Friday, November 21, 2014

ကလေး အလုပ်သမား ဥပဒေများကို ပိုမိုတင်းကြပ်ရန် အိန္ဒိယ အစိုးရစီစဉ်

ကမ္ဘာပေါ်တွင် ခန့်မှန်းခြေအားဖြင့် ကလေးလုပ်သား ၁၆၈ သန်း ရှိကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့က ပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံတွင် အသက်ငါးနှစ်နှင့် ဆယ့်လေးနှစ် အကြားရှိ ကလေးလုပ်သား ငါးသန်းကျော်ရှိကြောင်း တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
အသက်မပြည့် သေးသော ကလေးလုပ်သား ကိစ္စရပ်သည် အတိတ်က ကိစ္စရပ်တစ်ခု သာဖြစ်ကြောင်းနှင့် ဗဟိုအစိုးရအဖွဲ့သည် ကလေးလုပ်သားများကို ကာကွယ်တားဆီး ပေးနိုင်မည့် ဥပဒေကို ပြဌာန်းရန် စဉ်းစားသုံးသပ်လျက် ရှိသည်။ ထို့ပြင် ဥပဒေများကို တင်းကြပ်ရာ တွင်လည်း အသက် ၁၄ နှစ် အထက် ကလေးများ ပညာသင်ကြားခွင့် အတွက် ပြဌာန်း ထားသော လက်ရှိ ကျင့်သုံးနေသည့် ပညာသင်ကြားခွင့် အက်ဥပဒေနှင့်အညီ လုပ်ဆောင် သွားမည် ဖြစ်သည်။
"ကလေးငယ် တွေဟာ သတ်မှတ်ထားတဲ့ အခန်းကဏ္ဍတွေမှာ အလုပ်လုပ် နေပါတယ်။ တကယ်တော့ သူတို့ဟာ စက်ရုံတွေမှာ အလုပ်လုပ်ဖို့မလိုပါဘူး။ သူတို့ကို အလုပ်လုပ်မခိုင်းဘဲ ကျောင်းတွေမှာသာ ပညာသင်ကြား စေရမှာဖြစ်ပါတယ်။ ကလေးငယ် တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုံခြုံစိတ်ချမှု၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု တွေဟာ အရေးကြီးပါတယ်။ သူတို့အတွက် ပညာ သင်ကြားခွင့် အခွင့်အရေးတွေ ရရှိရမယ်"ဟု ဘာရာတီယာ ဂျာနာတာ ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဂျီဗီလန် နာရက်ဆမ်ဟာ ရာအိုက ပြောကြားသည်။
အိန္ဒိယနိုင်ငံရှိ ကလေးလုပ်သား အများစုသည် ဆင်းရဲမွဲတေမှု များကြောင့် အလုပ်လုပ် နေရသူများဖြစ်ပြီး ပုံမှန်အားဖြင့် ၎င်းတို့သည် ပန်းကန်ဆေးခြင်း၊ ရှူးဖိနပ်တိုက်ခြင်းနှင့် ကားရေဆေးခြင်း ကဲ့သို့သော သတ်မှတ်ထားခြင်း မရှိသော ကဏ္ဍများတွင် အလုပ်လုပ်ကိုင်လျက် ရှိသည်။ လက်ရှိ အသုံးပြု နေသာ ကလေးအလုပ်သမား ဆန့်ကျင်ရေး ဥပဒေသည် ဆယ်နှစ်အတွင်း ကလေးအလုပ်သမား အရေအတွက်ကို ထက်ဝက်ကျော် လျော့ချနိုင်ခဲ့ သော်လည်း လယ်စိုက်ပျိုးခြင်း သို့မဟုတ် အိမ်များကဲ့သို့သော အန္တရာယ်မရှိသော အခန်းကဏ္ဍများတွင် ကလေးငယ်များ အလုပ်လုပ် ကိုင်ခြင်းကို ကာကွယ်တားဆီး နိုင်ခြင်း မရှိပေ။
"အသက် ၁၄ နှစ်အရွယ်အထိ ကလေးအလုပ်သမား အားလုံးကို တားဆီး ပိတ်ပင်ထားတဲ့ ဥပဒေသစ် ထွက်ပေါ်လာတဲ့ အခါ အသက် ၁၄ နှစ်နဲ့အသက် ၁၈ နှစ် အကြားရှိ ကလေးတွေ အန္တရာယ်များတဲ့ လုပ်ငန်းခွင် တွေမှာ အလုပ်လုပ်ကိုင်မှုကို တားဆီးနိုင်မှာ ဖြစ်တယ်။ သူတို့အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကိုလည်း ချမှတ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အလုပ်ရှင်များနဲ့ လူကုန်ကူးသူ များကိုလည်း ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်"ဟု ကလေးငယ်ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသား အတွင်းရေးမှူး ဘူဝန်ရက်ပ်ဟူက ပြောကြားသည်။
ဥပဒေမူကြမ်းကို အတည်ပြု ပြီးသည့်အခါ ကလေးလုပ်သားများကို ခန့်အပ်သည့် အလုပ်ရှင်များအား အပြစ်ပေးသွားမည် ဖြစ်ကြောင်းနှင့် အလုပ်ရှင် များသည် ပြစ်မှုကျူးလွန်ခဲ့ပါက ထောင်ဒဏ်နှစ်နှစ် သို့မဟုတ် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀ အထိ ပေးဆောင်ရမည် ဖြစ်သည်။

No comments:

Post a Comment

back to top