Thursday, November 27, 2014

ကိုယ်လိုချင်တဲ့ အတိုင်းအတာ တစ်ခုအထိ ရောက်မလာ သေးဘူးလို့ ဆိုတဲ့ မြင့်မြတ်



အက်ရှင်၊ ဒရမ်မာ၊ ဟာသစသည့် ဇာတ်ကားမျိုးစုံတွင် ဇာတ်ကောင်စရိုက် မျိုးစုံကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူ တစ် ယောက် ဖြစ်ရုံသာမကပရိသတ်  အခိုင်အမာ ရရှိထားသူ မြင့်မြတ်သည်  လျှောက်လှမ်းနေသည့် အနုပညာလမ်းကြောင်း တွင် လိုချင်သော အတိုင်းအတာ တစ်ခုအထိ မရောက် သေးကြောင်း ယခုလို ပြောပြခဲ့သည်။''ကျွန်တော်တို့ အနုပညာ သမားတွေက  အမြဲတမ်း ကြိုးစားနေရတာပါ။ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် ကိုယ့်ရဲ့အနုပညာ အလုပ်တွေကို လုပ်နေကြတယ်။ အခုနောက်ပိုင်းမှာလည်း ကျွန်တော့်ကို ပရိသတ်တွေက ဟာသကားတွေပဲ ရိုက်နေတာ လားလို့ မေးကြ တယ်။ ကျွန်တော်ကတော့  ကာရိုက်တာစုံအောင် ရိုက်တယ်။ ဒါပေမဲ့ ထွက်တဲ့ကားတွေက ဟာသကားတွေ များနေတာပါ။ အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာထက် ပရိသတ်ပေးတဲ့ နေရာတစ်နေရာပဲ ရသေးတာပါ။ အဲဒီ အတွက်လည်း  ဆက်ပြီးတော့ ကြိုးစားသွားမှာပါ'' ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ပထမအကြိမ်  ကြီးမှူးကျင်းပမည့် အကယ်ဒမီ ပေးပွဲနှင့် ပတ်သက်၍လည်း ''ကျွန်တော့် အနေနဲ့ကတော့ ကိုယ့်အနုပညာ လောကသားတွေက ပေးတဲ့ဆု တစ်ဆုဖြစ်လို့  ကောင်းပါတယ်။  ရုပ်ရှင်အစည်းအရုံးက နေ ရွေးချယ်တဲ့ပွဲ တစ်ခုဖြစ်လို့  ပိုသဘောကျပါတယ်။   နေရာအပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့  ဒီနှစ် ကိုယ်တိုင် တက် ကြည့်မှပဲသိမှာပေါ့။ ကြိုပြောလို့တော့မရပါဘူး။  ဘာပဲဖြစ်ဖြစ် ကိုယ့်အနုပညာ လော က သားတွေ အကုန်လုံး တက်ရောက် လို့ရနိုင်မယ့် ပွဲဖြစ်လို့ ဝမ်းသာပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။

No comments:

Post a Comment

back to top