Tuesday, November 25, 2014

ဆွစ်ဇာလန်အသင်း ဒေးဗစ်ဖလားတင်းနစ် ချန်ပီယံဆု ပထမအကြိမ်ဆွတ်ခူး

ဒေးဗစ်ဖလားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဦးဆောင်ခဲ့သော ဆွစ်ဇာလန်အသင်းမှ ရော်ဂျာဖက်ဒဲရားက ပြင်သစ်အသင်းမှ ရစ်ချတ်ဂတ်စကွက်ကို အနိုင်ရ ခဲ့ပြီးနောက် ဆွစ်ဇာလန်အသင်းသည် တင်းနစ်ကမ္ဘာ့ ဖလားဟု ခေါ်ဆိုသည့် ဒေးဗစ်ဖလားချန်ပီယံဘွဲ့ကို သမိုင်းဝင် ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သည်။ ဖက်ဒဲရားမှာယခုပွဲတွင် ဂတ်စကွက်ကို ၆-၄၊ ၆-၂၊ ၆-၂ ဖြင့်သုံးပွဲပြတ် အနိုင်ရခဲ့ပြီး အသင်းကို ချန်ပီယံဖြစ်စေခဲ့ခြင်းဖြစ်သည်။
‘‘ဒီဆုကတော့ ကောင်လေးတွေအတွက်ပါပဲ။ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ကျွန်တော်မှာက လုံလောက်နေပါပြီ။ နိုင်ငံ မှာရှိတဲ့သူတိုင်းကို သမိုင်းဝင် အချိန်ကာလလေးတစ်ခု ပေးအပ်နိုင်လို့ ပျော်ရွှင်ပါ တယ်’’ဟု ဖက်ဒဲရား က ပြောသည်။ ထို့အပြင် ဖက်ဒဲရားက လိုင်လီမြို့တွင် ကစားသည့်ပွဲတွင် ဆွစ်ဇာလန် အတွက် ပြင်သစ်မှ ဆွန်ဂါကို အနိုင်ကစားခဲ့သော တစ်နိုင်ငံတည်းသား စတန်ဝေါ်ရင်ကာကိုလည်း ချီးကျူးခဲ့သည်။
၎င်းတို့နှစ်ဦးသည် နှစ်ဦးတွဲပွဲတွင် ပြင်သစ်အတွဲ ဆွန်ဂါနှင့်ဂတ်စကတ်ကို အနိုင်ရခဲ့သည်။ ထို့ကြောင့် တစ်ဦး ချင်းနှင့် နှစ်ဦးတွဲပွဲရလဒ်များအရ ဆွစ်ဇာလန်က ပြင်သစ်ကို ၃-၁ ပွဲအနိုင်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ဖက်ဒဲ ရား နှင့် ဂတ်စကတ်ပွဲမှာ လာရောက်အားပေးသည့် ပရိသတ် ၂၇,၄၄၈ ဦးဖြင့် ကမ္ဘာ့စံချိန်တင် အများ ဆုံးဖြစ် ခဲ့ သည်။ ဆွစ်ဇာလန်သည် ဒေးဗစ်ဖလားပြိုင်ပွဲ သက်တမ်း ၁၁၅ နှစ်တာကာလအတွင်း ပထမဆုံး ရရှိခြင်းဖြစ်ကာ ယခင်ဒုတိယသာရခဲ့ဖူးသည်။          

No comments:

Post a Comment

back to top