Thursday, November 27, 2014

သဘောကျတဲ့ အနုပညာရှင်တွေနဲ့ ‘ချစ်နေဖို့’ သီချင်းပုံဖော်ထားတဲ့ အားတီ

ချိုချဉ်တေးစီးရီးထဲတွင် ပါဝင်သော ‘‘ချစ်နေဖို့’’ သီချင်း ကို ငယ်စဉ်ကတည်းက နှစ်သက် သော အနုပညာရှင်များနှင့် သရုပ် ဆောင်ခွင့်ရရှိသဖြင့် အမှတ်တရ ဖြစ်ခဲ့ကြောင်း အားတီက ပြော သည်။ ‘‘ငယ်ငယ်ကတည်းက မအူ ၀ဲနှင့် ကိုနိုင်းနိုင်းကားတွေပဲ ကြည့် တယ်။ သူတို့နှစ်ယောက်ကိုကြည့် ပြီး တော်တော်လည်း ပျော်တယ်။ သူတို့နှစ်ယောက်လုံး     ပါတဲ့ သီချင်းမှာ ကိုယ်တိုင်လည်း အဆို ပိုင်း သရုပ်ဆောင်ထားတော့ အမှတ်တရလည်း ဖြစ်ပါတယ်’’ ဟု အားတီက ပြောသည်။
‘‘ရိုက်ကူးရေးက မနက်က နေ ည ၈ နာရီအထိ တစ်ရက်လုံး ပဲ။ ဒါပေမဲ့ အပြုံးမပျက်ဘဲ ကူညီ ပေးကြတယ်။ ဒါရိုက်တာ ခိုင်း သမျှလည်း အကုန်လုပ်ပေးတယ်။ အရမ်းအဆင်ပြေပါတယ်’’ ဟု ချစ်နေဖို့ သီချင်း ရိုက်ကူးရေးအ ကြောင်းကို    အားတီက    ပြော သည်။ ချစ်နေဖို့ သီချင်းကိုဒါရိုက် တာ မောင်မောင်သာမြင့်က ရိုက် ကူးပေးထားခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်တွင် ၀ါဆိုမိုးဦး၏ အိမ်အ သစ်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ် သည်။
‘‘မိုးသက်လေကို ခြွေတဲ့ ဆောင်းတုန်းက မအူဝဲနဲ့ ကိုနိုင်း နိုင်း မညားဘူး။ ဒီသီချင်းမှာတော့ ကျွန်တော်ဖြစ်စေချင်တဲ့ ဇာတ် လမ်းလေးနဲ့ ရိုက်ထားတယ်။ မအူ ၀ဲရဲ့ ဆံပင်ပုံစံကလည်း မိုးသက် လေကို ခြွေတဲ့ဆောင်းထဲက ပုံစံ ပဲ’’ဟု အားတီက ပြောသည်။
ချိုချဉ် ဒီဗီဒီအတွက် သီချင်း နှစ်ပုဒ်ရိုက်ရန် ကျန်ရှိနေပြီး ဒီဗီဒီ ကို ဒုတိယတစ်ကိုယ်တော်ခွေနှင့် ပေါင်း၍ ထွက်ဖြစ်ပါက ၂၀၁၅ မတ်လခန့်မှသာ ထွက်နိုင်မည်ဟု ဆိုသည်။
‘‘ဒုတိယအခွေက ငါးပုဒ် လောက်တော့ရပြီး ကိုဝေလဆီက သီချင်းရရင်    တော်တော်ရပြီ။ ဒုတိယအခွေကိုတော့ နည်းနည်းလူကြီးဆန်ထားတယ်’’ဟု အားတီက ပြောသည်။

No comments:

Post a Comment

back to top