ၂)စက္ကန့်အကွာနဲ့ ဒုတိယရပြီး တင်ဘိုးမဲနဲ့ ဆိုင်မွန်စတိန်းဂျန်တို့က (၁၃)မိနစ် (၂၆)စက္ကန့်အကွာနဲ့ တတိယ ရပါတယ်။ နောက်ဆုံး အဆင့်ဖြစ်တဲ့ အဆင့်(၇)မှာတော့ တောင်အာဖရိက နိုင်ငံသားတွေဖြစ်တဲ့ မက်သီဘီကက်နဲ့ ဂတ်ဟိုင်းတို့က (၃)နာရီ(၀၂ဒသမ၃)စက္ကန့်နဲ့ ပထမရပါတယ်။

ဆိုက်ဘာဝန်ထမ်း သုံးဆထပ်တိုးမယ်လို့ ပြောကြားလိုက်တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး

အမေရိကန် ကာကွယ်ရေးဝန်ကြီး " ချက်ဟေဂယ် " ဟာ အမေရိကန် အစိုးရရဲ့ ဆိုက်ဘာလုံခြုံရေးကို တိုးမြှင့်ဖို့အတွက် ဆိုက်ဘာ ကျွမ်းကျင်ဝန်ထမ်းတွေကိုထပ်တိုးခန့်အပ်မယ်လို့ ပြောကြားလိုက်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး " ချက်ဟေဂယ် " က အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန (ပင်တဂွန် စစ်ဌာနချုပ်)ဟာ လာမယ့်နှစ်အနည်းငယ် အတွင်းမှာ ဆိုက်ဘာဝန်ထမ်း အရေအတွက်ကို (၃)ဆ ထပ်တိုးဖို့ စီစဉ်ထားတယ်လို့ ပြောကြားထားပါတယ်။
ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များ သတ်မှတ်အရွယ် အစားထက် ပိုမိုချဲ့ထွင် ဆောက်လုပ်ပါက ဒဏ်ကြေး ပေးဆောင်ရမည်
ရန်ကုန်မြို့၌ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် ပါမစ်ရရှိသူများ အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ခွင့်ပြု ပေးထားသည့် ပုံစံအတိုင်း လိုင်စင်ရ အင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရမည်ဖြစ်ပြီး သတ်မှတ်အရွယ် အစားထက် ပိုမိုချဲ့ထွင် ဆောက်လုပ်ပါက ဒဏ်ကြေးငွေ ပေးဆောင်ရ မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ သင်္ကြန်မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ သင်္ကြန်မဏ္ဍပ်များကို သင်္ကြန် မတိုင်မီ ငါးရက်အလိုတွင် အပြီးသတ်တည် ဆောက်ရမည် ဖြစ်ပြီး တည်ဆောက်ရာတွင်လည်း သင်္ကြန်မဏ္ဍပ် နေရာချ ထားပေးရေး ကော်မတီမှ ထုတ်ပြန်သော စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်သည်။

နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ရေတပ်တပ်ဖွဲ့ဝင်များ ပူးတွဲစစ်ရေးလေ့ကျင့်
သဘာဝဘေးအန္တရာယ် ကယ်ဆင်ရေးလုပ်ငန်းများတွင် ဒေသဆိုင်ရာ နိုင်ငံများအချင်းချင်း ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် ယင်း အသင်း၏ ဆွေးနွေးဘက်နိုင်ငံများမှ ရေတပ်တပ်ဖွဲ့ဝင်များ၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုတောင်တရုတ် ပင်လယ်တွင် မတ် ၂၉ ရက်က စတင်လိုက်သည်။

စမတ်ကျအောင် နေထိုင်ခြင်း

 








ကျနော်တို့ နေ့စဉ်ဘ၀မှာ၊ လုပ်ငန်းတာဝန်တွေ ရှင်သန်လှုပ်ရှား ဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ့် ကိုယ် ကိုယ် စမတ် ကျအောင် နေထိုင်တတ် ဖို့ဟာ ဘ၀မှာ အောင်မြင် မှုတွေ ရရှိနိုင်ဖို့ အတွက် အလွန်အရေး ပါပါတယ်။ နေ့စဉ် လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေကို ဆောင် ရွက်ကြ တဲ့နေရာမှာ တစ်ယောက် နဲ့တစ်ယောက် စစတွေ့တွေ့ချင်းမှာ ၀တ်စားဆင်ယင်မှု၊ ရုပ်လက္ခ ဏာတွေနဲ့ ဆုံးဖြတ်လေ့ရှိကြပါတယ်။ စမတ် ကျန သပ်ရပ်မှုဟာ လူတစ်ဦးတစ်ယောက်စီရဲ့ ပင်ကိုယ်ရုပ် လက္ခဏာတွေနဲ့ သိပ်ပြီးမဆိုင်လှပါဘူး။ အဲ့ဒါထက် လူတစ်ဦးစီရဲ့ ၀တ်စားဆင်ယင်မှု၊ ကိုယ်ဟန် အမူအရာ၊ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံတွေနဲ့သာ များစွာ သက်ဆိုင်ပါတယ်။ ကဲ… စမတ် ကျနအောင် နေထိုင်ပြုမူဖို့ ဘယ်လိုအချက်တွေကို သတိပြုရမယ်၊ ဘာတွေဆောင်ရွက်ကြရမယ်ဆိုတာ ကြည့်ကြ ရအောင်။

Sunday, March 30, 2014




ပျောက်ဆုံးမလေးရှားလေယာဉ်ပေါ်တွင် ပါသွားသူများ၏ မိသားစု များ မလေးရှားရောက်ရှိ မလေးရှား ၀န်ကြီးချုပ်နှင့်တွေ့ဆုံ ခွင့်ပေး ရန် တောင်းဆိုနေဟုဆို

ပျောက်ဆုံးနေသော လေယာဉ်ပေါ်၌ ပါသွားသောတရုတ်လူမျိုးများ၏ မိသားစုဝင်များသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ရောက်ရှိခဲ့ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်း ဆိုနေကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြထားသည်။

Miss 27th SEA Games Myanmar အလှမယ်ဆု အိန္ဒြာ သီရိကို ရရှိ 

Myanmar  Tourism  Services  Co.,Ltd. (MTS)က တာဝန်ယူ ကျင်းပသော Miss 27th  SEA  Games  Myanmar အလှမယ် ရွေးချယ်ပွဲကြီးကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပ ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း၌ ဆိုင်းဘုတ်ကိုင် အလှမယ်များ အဖြစ် ပါဝင်ခဲ့သော အလှမယ် ၂၃ဦး ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး Miss 27th  SEA  Games  Myanmar ဆုကြီးကို ခါးနံပါတ် ၂၂ အိန္ဒြာသီရိကိုက ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်အတွက် RBI မှ ချီးမြှင့်သည့် Debit Card ထုတ်လုပ်မှု ဆိုင်ရာ ဂုဏ်ပြုဆုကို CB Bank က ရရှိ

အာရှဒေသအတွင်းရှိ ဘဏ်များ၏ လုပ်ငန်းပိုင်းဆိုင်ရာ ပိုမိုတိုးတက် ဖွံ့ဖြိုးလာစေရန် ဆန်းသစ် တီထွင် မှုများ၊ ကြိုးပမ်း အားထုတ်မှုများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဘဏ် လေ့ လာစောင့်ကြည့်ရေး အဖွဲ့အစည်း တစ်ခုဖြစ်သော Retail Banker International (RBI) မှ ငါးကြိမ်မြောက် ပေးအပ် ချီးမြှင့် သည့် Retail Banker International Asia Trailblazer Awards 2014 ဆုရရှိသော ဘဏ်များ ထဲတွင် မြန်မာနိုင်ငံမှ သမဝါယမဘဏ် လီမိတက် CB Bank သည်လည်း တစ်ခု အပါအဝင်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် ၏ Debit Card ထုတ်လုပ်မှု ဆိုင်ရာ ဂုဏ်ပြုဆု ဖြစ်သည့် Product Excellence in Debit Cards (Highly Commended) ဆုကို ရရှိခဲ့ကြောင်း သိရသည်။

Friday, March 28, 2014

ပြင်သစ်မှာ တရားစွဲခံနေရသည့် ဖေ့ဘွတ်၊ တွစ်တာနဲ့ ဂူဂဲလ်
လူမှုအင်တာနက် ၀က်ဘက်ဆိုက်တွေဖြစ်တဲ့ ဖေ့ဘွတ်၊ တွစ်တာနဲ့ ဂူဂဲလ်တို့ဟာ အချက်အလက်စီးဆင်းမှုနဲ့ပတ်သက်ပြီး သုံးစွဲသူတွေ ရှာထားတဲ့အချက်အလက် ရနိုင်တယ်၊ မရနိုင်ဘူး ဆိုတာကို အကြိမ်ကြိမ်သတိပေးတဲ့ ၀န်ဆောင်မှုမျိုး မလုပ်ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံမှာ တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။

လူ(၅)ဦးသေဆုံးခဲ့သည့် ရွေးကောက်ပွဲကော်မရှင် ရုံးပေါက်ကွဲမှု
အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်စစ်သွေးကြွတွေဟာ ဧပြီလရွေးကောက်ပွဲကို ပျက်ပြားစေဖို့ အတွက် ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကိုပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ နိုင်ငံတကာကလည်း အာဖဂန်နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ လုံခြုံရေး ချို့ယွင်းမှုကြောင့် ရွေးကောက်ပွဲ လုံခြုံရေး အတွက် ပေးပို့ ထားတဲ့သူတို့ရဲ့ တပ်တွေကို ပြန်လည် ခေါ်ယူနေတယ်လို့ သိရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဌေးဦးသည် ၂၀၁၄ ခုနှစ်၊ မတ်လ(၂၃) ရက်နေ့ ည(၇) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းစိုး၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်၊ ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များလိုက်ပါလျက် နတ်မှော်တိလောကဥသျှောင် ရှင်သာလျောင်းဘုရားသို့ ရောက်ရှိပြီး ဘုရားကြီးအား ဖူးမြော်ကြည်ညိုသည်။



တရုတ်နိုင်ငံကို သွားရောက်လေ့လာခဲ့ သည့် ပြည်ခိုင်ဖြိုးပါတီဝင် များ ပြန်လည်ရောက်ရှိ


တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားမှုဖြင့် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကို သွားရောက်လေ့လာ ခဲ့ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှပြည်ခိုင်ဖြိုးပါတီဝင် ၂၅ ဦးသည် မတ်လ(၂၇)ရက်နေ့ မွန်းလွှဲ ၂ နာရီခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ပြန်လည်ရောက်ရှိခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဝင်များသည် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေမှု၊ တရုတ်ကွန်မြူနစ်ပါတီဝင်များ၏ လုပ်ဆောင်ချက်များကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ကရင်ပြည် နယ် အတွင်းရေမှူး ဦးစောထာလုံဦးဆောင်ပြီး လေ့လာရေးနှင့် ချစ်ကြည်ရေးခရီးသွားရောက် ခဲ့ခြင်းဖြစ် သည်။

လက်တွေ့စည်းရုံးရေးသင်တန်း ရေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြီးမှူး ဖွင့်လှစ်


မွန်ပြည်နယ် ရေမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် လက်တွေ့စည်းရုံးရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယခုလ၂၃ရက် နံနက် ၉ နာရီတွင် ရေးမြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီဝင်ပြည်နယ်ပါတီဗဟို အတွင်းရေးမှူး ဦးသန့်ဇင်က သင်တန်းဖွင့် မိန့်ခွန်း      မြွက်ကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီ စည်းရုံးရေးမှူးများနှင့်သင်တန်းသား ၅၂ဦးအပါအ၀င် စုစုပေါင်း အင်အား ၁၀၀ခန့် တက်ရောက်ခဲ့သည်။
အဆိုပါ လက်တွေ့စည်းရုံးရေးသင်တန်းကို ငါးရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင်ဟောပြောပို့ချမှု စွမ်းရည်နှင့် အတွေ့အကြုံရှိသော ပြည်နယ်အစိုးရ အဖွဲ့ဝင်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်နယ်၊ ခရိုင်၊မြို့နယ်ပါတီကော်မတီဝင်များက အလှည့်ကျသင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း ဦးသန့်ဇင်က ပြောသည်။



စင်ကာပူနှင့် အိုကီနာဝါ တိုက်ရိုက် လေကြောင်းပျံသန်းမည်
မတ် ၂၅ ရက်တွင် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်အုပ်စုနှင့် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါပြည်နယ် အစိုးရတို့၏ သဘောတူညီမှုအရ ၎င်းဒေသနှစ်ခုအကြား တိုက်ရိုက်လေကြောင်း ပျံသန်းမှုပြုလုပ် မည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တိုက်ရိုက်လေကြောင်းဆက်သွယ်ရေးက အထောက်အကူပြုမည်ဖြစ်ကြောင်း မတ် ၂၇ ရက် ကျိုဒိုသတင်းတွင်ဖော်ပြသည်။

လဆင်းယာဉ်တွင် တပ်ဆင်ခဲ့သည့် ကင်မရာအား အမေရိကန်ဒေါ်လာ ၇၅ ၄ ၉ ဖြင့် လေလံတင်ရောင်းချ 

၁၉၇၁ Apollo 15 လဆင်းယာဉ်တွင် တပ်ဆင်ထားခဲ့သည့် ကင်မရာ တစ်လုံးကို  အမေရိကန် ဒေါ်လာ  ၇၅၈၄၈၉  ဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။The Hasselblad 500 အမည်ရှိ အဆိုပါ ကင်မရာကို ယခုသီတင်းပတ် အတွင်း လေလံတင် ရောင်းချ ခဲ့ခြင်း ဖြစ်ကြောင်း ဗီယင်နာမြို့ Galerie Westlicht အမည်ရှိ လေလံကုမ္ပဏီက ထုတ်ဖော် ပြောကြား ခဲ့သည်။


သင်္ကြန်မှာ သီချင်းဆို ဖျော်ဖြေဖြစ်မှာမို့ ရင်ခုန်ပါတယ်လို့ ပြောတဲ့ နန်းသူဇာ

 



မဟာသင်္ကြန်နီးလာပြီဆိုတော့ ဘယ်အနုပညာရှင်တွေ ဘယ်မှာရှိမလဲဆိုတာ သိချင်နေကြပြီပေါ့နော်။ ပရိသတ်တွေ ချစ်တဲ့ အပြုံးချိုချိုနဲ့ ကောင်မလေး နန်းသူဇာကတော့ ဒီနှစ်သင်္ကြန်ကို သီချင်းတွေ သီဆိုရင်း ဖြတ်သန်းမှာပါတဲ့။ 

သူမရဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်ကတော့ ‘နန်းသူဇာ ခုဆိုရင် သင်္ကြန်သီချင်းတွေကြားနေရတဲ့အတွက် အရမ်းကို ရင်ခုန်ပါတယ်။ ပြီးတော့ ဒီနှစ်က နန်းသူဇာ အလုပ်နဲ့ဆိုတော့ သီချင်းဆိုပြီးပါ ဖျော်ဖြေရမှာဖြစ်တဲ့အတွက်လဲ ပျော်နေပါတယ်။ 

မဏ္ဍပ်က မသေချာသေးဘူး။ နှစ်ယောက်က တူဖို့များပါတယ်။ ငယ်ငယ်တုန်းကတော့ ကားနဲ့ပဲလည်ရတာဆိုတော့ ခုပြန်လည်ချင်နေတယ်။ သင်္ကြန်မှာ နန်းသူဇာဝတ်မယ့် ဖက်ရှင်က ကလို့ခုန်လို့ကောင်းမဲ့ပုံစံမျိုးပေါ့။ အရမ်းအလက်အလက်တွေ ပါတာတွေလဲ နန်းသူဇာမကြိုက်ဘူး။ နောက်ပြီးတော့ နေလောင်ဒဏ်လဲ ကာကွယ်မဲ့ပုံစံလေးတွေပေါ့။ 

သင်္ကြန်အပြင်ထွက်ရင် ဖုန်းရယ်၊ ပိုက်ဆံရယ်၊ ရေစိုခံ ကာကွယ်မဲ့ဟာတွေ အကုန်လုံးပေါ့။ မိတ်ကပ်လဲယူသွားရမယ်။ ဖျော်ဖြေရေးပါမယ်ဆိုတော့လေ။ ပြီးတော့မျက်မှန်ပေါ့။ မိတ်ကပ်တွေရွှဲသွားရင် မျက်မှန်လေးနဲ့ကာမှာပေါ့။ ဒီနှစ်က အထိုင်ရမယ်ဆိုရင်တော့ ကောင်းတာပေါ့နော်။ မနှစ်ကတော့ သူများမဏ္ဍပ်တွေပါ လျှောက်လည်တာဆိုတော့လေ။ 

သင်္ကြန်မှာ ပရိသတ် အားလုံးဘေးမသီရန်မခဘဲ ပျော်ရွှင်နိုင်ကြပါစေလို့။ သင်္ကြန်ပြီးသွားရင်လဲ ကုသိုလ်တွေလုပ်ကြပါလို့ပြောချင်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ အမြဲတမ်းဘုရားသွားဖြစ်တယ်။ ငါးလွှတ်ကြတယ်။ ဒီနှစ်တော့ မသိသေးဘူးပါဘူး’ လို့ သူမက ပြောပါတယ်။

ဇေယျာသီရိမြို့နယ်ြ ပည်ခိုင်ဖြိုးပါတီ လမ်းခင်းလုပ်အားပေး


ဇေယျာသီရိမြို့နယ် ကျောက်ဖျာအုပ်စု ရွာသစ်ကုန်းကျေးရွာနှင့် ချောင်းဖျားကျေးရွာသို့ ဆက်သွယ် သွားလာနိုင်ရန် အရှည် ငါးမိုင်သုံးဖာလုံရှိသော ကိုယ်ထူကိုယ် ထ မြေသားလမ်းဖောက် လုပ်ရာတွင် ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးရဲဝင်းနှင့်မြို့နယ်ပါတီ ကောင်မတီဝင်များ၊ ပါတီဝင်လူငယ်၁၁၀နှင့် ကျေးရွာပြည်သူ ၁၀၀တို့ပူးပေါင်းပြီး လမ်းချဲ့ခြင်းလုပ်ငန်း၊ ရေမြောင်းကျောက်စီခြင်းလုပ်ငန်းများကို ယခုလ ၂၂ ရက်နံနက် ၉ နာရီမှ မွန်းလွဲပိုင်းအထိ လုပ်အား ပေးခဲ့သည်။ ထို့နောက် ရွာသစ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတိုက်ဆရာတော် အား ပါတီဝင်လူငယ်များက န၀ကမ္မ၀တ္ထုငွေကျပ် ၃၀၀၀၀ လှူဒါန်းခဲ့ကြသည်။


back to top