Thursday, November 20, 2014

နိုင်ငံ တစ်ဝန်းလုံး၌ e-Village စင်တာ ၆ဝဝဝ နီးပါး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်

မြန်မာနိုင်ငံ တစ်ဝန်းရှိ ကျေးလက်ဒေသများတွင် သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ ICT နည်းပညာများ ဖွံ့ဖြိုး တိုးတက် လာစေရန် e-Village ICT စင်တာများ ပေါ်ထွန်းလာစေရေး အတွက် ဂျပန် နိုင်ငံမှ Japan Telecommunication Engineering and Consulting (JTEC) အဖွဲ့နှင့် ပြည်တွင်းရှိ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF) တို့ ပူးပေါင်းကာ ၂ဝ၁၃ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ၂ဝ၁၄ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်ရှိ ဘုရားငုတ်တို ကျေးရွာ(တောင်)၌ ပထမဆုံးသော e-Village စင်တာကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံ တစ်ဝန်းလုံးရှိ ကျေးရွာ အများအပြားတွင်လည်း အလားတူ စင်တာများ ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လေးနှစ်အတွင်း ကျေးရွာပေါင်း ၆ဝဝဝ နီးပါးတွင် e-Village စင်တာများ အကောင်အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် (JTEC) တို့ ပူးပေါင်းကာ ဆက်လက် ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ပြီး မိုဘိုင်းလ်ကွန်ရက် ဆက်သွယ်နိုင်သော ကျေးလက် ဒေသများတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါ e-Village စင်တာများတွင် ကျေးလက်နေ ပြည်သူများ အတွက် ဗဟုသုတ ရရှိစေမည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သတင်း အချက်အလက်များနှင့် နည်းပညာများ လေ့လာ သိရှိနိုင်စေရန် စီစဉ် ပေးထားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top