Monday, November 24, 2014

အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီသည်ဇန်န၀ါရီလမှာ ကျရောက် မည့် အိန်္ဒိယနိုင်ငံ၏ ပြည်ထောင်စုနေ့ အခမ်း အနားသို့ အမေရိကန် သမ္မတအား ဖိတ်ကြား



အိန်္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီဟာ ဇန်န၀ါရီလမှာ ကျရောက်မည့် အိန်္ဒိယနိုင်င၏ ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် အမေရိကန် သမ္မတဘားရတ်အိုးဘားမားကို ဖိတ်ခေါ်ထားသည်ဟု သိရှိရပါသည်။

အိန်္ဒိယ၀န်ကြီးချုပ်“နရန်ဒရာမိုဒီ” ဟာ အိန်္ဒိယနိုင်ငံရဲ့ (၂၀၁၅) ခုနှစ် ဇန်န၀ါရီလမှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ဖို့ အမေရိကန်သမ်္မတ အိုဘားမားကို နိုဝင်ဘာလ (၂၁) ရက် နေ့မှာ တွစ်တာမှတဆင့် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းး၊ အမေရိကန်သမ္မတ “အိုဘားမား” အနေနဲ့လည်း အိန်္ဒိယ-အမေရိကန်နှစ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ချစ်ကြည်ရေး ပိုခိုင်မာစေဖို့ အခုလို ဖိတ်ကြားမှုကို တက်ရောက်မှာဖြစ်သည်ဟု အိမ်ဖြူတော်မှ သတင်းထုတ် ပြန်ထားပါတယ်။ ဒီအခမ်းအနားကို ဂျပန် ၀န်ကြီးချုပ် “ရှင်ဇို အာဘေး”လည်း တက်ရောက်မှာဖြစ်ပြီး “အာဘေး” ဟာ ဂုဏ်ပြုပွဲ တက်ရောက်သည့် ပထမဆုံး ဂျပန်ဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်သည်။

“နရန်ဒရာမိုဒီ” ဟာ အမေရိကန်သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းက အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ကို အလည်အပတ်ခရီးသွားရောက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အဲ့ဒီဆွေးနွေးပွဲမှာ စီးပွားရေးနဲ့ လုံခြုံရေးကိစ္စတွေ အကျိုးတူပူးပေါင်းရန် ဆွေးနွေးခဲ့ကြသည်။


No comments:

Post a Comment

back to top