Tuesday, November 25, 2014

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်စ် ဒတ်မောက်သ် တက္ကသိုလ်မှ မြန်မာ ကျောင်းသားများအား ပညာသင်ဆု ချီးမြှင့်မည်

မြန်မာနိုင်ငံမှ အရည်ချင်းပြည့်မီသော ကျောင်းသား၊ ကျောင်းသူများအား အမေရိကန်နိုင်ငံရှိ မက်ဆာချူးဆက်စ် ဒတ်မောက်သ် တက္ကသိုလ်မှ ပညာသင်ဆုများ ပေးအပ် ချီးမြှင့်မည်ဖြစ်ပြီး အဆိုပါ ပညာသင်ဆု များကို ၂ဝ၁၅ ခုနှစ်မှ စတင်၍  လေးနှစ်ဆက်တိုက် ပေးအပ်ချီးမြှင့်ရန် စီစဉ်ထားပြီး အင်ဂျင်နီယာဘာ သာရပ်၊ တေးဂီတ ဘာသာရပ်၊ အနုပညာ ဘာသာရပ်၊ စီမံခန့်ခွဲမှု ပညာရပ်၊ ဆေးပညာရပ်၊ ရူပဗေဒပညာရပ်၊ စွန့်ဦးတီထွင် ပညာရပ်၊ နိုင်ငံရေးသိပ္ပံ၊ ကွန်ပျူတာသိပ္ပံနှင့် စီးပွားရေးဆိုင်ရာ ဘာသာရပ်များ အတွက် ပညာသင်ဆုများ ချီးမြှင့်သွားမည်ဖြစ်သည်။

မက်ဆာချူးဆက်စ် ဒတ်မောက်သ် တက္ကသိုလ်သည် အမေရိကန်နိုင်ငံရှိ အဆင့်မြင့်တက္ကသိုလ် တစ်ခုဖြစ်ပြီး သုတေသန လုပ်ငန်းများစွာကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကမ္ဘာ့ထိပ်တန်း စာရင်းဝင် တက္ကသိုလ် တစ်ခုဖြစ်ကြောင်း သိရသည်။
၂ဝ၁၅ခုနှစ် ဇန်နဝါရီလတွင် ကျောင်းဝင်ခွင့် လျှောက်ထားသူများအနက်မှ အရည်အချင်း ပြည့်မီသူများအား ရွေးချယ်ကာ ယင်းပညာသင်ဆုများကို ချီးမြှင့် ထောက်ပံ့ရန် ရည်ရွယ်ထားပြီး ကျောင်းဝင်ခွင့် လျှောက်ထားခြင်းများကို Regent Consultancy Services Co., Ltd. မှတစ်ဆင့် ပြုလုပ် နိုင်ကြောင်းသိရသည်။
အဆိုပါ အမေရိကန်နိုင်ငံရှိ မက်ဆာချူး ဆက်စ်ဒတ်မောက်သ်တက္ကသိုလ်သို့  ဝင်ခွင့်လျှောက်ထားလိုပါက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ သို့မဟုတ် iGCSE အောင်မြင်ပြီးသူ ဖြစ်ရန်လိုအပ်ပြီး အင်္ဂလိပ်စာ IELTS 5.5 သို့မဟုတ် TOEFL ရရှိထားရန်လည်း  လိုအပ်ကြောင်း သိရသည်။


No comments:

Post a Comment

back to top