Wednesday, November 26, 2014

အိုးထရက်ဖို့ဒ်မှာ မန်ယူတို့နိုင်ပွဲဆက်ပါ့မလား

ပရီမီယာလိဂ်ပွဲစဉ်(၁၃)ကို ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ တန်းစီဇယား ထိပ်ဆုံးက ပြေးနေတဲ့ ချယ်လ်ဆီးဟာ ပြိုင်ဘက်ကောင်း ဆန်းဒါးလန်းနဲ့ တွေ့ရမှာမို့ စိုးရိမ်ပူပန်စရာ ကောင်းတဲ့ပွဲပါပဲ။ မော်ရင်ဟို အတွက် ခါးသီးတဲ့ပွဲစဉ် ဟုတ် မဟုတ် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
မန်ယူနှင့် ဟားလ်စီးတီး
ာဆင်နယ်ကို အဝေးကွင်းမှာ နိုင်ပွဲ ဈေးဦးပေါက်ထားတဲ့ မန်ယူဟာ အဝေးကွင်းမှာ သရေပွဲ ဖြစ်အောင် ကစားတတ်တဲ့ ဟားလ်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပေါ့ဆလို့တော့ မရပါဘူး။ တိုက်စစ်မှူး ဖယ်ကာအို ပြန်လည်ပါဝင်နိုင်တဲ့ ဒီပွဲစဉ်ကို နည်းပြဗန်ဟားလ် အကောင်းဆုံး အခင်းအကျင်းနဲ့ ပွဲထွက်ပါလိမ့်မယ်။ ခံစစ်ကြောင်းသိပ်သည်းတဲ့ ဟားလ်စီးတီးကို မန်ယူတို့ အလေးထားကစားမှ ရပါလိမ့်မယ်။

ဆန်းဒါးလန်းနှင့် ချယ်လ်ဆီး
ဒီနှစ်ဘောလုံးရာသီ ပရီမီယာလိဂ်မှာ ရှုံးပွဲ မရှိသေးတဲ့ ချယ်လ်ဆီးဟာ ဆန်းဒါးလန်းကို စိုးရိမ်စိတ်နဲ့ကစားရတော့မှာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းဟာ အိမ်ကွင်း၊ အဝေးကွင်းတွေမှာ ချယ်လ်ဆီးကို အနိုင်ကစားနိုင်တာမို့ မော်ရင်ဟိုရဲ့ ရှုံးပွဲ မရှိစံချိန် ချိုးဖျက်ခံရနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့် အိမ်ကွင်းမှာ ရလဒ်ဆိုးရွားနေတဲ့ ဆန်းဒါးလန်းကလည်း အကောင်းဆုံးခြေစွမ်းနဲ့ တုံ့ပြန်ဖို့ ကြိုးစားနိုင်မလားဆိုတာ မှုန်ဝါးနေပါတယ်။ ချယ်လ်ဆီးကို ဘယ်လိုကစားရမယ်ဆိုတာ သိထားတဲ့ ဆန်းဒါးလန်းရဲ့ အားထုတ်မှုကို ပိုပြီး နှစ်သက်မိပါတယ်။

No comments:

Post a Comment

back to top