Wednesday, November 26, 2014

နိုင်ငံတကာ တင်းနစ် အကယ်ဒမီကို နာဒယ် အုတ်မြစ်ချပေး


ကမ္ဘာ့အဆင့်(၃) တင်းနစ်သမား ရာဖေးနာဒယ်ဟာ စပိန်နိုင်ငံက သူ့ဇာတိမြို့ မာနာကာမှာ ဖွင့်လှစ်မယ့် နိုင်ငံတကာ တင်းနစ်အကယ်ဒမီကို တနင်္လာနေ့က အုတ်မြစ်ချပေးလိုက်ကြောင်း သိရှိရပါသည်။
အဆောက်အဦးရဲ့ ဖောင်ဒေးရှင်းအောက်မှာ နေ့စွဲအချိန် မှတ်တမ်း သေတ္တာကိုမြှပ်ပြီး နာဒယ်က အုတ်မြစ် ချပေးလိုက်တာ ဖြစ်ပါတယ်။ နာဒယ်ရဲ့ တင်းနစ်အကယ်ဒမီဟာ ကမ္ဘာတစ်ဝန်းက အလားအလာရှိ လူငယ်တွေကို ထူးချွန်သူတွေအဖြစ် မွေးထုတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီသင်တန်းကျောင်းကနေ တင်းနစ်ကို စာတွေ့ရော၊ လက်တွေ့ရော သင်ကြားမှာ ဖြစ်ပါတယ်။ ဒီအကယ်ဒမီကို စတုရန်းမီတာ(၂၄၀၀၀)ကျယ်တဲ့ မြေနေရာပေါ်မှာ တည်ဆောက်မှာဖြစ်ပြီး တင်းနစ်ကွင်း (၁၇)ကွင်းအပြင် စာသင်ဆောင်နဲ့ ကျောင်းသားတွေအတွက် ဘော်ဒါဆောင် တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ နာဒယ်က ပညာရေးနဲ့ အားကစား ပေါင်းစပ် သင်ကြားရမယ်လို့ လက်ခံထားပါတယ်။ ဒီတည်ဆောက်ရေး စီမံချက်ဟာ (၂၀၁၆)ခုနှစ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပြီး အဲဒီနှစ် နွေရာသီမှာပဲ ကျောင်းသား လက်ခံဖို့ စီစဉ်ထားပါတယ်။

No comments:

Post a Comment

back to top