Tuesday, November 25, 2014

ဟစ်တလာ၏ ရေဆေးပန်းချီကားကို စတာလင် ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချမည်




နှစ်ပေါင်း ၁ဝဝ သက်တမ်းရှိ နာဇီခေါင်းဆောင် ဟစ်တလာ၏ ရေဆေးပန်းချီကား တစ်ချပ်ကိုယခု ရက်သတ္တပတ် အကုန်တွင် ပြုလုပ်မည့် လေလံပွဲ၌ စတာလင်ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင်ရောင်းချရန် စီစဉ်ထားကြောင်း Nuremberg's Weidler လေလံကုမ္ပဏီက ပြောကြား ခဲ့သည်။
အဆိုပါပန်းချီကားသည် မြူးနစ်မြို့ရှိ မြို့တော်ခန်းမဟောင်း တစ်ခု၏ပုံတူကို ရေးဆွဲထားသော ရေဆေးပန်းချီကားဖြစ်ပြီး ပန်းချီကား၏ လက်ဝဲဘက် အောက်ခြေ တွင် "A.Hitler"ဟု ရေးထိုးထားကြောင်း၊ ယင်းပန်းချီကားသည် ဟစ်တလာ ရေးဆွဲခဲ့သော ပန်းချီကား အချပ် ၂ဝဝဝ အနက် တစ်ခုဖြစ်ပြီး ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့သည်ဟု ယူဆရကြောင်း လေလံကုမ္ပဏီက ပြောကြားခဲ့သည်။ ၎င်းပန်းချီကား၏  အရွယ် အစားမှာ ၂၈x၂၂ စင်တီမီတာ (၁၁x၈ ဒသမ ၅ ) လက်မရှိပြီး "The Old City Hall" ဟု အမည်ပေးထားကြောင်း သိရသည်။ ဟစ်တလာ သည် နာဇီခေါင်းဆောင်အဖြစ် အာဏာမရမီ ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ပန်းချီဆရာတစ်ဦးအဖြစ် နေထိုင်ခဲ့စဉ်တွင် ကမ္ဘာအနှံ့ရှိ စိတ်ဝင် စားဖွယ်ကောင်းသော အရာများကို ပန်းချီကားများ ရေးဆွဲခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

back to top