Monday, November 24, 2014

အမေရိကန် ဂီတ ဆုပေးပွဲ၌ တေးလာဆွစ်ဖ် အထူးဆု ချီးမြှင့် ခံရမည်



ပေါ့ပ်အဆိုတော် တေးလာဆွစ်သည် နိုဝင်ဘာ ၂၃ ရက်တွင် ကျင်းပမည့် အမေရိကန် ဂီတဆုပေးပွဲ၌ အထူးဆု ချီးမြှင့်ခံရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆုပေးပွဲ၌ တေးလာအား Dick Clark အထူးဆုကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း Dick Clark ထုတ်လုပ်ရေးက ကြေညာခဲ့သည်။
တေးလာသည် သူမ၏ ပဉ္စမမြောက် တေးအယ်လ်ဘမ် ဖြစ်သော ၁၉၈၉ တေးအယ်လ်ဘမ်ကို ပြီးခဲ့သည့်လက ဖြန့်ချိခဲ့ပြီး စတင် ဖြန့်ချိသော ပထမ ရက်သတ္တပတ် အတွင်းမှာပင် အချပ်ရေ တစ်သန်းကျော် ရောင်းချနိုင်ခဲ့သည့် အတွက် သူမအား Dick Clark ဆုကို ဂုဏ်ပြု ချီးမြှင့်ရခြင်း ဖြစ်ကြောင်း ၎င်း ထုတ်လုပ်ရေးက ပြောကြားခဲ့သည်။ တေးလာသည် အဆိုပါ အမေရိကန် ဂီတဆုပေးပွဲ၌ Blank Space တေးသီချင်းကို အဖွင့် သီချင်းအနေဖြင့် သီဆိုသွားမည် ဖြစ်သည်။ Blank Space တေးသီချင်းသည် ဘေလ်ဘုတ်၏ ရောင်းအား အကောင်းဆုံး တေးသီချင်း ၁ဝဝ စာရင်းတွင် နံပါတ်တစ် နေရာကို ရရှိခဲ့သည့် သီချင်းဖြစ်သည်။ အမေရိကန် ဂီတ ဆုပေးပွဲကို ABC ရုပ်သံက တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

No comments:

Post a Comment

back to top