Thursday, November 27, 2014

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီများ ပူးပေါင်း၊ လူမှုအကူအညီပေးအပ်

**********************************************


ပျော်ဘွယ်မြို့နယ် ရှမ်းစုကုန်းအုပ်စု ရှမ်းစုကုန်းကျေးရွာသို့ မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာနေ ဇော်ဇော်တိုး ဆိုသူသည် ယခုလ ၁၆ ရက်တွင် ရောက်ရှိလာပြီး ကျေးရွာပြည်သူများအား တောင်ကြီးမြို့နှင့် ဟိုပုံးမြို့ကြားတွင် လမ်းလုပ်ငန်း လုပ်ကိုင်ရန်ရှိကြောင်း တစ်နေ့လျှင် ယေက်ျားလေးငွေကျပ် ၄၅၀၀ နှင့် မိန်းကလေး ငွေကျပ် ၄၀၀၀ စရိတ်ငြိမ်းရမည်ဖြစ်ကြောင်း၊ ကားပေေါ်ရောက်လျှင်ကြိုတင်ငွေကျပ် ၁၀၀၀၀ စီပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်းသိရသည်။

အဆိုပါကျေးရွာမှ ၄၂ ဦးသည် မိုးလေဝသ ခေါင်းပါးပြီး အလုပ်အကိုင်ရှားပါးသဖြင့် လိုက်ပါသွားခဲ့ရာ မူလပြောခဲ့သည့် တောင်ကြီးမြို့နှင့် ဟိုပုံးမြို့ကြား မဟုတ်ဘဲနမ့်စန်မြို့နယ် ကျိုင်းတောင်နှင့် နားရိုင်းကြားတွင် ဖြစ်ကြောင်း၊ မူလပြောခဲ့သည့် နေ့စားခကို ပေးချေမှုမရှိခြင်း၊ အစားအသောက် ကျွေးမွေးရာတွင်လည်း ကောင်းမွန်စွာမကျွေးခြင်း၊ မူလပြောဆိုသည့် ကြိုတင်ငွေကျပ် ၁၀၀၀၀ ကိုပေးအပ်မှုမရှိခြင်း၊ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၅ နာရီခွဲအထိ ပင်ပန်းစွာ လုပ်ခဲ့ရခြင်းတို့ကြောင့် မောင်အောင်ချမ်းသာ(ဘ)ဦးသန်း အသက်(၂၀)ခေါင်းဆောင်ပြီး ၃၆ ဦးသည် ယခုလ ၁၉ ရက်တွင် ထွက်ပြေးလာခဲ့ကြောင်း၊ တောထဲတွင်နှစ်ည အိပ်ခဲ့ရကာ နမ့်စိန်မြို့ မာဃလူငယ်အဖွဲ့မှ ဦးစိုးနိုင်နှင့်တွေ့ပြီး အကြောင်းစုံပြောပြခဲ့ရာ ဦးစိုးနိုင်၏ဆက်သွယ်မှုဖြင့် နမ့်စန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းအောင်၊ မြို့နယ်ကော်မတီဝင် ဒေါ်နန်းညွန့်စိန်၊ တောင်တန်း လူငယ်လူမှုကူညီရေးအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းတို့သိရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပျော်ဘွယ်မြို့သို့ လိုက်ပါပို့ဆောင်ခဲ့ရာ ယခုလ ၂၄ ရက် နံနက် ၃ နာရီတွင် ရောက်ရှိခဲ့သည်။
အဆိုပါအဖွဲ့ကို ပျော်ဘွယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးမှ ပျော်ဘွယ်မြို့နယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်သန်းသန်းအေး၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးကျော်ကျော်နှင့် နယ်မြေတာဝန်ခံ မြို့နယ်ကော်မတီဝင် ဦးကြည်မြင့်၊ မြို့နယ်ကော်မတီဝင်ဦးထွန်းမြင့်၊ ဦးအောင်ဇော်မြင့်၊ ဦးအောင်စိုးဝင်းနှင့် ဒေါ်ကြည်ကြည်စန်းတို့က နွေးထွေးစွာကြိုဆို၍ မြို့နယ်ပြည်ခိုင်ဖြိုးပါတီက နံနက်စာဖြင့် ကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးနှင့်အတူ ရှမ်းစုကျေးရွာသို့ လိုက်ပါပို့ဆောင်ခဲ့ရာ ကျေးရွာလူထုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။
၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးပြီး အမှာစကားပြောကြားခဲ့သည်။တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က နမ့်စန်မြို့နယ် ရှမ်းလူငယ်အဖွဲ့သို့ ဂုဏ်ပြုငွေကျပ် နှစ်သိန်း ပေးအပ်ခဲ့သည်။ နမ့်စန်မြို့တွင် ကျန်ရစ်သူများအနေဖြင့် ၎င်းတို့၏ကျေးရွာသို့ ပြန်လာလိုသော်လည်း အခက် အခဲများရှိနေကြောင်းသိရသည်။

No comments:

Post a Comment

back to top